menu
ရိုးမဘဏ်၏ လွယ်ကူသော မိုဘိုင်းအက်ပလီကေးရှင်းဖြင့် ရိုးမဘဏ်ဝန်ဆောင်မှုများကို အချိန်မရွေး၊ နေရာမရွေး ရယူလိုက်ပါ

Mobile Banking

ရိုးမဘဏ်၏ Mobile Banking အက်ပလီကေးရှင်းဖြင့် ဘဏ်ဝန်ဆောင်မှုများကို အလွယ်ကူဆုံး ရယူနိုင်ပါပြီ။ ငွေလက်ကျန်စာရင်းစစ်ဆေးခြင်း၊ ငွေလွှဲခြင်း၊ ငွေပေးချေခြင်းနှင့် အခြားဝန်ဆောင်မှုများကို ဘဏ်ခွဲသို့ သွားရောက်ရန်မလိုဘဲ ရယူနိုင်ပါပြီ။ 


ငွေလက်ကျန်စာရင်းနှင့် ငွေထုတ်ငွေသွင်း စာရင်းကို စစ်ဆေးခြင်း 
ရိုးမဘဏ် အပ်ငွေစာရင်းအားလုံး၏ ငွေကြေးလည်ပတ်မှုကို တစ်နေရာတည်းမှ စောင့်ကြည့်စစ်ဆေးနိုင်ပါပြီ။ 

အွန်လိုင်းမှ ငွေလွှဲပြောင်းခြင်း 
လူကြီးမင်း၏ ရိုးမဘဏ် အကောင့်အချင်းချင်း သို့မဟုတ် လူကြီးမင်းအကောင့်မှ အခြားသူ၏ ရိုးမဘဏ် SMART အကောင့်ထဲသို့ အွန်လိုင်းကတစ်ဆင့် ငွေလွှဲနိုင်ပါသည်။

ငွေပေးချေခြင်း
SMART အကောင့်မှတစ်ဆင့် ချေးငွေပြန်လည်ပေးဆပ်ခြင်းများနှင့် မိမိအဆင်ပြေသောအချိန်ဇယားအတိုင်း အလိုအလျောက်ငွေပေးချေရန် အချိန်သတ်မှတ်ထားခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ 


လျှောက်ထားရန် လိုအပ်ချက်များ

  • ရိုးမဘဏ် SMART အကောင့်ရှိသူဖြစ်ရမည်။
  • အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
  • မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရမည်။