menu

Yoma Bank Next App

ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်အသစ်များနှင့် ရိုးရှင်းလွယ်ကူသော Yoma Bank Next App သည် သင်၏ ငွေကြေးကို မည်သည့်နေရာမှမဆို လွယ်ကူစိတ်ချစွာ စိတ်ကြိုက် စီမံခန့်ခွဲနိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။ ဘဏ်ခွဲ သွားစရာမလိုဘဲ Yoma Bank Next App မှတစ်ဆင့် အကောင့်လက်ကျန်ငွေ စစ်ဆေးနိုင်ခြင်း၊ ငွေလွှဲနိုင်ခြင်း၊ ဘေလ်ပေးဆောင်နိုင်ခြင်း၊ ချေးငွေ အကြောင်းအရာကို ကြည့်ရှုနိုင်ခြင်းနှင့် QR Code အသုံးပြုကာ ငွေပေးချေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။


အကျိုးခံစားခွင့်များ


NameCategory Promotions
Balance Fitness
Yoma Bank Next App -  ရိုးမဘဏ်
Gym & Fitness 25% Off on all packages
Pun Hlaing Hospitals, Pun Hlaing Clinics, HEAL by Pun Hlaing 
Yoma Bank Next App -  ရိုးမဘဏ်
Health & Wellness 5% to 20% depending on type of service
L’OPERA Italian Restaurant
Yoma Bank Next App -  ရိုးမဘဏ်
Food & Beverage 5% off on all items 
Solid Beauty
Yoma Bank Next App -  ရိုးမဘဏ်
 Beauty10% off on all services 
SB Furniture 
Yoma Bank Next App -  ရိုးမဘဏ်
Lifestyle 5% off on all items 
 Awei Metta
Yoma Bank Next App -  ရိုးမဘဏ်
Hotel 10% off 
 Balloons over Bagan
Yoma Bank Next App -  ရိုးမဘဏ်
Travel 10% off 

Yoma Bank Next App ကိုအသုံးပြုကာ ရရှိနိုင်သည့် ပရိုမိုးရှင်းများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။




လုပ်ဆောင်ချက်များ

Self-Activation (မိမိကိုယ်တိုင် အကောင့်ဖွင့်ပြီး အသုံးပြုနိုင်ခြင်း)
ဘဏ်ခွဲ သွားစရာမလိုဘဲ မိမိကိုယ်တိုင် Application ကို ဖုန်းထဲတွင် Download ပြုလုပ်ပြီးပါက မိမိရဲ့ မည်သည့် ရိုးမဘဏ်အကောင့်နံပါတ်ကိုမဆို Yoma Bank Next App တွင် ရိုက်ထည့်ပြီး ကိုယ်တိုင် Username ၊ Password သတ်မှတ်၍ အသုံးပြုနိုင်ပါသည်။

QR Code စနစ်ဖြင့် ငွေပေးချေ/လက်ခံခြင်း
ငွေပေးချေ/လက်ခံမှုများကို Yoma Bank Next App ရဲ့ Scan to Pay နှင့် My QR function သုံး၍ လုပ်ဆောင်နိုင်သလို Wave Merchant များကို QR Scan ဖတ်ခြင်း၊ WavePay Transfer Feature ဖြင့် WavePay အကောင့်သို့ တိုက်ရိုက်ငွေလွှဲခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။

Flexi Everyday Account အကောင့်ဖွင့်လှစ်နိုင်ခြင်း
Flexi Everyday Account ဖွင့်လှစ်လိုသူ Customer များအနေဖြင့်လည်း Yoma Bank Next App မှတစ်ဆင့် ကိုယ်ရေးအချက်အလက် (KYC) များဖြည့်သွင်း၍လည်း လွယ်ကူစွာ ဖွင့်လှစ်နိုင်ပါတယ်။

Fixed Deposit ဖွင့်လှစ်နိုင်ခြင်း
Yoma Bank Next App ၏ Fixed Deposit Feature ကို အသုံးပြုကာ လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းပြီး အတိုးရရှိနိုင်သည့် Fixed Deposit ဖွင့်လှစ်နိုင်ပါတယ်။

ဘေလ်ပေးဆောင်ခြင်းနှင့် ဖုန်းငွေဖြည့်ခြင်း
ပေးဆောင်စရာရှိတဲ့ ဘေလ်နှင့် ဝန်ဆောင်မှုပေးချေခြင်းတွေကို Yoma Bank Next App ရဲ့ Bill Payment ကနေ အချိန်မရွေး အဆင်ပြေချောမွေ့စွာ ငွေပေးဆောင်နိုင်ရုံသာမက Flexi Everyday Account နဲ့ မြန်မာနိုင်ငံရှိ ဖုန်းအော်ပရေတာများအားလုံးတွင် Discount များရယူပြီး ဖုန်းငွေဖြည့်နိုင်ပါတယ်။

Interbank Transfer
ဘဏ်သွားစရာမလိုဘဲ မိမိရဲ့ ရိုးမဘဏ် အကောင့်ကနေ အခြားဘဏ်ပေါင်း ၅၀ ကျော်သို့ Yoma Bank Next App အသုံးပြုပြီး အချိန်ကုန်သက်သာစွာ ငွေလွှဲပြောင်းနိုင်ပါတယ်။

Schedule Payment ဖြင့် ငွေလွှဲနိုင်ခြင်း
ပုံမှန်လစဥ် ပေးဆောင်ရမည့် ချေးငွေများ (သို့) သတ်မှတ်ထားသည့် ရက်အလိုက် ငွေလွှဲရန်ရှိသော Customer များအတွက် Schedule Payment Feature ဖြင့် အချိန်ဇယားကို ကြိုတင်စီစဥ်၍ အလွယ်တကူ ငွေလွှဲနိုင်ပါတယ်။

Apply Credit ဖြင့် Online ချေးငွေလျှောက်ထားနိုင်ခြင်း
ရိုးမဘဏ်၏ မိတ်ဖက်အဖွဲ့အစည်း အသေးစား စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုအဆင်ပြေစွာ လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် Yoma Bank Next App မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ချေးငွေလျှောက်ထားရယူနိုင်ပါတယ်။


Download ရယူရန်

Yoma Bank Next App အား link ကို နှိတ်၍ ရယူနိုင်ပါသည်။