menu

Flexi Account ခေါ်ယူအပ်ငွေစာရင်း

အတိုးနှုန်း အနည်းဆုံး 7% p.a. ပါရှိသော ခေါ်ယူအပ်ငွေစာရင်းဖြင့် လူကြီးမင်း အပ်နှံထားသောငွေကို လွယ်ကူစွာ စီမံခန့်ခွဲပြီး တိုးပွားစေလိုက်ပါ။ တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲ ငွေစာရင်းဖွင့်ထားသူဖြစ်စေ၊ စီးပွားရေးလုပ်ငန်းသုံး ဖြစ်စေ စာရင်းရှင်စာရင်းမှ ရရှိသည့် အကျိုးခံစားမှုအတိုင်းရရှိနိုင်ပြီး အတိုးနှုန်းလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။ ပထမ အပ်ငွေကျပ်သိန်း ၁၀,၀၀၀ အထိ 7% p.a. ရရှိပြီး၊ သိန်း ၁၀,၀၀၀ အထက် ကျော်လွန်သော ၎င်းအပ်ငွေပမာဏအတွက် အပိုဆောင်း 1% p.a. ရရှိမှာ ဖြစ်ပါတယ်။ 

မှတ်ချက်: ကုမ္ပဏီ/လုပ်ငန်းစာရင်း အတွက် ပူးတွဲစာရင်း မဖွင့်လှစ်နိုင်ပါ။



အင်္ဂါရပ်များနှင့် အကျိုးခံစားခွင့်များ

အတိုးနှုန်းခံစားခွင့်
မြန်မာကျပ်ငွေ တစ်သောင်းမှ စတင်ပြီး နေ့စဉ်အတိုးနှုန်းတွက်ချက်ပေးမည်ဖြစ်ပါသည်။

အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း
ရိုးမဘဏ်ဖွင့်ချိန်အတွင်း ငွေသွင်း၊ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ  ဆောင်ရွက်နိုင်ပါသည်။ ငွေသွင်းမှုများကို ဘဏ်ခွဲများတွင်သာ ဆောင်ရွက်နိုင်ပါသည်။ အပ်ငွေထည့်သွင်းရန်အတွက် အခြားအကောင့်တစ်ခုမှ ငွေလွဲပြောင်းခြင်း မဆောင်ရွက်နိုင်ပါ။ ATM စက်များကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်ပါသည်။

စာရင်းရှင်စာရင်းနှင့် ချိတ်ဆက်နိုင်ခြင်း
စာရင်းပိုထုတ်ချေးငွေယူထားပါက Flexi Account ခေါ်ယူအပ်ငွေစာရင်းမှ စာရင်းရှင်စာရင်းသို့ အလိုအလျောက် ငွေလွှဲနိုင်ပါသည် (Flexi မှ စာရင်းရှင်သို့ လွှဲနိုင်ပြီး စာရင်းရှင်မှ Flexi သို့ ငွေလွှဲခြင်း မပြုလုပ်နိုင်ပါ)။  

လစဉ် ဘဏ်စာရင်းရှင်းတမ်း
နေ့စဉ် ငွေစာရင်းအသုံးပြုမှုနှင့် ငွေစာရင်းအဝင်အထွက်များ၏ အသေးစိတ်ဘဏ်စာရင်းရှင်းတမ်းကို ရယူနိုင်ပါသည်။ 

ငွေစုစာအုပ် / MPU Debit Card 
ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ပြီးပါက MPU Debit Card အခမဲ့ထုတ်ပေးပါမည်။ ငွေစုစာအုပ်ကို တောင်းဆိုချက်အရ ထုတ်ပေးနိုင်ပါသည်။

Flexi ချက်လက်မှတ်စာအုပ်
ငွေထုတ်၊ ငွေပေးချေ၊ ငွေလွှဲခြင်းများကို ချက်ချင်းလွယ်ကူစွာ ပြုလုပ်နိုင်သည်။ 

*အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ်ပေးအပ်သွားမည်ဖြစ်သည်။


Flexi Account ခေါ်ယူအပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ

  • ကနဦးအပ်နှံငွေကို  မြန်မာကျပ် ၁၀,၀၀၀ သတ်မှတ်ထားပါသည်။
  • အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁,၀၀၀ ထားရှိရပါမည်။
  • အနည်းဆုံးအသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
  • အထောက်အထားအဖြစ် မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။

Flexi Interest Calculator

ks
%
access_time

Monthly Interest

ks 0

Total Interest

ks 0

Total Amount
(Amount+Total Interest)

ks 0

Disclaimer: This calculation is just illustration purpose for the deposit amount of first 1 billion MMK. For deposit amount above 1 billion MMK, there will be additional 1% p.a., based on certain assumed prerequisites. Terms and Conditions apply. Terms and Conditions apply.