menu

Anti-Money Laundering & Counter Financing of Terrorism Training

Yoma Bank
ရိုးမဘဏ်လီမိတက် Compliance Division မှကြီးမှူးပြီး Yoma Performance Development Centre နှင့်ပူးပေါင်း ၍ Anti-Money Laundering & Counter Financing of Terrorism (AML/CFT) နှင့် Know Your Customer (KYC) & Customer Due Diligence (CDD) ဆိုင်ရာ အသိပညာတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် Learning Management System အသုံးပြု၍ သင်ကြားပို့ချပေးလျက်ရှိရာ ရိုးမဘဏ် ဝန်ထမ်းစုစုပေါင်း ၃,၅၂၅ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး ဖြစ်ပါသည်။

Yoma Bank

အဆိုပါ သင်တန်းများကို ဘဏ်သို့ စတင်ဝင်ရောက်လာသည့် ဝန်ထမ်းသစ်များအား Mandatory Course အနေဖြင့် လည်းကောင်း၊ Board of Directors/ Senior Management အဖွဲ့ဝင်များအပါအဝင် ရိုးမဘဏ်ဝန်ထမ်းအားလုံး အား စဉ်ဆက်မပြတ် အသိပညာတိုးပွားလာစေရန် Refresher Course အနေဖြင့်လည်းကောင်း တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် တက်ရောက်စေလျက်ရှိပါသည်။

Yoma Bank

ထို့အပြင် Compliance Division မှ ရိုးမဘဏ်ရှိ သက်ဆိုင်ရာဌာန/ဘဏ်ခွဲများသို့ Onsite Examination သွားရောက် စစ်ဆေးချိန်တွင် AML/CFT ဆိုင်ရာအသိပညာ စဉ်ဆက်မပြတ်ရှိစေရန်အတွက် Awareness Training အား In Person အနေဖြင့် ပို့ချပေးလျက်ရှိပါသည်။

Yoma Bank

ဆက်စပ် အကြောင်းအရာများ

ဆက်စပ် အကြောင်းအရာများ