ဦးထွန်းမြတ် : အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက် : ဇန်နဝါရီလ ၂၀၂၁
ဒါရိုက်တာအဖြစ် စာရင်းဝင်အခြားကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ : မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု : FMI မှတစ်ဆင့် တိုက်ရိုက်မဟုတ် သော အကျိုးအမြတ်ပါဝင်မှု (FMI တွင် တစ်သီးပုဂ္ဂလ အစုရှယ်ယာ ၁၄၆၀ စုပိုင်ဆိုင်သည်)
ကိုယ်ရေးအချက်အလက် :
ဦးထွန်းမြတ်သည် ၂၀၀၄ ခုနှစ် အငြိမ်းစားမယူခင်အထိ United Nations Security Coordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အီရတ်နိုင်ငံ ၏ United Nations Humanitarian Coordinator အဖြစ် (၂) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းတာဝန်များမတိုင်မီတွင် အီတလီနိုင်ငံ ရောမမြို့ အခြေဆိုက် World Food Program (WFP) တွင် Assistant Secretary General (ASG) အနေနှင့် (၂၂) နှစ်ကြာ စီနီယာရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂတွင် တာဝန်မထမ်းဆောင်မီ Myanmar Five Star Line ရှိ Legal and Insurance Department ၏ ဌာနတာဝန်ခံအဖြစ်လည်း (၁၅) နှစ် ကြာတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၄ မှ ၁၉၇၈ ခုနှစ်အထိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဥပဒေအကြံပေး အဖြစ် ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဥပဒေဌာနတွင်လည်း ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်မှ B.Com နှင့် B.L ဘွဲ့များရရှိခဲ့ပြီး Chartered Insurance Institute, London မှ ACII နှင့် University of London, King’s College မှ LLM ကိုလည်း ရရှိထားပါသည်။

ဦးကြည်အေး : အမှုဆောင် ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက် : ဇန်နဝါရီလ ၂၀၂၁
ဒါရိုက်တာရာထူးအဖြစ် အခြား စာရင်းဝင် ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်လျက်ရှိမှုများ : FMI (Myanmar)
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု : FMI မှတစ်ဆင့် တိုက်ရိုက်မဟုတ်သော အကျိုးအမြတ်ပါဝင်မှု ***
ကိုယ်ရေးအချက်အလက် :
ဦးကြည်အေးသည် ဘဏ်လုပ်ငန်းဆိုင်ရာ အသက်မွေးမှုကို ၁၉၆၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ပြည်သူပိုင်ဖြစ်သွားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် (၂၅) နှစ်တာကာလအတွင်း Chief Accountant ရာထူး ဖြင့် ၁၉၈၇ မှ ၁၉၈၉ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီးအမှုဆောင်ဒါရိုက်တာအဖြစ် ၁၉၈၉ မှ ၁၉၉၁ ခုနှစ် အထိ တာဝန်ယူခဲ့ပါသည်။ မြန်မာ့စီးပွားရေးဘဏ်၏ Managing Director အဖြစ် ၁၉၉၁ တွင် ခန့်အပ်ခြင်းခံရသည်။ ထို့အပြင် Governor of the CBM အဖြစ် ၁၉၉၂ မှ ၁၉၉၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့ပါသည်။
ရိုးမဘဏ်တွင် Special Counsel to Chairman အဖြစ် ၂၀၀၀ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ B.Com နှင့် B.L ဘွဲ့များရရှိခဲ့ပါသည်။ The Economic Institute in Boulder, Colorado, USA မှ Diploma in World Banking and Finance ကိုရရှိထားသည့်အပြင် Certified Public Accountant တစ်ဦးလည်းဖြစ်ပါသည်။
*** အသေးစိတ်အချက်အလက်များအတွက် FMI 2020 နှစ်ပတ်လည်အစီရင်ခံစာ၊ စာမျက်နှာ 76 တွင် ဖတ်ရှုပါရန်။

Mr. Melvyn Pun : အမှုဆောင်မဟုတ်သော ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက် : ဇန်နဝါရီလ ၂၀၂၁
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ : Yoma Strategic Holdings (Singapore)
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု : မရှိ
ကိုယ်ရေးအချက်အလက် :
Mr. Melvyn Pun သည် Yoma Strategic တွင် Mr. Serge Pun ၏ ကိုယ်စားလှယ်ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး FMI ၏ အဖွဲ့ဝင်ကုမ္ဂဏီတစ်ခုဖြစ်သော SPA Myanmar တွင် အမှုဆောင်အရာရှိချုပ် အဖြစ် ၂၀၁၂ မှ ၂၀၁၅ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် Yoma Strategic ၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး Yoma Strategic ၏ ဝင်ငွေစီးဆင်းမှု စဉ်ဆက်မပြတ်ဖြစ်ပေါ်စေရေးနှင့် အဓိကစီးပွားရေးနှင့်ဆက်နွယ်သည့် အခြားစီးပွားရေးလုပ်ငန်း များ ပေါ်ပေါက်လာရေးကို အားပေးလုပ်ဆောင်ခဲ့ပါသည်။ အဓိကစီးပွားရေး မိတ်ဖက်လုပ်ငန်းများ ဖြစ်သည့် Mitsubishi Corporation, IFC, ADB, Yum! Brands, New Holland, JCB, Telenor နှင့် Pernod Ricard တို့နှင့် ဆက်ဆံရေးတည်ဆောက်ရာတွင်လည်း ကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
SPA တွင် တာဝန်မထမ်းဆောင်မီ ဟောင်ကောင်ရှိ Goldman Sachs လုပ်ငန်းစုတွင် (၁၂) နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး Managing Director အဖြစ်လည်းကောင်း၊ Asia Ex-Japan Corporate Solutions Group ၏ ဌာနတာဝန်ခံ အဖြစ်လည်းကောင်း တာဝန်ယူခဲ့ပါသည်။ ထိုရာထူးတွင် တာဝန်ထမ်းဆောင်နေစဉ် Asia Pacific ရှိ ကော်ပိုရေးရှင်းကြီးများနှင့် non-profit organizations များ၏ ရန်ပုံငွေရှာဖွေခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် ဆုံးရှုံးနိုင်ခြေရေးရာ စီမံခန့်ခွဲမှုများ အတွက် ဘဏ္ဍာရေးနှင့် ကော်ပိုရိတ်အကြံပေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။
Mr. Dean Cleland : အမှုဆောင် ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက် : ဇန်နဝါရီလ ၂၀၂၁
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ : မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု : မရှိ
ကိုယ်ရေးအချက်အလက် : Mr. Cleland သည် နိုင်ငံတကာဘဏ်လုပ်ငန်းတွင် အထူးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး အာရှနှင့် ပစိဖိတ်ဒေသတွင် နှစ်ပေါင်း (၂၀) ကျော် လုပ်ငန်း အတွေ့အကြုံရှိသူဖြစ်ပါသည်။ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့်ဆက်စပ်သည့် ဘဏ်လုပ်ငန်း၊ လုပ်ငန်းလည်ပတ်မှု၊ နည်းပညာလုပ်ငန်း၊ ဒီဂျစ်တယ်ပိုင်းဆိုင်ရာလုပ်ငန်း၊ အိမ်ခြံမြေပိုင်ဆိုင်မှုနှင့် ကုမ္ပဏီဝန်ဆောင်မှု လုပ်ငန်းများ၊နှင့် အထူးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ အစရှိသည်တို့တွင် ကျယ်ပြန့်သော အတွေ့အကြုံများရှိသူ ဖြစ်ပါသည်။ National Australia Bank (NAB) ၏ Executive General Manager အဖြစ် စင်္ကာပူ နှင့် ဩစတေးလျနိုင်ငံတို့တွင် (၇) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Mr. Cleland သည် သြစတေးလျနိုင်ငံ၏ အကြီးဆုံးစီးပွားရေးဘဏ်တွင် ဘဏ်လုပ်ငန်းဆိုင်ရာ ဆက်နွယ်ဆက်ဆံရေး (Relationship Banking) ကို ပြုပြင်ခဲ့ပြီး customer value proposition ကို မြှင့်တင်ပေးနိုင်ရန် end-to-end လုပ်ငန်းလည်ပတ်မှုပုံစံကို ရေးဆွဲခဲ့ခြင်းအားဖြင့် NAB ဘဏ်၏ စီးပွားရေးမဟာဗျူဟာကို ရေးဆွဲဖော်ထုတ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဦးဆောင်ခဲ့ပါသည်။ NAB တွင် တာဝန်မထမ်းဆောင်မီ Mr. Cleland သည် ကမ္ဘောဒီးယားရှိ ANZ Royal ၏ တည်ထောင်သူ CEO အဖြစ် အပါအဝင် အခြားရာထူးအမျိုးမျိုးဖြင့် ANZ တွင် နှစ်ပေါင်း (၃၀) ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ (၃၅) နှစ်ကျော် ဘဏ်လုပ်ငန်းအတွေ့အကြုံများနှင့်အတူ နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် ဦးဆောင်မှုကို Yoma Bank အတွက် ယူဆောင်လာပေးသူ ဖြစ်ပါသည်။

Dr. Holger Dirk Michaelis : အမှုဆောင်မဟုတ်သော ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက် : ဇန်နဝါရီလ ၂၀၂၁
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ : မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု : မရှိ
ကိုယ်ရေးအချက်အလက် :
Dr. Holger Dirk Michaelis သည် GIC Private Limited (GIC) ၏ စီနီယာ ဒုတိယဥက္ကဌ တစ်ဦးဖြစ်ပြီး Private Equity Group အတွက် Financial Services နှင့် Strategy & Risk တို့၏ ဌာနတာဝန်ခံအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါသည်။ Dr. Holger သည် Private Equity နှင့် ပတ်သက်၍သော်လည်းကောင်း၊ Financial Services နှင့် ပတ်သက်သည့် ကုမ္ပဏီများ၏ strategic advisor အနေဖြင့်သော်လည်းကောင်း အတွေ့အကြုံများစွာရှိသူလည်း ဖြစ်ပါသည်။ လက်ရှိတွင် GIC ၏ ကမ္ဘာတစ်ဝှမ်းရှိ Private Equity ရင်းနှီးမြှုပ်နှံမှုအစုစုနှင့် ပတ်သက်သည့် ဘဏ်များ၏ ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ GIC တွင် တာဝန် မထမ်းဆောင်မီ Dr. Holger သည် ယခင်က ဂျာမနီနိုင်ငံ၊ Frankfurt အခြေစိုက်နှင့် ယခု တရုတ်နိုင်ငံ၊ ပေကျင်းအခြေစိုက် Boston Consulting Group တွင် Partner နှင့် Managing Director တစ်ဦးအနေဖြင့် တာဝန်ယူခဲ့ပါသည်။
Dr. Holger သည် UT Austin မှ MBA ဘွဲ့ကိုရရှိထားပြီး ဂျာမနီနိုင်ငံရှိ WHU Koblenz မှ Business ဆိုင်ရာ Graduate Degree နှင့် Economics ဆိုင်ရာ ပါရဂူဘွဲ့ ရရှိထားသူဖြစ်သည်။
Ms. Fay Chetnakarnkul : အမှုဆောင်မဟုတ်သော ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက် : ဇန်နဝါရီလ ၂၀၂၁
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ : မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု : မရှိ
ကိုယ်ရေးအချက်အလက် : Ms. Fay Chetnakarnkul သည် Norfund ၏ Investment Director နှင့် အာရှဒေသဆိုင်ရာ ဌာနတာဝန်ခံ တစ်ဦးဖြစ်ပါသည်။ Norfund ၏ အာရှဒေသတွင်ရှိသော လုပ်ငန်းစုများကို စီမံဦးဆောင်မှုပြုရန် တာဝန်ယူထားသူတစ်ဦးဖြစ်ပါသည်။ Norfund တာဝန်မထမ်းဆောင်မီ Ms. Fay သည် International Finance Corporation နှင့် The World Bank Group တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အရှေ့တောင်အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပဒေသများရှိ ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ခဲ့သော အတွေ့အကြုံရှိသူဖြစ်ပါသည်။ Ms. Fay သည် Johns Hopkins University, School of Advanced International Studies မှ ဘွဲ့ရတစ်ဦးဖြစ်ပါသည်။

Ms. Iris Fang : အမှုဆောင်မဟုတ်သော ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက် : ဇန်နဝါရီလ ၂၀၂၁
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ : မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု : မရှိ
ကိုယ်ရေးအချက်အလက် :
Ms. Iris Fang သည် International Finance Corporation (IFC) ၏ Nominated Board Director တစ်ဦးဖြစ်ပါသည်။ US နှင့် အာရှဒေသရှိ နိုင်ငံတကာငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း များဖြစ်သည့် American Express၊ Bank of America၊ Chase Manhattan Bank၊ Standard Chartered Bank တို့တွင် နှစ်ပေါင်း (၄၄) နှစ်ကျော် အတွေ့အကြုံရှိသည့် Ms. Iris သည် Vietnam Holding Asset Management ၏ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာတစ်ဦးလည်း ဖြစ်ခဲ့ပြီး ABBANK ဘုတ်အဖွဲ့တွင် ၂၀၁၆ ခုနှစ်မှစတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Ms. Iris သည် Structured Finance၊ US ရှိ Corporate Finance နှင့် ဗီယက်နမ် အပါအဝင် အာရှဒေသဘဏ်များ၏ မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေး စသည်တို့နှင့်ပတ်သက်ပြီး အထူးကျွမ်းကျင်ပညာရှင်လည်း ဖြစ်ပါ သည်။ ထို့အပြင် Ms. Iris သည် Banking Academy of Vietnam ၏ သင်တန်းပို့ချသူ အဖြစ် သာမက Executive MBA Program, RMIT University Vietnam ၏ ဧည့်ကထိက အဖြစ်လည်းကောင်း၊ IFC, SECO, AFD ပရောဂျက်များ၏ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် လည်းကောင်း၊ Private Equity နှင့် EduTech ကုမ္ပဏီတို့၏ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်း တာဝန်ယူထားပါသည်။ Ms. Iris သည် University of Georgia, US မှ MBA နှင့် စီးပွားရေးဆိုင်ရာဘွဲ့ ရရှိထားသူ ဖြစ်ပါသည်။

Mr. Chintaman Mahadeo Dixit alias Dilip : အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက် : ဇန်နဝါရီလ ၂၀၂၁
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ : မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု : မရှိ
ကိုယ်ရေးအချက်အလက် :
Mr. Dilip Dixit သည် Commerce ဘွဲ့ရတစ်ဦးဖြစ်ပြီး Institute of Chartered Accountants of India ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ သက်တမ်းကြာရှည်ပြီး နာမည်အကြီးဆုံး Chartered Accountants ကုမ္ပဏီတစ်ခုဖြစ်သည့် Viz. G.D.Apte & Co. ၏ Managing Partner တစ်ဦးလည်း ဖြစ်ပါသည်။ Mr. Dilip သည် ဆယ်စုနှစ် (၅) ခု နီးပါး လုပ်သက်ရှိသူတစ်ဦး ဖြစ်ပါသည်။ အခြားသော ကဏ္ဍများထက် Mr. Dilip သည် ဘဏ်လုပ်ငန်း၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အာမခံ (BFSI) လုပ်ငန်းများ၏ စာရင်းစစ်ချုပ်နှင့် အတိုင်ပင်ခံအဖြစ် အထူးပြု လုပ်ကိုင်ဆောင်ရွက် ပါသည်။ Mr. Dilip သည် အိန္ဒိယရှိ ထိပ်တန်းဘဏ်များဖြစ်သည့် Union Bank of India, IDBI Ltd., Bank of India, State Bank of India များ၏ Statutory Auditor အဖြစ်လည်း တာဝန်ယူထားပါသည်။ Mr. Dilip သည် ဘဏ်များကို လွှဲပြောင်းယူခြင်းနှင့် ပေါင်းစည်းခြင်းကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးပြီး၊ Public Sector ဘဏ်မှ သမဝါယမဘဏ်ကို လွှဲပြောင်းယူခြင်းကိစ္စမှာ သူ၏ ပထမဦးဆုံး စွမ်းဆောင်ဖန်တီးမှု ဖြစ်ပါသည်။ ထို့ပြင် Life Insurance Corporation of India ၏ စာရင်းစစ်ချုပ်အဖြစ်လည်း အခါအားလျော်စွာ ဆောင်ရွက်ခဲ့ပါသည်။ Nostro အကောင့် များ၏ ပြဿနာများကို ဆန်းစစ်နိုင်ရေးအတွက် Reserve Bank of India မှ ဖွဲ့စည်းထားသော Study Group ၏ အဖွဲ့ဝင်လည်းဖြစ်ခဲ့ပါသည်။ Mr. Dilip သည် Institute of Chartered Accountants of India ၏ အမျိုးမျိုးသော နည်းပညာဆိုင်ရာကော်မတီများ၏ Co-opted အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့ပြီး၊ Dena Bank (Since Merged), India Bank, Bandhan Bank Ltd နှင့် Stock Holding Corporation Ltd တို့၏ သီးခြားလွတ်လပ်သော ဒါရိုက်တာအဖြစ်လည်း တာဝန် ယူခဲ့ပါသည်။ ထိုမျှသာမက Mr. Dilip သည် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏ Konkan Railways Ltd. ဘုတ်အဖွဲ့တွင် သီးခြားလွတ်လပ်သော ဒါရိုက်တာအဖြစ်လည်း ခန့်အပ်ခြင်း ခံခဲ့ရပါသည်။

Mr. John Alan Staley : အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ
ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက် : ဇန်နဝါရီလ ၂၀၂၁
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ : မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု : မရှိ
ကိုယ်ရေးအချက်အလက် :
Mr. John Staley သည် Finance နှင့် ICT နှစ်ခုစလုံးတွင် ကျယ်ပြန့်သော အတွေ့အကြုံများရှိပြီး တောင်အာဖရိက၊ UK နှင့် Kenya တို့တွင် လုပ်သက်ပေါင်းများစွာဖြင့် ကျင်လည်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ လက်ရှိတွင် Mr. John သည် သူဝါသနာပါသည့် ငွေရေးကြေးရေးနှင့်ဆက်စပ်သည့် ပရောဂျက်အမျိုးမျိုးအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ပေးလျက်ရှိပါသည်။ ယင်းမတိုင်မီ Mr. John သည် Fairfax Financial Holdings Ltd/ Fairfax Africa Holding တွင် အတိုင်ပင်ခံအဖြစ် ဇန်နဝါရီလ၊ ၂၀၁၉ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပါသည်။ Mr. John သည် Equity Bank တွင် Chief Operations Officer အဖြစ် ၂၀၀၃/၂၀၀၄ ခုနှစ်များတွင် လုပ်ကိုင်ခဲ့ပြီး၊ တဖန် ၂၀၀၉ မှ ၂၀၁၈ အထိ Chief Officer – Finance, Innovation and Technology ရာထူးဖြင့် တာဝန်ယူလုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၉ မှ ၂၀၀၃ ခုနှစ်အတွင်း Mr. John သည် တောင်အာဖရိကရှိ အကြီးဆုံးသော un-secured အသေးစားငွေချေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Credit Indemnity (Pty) Ltd (African Bank Investment Limited ၏ လုပ်ငန်းခွဲတစ်ခု) တွင် အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ထိုမျှသာမက Mr. John သည် ၁၉၉၉ ခုနှစ်မှစတင်၍ Mobile Financial Service တွင်ပါဝင်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်မှ စခဲ့တင်သော Equity Bank များ၏လှုပ်ရှားမှုဖြစ်သည့် 3rd party ကိုအသုံးပြု၍ မိုဘိုင်းလ်ဖုန်းဖြင့် အေးဂျင့်များမှတစ်ဆင့် ငွေသွင်း/ငွေထုတ်ဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် ကြိုးစားအကောင်အထည်ဖော်မှုကို နောက်ကွယ်မှ အဓိကတွန်းအားပေးခဲ့သူ ဖြစ်ပါသည်။ Mr. John သည် University of Natal မှ ရူပဗေဒဘာသာရပ်၊ University of Witwatersrand မှ MSc in Applied & Computational Mathematics နှင့် University of South Africa မှ BCompt (Honours) ကို ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် Chartered Accountant (SA) ဖြစ်လာခဲ့ပါသည်။