menu

“သီဆိုပါဝင် ရိုးမဘဏ် အလှူတွင်”

ရိုးမဘဏ်ရဲ့ “သီဆိုပါဝင် ရိုးမဘဏ် အလှူတွင်” အစီအစဉ်ကတော့ ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် Theme Song ဖြစ်တဲ့ “ရိုးမဘဏ်နဲ့အတူ” သီချင်းလေးကို Cover Song ပြန်လည်သီဆိုရင်း မြန်မာလူငယ်တွေကို အသက်မွေးဝမ်းကြောင်းပညာတွေ သင်ကြားပေးနေတဲ့ Step-In Step-Up (SISU) Organization ရဲ့ လူမှုရေးအစီအစဉ်များ အတွက် လှူဒါန်းမည့် အစီအစဉ် ဖြစ်ပါသည်။


“သီဆိုပါဝင် ရိုးမဘဏ် အလှူတွင်” အစီအစဥ်ရဲ့ ရည်ရွယ်ချက်

ရိုးမဘဏ်မှ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အနေဖြင့် “သီဆိုပါဝင် ရိုးမဘဏ် အလှူတွင်” အစီအစဉ်ကနေ တစ်ဆင့် အားလုံးရဲ့ ပါဝင်မှုနဲ့ အတူ မြန်မာနိုင်ငံရှိ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကျိုးပြုသင်တန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ Step-In Step-Up (SISU) Organization အတွက် ရန်ပုံငွေအဖြစ် ထောက်ပံ့ပေးအပ်သွားရန် ရည်ရွယ်ပါသည်။


Step-In Step-Up (SISU) Organization အကြောင်း

Step-In Step-Up (SISU) Organization သည် မြန်မာနိုင်ငံရှိ လူငယ်များအတွက် ပညာရေး အထောက်အပံ့ပေးနေသော Organization တစ်ခုဖြစ်ပါသည်။ Step-In Step-Up (SISU) Organization ကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လှိုင်သာယာမြို့နယ်တွင် တည်ရှိပါသည်။ လက်ရှိတွင် အသက် ၁၇ နှစ်နှင့် အထက် လူငယ်များအတွက် အချိန်ပြည့် သင်တန်းများအား ပို့ချပေးလျက်ရှိပြီး သင်တန်းသား ၁,၀၀၀ ကျော်ကိုလည်း ပံ့ပိုးပေးခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် သင်တန်းကျောင်းအား Dulwich College ကျောင်းဝင်းဟောင်း (ယခု Step-in Step-up Vocational Centre) သို့ ပြောင်းရွှေ့ပြီးနောက် သင်တန်းပို့ချမှုများ သိသိသာသာ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်ကိုလည်း (https://stepinstepupint.org/) မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


“သီဆိုပါဝင် ရိုးမဘဏ် အလှူတွင်” ပါဝင်နိုင်မည့်ပုံစံ

“သီဆိုပါဝင် ရိုးမဘဏ်အလှူတွင်” ပါဝင်မည့်သူများအနေဖြင့် တေးသံရှင် Shine သီဆိုခဲ့တဲ့ “ရိုးမဘဏ်နဲ့ အတူ” သီချင်းကို မိမိစိတ်ကြိုက် ပုံစံနှင့် သော်လည်းကောင်း၊ မိမိကြိုက်နှစ်သက်ရာ သီချင်းအပိုဒ်ကို သော်လည်းကောင်း အနည်းဆုံး ၃၀ စက္ကန့် ကြာအောင် Cover ပြန်လည်သီဆိုရိုက်ကူးကာ မိမိ Challenge ခေါ်ချင်တဲ့ သူငယ်ချင်းတွေနာမည်ကို ဗီဒီယိုထဲမှ သီချင်းဆိုအပြီး “I Challenge (someone)” လို့ပြောကာ မှတ်တမ်းတင်ရိုက်ကူးထားသော ဗီဒီယိုကို Social Media Platform တွင် Post တင်ပြီး ရိုးမဘဏ်နှင့် အတူတူ ပါဝင်လှူဒါန်းသွားနိုင်မှာ ဖြစ်ပါသည်။

အထောက်အပံ့ပေးနိုင်မယ့် လက်တစ်စုံ အဖြစ်ပါဝင် ကူညီပေးချင်တယ်ဆိုရင်တော့
  • ရိုးမဘဏ်ရဲ့ Official Facebook Page မှာတင်ထားသည့် Campaign Announcement Post လေးကို မိမိ Profile မှာ Public ဖြင့် Share ပါ။
  • ပြီးလျှင် မိမိသီဆိုထားသော Video ကို #TogetherwithYomaBank #30YearsAnniversary #YBCoverSongChallenge #သီဆိုပါဝင်ရိုးမဘဏ်အလှူတွင် စသော Hashtag ‌တွေနဲ့ အတူ မိမိ Challenge ခေါ်ထားသော သူငယ်ချင်းများကို Tag လုပ်ပြီး နှစ်သက်ရာ Social Media Platform မှာ Public ဖြင့် တင်ပါ။ 
  • သီဆိုထားသော Cover Song Video Post ရဲ့ Screenshot ကို Yoma Bank Facebook Page မှာ တင်ထားသည့် ဖော်ပြပါ Campaign Announcement Post တွင် Comment မန့်ပါ။ 
အထက်ပါအချက်များအတိုင်း လုပ်ဆောင်ပြီး ပါဝင်သီဆို လှူဒါန်းနိုင်ပါသည်။


“သီဆိုပါဝင် ရိုးမဘဏ် အလှူတွင်” ပါဝင်နိုင်မည့် အချိန်ကာလ

ဩဂုတ်လ၊ ၂၂ ရက်၊ ၂၀၂၃ ခုနှစ် မှ စက်တင်ဘာလ၊ ၁၀ ရက်၊ ၂၀၂၃ ခုနှစ် အတွင်း ရိုးမဘဏ်နဲ့ အတူတူ ပါဝင်သီဆို လှူဒါန်းနိုင်ပါသည်။


“သီဆိုပါဝင် ရိုးမဘဏ် အလှူတွင်” ပါဝင်သူများအနေဖြင့် ရရှိမည့် ဂုဏ်ပြုမှတ်တမ်း

ရိုးမဘဏ်ရဲ့ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အနေနဲ့ “သီဆိုပါဝင် ရိုးမဘဏ်အလှူတွင်” အစီအစဉ်မှာ သီဆိုပါဝင်သူတိုင်းအတွက် အမှတ်တရအနေဖြင့် ရိုးမဘဏ်မှ E-Certificate ကို မှတ်တမ်းတင် ဂုဏ်ပြုပေးအပ်သွားမှာ ဖြစ်ပါသည်။ 

ဆက်စပ် အကြောင်းအရာများ

ဆက်စပ် အကြောင်းအရာများ