menu
အတိုးရရှိပြီး ငွေစုဆောင်းနိုင်မည့် လွယ်ကူ လုံခြုံသော နည်းလမ်း

ငွေစုဘဏ်အပ်ငွေစာရင်း


အတိုးနှုန်းများသော ရိုးမဘဏ်၏ ငွေစုဘဏ်အပ်ငွေစာရင်းဖြင့် လူကြီးမင်း၏ စုငွေကို တိုးပွားစေလိုက်ပါ။ တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲအပ်ငွေစာရင်းဖြစ်စေ စာရင်းရှင်စာရင်း၏ အကျိုးခံစားခွင့်အတိုင်းရရှိနိုင်မည့်အပြင် တစ်နှစ်အတိုးနှုန်း ၈% (p.a) ကိုပါရရှိနိုင်မည်ဖြစ်ပါသည်။ 


အတိုးနှုန်းမြင့်မားမှု
ငွေစုဘဏ်အပ်ငွေစာရင်း လက်ကျန်ငွေအပေါ်တွင် နှစ်စဉ်အတိုးနှုန်း ၈ % ရရှိနိုင်မည်ဖြစ်ပါသည်။* 

အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း
ရိုးမဘဏ်ဖွင့်ချိန်အတွင်း ငွေသွင်း၊ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ  ဆောင်ရွက်နိုင်ပါသည်။ 

ရိုးမဘဏ်အသိအမှတ်ပြု ချက်လက်မှတ်စာအုပ်
ငွေသားမဲ့ ငွေပေးချေခြင်းနှင့် ငွေထုတ်ခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်မည်။ 


လစဉ် ၅ ရက်နေ့မှ လကုန်ရက်အထိ ကျန်ရှိနေသော လက်ကျန်ငွေပမာဏအတိုင်း အတိုးနှုန်းကို  လစဉ်တွက်ချက်ပေးမည်ဖြစ်သည်။ အတိုးနှုန်းအများဆုံးရရှိနိုင်ရန် လက်ကျန်ငွေပမာဏကို လစဉ် လဆန်း ၅ ရက်နေ့မှ လကုန်ရက်အထိ ဘဏ်စာရင်းတွင် ထားရှိရပါမည်။ 

ဘဏ်တိုးကို လစဉ်တွက်ချက်ပြီး မတ်လ၊ ဇွန်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလများတွင် သုံးလတစ်ကြိမ်  ပေးအပ်သွားမည်ဖြစ်သည်။ 


ငွေစုဘဏ်အပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်များ

  • ကနဦးအပ်နှံငွေကို မြန်မာကျပ် ၁၀,၀၀၀ သတ်မှတ်ထားပါသည်။ 
  • အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁,၀၀၀ ရှိရပါမည်။ 
  • အနည်းဆုံးအသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။ 
  • မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရမည်။

Interest Calculator

ks
%
access_time

Monthly Interest

ks 0

Total Interest

ks 0

Total Amount
(Amount+Total Interest)

ks 0


Disclaimer: This calculation is just for illustration purpose only, based on certain assumed prerequisites. Terms and Conditions apply.