လုပ်ငန်းခွင်အတွင်း အားလုံးပူးပေါင်းပါဝင်နိုင်မှု နှင့် လုပ်ကိုင်နိုင်စွမ်းအား မြင့်တင်နိုင်မှုကို အားပေးသည့် “Workplace TransformX Myanmar” ပွဲကို ရိုးမဘဏ် ၊ တယ်လီနော (မြန်မာ)၊ အူရီဒူး (မြန်မာ) တို့ ဦးဆောင်ကျင်းပ
ရိုးမဘဏ် ၊ တယ်လီနော နှင့် အူရီဒူး ကုမ္ပဏီ များရှိ ဝန်ထမ်းများ၎င်းတို့၏ အဖွဲ့အစည်းအတွင်း တွင် ချောမွေ့သည့် ဆက်သွယ်လုပ်ဆောင်ချက်များဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်အောင် Workplace by Facebook က အားပေးလုပ်ဆောင်

ရန်ကုန် ၊ မြန်မာ ။ ။ မေလ (၃) ရက်၊၂၀၁၉ ခုနှစ် - လုပ်ငန်းခွင်အတွင်း အားလုံးပူးပေါင်း ပါဝင်နိုင်မှု နှင့် လုပ်ကိုင်နိုင်စွမ်းအားမြင့်တင်နိုင်မှုကို အားပေးသည့် “Workplace TransformX Myanmar” ပွဲကို ရိုးမဘဏ် ၊ တယ်လီနော် (မြန်မာ) ၊ အူရီဒူး (မြန်မာ) တို့ ဦးဆောင်၍ ကျင်းပခဲ့သည်။ လုပ်ငန်းခွင် တစ်ခုတွင် ပွင့်လင်းမြင်သာမှုရှိခြင်း ၊ အကြံပြုချက်များကို ကြိုဆိုခြင်း နှင့် အားလုံးပူးပေါင်းပါဝင်မှုကို ဦးတည်ခြင်း တို့ကို မြင့်တင် လုပ်ဆောင်သင့်သည်ဟု ဦးဆောင်ကျင်းပသည့် ကုမ္ပဏီ (၃)ခုစလုံးက ယုံကြည်ထားသည်။ ထို့ကြောင့် အဖွဲ့အစည်းအတွင်း ဆက်သွယ်လုပ်ဆောင်မှုများကို အသွင်ကူးပြောင်းနိုင်ရန် Workplace by Facebook ကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ Workplace TransformX Myanmar ပွဲ ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လူမှု့အဖွဲ့အစည်း နှင့် လုပ်ငန်း ကဏ္ဍ ဦးဆောင်သူများအဖြစ် ပူးပေါင်း ပါဝင်သည့်ကုမ္ပဏီများက ၎င်းတို့၏ အဖွဲ့အစည်းအတွင်း တွင် လုပ်ဆောင်ခဲ့သည့် ဆက်သွယ်မှု ဆိုင်ရာ အသွင်ကူး ပြောင်းမှု အဆင့်ဆင့် နှင့် အကောင်ဆုံး လုပ်ဆောင်နိုင်သည့် လုပ်ထုံးလုပ်နည်းများကို မျှဝေရန် ဖြစ်သည်။
ရိုးမဘဏ်သည် Workplace by Facebook ကိုအစောဆုံး စတင်အသုံးပြုသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းက “Facebook at Work” ဟု အမည်ပေးထားသည့် Platform ကို အာရှတွင် စတင် စမ်းသပ် အသုံးပြုခဲ့သည့် ပထမဆုံးဘဏ်လည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာဖြင့် Workplace by Facebook ကို ဘဏ်ခွဲတိုင်းတွင် အသုံးချ ဆောင်ရွက်နိုင်ခဲ့သည်။ လက်ရှိတွင် ရိုးမဘဏ်ရှိ ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်သည် Workplace နှင့် Workchat ကို အသုံးပြု၍နေ့စဉ် ရုံးတွင်း ဆက်သွယ်မှုကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိသည်။ ရိုးမဘဏ်သည် Workplace ကို အဖွဲ့အစည်းအတွင်း ဆက်သွယ်ရေး၊ လေ့ကျင့်သင်ကြားရေး၊ ဦးဆောင်သရုပ်ပြ သင်ကြားရေး ၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းလုပ်ဆောင်ရေး နှင့် အဖွဲ့အစည်းအတွင်း အမှတ်တံဆိပ် ထိတွေ့ ဆွဲဆောင် နိုင်မှုများအတွက် အသုံးချသည်။ ရိုးမဘဏ် ရုံးချုပ်ရှိ စီမံခန့်ခွဲမှု အဖွဲ့နှင့် ဝန်ထမ်းများသည် နေ့စဉ် နှင့်အမျှ ပွင့်လင်း မြင်သာမှုရှိစွာ ပုံမှန်သတင်း အချက်အလက်မျှဝေခြင်း နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ခြင်း တို့ကို အားပေးသည်။

“Workplace ဟာ ရိုးမဘဏ်ရဲ့ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်တဲ့နေရာမှာ အဓိ က ကျတဲ့အဖွဲ့အစည်းအတွ င်း ဆက်သွယ်ဆောင်ရွက်တဲ့ Communication Tool တစ်ခု ဖြစ်ပါတယ်။ ဒီ Workplace နဲ့ Workchat ကိုအသုံးပြုပြီး ဘဏ်မှာ ရှိတဲ့ ဝန်ထမ်းအားလုံးက တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အကျိုးတူ နှီးနှောဖလှယ် နိုင်သလို အုပ်စုတွေဖွဲ့ပြီး ညှိနှိုင်းဆောင်ရွက်နိုင်တာကြောင့် အဖွဲ့အစည်းအတွင်းဆက်သွယ် စနစ်ကြီးက ဘဏ်အတွက် အကျိုးကျေးဇူးများ စွာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘဏ်မှာရှိတဲ့ ဝန်ထမ်းအားလုံးကို ရှေ့ပြေးလုပ်ဆော င်မှုတွေ လုပ်ငန်းဆိုင်ရာ ပြောင်းလဲမှုတွေကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်အောင်လည်း ဒီ Platform က လုပ်ဆောင်ပေးပါတယ်” ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Hal Bosher ကပြောသည်။
အူရီဒူးမြန်မာမှ Workplace ဒီဂျစ်တယ် ပလက်ဖောင်းကို ၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာလတွင် အူရီဒူးဝန်ထမ်းများအကြား အချိန်နှင့်တပြေးညီ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဝန်ထမ်းအချင်းချင်း ထိတွေ့ဆက်ဆံခြင်း၊ သတင်းအချက်အလက်မျှဝေခြင်း၊ ဆက်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းစဉ်တွင်ကျယ်ခြင်းတို့ကို ပိုမိုခိုင်မာစေသည့် အဓိကကဏ္ဍတစ်ခုဖြစ်လာပါသည်။ လက်ရှိစာရင်းအရ ဝန်ထမ်းပေါင်း ၉၂၀ ဦးတို့မှ အသုံးပြုနေပြီး ၎င်းသည် အူရီဒူးမြန်မာ၏ အောင်မြင်မှုနှုန်းထား ၉၉ % ရှိနေပါသည်။
အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma က “ဆက်သွယ်ခြင်းဆိုတဲ့ အကြောင်းအရာဟာ အူရီဒူးရဲ့ အဓိကတန်ဖိုးထားတဲ့အရာတွေထဲမှာ တစ်ခုပါဝင်သလို ပြည်သူများရဲ့ ဘဝကို ဒီဂျစ်တယ်လူ နေမှုဘဝနဲ့ တောက်ပကောင်းမွန်အောင်ပြုလုပ်ပေးမယ် ဆိုပြီး အူရီဒူးကနေ ရည်မှန်းချက်အဖြစ် ထားရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့အညီ Facebook က နေ ဝန်ဆောင်မှုပေးထားတဲ့ Workplace ကို အူရီဒူးအနေနဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှ စတင်မိတ်ဆက်ခဲ့တဲ့အခါ မိတ်ဆက်ပြီးပြီးခြင်း သုံးရက်အတွင်းမှာ ဝန်ထမ်းပေါင်း သုံးပုံ ၂ပုံကျော်ဟာ စတင်ပြီး အသုံးပြုခဲ့သလို အခုအချိန်အထိ အုပ်စုပေါင်း (၁၀၃) အုပ်စုကိုလဲ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ Workplace ဟာဆိုရင် Facebook ကို အသုံးပြုတာ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့အတွက် လွယ်ကူစွာသုံးလို့ရတဲ့ပြင် ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ သတင်းအချက်အလက် မျှဝေမှု၊ ဆက်သွယ်ချိတ်ဆက်ပေးမှုတွေအပြင် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ပြောဆိုတာကိုလည်း တိုးတက်ကောင်းမွန်စေသလို ပူးပေါင်းဆောင်ရွက်မှုကိုလဲ ဖြစ်ပေါ်စေပါတယ်။ တကယ်ကို ကောင်းမွန်တဲ့စနစ် ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ အခုဆိုရင် အလုပ်လုပ်တဲ့အခါ ပိုမိုမြန်ဆန်စွာနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
တယ်လီနောလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော တယ်လီနောမြန်မာတွင်လည်း ၂၀၁၆ခုနှစ်မှ စတင်ကာ Workplace ကို မိတ်ဆက်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံမှ ဝန်ထမ်း ၈၀၀ ကျော် အပါအဝင် စုစုပေါင်း ဝန်ထမ်း ၂၅,၀၀၀မှာ အဖွဲ့အစည်းအတွင်း သတင်းအချက်အလက်များ၊ လှုပ်ရှားမှုများ၊ ကမ္ဘာတဝန်း ဝန်ထမ်းများအားလုံးအတွက် live ပြသမှုများ၊ သက်ဆိုင်ရာ ဌာနအလိုက် ဆက်သွယ် ပြန်ကြားမှုများ၊ အသိပညာမျှဝေမှုများ၊ ပရောဂျက်များ၊ ဆွေးနွေးပွဲများ စသည်တို့ကို ဝေမျှရာ platform တစ်ခုအနေဖြင့် နေ့စဉ်အသုံးပြုနေပြီဖြစ်သည်။
“တယ်လီနောရဲ့ ရည်မှန်းချက်က လူတွေကို သူတို့ဘဝအတွက် အရေးပါတဲ့အရာတွေနဲ့ ချိတ်ဆက် ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်တဲ့နေရာမှာလည်း တယ်လီနောသုံးစွဲသူတွေကိုသာမက ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကိုပါ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ဆက်သွယ်ပြန်ကြားတာနဲ့ စွမ်းရည်မြှင့်တင်ပေးတာတွေပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒီအတွက် အဖွဲ့အစည်းအတွင်း ချိတ်ဆက်မှုကို ပိုကောင်းလာစေဖို့ platform အမျိုးမျိုးအသုံးပြုနေတဲ့နေရာမှာ Workplace က တယ်လီနော လုပ်ငန်းစုတစ်ခုလုံးအတွင်းက ဝန်ထမ်းတွေအကြားချိတ်ဆက်နိုင်ဖို့ အတော်လေး အသုံးဝင်တာကို တွေ့ရပါတယ်။ ဒီလို စွမ်းရည်မြင့် tool တစ်ခုကို သုံးပြီး အီးမေးလ် လွန်ကဲစွာ အသုံးပြုမှုကို လျော့ချ နိုင်ခဲ့သလို အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေကို တိုးမြှင့်နိုင်ခဲ့ပြီး ကုမ္ပဏီတစ်ခုလုံးရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုသွက်လက်မြန်ဆန်စေနိုင်ခဲ့ ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။