ရိုးမဘဏ်တွင် တာဝန်ထမ်းဆောင်ခြင်း
ပြိုင်ဘက်ကင်းသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဖြင့် စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲနေသည့် ကုမ္ပဏီတစ်ခုအဖြစ် ရိုးမဘဏ်၏ ဂုဏ်သတင်းကို ကျွနု်ပ်တို့ ဂုဏ်ယူစွာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။ မိမိ၏အသက်မွေးဝမ်းကျောင်းကို တိုးတက်လိုသည့် ရည်မှန်းချက်ကြီးမားပြီး အရည်အချင်းပြည့်မီသော မည်သူမဆို မြန်မာနိုင်ငံအတွင်းက စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးနှင့် အတိုးတက်ဆုံးလုပ်ငန်းခွင်တစ်ခု ဖြစ်သည့် ရိုးမဘဏ်တွင် အလုပ်ဆက်သွယ်လျှောက်ထားရန် ဖိတ်ခေါ်လိုက်ပါသည်။
ရိုးမဘဏ်သည် Myanmar Employer Awards ဆုကို ၂၀၁၇ ခုနှစ်တွင် ဆုပေါင်း ၇ ခုနှင့် ၂၀၁၈ ခုနှစ်တွင် ဆု ၈ ခုဖြင့် ဆုပေါင်းများစွာ ဆွတ်ခူးရရှိထားပါသည်။ “ တစ်သင်းတည်း၊ အိပ်မက်တစ်ခုတည်း၊ ဦးတည်ချက်တစ်ခုတည်း” ဟူသည့် ကျွန်ုပ်တို့၏ သဘောထားခံယူချက်သည် စည်းလုံးမှုကို လှုံ့ဆော်အားပေးသကဲ့သို့ ရိုးမဘဏ်ဝန်ထမ်းအားလုံးကို customer ကိုဦးစားပေးခြင်း၊ ဝန်ထမ်းများဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့အစည်းအပေါ်ဂုဏ်ယူခြင်းနှင့် အသင်းအဖွဲ့စိတ်ဓာတ် စသည့် အဓိက တန်ဖိုးများအား စွဲကိုင်ထားရန် အားပေးလျက်ရှိပါသည်။
မိမိ၏ အသိပညာ၊ အတတ်ပညာများကို တိုးမြှင့်လိုပြီး ပစ္စုပ္ပန်နှင့် အနာဂတ်အသက်မွေးဝမ်းကျောင်း လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုပါက ရိုးမဘဏ်၌
ယခုပင် အလုပ်လျှောက်ထားလိုက်ပါ။