CSR အစီအစဉ်များမှတစ်ဆင့် လူမှုအသိုင်းအဝန်းများအား ကူညီပံ့ပိုးခြင်း
ရိုးမဘဏ်၏ ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သည် လှုမှုအသိုင်းအဝန်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဂေဟစနစ်အတွက် ကူညီပံ့ပိုးလုပ်ဆောင် ပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော အများပြည်သူအပေါ်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ် လုပ်ဆောင်သည့် အဓိကကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ရိုးမဘဏ်အနေဖြင့် လာမည့်နှစ်များအတွင်း CSR မဟာဗျူဟာ၏ ချမှတ်ထားသည့် CSR မဏ္ဍိုင် (၃) ရပ်ကို ဦးတည်ပြီး စီးပွားရေး၊ လူမှုရေး၊ ဝန်ထမ်းရေးရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများအတွက် အကျိုးသက်ရောက်မှုများရှိစေရန် ရည်ရွယ်ပြီး တာဝန်ယူလုပ်ဆောင်နေပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ရိုးမဘဏ်၏ “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ဝန်ဆောင်မှုပေးလျက်ရှိသည့် နေရာများရှိအများပြည်သူတို့အတွက် အထူးအလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိတဝတ်ပြုထားခြင်းဖြစ်ပါသည်။
ရိုးမဘဏ်၏ CSR အစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာဒေသများတွင် ကောင်းမွန်သော သက်ရောက်မှုများ ပိုမိုရရှိစေရန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန် သို့မဟုတ် ပြန်လည်ပြင်ဆင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ရိုးမဘဏ် အနေဖြင့် CSR အစီအစဉ်များ ပြုလုပ်ရာတွင် လူမှုဘဝဆိုင်ရာများ၊ သဘာဝပတ်၀န်းကျင်ဆိုင်ရာများ နှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များ အစရှိသော ဧရိယာများကို ဦးစားပေး နယ်ပယ်များအဖြစ် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါသည်။
ရိုးမဘဏ်သည် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်ဆိုသည့် ရည်ရွယ်ချက်အတိုင်း အများပြည်သူများသို့ ကောင်းမွန်သော သက်ရောက်မှုရရှိစေရန် နှစ်စဉ် ၎င်း၏ CSR အစီအစဉ်အမျိုးမျိုးကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ပေးလျက်ရှိပါသည်။
CSR မဏ္ဍိုင်များ
ကျွန်ုပ်တို့အနေဖြင့် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်တည်ဆောက်ရန်” လုပ်ဆောင်ရာတွင် မဏ္ဍိုင် (၃) ရပ် ချမှတ်ထားပြီး CSR မဟာဗျူဟာအခြေခံအဖြစ် ရှိနေမည် ဖြစ်သည်။
- လူမှုဘဝဆိုင်ရာမဏ္ဍိုင် - လူနေမှုဘဝ အခြေအနေအား မြှင့်တင်ခြင်း နှင့် လူမှုအသိုင်းအဝိုင်းမှာ ပါဝင်မှုတိုးမြှင့်ပေးခြင်း
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာမဏ္ဍိုင် - နောက်လာမည့် မျိုးဆက်သစ်များအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း
- ဝန်ထမ်းရေးရာမဏ္ဍိုင် - ပိုမိုကောင်းမွန်သော နေ့ရက်များတည်ဆောက်နိုင်ရန် ဝန်ထမ်းများကို ပံ့ပိုးပေးခြင်း
မဏ္ဍိုင်များ၏ ရည်ရွယ်ချက်သည် CSR အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင် ရိုးမဘဏ်၏ ကော်ပိုရိတ် မဟာဗျူဟာနှင့် ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန် ဖြစ်ပါသည်။
CSR အစီအစဉ်များ
"Share to Care" Family Care Package
keyboard_arrow_down
ဝန်ထမ်းများအတွက် COVID-19 ဆိုင်ရာ ကျန်းမာရေးထောက်ပံ့မှုများ
keyboard_arrow_down
COVID-19 ကပ်ရောဂါကာလတွင် ဝန်ထမ်းများကို ပံ့ပိုးကူညီနိုင်ရန် ဘဏ်အနေဖြင့် ဆေးပညာရှင်ဆရာဝန် (၅) ဦးပါဝင်သော COVID အကျပ်အတည်း တုံ့ပြန်ရေးအဖွဲ့ (COVID Crisis Response Team – CCR Team) ကို ဖွဲ့စည်းခြင်းအပါအဝင် အခြားအရေးကြီးသော ပံ့ပိုးကူညီမှု အစီအစဉ်များကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
CCR အဖွဲ့သည် ဝန်ထမ်းများနှင့် သူတို့၏မိသားစုများကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ကျန်းမာအဆင်ပြေစေရေးကို အလေးထား၍ COVID-19 ဆိုင်ရာကိစ္စရပ်များသာမက အခြားကျန်းမာရေးနှင့်သက်ဆိုင်သည့် အကြောင်းကိစ္စရပ်မျိုးစုံကို ပံ့ပိုးကူညီပေးရန် ရည်ရွယ်ပါသည်။ CCR အဖွဲ့သည် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများကို ပန်းလှိုင်ဆေးရုံနှင့် ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ပညာပေး အစီအစဉ်များ နှင့် အွန်လိုင်းဟောပြောပွဲများ (webinars) များကိုလည်း ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း
keyboard_arrow_down
ရိုးမဘဏ်အနေဖြင့် ကျွန်ုပ်တို့၏ လက်ရှိဖော်ဆောင်လျက်ရှိသော “We Care” ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝန်ထမ်းများအတွက် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပံ့ပိုးကူညီခြင်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ ရိုးမဘဏ်သည် ဝန်ထမ်းများအားလုံးအတွက် COVID-19 ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း နှင့် ဝန်ထမ်းများ၏ မိသားစုဝင်များအတွက် သင့်တင့်လျောက်ပတ်သောနှုန်းထားဖြင့် ထိုးနှံပေးခြင်း အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ နောက်ဆုံးရက်သတ္တပတ်တွင် စတင်ခဲ့ပါသည်။
ငွေကြေးအခက်အခဲရှိသော ဝန်ထမ်းများအတွက်လည်း သူတို့၏မိသားစုဝင် များအတွက် ကာကွယ်ဆေးများ ရရှိနိုင်စေရန် “ကာကွယ်ဆေး လှူဒါန်းခြင်း (Vaccine Donation)” နှင့် “အတိုးမဲ့ အရေးပေါ်ချေးငွေ ထုတ်ပေးခြင်း (No interest - Emergency Cash Loan)” အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ရိုးမဘဏ်ဝန်ထမ်း၏ ၉၂ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ပါသည်။
ဝန်ထမ်းများအတွက် ရာသီပေါ်တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခြင်း
keyboard_arrow_down
ကျွန်ုပ်တို့ ဝန်ထမ်းများနှင့် Customer များ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးသည် ရိုးမဘဏ် အတွက် အမြဲ အဓိကဦးစားပေးဖြစ်ပါသည်။ ထို့ကြောင့် ရိုးမဘဏ်သည် CSR လှုပ်ရှားမှုတစ်ခုအနေဖြင့် ဝန်ထမ်းများလူမှုဘဝဖူလုံရေး ကူညီပံ့ပိုးမှုအစီအစဉ်အမျိုးမျိုး လုပ်ဆောင်ပေးခြင်းဖြင့် ဝန်ထမ်းများကို အမြဲ ကူညီထောက်ပံ့လျက်ရှိပါသည်။
ရိုးမဘဏ်သည် ဝန်ထမ်းများအား ရာသီတုပ်ကွေးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် အခမဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပန်းလှိုင်ဆေးရုံမှ ဝန်ဆောင်မှုရယူ၍ ဆောင်ရွက်ခဲ့ပါသည်။ ရှေ့လျှောက်တွင်လည်း ရိုးမဘဏ်သည် ဝန်ထမ်းများ၏ လူမှုဘဝ ကျန်းမာအဆင်ပြေစေရေးကို အဓိကထား ဦးစားပေးဆောင်ရွက်ပြီး လိုအပ်သည်များကို ဆက်လက်ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါသည်။
Silent Heroes Program
keyboard_arrow_down
ရိုးမဘဏ်၏ “နှလုံးသားအရင်းခံ ရိုးမဘဏ်” ဆိုသည့် ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရန်ကင်းကလေးဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ပါသည်။
COVID-19 ကပ်ရောဂါကာလအတွင်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များသည် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော သူရဲကောင်းများဖြစ်ကြပြီး ကောင်းမွန်သော ကျန်းမာရေးစနစ်များ၏ အဓိကကျသော ကျောရိုးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သူရဲကောင်းများဖြစ်သော ကျန်းမာရေးဝန်ထမ်းများ၏ ကိုယ်စိတ်နှစ်ပါးလုံးကို ပံ့ပိုးပေးနိုင်ရန်အတွက် ရိုးမဘဏ်က ကျန်းမာရေးဝန်ထမ်းများအပေါ်ထားရှိသော လေးစားမှုနှင့် အားပေးမှုကို ပြသသည့်အနေဖြင့် CSR အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော “Silent Heroes Program” အစီအစဉ်အသစ်ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။
Yoma Internship Program
keyboard_arrow_down
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ရိုးမဘဏ်သည် “Yoma Internship Program” အား Step-In-Step-Up နှင့်အတူ စတင်ခဲ့ပါသည်။ ထိုအစီအစဉ်အတွက် ရိုးမဘဏ်သည် အမေရိကန်ဒေါ်လာ ၆,၈၀၀ မတည်ပေးထားကာ ရည်ရွယ်ချက်မှာ အထူးသဖြင့် နွမ်းပါးသောနေရာများရှိ လူငယ်များအတွက် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ မြှင့်တင်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်သည်။
SISU ၏ အခြေခံအသက်မွေးဝမ်းကျောင်းသင်တန်း ပြီးဆုံးပါက အလားအလာရှိသော သင်တန်းပြီးဆုံးသူများသည် ရိုးမဘဏ်ကပြင်ဆင်ထားသော ဝင်ခွင့်စာမေးပွဲအား ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ ဝင်ခွင့်အောင်မြင်သောသူများအနေဖြင့် Yoma Internship Program တွင် ပါဝင်ရန် ရွေးချယ်ခံရမည်ဖြစ်ပြီး အနာဂတ်အတွက် အသက်မွေးဝမ်းကျောင်းပညာ တိုးတက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သော အတတ်ပညာများကို လေ့ကျင့်သင်ကြားနိုင်မည် ဖြစ်ပါသည်။
COVID-19 ကာကွယ်ဆေးထိုးနှံရေး ရန်ပုံငွေအတွက် ပံ့ပိုးခြင်း
keyboard_arrow_down
COVID-19 ကပ်ရောဂါကာလအတွင်း ကျွန်ုပ်တို့ လူမှုအသိုင်းအဝန်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးသည် ရိုးမဘဏ်အတွက် အဓိကဦးစားပေးဖြစ်ပါသည်။ ရိုးမဘဏ်အနေဖြင့် “နှလုံးသားအရင်းခံ ရိုးမဘဏ်” CSR အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်ဝန်ထမ်းများ၊ Customerများ နှင့် လူမှုအသိုင်းအဝန်းများကို ကပ်ရောဂါကာလအတွင်း အဖက်ဖက်မှ ကူညီပံ့ပိုးပေးရန် ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ ရိုးမဘဏ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် “နှလုံးသားအရင်းခံ ရိုးမဘဏ်” CSR အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အစိုးရ၏ COVID-19 ကာကွယ်ဆေးထိုးနှံရေး ရန်ပုံငွေအတွက် ရိုးမအုပ်စု၏ စုစုပေါင်း လှူဒါန်းမှု မြန်မာကျပ်ငွေ ၅၀၀ မီလီယံတွင် ရိုးမဘဏ်သည် မြန်မာကျပ်ငွေ ၂၀၀ မီလီယံကို ထည့်ဝင် လှူဒါန်းခဲ့ပါသည်။
Yoma Bank and Httpool initiates Digital Literacy Program for Small and Medium Businesses in Myanmar
keyboard_arrow_down

For more information, please click
here to see it.
COVID-19 ကပ်ရောဂါကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ - တတိယအကြိမ်မြောက် World Savings Day ဖိုရမ်
keyboard_arrow_down
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ GIZ, UNCDF, SBFIC (German Saving Foundation), JICA နှင့် DGRV တို့နှင့်ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ ကမကထပြုကာ ငွေကြေးကို ထိရောက်စွာကိုင်တွယ်စီမံနိုင်ရေး နည်းလမ်းကို မျှဝေပေးနိုင်ရန် ရည်ရွယ်ပြီး “COVID-19 ကပ်ရောဂါကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ - တတိယအကြိမ်မြောက် World Savings Day” ဖိုရမ် (Financial Challenges in the COVID-19 Era:3rd World Savings Day” forum) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ရည်ရွယ်ချက်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs)၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသူကျောင်းသားများနှင့် ပြည်သူတစ်ဦးချင်းစီအလိုက် ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ဘဏ္ဍာရေးစိန်ခေါ်မှုများကို စီမံခန့်ခွဲရာတွင် အောင်မြင်မှုရစေရေးအတွက် ကူညီပေးရန် ဖြစ်ပါသည်။ ရိုးမဘဏ်အနေဖြင့် အမေရိကန် ဒေါ်လာ ၁,၄၀၀ ပါဝင်ပံ့ပိုးပေးရုံသာမက ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ဘဏ္ဍာရေး စိန်ခေါ်မှုများအကြောင်း အသိပညာမျှဝေပေးရန် သက်ဆိုင်ရာ ကျွမ်းကျင်သူ ၃ ဦးဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။
COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ လှူဒါန်းခြင်း
keyboard_arrow_down
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရိုးမဘဏ်သည် ကျန်းမာရေးဆိုင်ရာ အရင်းအမြစ် လိုအပ်မှုများ အတွက် ပိုမိုကောင်းမွန်သော ပံ့ပိုးမှုပေးရန်နှင့် ကျွန်ုပ်တို့၏ ရှေ့တန်းဆေးပညာရှင်များ၏ ကြိုးပမ်း အားထုတ်မှုများကို ပံ့ပိုးဖြည့်ဆည်းရန် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ သယ်ယူရလွယ်ကူသော အယ်လ်ထရာဆောင်းစက် (portable ultrasound equipment) ကို လှူဒါန်းခဲ့ပါသည်။ ရိုးမဘဏ်သည် ရှေ့တန်းဆေးပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ပိုမိုဖြည့်ဆည်းနိုင်ရန် ထပ်မံလိုအပ်ချက်များကိုလည်း ထောက်ပံ့ပေးသွားဖို့ ကတိကဝတ်ပြုထားပါသည်။
SOAS University of London သို့ ထောက်ပံ့ငွေပေးအပ်ခြင်း
keyboard_arrow_down
SOAS University of London တွင် လက်ရှိမြန်မာစာပါမောက္ခရာထူးအတွက် ဘဏ္ဍာငွေတိုးမြှင့်ပေးရန်နှင့် မြန်မာဘာသာအတွက် Lector ထပ်မံခန့်အပ်ရန် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် ရိုးမဘဏ်မှ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထောက်ပံ့ကြေးအလုံအလောက်ရှိထားသော မြန်မာဘာသာ သုတေသနနှင့် သင်ကြားရေးဆိုင်ရာ ပညာရေးပရိုဂရမ်ရှိခြင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့အစည်းအကြောင်းကို ပိုမိုပြည့်စုံကျယ်ပြန့်စွာ နားလည်လာနိုင်ရန်အတွက် အလွန်အရေးပါပါသည်။ သို့သော်လည်း အဆင့်မြင့်ပညာရေးအတွက် စိန်ခေါ်မှုများရှိနေသော UK ၏ စီးပွားရေးပတ် ဝန်းကျင်သည် SOAS ရှိ မြန်မာဘာသာစကားသင်ကြားမှု၏ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။ ရိုးမဘဏ် အနေဖြင့် SOAS တွင် မြန်မာ ဘာသာစကားသင်ကြားပေးနေခြင်း ရေရှည်တည့်တံ့အောင် ထိန်းသိမ်းရာ တွင် ကူညီထောက်ပံ့ရန် အရေးကြီးသည်ဟု ယုံကြည်ပါသည်။
(CSR) “We Care” အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လှိုင်သာယာမြို့နယ်ရှိ ဒေသခံ ပြည်သူလူထု နှင့် Quarantine Center များသို့ လူမှုအကျိုးပြုလုပ်ငန်းများအတွက် ပံ့ပိုးမှုများပြုလုပ်ခြင်း
keyboard_arrow_down
(CSR) အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အိမ်ခြေပေါင်း ၆,၅၀၀ ခန့်အတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်း
keyboard_arrow_down
TechAge Girl Program
keyboard_arrow_down
ရိုးမဘဏ်က တတိယအကြိမ်အနေနဲ့ Tech Age Girl Myanmar ကို နေရာနဲ့ စားသောက်ဖွယ်ရာများဖြင့် တာဝန်ယူ ပါဝင်ကူညီအားဖြည့်ပေးထားပြီး ငွေရေးကြေးရေးဆိုင်ရာအသိပညာဟောပြောဆွေးနွေးပွဲကို ဦးစီးကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
Yangon Yoma International Marathon 2020
keyboard_arrow_down
ရိုးမဘဏ်က ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကို ယခင်နှစ်များကဲ့သို့ပင် ပါဝင်အားဖြည့်ခဲ့သည်။ မာရသွန်ပြိုင်ပွဲတွင် ရိုးမဘဏ်က အပြေးပြိုင်ပွဲဝင်သူများကို Tattos Stickers များကပ်ပေးခဲ့ပြီး Yoma Bank Wrist Band များကိုလည်း မေတ္တာလက်ဆောင်အနေနဲ့ ပေးအပ်ခဲ့ပါသည်။