menu
ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ အားလုံးအတွက် နေရာ
ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ အားလုံးအတွက် နေရာ
ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ အားလုံးအတွက် နေရာ
ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ အားလုံးအတွက် နေရာ

SMART Suite

SMART သည် တစ်ဦးချင်း သို့မဟုတ် စီးပွားရေးဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အချိန်မရွေး၊ နေရာမရွေး ရယူနိုင်မည့် အလုံးစုံပါဝင်သော ဘဏ်ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ ငွေကြေးစီမံခန့်ခွဲခြင်း၊ ချေးငွေလျှောက်ထားခြင်းနှင့် ဘဏ်စာရင်းတစ်ခုထဲကို အသုံးပြုပြီး ငွေလွှဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ SMART အကောင့်တစ်ခုချင်းစီတွင် MPU debit card တစ်ခု အခမဲ့ပါဝင်ပြီး SMART အကောင့်ကို Wave Money Account နှင့် ချိတ်ဆက်၍ နိုင်ငံတစ်ဝန်းရှိ Wave ဆိုင်ပေါင်း ၄၀၀၀၀ ကျော်တွင် ငွေသွင်းငွေထုတ်လုပ်နိုင်ပါသည်။ 


၂၄နာရီ အွန်လိုင်းဘဏ်ဝန်ဆောင်မှု
ရိုးမဘဏ်၏ ဘက်စုံသုံး SMART မိုဘိုင်းအက်ပလီကေးရှင်းကို သုံးပြီး လူကြီးမင်း၏ ဘဏ်အပ်နှံငွေများကို အချိန်မရွေး၊ နေရာမရွေး ရယူနိုင်ပါသည်။

SMART အွန်လိုင်းလျှောက်ထားမှု
applysmart.yomabank.com တွင် အွန်လိုင်းကတစ်ဆင့် အလွယ်တကူ လျှောက်ထားနိုင်ပါသည်။

MPU Debit Card
MPU Debit Card ကို အခမဲ့ရယူပြီး ရိုးမဘဏ် ATM များတွင် ဝန်ဆောင်ခမဲ့ ငွေထုတ်ယူနိုင်သကဲ့သို့ တခြား MPU တံဆိပ်ပါ ATM များတွင်လည်း တစ်လလျှင် ငွေကျပ် ဆယ်သိန်းအထိ ဝန်ဆောင်ခပေးရန်မလိုဘဲ ငွေထုတ်ယူနိုင်ပါသည်။

အခမဲ့ ငွေလွှဲနိုင်ခြင်း
SMART အကောင့် အချင်းချင်းငွေလွှဲခြင်းအတွက် ဝန်ဆောင်ခမပေးရပါ။

အွန်လိုင်းမှတစ်ဆင့် ချေးငွေလျှောက်ထားနိုင်ခြင်း
တစ်ဦးချင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းသုံး ချေးငွေများကို SMART အကောင့်မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။

လစာငွေပေးခြင်းကို လွယ်လွယ်ကူကူဆောင်ရွက်နိုင်ခြင်း
ဝန်ထမ်းများကို အလိုအလျောက် သတ်မှတ်ထားသောနေ့စွဲတွင် ငွေသားမဲ့ လစာပေးနိုင်ပါသည်။

Wave Money အကောင့်
ယခုလက်ရှိ ချိတ်ဆက်ထားသော SMART အကောင့်ဖြင့် Wave Pay  Wallet၏ “Cash In” ဝန်ဆောင်မှုအားအသုံးပြု၍ ငွေလွှဲနိုင်မည်ဖြစ်ပြီး “Cash Out” ဝန်ဆောင်မှုအား အသုံးပြု၍ မရနိုင်တော့ပါ။ လူကြီးမင်းတို့၏ ငွေကြေးအား ပိုမိုအဆင်ပြေစွာ စီမံ့နိုင်ရန် Flexi Everyday Account ဖြင့် ဝန်ဆောင်မှုများအား အပြည့်အဝရယူနိုင်ပါသည်။  

ဖုန်းငွေဖြည့်သွင်းခြင်း အပိုဆု
SMART အကောင့်မှတစ်ဆင့် ဖုန်းဘေလ်ဖြည့်ပါက ၁.၅% လျှော့ဈေး ရယူနိုင်ပါသည်။ 


အကောင့်ဖွင့်ရန် လိုအပ်ချက်များ

  • အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရမည်။