မဟာဗျူဟာ
ကျွန်ုပ်တို့ ရိုးမဘဏ်သည် ပြည်သူများအတွက် ပိုမိုခိုင်မြဲသော မြန်မာနိုင်မာနိုင်ငံ တည်ထောင်ရေးဟူသော ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်လျက်ရှိသည်။
၂၀၁၉ ခုနှစ်တွင် အမှုဆောင်အရာရှိချုပ် အသစ်ခန့်အပ်ခဲ့ပြီး လွန်ခဲ့သော ၂၅ နှစ်ကတည်းက ချမှတ်ခဲ့သော အခြေခံ ကောင်းများကို မူတည်ပြီး ၂၀၂၅ ခုနှစ်အတွက် မဟာဗျူဟာကို ရိုးမဘဏ်၏ ခေါင်းဆောင်များနှင့်အတူ ရေးစွဲခဲ့သည်။ ရိုးမဘဏ်သည် လက်ရှိ စီးပွားရေးဝန်းကျင်အား အခြေခံ၍ ခန့်မှန်းချက်များထုတ်ပြန်ပြီး ဝန်ဆောင်မှုရယူသူများနှင့် ဆွေးနွေးကာ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု အခြေအနေကို ၅ နှစ်တာလေ့လာခဲ့သည်။ မဟာဗျူဟာသည် ဝန်ဆောင်မှု ရယူသူများအား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဘဏ်၏ဝန်ဆောင်မှုရယူသူ အရေအတွက် ၁၀ ဆတိုးပွား လာရန် ရည်ရွယ်ပါသည်။ ထို့နောက် ဒါရိုက်တာ ဘုတ်အဖွဲ့က ၎င်းရည်မှန်းချက်များကို ၂၀၂၀၊ ဇန်နဝါရီလတွင် အတည်ပြုခဲ့သည်။
ယနေ့တွင်ရိုးမဘဏ်၏ ၂၀၂၅ မဟာဗျူဟာ ဖြစ်မြောက်ရေးအတွက် ဝန်ထမ်းတိုင်းသည် တာဝန်ယူ ဆောင်ရွက်ရသည်။ တီထွင်စမ်းသပ်မှုရှိရှိ၊ စွမ်းဆောင်နိုင်စွမ်းရှိရှိဖြင့် ဝန်ဆောင်မှုရယူသူများအား ဝန်ဆောင်မှုပေးရန် ဖြစ်သည်။
၂၀၂၅ အတွက် မဟာဗျူဟာရည်မှန်းချက်များ |
|
မြန်မာ့စီးပွားရေး လုပ်ငန်းများ အကျိုးအမြတ် ရရှိရေး ဦးတည် လုပ်ဆောင်ရန်
|
ပိုမိုတည်တံ့ခိုင်မြဲသော မြန်မာနိုင်ငံ တည်ဆောက်ရာမှာ မြန်မာ့စီးပွားရေး
လုပ်ငန်းများအတွက် ရင်းနှီးငွေများ မောင်းနှင်ပေးနိုင်ရန် အလွန်
အရေးကြီးပါသည်။ ကုမ္ပဏီများသည် (အကြီးစားနှင့် အငယ်စား) ကျွန်ုပ်တို့
စီးပွားရေးအတွက် အခြေခံဖြစ်သည့် အလျောက် ရိုးမဘဏ်အနေဖြင့်
ရင်းနှီးငွေများရရှိရေး အဆင်ပြေရန် ရည်ရွယ်ပါသည်။ |
ဝန်ဆောင်မှု ရယူသူများ၏ အဓိကဘဏ် ဖြစ်လာရန်
| ကျွန်ုပ်တို့သည်
ဝန်ဆောင်မှုရယူသူများ၏ ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့်
ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်၊ ခိုင်မာသော ဆက်ဆံရေး
တည်ထောင်နိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။ ဘဏ်၏ ဝန်ဆောင်မှု
လုပ်ငန်းများ၊ ငွေပေးချေမှု၊ ငွေလွှဲမှုများနှင့် ဝန်ဆောင် မှုရယူသူများ၏
အတွေ့အကြုံကို မြှင့်တင်နိုင်ရန် အကောင်းဆုံး နည်းပညာများကို အသုံးပြု
လုပ်ဆောင်ရန် ရှိသည်။
|
အစုရှယ်ယာရှင်များ အကျိုးအမြတ်ပိုမို ဖြစ်ထွန်းရန်
| ကျွန်ုပ်တို့သည်
ဝန်ဆောင်မှုရယူသူများနှင့် အစုရှယ်ယာရှင်များအတွက် အကျိုးအမြတ်များ၊
တန်ဖိုးများ ပိုမိုဖြစ်ထွန်းစေရန် ရည်ရွယ်ပါသည်။ |