SMART
SMART အကောင့်သည် ရိုးမဘဏ်၏ SMART ဝန်ဆောင်မှုများအားလုံးကို ရယူနိုင်မည့်
တံခါးပေါက်ပင်ဖြစ်သည်။ SMART အကောင့်ကိုအသုံးပြုပြီး လူကြီးမင်း၏
ငွေကြေးများကို အချိန်မရွေး၊ နေရာမရွေး မိုဘိုင်းဖုန်းမှတစ်ဆင့် အလွယ်တကူ
စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ SMART အကောင့်ဖြင့်ဆိုလျှင်
ဘဏ်ဝန်ဆောင်မှုများကို အလွယ်ကူဆုံးရယူနိုင်ပါပြီ။
၂၄နာရီ အွန်လိုင်းဘဏ်ဝန်ဆောင်မှု
ရိုးမဘဏ်၏
ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှု အက်ပလီကေးရှင်းကို သုံးပြီး လူကြီးမင်း၏
ဘဏ်အပ်နှံငွေများကို အချိန်မရွေး၊ နေရာမရွေး စီမံခန့်ခွဲနိုင်ပါပြီ။
MPU Debit Card
MPU Debit Card ကို အခမဲ့ရယူပြီး MPU အသုံးပြုနိုင်သည့် အရောင်းဆိုင်များ၊ အွန်လိုင်းရှောပင်းများတွင် ဈေးဝယ်နိုင်ပါပြီ။
အခမဲ့ ငွေလွှဲနိုင်ခြင်း
SMART အကောင့် အချင်းချင်းငွေလွှဲခြင်းအတွက် ဝန်ဆောင်ခမပေးရပါ။
Wave Money နှင့် ချိတ်ဆက်ခြင်း
လူကြီးမင်း၏ SMART အကောင့်ကို Wave Pay အကောင့်နှင့် ချိတ်ဆက်ပြီး Wave Pay ဝန်ဆောင်မှုအားလုံးကို ရယူနိုင်ပါသည်။
ဖုန်းငွေဖြည့်သွင်းခြင်း အပိုဆု
SMART အကောင့်မှတစ်ဆင့် ဖုန်းဘေဖြည့်ပါက MPT, Telenor ၃% နှင့် Ooredoo ၃.၅% လျှော့ဈေး ရယူနိုင်ပါသည်။
အကောင့်ဖွင့်ရန် လိုအပ်ချက်များ
- အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
- မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရမည်။