SMART Credit
SMART အကောင့်ရှိပြီး ရိုးမဘဏ်တွင် ငွေစုထားရုံဖြင့် SMART အကောင့်အသုံးပြုသူများအတွက် အထူးဝန်ဆောင်မှုဖြစ်သည့် မြန်မာကျပ်ငွေ ၃,၀၀၀,၀၀၀ အထိ ရယူနိုင်သော SMART Credit ချေးငွေကို လျှောက်ထားနိုင်ပါပြီ။ အွန်လိုင်းကတစ်ဆင့် လျှောက်ထားနိုင်ပြီး အပေါင်ပစ္စည်းနှင့် အာမခံပေးသူများမလိုအပ်ဘဲ လူကြီးမင်း၏ SMART အကောင့်ထဲသို့ တိုက်ရိုက်ချေးငွေ ထည့်သွင်းပေးသွားမည် ဖြစ်သောကြောင့် ကာလတိုချေးငွေရယူရန် အလွယ်ကူဆုံးနည်းဖြစ်ပါသည်။
အွန်လိုင်းမှလျှောက်ထားခြင်း
အွန်လိုင်းကတစ်ဆင့် SMART Credit ချေးငွေကို လွယ်ကူလျင်မြန်စွာလျှောက်ထားရယူနိုင်ပါပြီ။
အလိုအလျောက်ချေးငွေပြန်ဆပ်နိုင်ခြင်း
စိတ်ဖိစီးမှုကင်းဝေးစေမည့် ရိုးမဘဏ်၏ ချေးငွေပြန်ဆပ်မှုပုံစံဖြင့် ချေးငွေကို လူကြီးမင်း၏ အကောင့်မှ လစဉ်အချိုးကျနုတ်ယူသွားမည်ဖြစ်ပြီး ချေးငွေမနုတ်ယူခင် သုံးရက်အလိုတွင် စာတိုအကြောင်းကြားစာ ပေးပို့ပေးသွားပါမည်။
အတိုးနှုန်း နှင့် ဝန်ဆောင်ခများ
အတိုးနှုန်း
|
တစ်နှစ်လျှင် ၁၄.၅%
|
ချေးငွေသက်တမ်း
SMART Credit ချေးငွေ ပထမအကြိမ်
|
၁ လ မှ ၃ လ ထိ
|
နောက်တိုးချေးငွေများအတွက်
|
၁၂ လ ထိ
|
ချေးငွေပေးဆပ်ရမည့် အချိန်ဇယား | လစဉ်အချိုးကျ ပြန်လည်ပေးဆပ်ခြင်း |
SMART Credit ချေးငွေ ပထမအကြိမ် | ၁ လ မှ ၃ လ အထိ |
နောက်တိုး ဒုတိယအကြိမ် ချေးငွေများအတွက် | ၁ လ မှ ၆ လ အထိ |
နောက်တိုး တတိယအကြိမ် ချေးငွေများအတွက် | ၁ လ မှ ၁၂ လ အထိ |
ချေးငွေလျှောက်ထားရန်လိုအပ်ချက်များ
- ရိုးမဘဏ် SMART အကောင့်
- ရိုးမဘဏ် မိုဘိုင်းအက်ပလီကေးရှင်း