menu
လက်ရှိပတ်ဝန်းကျင်အခြေအနေများအရ ရိုးမဘဏ် JZü အပ်ငွေစာရင်း၏ လစဉ်ဆုရွေးချယ်မှုအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဧပြီလမှစ၍ ခေတ္တရပ်နားထားပါသည်။ JZü အပ်ငွေစာရင်းအတွက် တစ်နှစ်လျှင် ၃ ရာခိုင်နှုန်းအတိုးကို ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။


မတ်လအတွက် ဆုရွေးချယ်မှုအား ဧပြီလတွင်ပြုလုပ် ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ဖေဖော်ဝါရီလ နှင့် မတ်လ မှ ဆုရထားသော Customer များအနေဖြင့် ဆုထုတ်ယူချိန်တွင် မှတ်ပုံတင်မှအပ အခြား ကိုယ်ရေးအချက်အလက်များနှင့် ဘဏ်စာရင်းအချက်အလက်များကို ပေးရန်မလိုအပ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။ ဆုရွေးချယ်မှုအစီအစဉ် ပြန်လည်ကျင်းပမည့်လကို Customer များအား အကြောင်းကြားသွားမည် ဖြစ်ပါသည်။


JZü ကျေးဇူး အကောင့်

ရိုးမဘဏ်၏ ငွေစု အပ်ငွေစာရင်း အသစ်တစ်မျိုးဖြစ်သည့် JZu အကောင့်ဖြင့် နှစ်စဉ် အတိုးနှုန်းအပြင် လစဉ် ဆုရွေးချယ်ပွဲ မှတစ်ဆင့် နောက်ဆုံးပေါ် Samsung Product များအပြင် အခြား ငွေသား ဆုပေါင်းများစွာ ရရှိနိုင်မည့် အခွင့်အရေးလည်း ရှိပါသည်။ 


အင်္ဂါရပ်များနှင့် အကျိုးခံစားခွင့်များ

အတိုးနှုန်း ခံစားခွင့်
ခေါ်ယူအပ်ငွေ စာရင်းအတိုင်း အကျိုးခံစားခွင့်များနှင့်အတူ နှစ်စဉ် အတိုးနှုန်း ၃% (p.a.) ကို အနည်းဆုံး လက်ကျန်ငွေ ပမာဏ သတ်မှတ်ထားခြင်းမရှိဘဲ ရရှိနိုင်မှာ ဖြစ်ပါသည်။


လစဉ် ဆုရွေးချယ်ပွဲတွင် ပေးအပ်မည့်ဆုများ
လစဉ် ဆုရွေးချယ်ပွဲတွင် ဆုများ ပေးအပ်ရာ၌ JZü ကျေးဇူး အကောင့်များတွင် အပ်နှံထားသည့် ငွေကြေး ပမာဏ၏ ၂% အထိကို တွက်ချက်ပြီး ဆုအဖြစ် ပြန်လည် ပေးအပ်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ လစဉ် ဆုရွေးချယ်ပွဲတွင် ပေးအပ်သော ငွေကြေး ပမာဏသည် JZü အကောင့်တွင် အပ်နှံထားသည့် အပ်ငွေ စုစုပေါင်း အပေါ်တွင် မူတည်နေပြီး အပ်ငွေ တိုးပွားပါက ဆုငွေ ပမာဏလည်း တိုးပွားလာမည် ဖြစ်သည်။ ပေးအပ်မည့် ဆုများမှာ -

အုပ်စု      ဆုများ   ရွေးချယ်ပေးမည့် ဆုအရေအတွက်
ပထမဆု  Galaxy Z Fold 2   ၁ ဆု 
ဒုတိယဆုGalaxy Z Flip  ၁ ဆု
တတိယဆုS 21 Ultra (8/256 GB)  ၁ ဆု
အခြားဆု (Watch)
Galaxy Watch Active
 ၄၀ ဆု
အခြားဆု (Smartphone)A12 (4/128 GB) ၃၀ ဆု
အခြားဆု (Tablet)Tab A8 ၄၀ ဆု
အခြားဆု (Audio)Galaxy Buds Live ၄၀ ဆု
နှစ်သိမ့်ဆု (ငွေသား)၂၀,၀၀၀ ကျပ် 𝑥 ဆု 
(ပေးအပ်ရန် သတ်မှတ် ထားသော စုစုပေါင်း ငွေပမာဏ မကုန်မချင်း)

ဆုပေးပွဲတွင် ပါဝင်နိုင်ရန် သတ်မှတ်ချက်များ ရှိသည့်အတွက် သတင်းအပြည့်အစုံ သိရှိရန် စည်းကမ်း သတ်မှတ်ချက်များကို ဖတ်ရှုပါ။



SMART အကောင့် နှင့် MPU Debit Card 
JZü အကောင့်ဖွင့်သည်နှင့် တစ်ပြိုင်နက် SMART MPU Debit Card နှင့် SMART အကောင့်ကိုပါ ရရှိမည် ဖြစ်ပါသည်။ 



JZü ကျေးဇူး လစဉ် ဆုရွေးချယ်ပေးအပ်ပွဲ

JZü အကောင့်တွင် လက်ကျန်ငွေ အနည်းဆုံး မြန်မာကျပ် (၁) သိန်းရှိလျှင် လစဉ် ဆုရွေးချယ်ပွဲ၌ အလိုအလျောက် ပါဝင်နိုင်မည် ဖြစ်သည်။ အပ်ငွေ (၁) သိန်း ကျပ်တိုင်းအတွက် လက်မှတ်တစ်စောင် နှင့် ညီမျှသော အခွင့်အရေး တစ်ခု ရရှိမည် ဖြစ်ပြီး အပ်ငွေ တိုးတက်လာသည်နှင့်အမျှ ရွေးချယ်ခံရမည့် အခွင့်အရေး၊ အလားအလာ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်ပါသည်။ (ဥပမာ - သင့်စာရင်းတွင် အနည်းဆုံး စာရင်းလက်ကျန် ၅,၀၀၀,၀၀၀ ကျပ်ရှိလျှင် သင့်တွင် အခွင့်အရေး ၅၀ (လက်မှတ် ၅၀ စောင်) ရရှိမည် ဖြစ်ပါသည်။ သင့်တွင် အခွင့်အရေး ၅၀ ရှိပါက အများဆုံး ဆုအခု ၅၀ အထိ ရွေးချယ်ခံရနိုင်ပါသည်။


ကျေးဇူး အကောင့်ပိုင်ရှင်တို့အတွက် အထူးသတိပြုရမှာကတော့ ရိုးမဘဏ်အနေနဲ့ messenger ကနေတစ်ဆင့် ဆုရရှိသူစာရင်းကို ပေးပို့ခြင်း၊ ကျေးဇူး အကောင့် ကံထူးရှင်သာမက မည်သူ တစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုမှလည်း messenger မှတစ်ဆင့် တောင်းခံခြင်း လုံးဝ (လုံးဝ) မပြုလုပ်ပါ။


JZü ကျေးဇူးအကောင့် ဖွင့်ရန်လိုအပ်ချက်များ

  • လစဉ်ဆုပေးပွဲတွင် ပါဝင်နိုင်ရန် အနည်းဆုံးလက်ကျန်ငွေကို မြန်မာကျပ် ၁၀၀,၀၀၀ သတ်မှတ်ထားပါသည်။ 
  • အနည်းဆုံးအသက် (၁၈)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။ 
  • မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။ 
  • SMART အကောင့်ကို တစ်ချိန်တည်းတွင် ဖွင့်လှစ်ရပါမည်။ သို့မဟုတ် SMART အကောင့်ရှိပြီး ဖြစ်ရပါမည်။  
  • တစ်ဦးချင်းအကောင့်အဖြစ်သာ ဖွင့်ခွင့်ရှိပါသည်။ 
  • လူပုဂ္ဂိုလ်တစ်ဦးလျှင် JZü အကောင့်တစ်ခုသာ ဖွင့်နိုင်မည်ဖြစ်သည်။ 
  • ကုမ္ပဏီအဖွဲ့အစည်း၊ ပူးတွဲအကောင့် သို့မဟုတ် အသက်မပြည့်သေးသူအတွက် ဖွင့်သော ငွေစာရင်းများ အကျုံးမဝင်ပါ။ 

JZü Calculator

ks
%
No
access_time

Monthly Interest

ks 0

Total Interest

ks 0

Eligible Amount

ks 0

Total Amount
(Amount+Total Interest)

ks 0


Disclaimer: This calculation is just for illustration purpose only, based on certain assumed prerequisites. Terms and Conditions apply.