နိုင်ငံခြားငွေစာရင်း
ရိုးမဘဏ်တွင် နိုင်ငံခြားငွေစာရင်းတစ်ခု ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော နိုင်ငံတကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို ရယူနိုင်ပါပြီ။ နိုင်ငံခြားငွေစာရင်းကို တစ်ဦးချင်း၊ ပူးတွဲ၊ ကုမ္ပဏီစာရင်းအဖြစ် ဖွင့်လှစ်နိုင်ပါသည်။
လျှောက်ထားနိုင်သည့် နိုင်ငံတကာငွေကြေးများ - အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ
စာရင်းထဲသို့ ငွေထည့်သွင်းပါက ထည့်သွင်းငွေ ပမာဏ၏ ၀.၃ % ဝန်ဆောင်ခ ကောက်ခံပါမည်။
စာရင်းမှ ငွေထုတ်ယူပါက လုပ်ဆောင်ချက်တစ်ကြိမ် ပြုလုပ်တိုင်း တစ်ဒေါ်လာ ကောက်ခံပါမည်။
နိုင်ငံတကာ ငွေလွှဲပြောင်းမှု
နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုများကို လူကြီးမင်း၏ အကောင့်ထဲသို့ တိုက်ရိုက် လက်ခံရရှိနိုင်ပါသည်။
ရိုးမဘဏ် ချက်စာအုပ်
ငွေသားကိုင်ဆောင်ရန် မလိုဘဲ အလွယ်တကူ ငွေထုတ်ယူနိုင်ပြီး ငွေပေးချေမှုများကိုလည်း တိုက်ရိုက်ပြုလုပ်နိုင်ပါသည်။
လစဉ်ဘဏ် စာရင်းရှင်းတမ်း ရယူနိုင်ခြင်း
လူကြီးမင်း၏ နေ့စဉ်အသုံးစရိတ်နှင့် အပ်ငွေစာရင်းနှင့်စပ်လျဉ်းပြီး စာရင်းရှင်းတမ်းအသေးစိတ်ကို ရယူနိုင်ပါ သည်။
မိမိကိုယ်ပိုင် နိုင်ငံခြားငွေအကောင့်မှ ငွေကြေးများကို မြန်မာကျပ်ငွေအဖြစ်သို့လည်းကောင်း၊ မြန်မာကျပ်ငွေ အကောင့်မှ နိုင်ငံခြားငွေအဖြစ်သို့လည်းကောင်း Yoma Bank mobile banking application တွင် ငွေလွှဲပြောင်းမှုတစ်ကြိမ်လျှင် အများဆုံး အမေရိကန်ဒေါ်လာ ၅,၀၀၀ နှင့် တစ်နေ့ကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထိ လွှဲပြောင်းသွားနိုင်မည်ဖြစ်သည်။
လျှောက်ထားရန် လိုအပ်ချက်များ
ကိုယ်ပိုင်အပ်ငွေစာရင်း (တစ်ဦးချင်း/ပူးတွဲ)
• မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ် (မူရင်းနှင့် မိတ္တူ)
• နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူဖြစ်ပါက သက်တမ်းရှိသေးသော စီးပွားရေးဗီဇာ စာမျက်နှာ
• ပတ်စ်ပို့ ဓာတ်ပုံ
• အနည်းဆုံးကနဦးပေးသွင်းငွေ : အမေရိကန်ဒေါ်လာ ၁၀၀/ စင်ကာပူဒေါ်လာ ၁၀၀/ ယူရို ၁၀၀