Flexi ခေါ်ယူအပ်ငွေစာရင်း
Personal Account > အပ်ငွေစာရင်းများ
Flexi ခေါ်ယူအပ်ငွေစာရင်း
Personal Account > အပ်ငွေစာရင်းများ
Flexi ခေါ်ယူအပ်ငွေစာရင်းအကြောင်း
မိမိလိုအပ်သလို ငွေကြေးကိုစီမံနိုင်ပြီး ကောင်းမွန်သောအတိုးနှုန်းများဖြင့် အကျိုးခံစားခွင့်ကို Flexi ခေါ်ယူအပ်ငွေစာရင်းဖြင့် ရယူနိုင်ပါသည်။
လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ဆိုင်ပိုင်ရှင်များအတွက် သင့်တော်ပါသည်။
Flexi ခေါ်ယူအပ်ငွေစာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


အချိန်မရွေး ငွေစုနိုင်ခြင်း
ငွေအပ်နှံခြင်းနှင့် ငွေထုတ်ယူခြင်းကို အချိန်မရွေး ပြုလုပ်နိုင်သောကြောင့် မိမိစိတ်တိုင်းကျ ငွေစုနိုင်ပါသည်။

နေ့စဉ်အတိုးတွက်ပေးခြင်း
စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များအပါအဝင် စာရင်းရှိလက်ကျန်ငွေအပေါ် နေ့စဉ်အတိုးတွက်ပေးသောကြောင့် စုဆောင်းငွေများ နေ့စဉ်တိုးပွားနေမည်ဖြစ်ပါသည်။

ဘဏ်တိုးငွေကို လစဉ်ထုတ်ပေးခြင်း
တိုးပွားရရှိထားသော ဘဏ်တိုးငွေကို လစဉ်ထုတ်ယူနိုင်ပါသည်။

လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း
ငွေစုဘဏ်စာအုပ် အသုံးပြုနိုင်သလို Yoma Bank Next Mobile Application မှတစ်ဆင့် မိမိအကောင့်ကို လွယ်ကူစွာစီမံခန့်ခွဲနိုင်ပါသည်။

ငွေထုတ်ယူမှု ကန့်သတ်ချက်မရှိခြင်း
နိုင်ငံတစ်ဝှမ်းရှိ ရိုးမဘဏ် ဘဏ်ခွဲများတွင် မိမိငွေကို အဆင်ပြေလွယ်ကူစွာ ထုတ်ယူနိုင်ပါသည်။
နေ့စဉ်အတိုးတွက်ချက်ခြင်းနှင့် လစဉ်အတိုးခံစားခွင့်
နေ့တစ်နေ့၏ ဘဏ်လုပ်ငန်းချိန်ပြီးဆုံးသည်အထိရှိသော အပ်ငွေပမာဏအပေါ်တွင် အတိုးတွက်ချက်ပေးပြီး ရရှိသောအတိုးကို လစဉ်ထုတ်ယူနိုင်ပါသည်။
အကောင့်ဖွင့်ရန်
- ကနဦးအပ်နှံငွေကို ၁၀,၀၀၀ ကျပ် သတ်မှတ်ထားပါသည်။
- အနည်းဆုံးလက်ကျန်ငွေ ၁၀,၀၀ ကျပ် ထားရှိရပါမည်။
- အနည်းဆုံးအသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရပါမည်။
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။
အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ
- တစ်ဦးချင်းအကောင့်
- သက်ငယ်အကောင့် (အသက် ၁၈ နှစ် မပြည့်သေးသူများအတွက် မိဘအုပ်ထိန်းသူမှ ဖွင့်ပေးနိုင်ပါသည်။)
- ပူးတွဲအကောင့်

Interest Calculator
%
Flexi ခေါ်ယူအပ်ငွေစာရင်းအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

| အပ်နှံငွေပမာဏ | နှစ်စဉ်အတိုးနှုန်း |
| ကျပ်သိန်း (၂,၀၀၀) အောက် | ၆.၀၀% |
| ကျပ်သိန်း (၂,၀၀၀) နှင့်အထက် | ၆.၅၀% |
- ဝန်ဆောင်ခ – ၁,၅၀၀ ကျပ်
(ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကိုသာ လစဉ်ကောက်ခံပါသည်။)
Flexi ခေါ်ယူအပ်ငွေစာရင်းအကြောင်း
မေးလေ့ရှိသော မေးခွန်းများ

Flexi ခေါ်ယူအပ်ငွေစာရင်းသည် မူလ ခေါ်ယူအပ်ငွေစာရင်းကို အဆင့်မြှင့်ထားသော အပ်ငွေအမျိုးအစားဖြစ်ပြီး လက်လီနှင့်လုပ်ငန်းသုံးဖောက်သည်များအတွက် ပိုမိုမြင့်မားသောအတိုးနှုန်းများပေးအပ်ထားပါသည်။
သင်နှင့် ကိုက်ညီသော အကောင့်ကို ရွေးချယ်ပါ။
Flexi ခေါ်ယူအပ်ငွေစာရင်း ကို အခြားအကောင့်များနှင့် နှိုင်းယှဉ်ပါ။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Flexi ငွေစုဘဏ်အပ်ငွေစာရင်း

Flexi Everyday စာရင်းရှင်စာရင်း




BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal