menu
မိမိ အလေးထားရ သူများထံ အရေးကြီးသော ငွေကြေး လွှဲပြောင်းပေးခြင်းကို လွယ်ကူ လုံခြုံစွာ ဆောင်ရွက်နိုင်ပါပြီ

ပြည်တွင်းငွေလွှဲဝန်ဆောင်မှု

မည်သည့်နေရာမှ  မည်သည့်နေရာသို့မဆို မိသားစုနှင့် သူငယ်ချင်းများထံ ငွေလွှဲပြောင်းနိုင်ပါပြီ။ ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် လုံခြုံစိတ်ချယုံကြည်ရဆုံး ငွေလွှဲဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းရှိ နေရာဒေသအနှံ့အပြားတွင် ဆောင်ရွက်ပေးနေပါသည်။ 

ငွေလွှဲနိုင်သည့် ပမာဏအကန့်အသတ်မရှိခြင်း
လူကြီးမင်းလွှဲလိုသည့် ငွေပမာဏအတိုင်း ငွေလွှဲနိုင်ပါသည်။

မြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာခြင်း
ရိုးမဘဏ်၏ ဝန်ဆောင်ခ သက်သာပြီး ချောမွေ့သော ငွေလွှဲလုပ်ငန်းစဉ်က ငွေပေးပို့သူရော၊ လက်ခံသူအတွက်ပါ လွယ်ကူမြန်ဆန်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ 


ငွေလွှဲရန်လိုအပ်ချက်များ

  • ငွေလွှဲမည့်သူနှင့် ငွေလက်ခံမည့်သူနှစ်ဦး၏ မှတ်ပုံတင်နံပါတ်နှင့် အမည်များ
  • ငွေလက်ခံမည့် ရိုးမဘဏ်ခွဲတည်ရှိရာအရပ်

ငွေလက်ခံရန် လိုအပ်ချက်များ

  • ငွေလက်ခံမည့်သူ၏ မှတ်ပုံတင်မူရင်း ပြသရန်လိုအပ်ပါသည်။ 

ငွေလွှဲခ*

  • ငွေလွှဲမည့် customer များ : ဝ.၁ % (အနည်းဆုံး မြန်မာကျပ် ၃,၀၀၀)
  • ရိုးမဘဏ်၏ အထူး customer များ : ဝ.၀၅ % (အနည်းဆုံး မြန်မာကျပ် ၁,၅၀၀)
­­

*မူဆယ်သို့ ငွေလွှဲခြင်းအတွက် ဝ.၁ % (အနည်းဆုံး မြန်မာကျပ် ၃,၀၀၀) ကောက်ခံမည်ဖြစ်ပါသည်။