Leadership Team
Daw Ommar Sein : Senior Advisor and Chief Compliance Officer
ကိုယ်ရေးအချက်အလက် : ဒေါ်ဥမ္မာစိန်သည် ရိုးမဘဏ်သို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် အကြီးတန်းအကြံပေးပုဂ္ဂိုလ်နှင့် လိုက်နာဆောင်ရွက်ရေး အရာရှိချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ရိုးမဘဏ်မတိုင်မီဒေါ်ဥမ္မာစိန်သည် ဗဟိုဘဏ်၏ သုတေသနနှင့် သင်တန်းဌာနတွင် ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ ဗဟိုဘဏ်တွင် သူမသည် စာရင်းအင်းလက်ထောက် အနေဖြင့် ပထမဆုံး ဝင်ရောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အငြိမ်းစားယူသည်အထိ ၃၈ နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သည်။
၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ IMF ရှိ SEAV အုပ်စု၏ အမှုဆောင် ဒါရိုက်တာ၏ အကြီးတန်းအကြံပေးအဖြစ် တာဝန်ယူရန် ခန့်အပ်ခြင်းခံရသည်။ ဒေါ်ဥမ္မာစိန်သည် စီးပွားရေးတက္ကသိုလ်မှ B.Econ (MS) ဘွဲ့ရရှိထားသည်။ သူမသည် နှစ်ကာလများစွာ စီးပွားရေးတက္ကသိုလ်နှင့် အမျိုးသား ကာကွယ်ရေးကောလိပ်အပါအဝင် အခြားသော တက္ကသိုလ်များတွင် သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ပြီး သုတေသန စာတမ်းများစွာကိုရေးသားခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ညီလာခံများနှင့် ဖိုရမ်များတွင် ဗဟိုဘဏ်ကို ကိုယ်စားပြု ပါဝင်ခဲ့သည်။ သူမသည် ၂၀၀၂ခုနှစ် ငွေကြေးခဝါချမှု ထိန်းချုပ်ရေး ဥပဒေကို ရေးဆွဲသော မူကြမ်းရေးဆွဲရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။
Daw Aye Aye Soe : Chief Regulatory Officer
ကိုယ်ရေးအချက်အလက် : ဒေါ်အေးအေးစိုးသည် ၁၉၉၉ ခုနှစ်ကပင် ရိုးမဘဏ်တွင် ဘဏ်ခွဲမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၂၃) နှစ်ကြာ ရာထူးတာဝန် အဆင့်ဆင့်တွင် တာဝန်ယူခဲ့ပြီး လက်ရှိတွင် Chief Regulatory Officer အဖြစ် တာဝန်ထမ်းဆောင်ကာ ရိုးမဘဏ် အမှုဆောင်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။ ၁၉၉၁ ခုနှစ်မှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့မှ မြန်မာ့ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ အတွေ့အကြုံများစွာရှိသူ ဖြစ်ပါသည်။ ရိုးမဘဏ်တွင် တာဝန်မထမ်းဆောင်မီ First Private Bank တွင် စာရင်းကိုင်ချုပ် (Chief Accountant) အဖြစ် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ Bachelor of Commerce in Banking ကို ရရှိခဲ့သည်။ ဒေါ်အေးအေးစိုးသည် Certified Public Accountant (CPA) တစ်ဦးလည်းဖြစ်သည်။
Kyaw Soe Lin : Chief Consumer Banking Officer
ကိုယ်ရေးအချက်အလက် : ဦးကျော်စိုးလင်းသည် လက်ရှိတွင် Chief Consumer Banking Officer အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပြီး ရိုးမဘဏ်၏ IT ဌာနကို တည်ထောင်သူဖြစ်ကာ Chief Technology Officer အဖြစ် တာဝန်ယူခဲ့သည်။ လုပ်ငန်းလိုအပ်ချက်အလိုက် တီထွင်ဆန်းသစ်နိုင်သော ဆော့ဝဲလ် Application တီထွင်မှုတွင် (၁၆) နှစ်ကျော် အတွေ့အကြုံရှိသည့် အိုင်တီပညာရှင် တစ်ဦးဖြစ်ပြီး အိုင်တီနည်းပညာနှင့် ပြည်တွင်းနှင့်နိုင်ငံတကာ ဘဏ်လုပ်ငန်းများ၊ ဆေးရုံစီမံခန့်ခွဲမှုစနစ်များနှင့် အခြား စီးပွားရေးကဏ္ဍများတွင် ကျယ်ပြန့်သော အတွေ့အကြုံများစွာရှိသူဖြစ်သည်။ ၎င်း၏ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများသည် လုပ်ငန်းလည်ပတ်စေရေး၊ ပရိုဂရမ်များ၊ အချက်အလက်စီမံခန့်ခွဲမှု၊ ဆက်သွယ်ရေးနှင့် ပရောဂျက် စီမံခန့်ခွဲရေး တို့တွင်များစွာ အထောက်အကူဖြစ်စေသည်။ ဦးကျော်စိုးလင်း၏ IT အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်၍ ထင်ရှားသော အချက်မှာ ၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးအလိုအလျောက် ဘဏ်လုပ်ငန်းဆော့ဖ်ဝဲဖြစ်သော “ Yoma Integrated Banking System” ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဦးကျော်စိုးလင်းကို ရန်ကုန်တွင် မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဘာသာရပ် B.Sc. (Hons.) ဘွဲ့ ကိုရရှိခဲ့သည်။ ၎င်းသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ သတင်းအချက်အလက်၊ နည်းပညာမဟာသိပ္ပံဘွဲ့ကိုလည်း ရရှိထားပါသည်။
Ba Maung Sein : Chief Operations Officer
ကိုယ်ရေးအချက်အလက် : ဦးဘမောင်စိန်သည် ၂၀၁၄ ခုနှစ်တွင် ရိုးမဘဏ်၌ စတင်ဝင်ရောက်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ရိုးမဘဏ်၏ လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် (COO) အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ ၎င်း၏ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို Insurance underwriter အဖြစ် စတင်ခဲ့ပါသည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့၌ လက်လီရောင်းဝယ်ခြင်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် သတင်းဆက်သွယ်ရေးနည်းပညာကဏ္ဍများတွင် လုပ်ငန်းလည်ပတ်ခြင်း၊ ဘဏ္ဍာရေးနှင့် အတိုင်ပင်ခံရာထူးနေရာများစွာကိုလည်း လုပ်ကိုင်ခဲ့သူ ဖြစ်ပါသည်။ Austin မှ Bachelor of Business Administration in Finance နှင့် ကနေဒါနိုင်ငံ McGill University မှ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) တို့ကို ရရှိထားသူ ဖြစ်ပါသည်။
Nang Khin Khin Gyi : Chief People Officer
ကိုယ်ရေးအချက်အလက် : ဒေါ်နန်းခင်ခင်ကြီးသည် ရိုးမဘဏ်သို့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ဝင်ရောက်ခဲ့ပြီး၊ လက်ရှိတွင် Chief People Officer အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ မြန်မာပြည်သို့ ပြန်၍ ရိုးမဘဏ်သို့ မဝင်ရောက်မီ သူမသည် Internal Auditor အဖြစ် Corporate America တွင် (၁၀) နှစ်ကျော် လုပ်ကိုင်ခဲ့ပါသည်။ ဒေါ်နန်းခင်ခင်ကြီးသည် Massachusetts အခြေစိုက် Alere Inc အတွက် Global Corporate Internal Audit Manager အဖြစ် လုပ်ကိုင်ခဲ့သည်။ Alere မတိုင်မီက သူမသည် Massachusetts ပြည်နယ် Waltham တွင် အခြေစိုက်သည့် Fortune 500 ကုမ္ပဏီ Thermo Fisher Scientific တွင်လည်း အလုပ်လုပ်ခဲ့ပါသည်။ ဒေါ်နန်းခင်ခင်ကြီးသည် COSO Framework ၏ဌာနတွင်းထိန်းချုပ်မှုများ၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစာရင်းစစ်ခြင်း၊ လိုက်နာကျင့်သုံးမှုစစ်ဆေးခြင်း၊ သတင်းအချက်အလက် နည်းပညာစစ်ဆေးခြင်း၊ လုပ်ငန်းစဉ်မြှင့်တင်ရေးနှင့် စီးပွားရေးပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်း စသည့် အတွေ့အကြုံပေါင်းများစွာကို ရိုးမဘဏ်သို့ ယူဆောင်လာခဲ့သူဖြစ်ပါသည်။ Massachusetts ပြည်နယ်၊ Brandeis တက္ကသိုလ်မှ International Economics and Finance မဟာဘွဲ့၊ Massachusetts တက္ကသိုလ်မှ B.S. in Management/Finance နှင့် Massachusetts ပြည်နယ် Simon’s Rock တွင် တည်ရှိသော Bard ကောလိပ်မှ A.A. in Liberal Arts တို့ကို ရရှိထားသူဖြစ်ပါသည်။
Ba Thein Naing : Chief Technology Officer
ကိုယ်ရေးအချက်အလက် : ဦးဘသိန်းနိုင်သည် နည်းပညာလုပ်ငန်းနယ်ပယ်တွင် နှစ် (၂၀) ကျော် အတွေ့အကြုံရှိပြီး Cybersecurity နှင့်ပတ်သက်၍ (၁၅) နှစ်နှင့် Telecommunications နယ်ပယ် တို့တွင် (၁၀) နှစ်ဖြတ်သန်းမှု အတွေ့အကြုံရှိသူ ဖြစ်သည်။ ၎င်းသည် စင်္ကာပူအခြေစိုက် အဖွဲ့အစည်းများဖြစ်သည့် NCS, Singapore Computer Systems နှင့် StarHub တို့တွင် Director, CSO,Vice President အစရှိသည့်အဆင့်မြင့် ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး cybersecurity, software development, systems integration, project management,standards & frameworks, data protection, business process conceptualization and optimization စသည့် နယ်ပယ်တို့နှင့်ပတ်သက်၍ အတွေ့အကြုံများစွာ ရှိသောသူဖြစ်သည်။ ၎င်းသည် Nanyang Polytechnic နှင့်ပူးပေါင်း၍ Singapore Computer Society အသုံးပြုနိုင်ရန် လက်တွေ့ (၈၀%)နှင့် သီအိုရီ (၂၀%) ဖြင့်ဖွဲ့စည်းထားသော Certified Software Test Professional (CSTP) Exam ပေါ်ပေါက်လာရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ၎င်းသည် ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးစနစ်များပါ ပေါင်းစပ်ထည့်သွင်းထားသည့် Enterprise Project Management System တစ်ခုဖြစ်သော “iTrack” ဆိုသည့်အမှတ်တံဆိပ်ဖြင့် “InfoComm Singapore Awards 2008” ၏ “Tools and Infrastructure Applications” ခေါင်းစဉ်အောက်တွင် ဆုရရှိခဲ့သည့်အဖွဲ့ကိုလည်း ဦးဆောင်ခဲ့ပါသည်။ ၎င်းသည် Singapore Computer Society တွင် President of QA Chapterရာထူးဖြင့် နှစ်ပေါင်းများစွာ တာဝန်ယူဆောင်ရွက်ခဲ့ပြီး NUS-ISS မှ Master of Technology (Software Engineering) ဘွဲ့အားလည်းကောင်း၊ Nanyang Polytechnic မှ IT Security အထူးပြု Diploma အားလည်းကောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ Bachelor of Engineering (Electronics) ဘွဲ့အားလည်းကောင်းရရှိခဲ့သူ ဖြစ်ပါသည်။
Anthony Tan : Chief Risk Officer
ကိုယ်ရေးအချက်အလက် : Anthony သည် ဝါရင့် အပြည်ပြည်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေး အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေးဆိုင်ရာ အရာရှိ ချုပ် (Chief Risk Officer) အဖြစ် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ရိုးမဘဏ်သို့ ဝင်ရောက်ခဲ့ပါသည်။ အာရှဒေသရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဘဏ်လုပ်ငန်းများမှရရှိခဲ့သော မဟာဗျူဟာမြောက် ဆုံးရှုံး နိုင်ခြေစီမံ ခန့်ခွဲမှုနည်းပညာများကို ဘဏ်သို့ ယူဆောင်လာခဲ့သူလည်း ဖြစ်ပါသည်။ ရိုးမဘဏ်သို့ မဝင်ရောက်မီ အာရှ၊ ပစိဖိတ်နှင့်အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး စင်တာများတွင် ထင်ရှားသောကွန်ရက်ရှိသည့် ANZ သြစတြေးလျဘဏ်နှင့်အတူ (၁၇) နှစ်ကျော် အတွေ့အကြုံရှိခဲ့ပြီး၊ စီမံကိန်းဘဏ္ဍာရေး မြှင့်တင်ရေး၊ ဝယ်ယူရေး ဘဏ္ဍာရေး၊ ပို့ကုန် ရင်းနှီးငွေနှင့် ပိုင်ဆိုင်မှုဆိုင်ရာဘဏ္ဍာရေးစသည့် ရှုပ်ထွေးသောချေးငွေဆိုင်ရာကိစ္စရပ်များအတွက် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် Anthony သည် သြစတြေးလျ၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့်အင်ဒိုနီးရှား အစရှိသည့် ဈေးကွက်အများအပြားတွင် ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲသည့် အကြီးတန်း ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး၊ ၎င်း၏ အဓိကစီမံကိန်းများမှာ ရည်ရွယ်ထားသောဘဏ်များကို M&A Due Diligence လုပ်ခြင်း၊ ဝယ်ယူထားသော စီးပွားရေးလုပ်ငန်းများကို ပေါင်းစည်းခြင်း၊ ဈေးကွက်သစ်များတွင် Consumer Finance Risk Management ကို မိတ်ဆက်ခြင်း၊ Leading Country Basel အကောင်အထည်ဖော်သည့်အစီအစဉ်တို့ ဖြစ်ပါသည်။
Khin Mu Mu Myint : Chief Business Banking Officer
ကိုယ်ရေးအချက်အလက် : ဒေါ်ခင်မူမူမြင့်သည် စီးပွားဖြစ်ဘဏ်လုပ်ငန်း၊ ဗျူဟာမြောက်မိတ်ဖက်မှု၊ ကော်ပိုရေးရှင်းဖွံ့ဖြိုး တိုးတက်မှု၊ ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ Fortune 100 နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများအတွက် မဟာဗျူဟာမြောက် မိတ်ဖက်မှု၊ ကော်ပိုရေးရှင်း အုပ်ချုပ်မှုနှင့် စက်မှု လုပ်ငန်းအမျိုးမျိုးမှ ပုဂ္ဂလိက ကုမ္ပဏီများ အတွက်ပြန်လည် ပြုပြင်ခြင်းနှင့် ပြောင်းလဲခြင်းအတွက် နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံရှိသော အောင်မြင်သည့် အကြီးတန်း အမှုဆောင်တစ်ဦး ဖြစ်သည်။ သူမသည် Chief Business Banking Officer ရာထူးဖြင့် ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာစေရန် မဟာဗျူဟာရေးဆွဲရာတွင် အဓိကထား၍ လုပ်ဆောင်လျက်ရှိသည်။ ဒေါ်ခင်မူမူမြင့်သည် ရိုးမဘဏ်၏ ကူးသန်းရောင်းဝယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်း ဌာနခွဲကို တည်ထောင်ရာတွင်ပါဝင်ခဲ့ပြီး၊ ဆက်စပ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် ဘဏ်တွင် လုပ်ငန်းခွဲများစွာကို အောင်မြင်စွာ စတင်တည်ထောင်ရာတွင်လည်း တစ်တပ်တစ်အားပါဝင်ခဲ့ပါသည်။ ထိုမတိုင်မီက ဒေါ်ခင်မူမူမြင့်သည် ထင်ရှားသော အမေရိကန် အဖွဲ့အစည်းများဖြစ်သည့် Freddie Mac, World Bank, Citi Group, JP Morgan နှင့် Prudential Insurance နှင့် အခြားပြည်တွင်းလုပ်ငန်းစုကြီးများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
Kyaw Khaing Win : Chief Financial Officer
ကိုယ်ရေးအချက်အလက် : ဦးကျော်ခိုင်ဝင်းသည် ရိုးမဘဏ်သို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်၍ Financial Planning and Analysis ဌာန၏ Deputy Head အဖြစ် စတင် ဝင်ရောက်ခဲ့ပါသည်။ သြဂုတ်လ၊ ၂၀၂၁ ခုနှစ်တွင် Acting Chief Financial Officer အဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီးနောက် Finance, Treasury နှင့် Financial Planning & Analysis (FP&A) ဌာနများကို ကြီးကြပ်ကွပ်ကဲရပါသည်။ ရိုးမဘဏ်တွင် တာဝန်မထမ်းဆောင်မီ ဦးကျော်ခိုင်ဝင်းသည် ပြည်တွင်းကုမ္ပဏီများနှင့် Multinational Corporations (MNC) များ၏ စာရင်းကိုင်၊ စာရင်းစစ်နှင့် FP&A အပိုင်းတို့တွင် အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိခဲ့ပါသည်။ ရိုးမဘဏ်တွင် တာဝန်ထမ်းဆောင်နေစဉ် ၎င်းသည် FP&A ဌာနကို ဖွဲ့စည်းတည်ထောင်ခြင်း၊ စီးပွားရေးလုပ်ငန်းယူနစ်များ ဖွံ့ဖြိုးမှုအတွက်ပံ့ပိုးပေးခြင်း၊ ဌာနတွင်း ထိန်းချုပ်မှုများ ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းခြင်းနှင့် Asset-Liability Committee (ALCO) ၏ အတွင်းရေးမှူးအဖြစ်တို့ကို လုပ်ဆောင်ခဲ့ပါသည်။ University of Northampton မှ Master of Business Administration နှင့် Oxford Brookes University မှ B.Sc (Hons) in Applied Accounting ကို ရရှိထားသူဖြစ်ပါသည်။
Aye Thagyan (April) : Chief Internal Auditor
ကိုယ်ရေးအချက်အလက် : ဒေါ်အေးသင်္ကြန် (ခ) ဒေါ်ဧပရယ်သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ရိုးမဘဏ်သို့ Senior Manager အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ထို့နောက် Head of Audit, Consumer, Business and Product, Service & Channel (PSC) အဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိတွင် Chief Internal Auditor အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံရှိအဖွဲ့အစည်းကြီးများအတွက် ပရောဂျက်ပေါင်းများစွာကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည့် ဒေါ်ဧပရယ်သည် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်းနှင့် တယ်လီကွန်းလုပ်ငန်းစသည်တို့တွင် ရုံးတွင်းစာရင်းစစ်၊ လုပ်ငန်းစဉ်ထိန်းချုပ်စနစ် တည်ထောင်မှု၊ ဘဏ္ဍာရေးအစီရင်ခံမှု၊ ပြဋ္ဌာန်းဥပဒေစာရင်းစစ်၊ ပရောဂျက်စီမံခန့်ခွဲမှုနှင့် လုပ်ငန်းသတင်းအချက်အလက်စနစ်များ အကောင် အထည်ဖော်ရေး အစရှိသည့် နယ်ပယ်များနှင့်ပတ်သက်၍ (၁၂)နှစ် ကျော်အတွေ့အကြုံရှိသူ ဖြစ်ပါသည်။ ရိုးမဘဏ်မတိုင်မီ သူမသည် PwC Myanmar နှင့် Singapore တို့တွင် (၅) နှစ်ကြာ လုပ်ကိုင်ခဲ့ပါသည်။ သူမသည် မြန်မာနိုင်ငံနှင့်စင်္ကာပူနိုင်ငံရှိ ဝန်ဆောင်မှုရယူသူများ၏ ဌာနတွင်းထိန်းချုပ်မှုပြန်လည် သုံးသပ်ခြင်းနှင့် ရုံးတွင်းစာရင်းစစ် စီမံကိန်းများနှင့် ပတ်သက်သည့်လုပ်ငန်းစဉ်များဖြစ်သော ဌာနတွင်းထိန်းချုပ်မှုများနှင့် လုပ်ငန်းစဉ်များ၊ လက်ရှိဌာနတွင်း ထိန်းချုပ်မှု အခြေအနေများ၊ ခွင့်ပြုချက်အဆင့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့်၊ ဌာနတွင်း ထိန်းချုပ်မှု လုပ်ဆောင်ချက်များ၏ ထိရောက်မှုကို မြှင့်တင်နိုင်ရန် အကြံပြုခြင်း စသည်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
Robin Thein Htoot : Chief Products and Transformation Officer
ကိုယ်ရေးအချက်အလက် : ဦးရော်ဘင်သိန်းထွဋ်သည် နည်းပညာ နယ်ပယ်တွင် ၂၂ နှစ်ကျော် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ITIL® Expert | ITIL4® MP | Lean Six Sigma Black Belt (ICBB™) | PMP® | PSM I | MCPD | MCTS | MCSD Linux Specialist စသည့်တို့ကို အသိအမှတ်ပြုလက်မှတ်ရထားပြီးသူဖြစ်ပြီး နည်းပညာကဏ္ဍတို့တွင် Technical Lead၊ Software Solution Architect၊ IT Leadership စသည့် တာဝန်တို့ဖြင့် မြန်မာ၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ ရှိ Industrial Automation, Health Care, Banking, Customize WWW Products, Education, RFID, Finance စီမံကိန်းများ နှင့် အစိုးရစီမံကိန်းများကို ဦးဆောင်လုပ်ဆောင်ခဲ့သည်။ သူသည် ၂ မီလီယံမှ ၆ မီလီယံအထိ တန်ဖိုးရှိသော စီမံကိန်းများနှင့် လုပ်ငန်းအဖွဲ့ဝင်ပေါင်း ၅ယောက်မှ ၁၄၀ယောက် အထိရှိသော Team အား စီမံခန့်ခွဲသည့် အတွေ့အကြုံ ရှိသောသူဖြစ်သည်။ သူသည် နိုင်ငံပေါင်း ၁၅၉ နိုင်ငံရှိ Big Data processes နှင့် လုပ်ငန်းလည်ပတ်မှုများအတွက် စီမံအုပ်ချုပ်သည့်အတွေ့အကြုံ ရှိသူလည်း ဖြစ်သည်။ ဦးရော်ဘင်သိန်းထွဋ်သည် Bachelor of Science (Hons) in Computer Engineering နှင့် Bachelor of Engineering in Electronics ဘွဲတို့ကို ရရှိထားသူဖြစ်သည်။
Zin Mie : Corporate Secretary
ကိုယ်ရေးအချက်အလက် : ဒေါ်ဇင်မီသည် ၂၀၁၄ ခုနှစ်မှစ၍ ရိုးမဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး Corporate Secretary အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ရိုးမဘဏ် Treasury Department ၏ ဌာနတာဝန်ခံအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ရိုးမဘဏ်တွင် တာဝန်မထမ်းဆောင်မီ Credit Suisse နှင့် London ရှိ Bank of America Merrill Lynch တွင် Prime Services နှင့် Equity Structured Financing products များဆိုင်ရာ အထူးပြုလုပ်ဆောင်သည့် Middle Office နှင့် Product Control အပိုင်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆယ်ကျော်သက်အရွယ်အထိ မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့ပြီး UK ရှိ Warwick University မှ Mathematics, Operational Research, Statistics နှင့် Economic ဆိုင်ရာ ဘွဲ့ကို ရရှိခဲ့သည်။