ကျွန်ုပ်တို့၏ အုပ်ချုပ်မှုပုံစံ ဖွဲ့စည်းပုံ

keyboard_arrow_down

ရိုးမဘဏ်၏ ကော်ပိုရိတ်ဆိုင်ရာ စီမံအုပ်ချုပ်မှုပုံစံ ဖွဲ့စည်းပုံသည် ကော်ပိုရိတ်ဆိုင်ရာ စီမံအုပ်ချုပ်မှု မူဝါဒအရ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဤနေရာတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။  

၂၀၂၀ ဇွန်လကုန်မှစ၍ ကျွန်ုပ်တို့၏ ကော်ပိုရိတ်ဆိုင်ရာအုပ်ချုပ်မှုပုံစံကို အောက်ပါဇယားအတိုင်း အကျဉ်းချုပ် ဖော်ပြလိုက်သည်။ 

ကျွန်ုပ်တို့၏ ရှယ်ယာပိုင်ဆိုင်မှု ပုံစံ

keyboard_arrow_down

ကျွန်ုပ်တို့၏ ရှယ်ယာပိုင်ဆိုင်မှုပုံစံသည် ဆင့်ပွားပြောင်းလဲလျက်ရှိသည်။ GIC နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နော်ဝေးနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးအဖွဲ့အစည်းဖြစ်သည့် Norfund တို့သည် IFC နှင့် FMI တို့နှင့်အတူ ရိုးမဘဏ်၏ အစုရှယ်ယာဝင်များဖြစ်လာသည်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များသည်လည်း ရှယ်ယာပိုင်ဆိုင်မှုပုံစံကို မူတည်ပြီး ပြောင်းလဲမှုရှိနိုင်သည်။  

ကျွန်ုပ်တို့၏ ရှယ်ယာပိုင်ဆိုင်မှုပုံစံကို အောက်တွင်ဖော်ပြထားသည်။


ကျွန်ုပ်တို့၏ အမှုဆောင်ဥက္ကဌသည် FMI ၏အရေးပါသော အစုရှယ်ယာဝင်တစ်ဦး ဖြစ်သည်။ သူ၏ ရှယ်ယာပိုင်ဆိုင် မှု အသေးစိတ်ကို FMI ၏ နောက်ဆုံးနှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဤနေရာတွင် ကြည့်ရှုပါ။

အထွေထွေအစည်းအဝေးများ

keyboard_arrow_down

အထွေထွေအစည်းအဝေးများအား ဘုတ်အဖွဲ့၏ဥက္ကဌက ဦးစည်းကျင်းပလေ့ရှိပါသည်။ အစည်းအဝေးအတွင်းတွင် အစုရှယ်ယာဝင်များသည်  

  • ဒါရိုက်တာဘုတ်အဖွဲ့အား ရွေးချယ်ခြင်း 
  • ဘုတ်အဖွဲ့၏ အကြံပေးချက်အားရယူပြီး ဒါရိုက်တာများ၏ လစာအားသတ်မှတ်ခြင်း
  • ပြင်ပစာရင်းစစ်အား ရွေးချယ်သတ်မှတ်ခြင်း 
  • ရှယ်ယာအရင်းအမြစ်များနှင့် ပတ်သက်ပြီး အပြောင်းအလဲများအား သတ်မှတ်ခြင်း
  • ဘဏ်၏အရင်းမြစ်များ နေရာချထားခြင်းနှင့်ပတ်သက်ပြီး အတည်ပြုပေးခြင်း 
၂၀၁၉၊ နိုဝင်ဘာ ၂၂ တွင် (၂၅) ကြိမ်မြောက် နောက်ဆုံးအထွေထွေအစည်းအဝေးကို အစုရှယ်ယာဝင်များ၊ ဘုတ်အဖွဲ့ဝင် များ၊ ပြင်ပစားရင်းစစ်များနှင့်တကွ ကျင်းပခဲ့သည်။ အစည်းဝေးနှင့်ပတ်သက်သည့် အသိပေးချက်ကို ဤနေရာတွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။ အစည်းအဝေးမှတ်တမ်းကို ဤနေရာတွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။ 


၂၀၁၇ ခုနှစ်က ပြင်ဆင်အတည်ပြုခဲ့သည့် မြန်မာ့ကုမ္ပဏီများဥပဒေ၊ အခန်း ၁၅၆ (ဃ) အရ နှစ်ပတ်လည် အစည်းအဝေး တွင် အဖွဲ့ဝင် (၁၀၀%) က အတည်ပြုဖြေရှင်းခဲ့သော အကြောင်းအရာများကို အောက်ပါဇယားတွင် ဖော်ပြထားသည်။  

ဆွေးနွေးဖြေရှင်းခဲ့သော အကြောင်းအရာများကိုအတည်ပြုမဲ (%) 
ဆန့်ကျင်မဲ (%)
(%) ကြားနေမဲ
က။ ၂၀၁၈ခုနှစ် အတွက် ဒါရိုက်တာ အဖွဲ့၏အစီရင်ခံစာ အား အတည်ပြုခြင်း 
၁၀၀% 
 - -
ခ။ ၂၀၁၈၊၂၀၁၉ ခုနှစ် အတွက် ဘဏ္ဍာရေးအစီရင်ခံစာနှင့် ၂၀၁၉ ခုနှစ်အတွက်  ဒါရိုက်တာ အဖွဲ့၏အစီရင်ခံစာ အား အတည်ပြုခြင်း  
၁၀၀% 
 - -
ဂ။ ၂၀၁၈၊၂၀၁၉ ခုနှစ်အတွက် ပြင်ပစာရင်းစစ်များ၏ အစီရင်ခံစာအား အတည်ပြုခြင်း 
၁၀၀% - -
ဃ။ အလုပ်မှုဆောင် မဟုတ်သော ဒါရိုက်တာ၏ နှုတ်ထွက်ခြင်း
၁၀၀%
 - -
င။ ရိုးမဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့အား ပြန်လည်ရွေး ချယ်ခြင်း 

  • ဦးသိမ်းဝေ @ Mr. Serge Pun (အမှုဆောင်ဥက္ကဌ) 
  • ဦးမြတ်သင်းအောင် (အလုပ်မှုဆောင် မဟုတ်သော ဒါရိုက်တာ) 
  • ဦးကြည်အေး (အမှုဆောင် ဒါရိုက်တာ) 
  • ဦးထွန်းမြတ် (လွတ်လပ်သော အမှုဆောင် မဟုတ်သော ဒါရိုက်တာ)  
  • Mr. Chi Tung Melvyn Pun (အလုပ်မှုဆောင် မဟုတ်သော ဒါရိုက်တာ) 
  • Mr. Dean Alexander Cleland (အမှုဆောင် ဒါရိုက်တာ) 
  • ဒေါ်အေးအေးစိုး (အမှုဆောင် ဒါရိုက်တာ)
၁၀၀%
 - -


ဘုတ်အဖွဲ့၏ လုပ်ငန်းတာဝန်များ

keyboard_arrow_down

ခေါင်းစဉ် 
တာဝန်များ 
ဘုတ်အဖွဲ့ 
  • ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များ (အထူးသဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများ၊ ညွှန်ကြားချက်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ချက်များ)အတိုင်း လိုက်နာဆောင်ရွက်မှု ရှိစေရန် စောင့်ကြည့်ခြင်း
  • ဘုတ်အဖွဲ့မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေခြင်း 
  • ဘဏ်၏ အမြုတေတန်ဖိုးနှင့် ရည်မှန်းချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ချမှတ်ခြင်း 
  • ဘုတ်အဖွဲ့၏ လုပ်ဆောင်ချက်နှင့် အကျိုးသက်ရောက်မှုများကို အကဲဖြတ်ခြင်း 
  • အစုရှယ်ယာရှင်များက ဒါရိုက်တာဘုတ်အဖွဲ့ဝင်များအားရွေးချယ်နိုင်ရန် အလားအလာရှိသော အဖွဲ့ဝင်များအား ရွေးချယ်အကြံပေးခြင်း 
  • အစုရှယ်ယာဝင်များ အတည်ပြုနိုင်ရန် ဘုတ်အဖွဲ့၏လစာအား အကြံပြုခြင်း
မဟာဗျူဟာ
  • မဟာဗျူဟာအား ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့် စောင့်ကြည့်ခြင်း
  • မဟာဗျူဟာဆိုင်ရာ ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် အဆက်မပျက် လုပ်ဆောင်ချက်များအား စောင့်ကြည့်ခြင်း
  • အဓိကကျသော စီးပွားရေးဆိုင်ရာကိစ္စရပ်များအား ဆုံးဖြတ်ချက်ချခြင်း 
ဆုံးရှံးနိုင်ခြေများနှင့် ထိန်းချုပ်မှုများ 
  • ဆုံးရှံးနိုင်ခြေများဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်နှင့် ဆက်စပ်မူဝါဒများ၊ လုပ်ငန်းစဥ်များအား အတည်ပြုခြင်းနှင့် စောင့်ကြည့်ခြင်း
  • ဆုံးရှံးနိုင်ခြေများဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ကောင်းမွန်သော ထိန်းချုပ်မှုပတ်ဝန်း ကျင်တစ်ခု တည်ဆောက်ရန်
  • လက်ခံနိုင်သော ဆုံးရှံးနိုင်ခြေများအား သတ်မှတ်ခြင်း 
  • ပြင်ပစာရင်းစစ်များအား ထုတ်ပယ်ခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး အစုရှယ်ယာဝင်များအား အကြံပြုခြင်း  
  • အစီရင်ခံခြင်း 
    • ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်များအား မှန်ကန်မှုရှိမရှိ သေချာစေခြင်း 
    စီးပွားရေးနှင့် သက်ဆိုင်သူများ 
    • ဘဏ်၏ စီးပွားရေးစနစ် ရေရှည်တည်တံ့ခိုင်မြဲမှုကို သေချာစေရန် စီးပွားရေးနှင့် သက်ဆိုင်သူများ၏ မျှော်မှန်းချက်များကို ထည့်သွင်းစဥ်းစားခြင်း 
    • ဘဏ်သည် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာတွင် တာဝန်ယူမှု၊ တာဝန်သိမှုရှိရှိ ဖြင့် လုပ်ဆောင်နိုင်ရန် သေချာစေခြင်း
    ဝန်ထမ်းများ 
    • ဘဏ်၏ လူစွမ်းအားအရင်းမြစ်ဆိုင်ရာ မူဘောင်များ၊ မူဝါဒများကို ပြန်လည်စမ်း စစ်ခြင်းနှင့် အတည်ပြုခြင်း 
    • ကုမ္ပဏီ၏ ရာထူးဆက်ခံခြင်းအတွက် အစီအစဉ်ချမှတ်ခြင်း 
    • စီမံခန့်ခွဲရေးအဖွဲ့အတွက် လစာနှင့် မက်လုံးပေးဆွဲဆောင်မှု အစီအစဉ်များ ချမှတ်ခြင်း  

    ဥက္ကဌ၏ တာဝန်များ

    keyboard_arrow_down

    ဥက္ကဌ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    • ဘုတ်အဖွဲ့အား ဦးဆောင်ခြင်းနှင့် ဘုတ်အဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကျိုးသက်ရောက်မှုရှိရန် သေချာစေခြင်း

      - ဘုတ်အစည်းအဝေးများအား အချိန်နှင့်တပြေးညီ စီစဉ်နိုင်ရန်၊ ဦးဆောင်နိုင်ရန်နှင့် မှတ်တမ်းတင်ခြင်း
      - ဘုတ်အဖွဲ့ဝင်များ ဆုံးဖြတ်ချက်ချရာမှာ လုံလောက်သော အချက်အလက်များ အချိန်နှင့်တပြေးညီ ရရှိရန် သေချာစေခြင်း
      - ဘုတ်ကော်မတီများ ကောင်းမွန်စွာ လုပ်ငန်းလည်ပတ်စေခြင်း
      - ဘုတ်အဖွဲ့ဝင်များ စိတ်ကျေနပ်မှုရှိစွာ တာဝန်ထမ်းဆောင်စေခြင်း
      - ဘုတ်အဖွဲ့၏ လုပ်ဆောင်ချက်များနှင့် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ဆောင်ချက်များအား တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံး အကဲဖြတ်ခြင်း  

    • ပွင့်လင်းပြီး အခြေအတင် ပြောဆိုဆွေးနွေးမှုပြုနိုင်သည့် ယဉ်ကျေးမှုတစ်ခု ဖြစ်ရန်ပံ့ပိုးပေးခြင်း

      - ဘုတ်အဖွဲ့ဝင်များသည် ၎င်းတို့၏ အကြံဥာဏ်များနှင့် အမြင်များကို လွတ်လပ်စွာမျှဝေနိုင်ရန် အခွင့်အရေးရှိခြင်း 

    • ဘုတ်အဖွဲ့ အနေဖြင့် ဘဏ်လုပ်ငန်းနှင့် ပတ်သက်သည့် နားလည်မှုများ ပိုမိုတိုးတက်လာစေရန်  လုံလောက်သော သင်တန်းပို့ချမှုများရှိခြင်း

      - ဘုတ်အဖွဲ့ဝင်အသစ်အား ရွေးချယ်ပြီးချိန်တွင် စနစ်တကျ onboard လုပ်ခြင်း
      - လက်ရှိ အဖွဲ့ဝင်များအတွက် အဆက်မပြတ်ပညာရေး အစီအစဉ်များ ရရှိရန် ဆောင်ရွက်ခြင်း


    စာရင်းစစ်ကော်မတီ

    keyboard_arrow_down

    စာရင်းစစ်ကော်မတီသည် 

    • ဘဏ်အတွင်း ထိန်းချုပ်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံမှုများမှန်ကန်မှုရှိစေရေးအတွက် သေချာစွာ ဆောင်ရွက်ခြင်း
    •  ဘဏ်အတွင်း စားရင်းစစ်များနှင့် ပြင်ပစားရင်းစစ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် လုပ်ငန်းအကျိုး သက်ရောက်မှုများကို စောင့်ကြည့်ခြင်း 
    • သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်လျောညီထွေမှုရှိရန် သေချာစေခြင်း 

    အောက်ဖော်ပြပါ ဇယားသည် စာရင်းစစ်ကော်မတီ၏ အဓိကတာဝန်များကို အကျဉ်းချုပ်ဖော်ပြထားသည်။ 

    ခေါင်းစဉ်တာဝန်များ   
    ဥပဒေနှင့်အညီ လိုက်လျောမှုရှိအောင် ဆောင်ရွက်ခြင်း 
  • ဘဏ်အနေဖြင့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ကုဒ်များ၊ မူဝါဒများ၊ အထူးသဖြင့် Code of Conduct နှင့် လိုက်လျောညီထွေမှုရှိရန် သေချာစေခြင်း 
  • စာရင်းအင်းများ တိကျမှန်ကန်မှုရှိရန်နှင့် ချမှတ်ထားသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်စေခြင်း  
  • ဆုံးရှုံးနိုင်ခြေများနှင့် ထိန်းချုပ်ခြင်းများ  
    • ဘဏ်အတွင်း ထိန်းချုပ်မှုများနှင့် ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲခြင်းများ အကျိုးသက် ရောက်မှု ရှိစေရန်  ပြန်လည်စစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်း  
    • ဘဏ်အတွင်း စာရင်းစစ်၏လုပ်ငန်းစဉ်များ အကျိုးသက်ရောက်မှုရှိမရှိကို စစ်ဆေးခြင်း 
    • ဘဏ်တွင် အသုံးချနေသော ဘဏ္ဍရေးစနစ်အား စမ်းစစ်ခြင်း 
    • ဘဏ်အတွင်း စာရင်းစစ်ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်း 
    •  ပြင်ပစာရင်းစစ်ခန့်အပ်ခြင်း၊ ပြန်လည်ခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်းတို့အတွက် ဘုတ်အဖွဲ့အား အကြံပေးခြင်း 
    အစီရင်ခံခြင်း  
    • ပွင့်လင်းမြင်သာရှိမှုနှင့် ထုတ်ဖော်ပြသမှု disclosure ဆိုင်ရာအဆင့်အတန်းများ တိုးတက်မှုအတွက် ဆောင်ရွက်ခြင်းနှင့် ကွပ်ကဲခြင်း 
    • ဘုတ်အဖွဲ့နှင့် အစုရှယ်ရာရှင်များအားတင်ပြရန် ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ် လည်နှင့်နှစ်ဝက် အစီရင်ခံစာများနှင့် အခြားငွေကြေးဆိုင်ရာ အချက်အလက်များ ကို ပြန်လည်စစ်ဆေးခြင်း 
    • ပြင်ပစာရင်းစစ်၏ စာရင်းစစ်နည်းလမ်းအား စစ်ဆေးခြင်း 
    • ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်း၊ စာရင်းအင်းလုပ်ငန်းစဉ်၊ စာရင်းစစ်ခြင်းနှင့် အခြားလုပ်ငန်းများနှင့် ပတ်သက်ပြီးတိုင်ကြားနိုင်ရန် 

    ဆုံးရှုံးနိုင်ခြေများအား ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ

    keyboard_arrow_down

    ဆုံးရှုံးနိုင်ခြေများအား ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ၏ အဓိကတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။  

    • ဘဏ်၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် ချေးငွေ၊ ဈေးကွက်၊ လုပ်ငန်းလည်ပတ်ခြင်း၊ ငွေပေါ်လွယ်မှု၊ ဘဏ်၏ ဂုဏ်သတင်း၊ မဟာဗျူဟာ အစရှိသည်တို့နှင့် ပတ်သက်သည့်ဆုံးရှုံးနိုင်ခြေများအားခွဲခြားစိတ်ဖြာခြင်း နှင့် အဓိပ္ပါယ်သတ်မှတ်ခြင်း
    •  ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်နှင့် ဘဏ်အတွင်းထိန်းချုပ်ခြင်းများ၏ အကျိုးသက်ရောက်မှုရှိ မရှိကို စစ်ဆေးခြင်း 
     
    ခေါင်းစဉ် 
    တာဝန်များ 
    ဥပဒေနှင့်အညီ လိုက်လျောမှုရှိအောင် ဆောင်ရွက်ခြင်း 
    • ဘဏ်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း
    • ဘဏ်၏ ရင်းနှီးငွေဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် တရားဝင်အဖွဲ့အစည်း များ၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်မှုရှိရန် ပြန်လည်စစ်ဆေးခြင်း
    ဆုံးရှုံးနိုင်ခြေများနှင့် ထိန်းချုပ်ခြင်းများ
    • ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများအား အတည်ပြုခြင်း 
    • ဆုံးရှုံးနိုင်ခြေများအား စမ်းစစ်ခြင်း၊ တိုင်းတာခြင်း၊ လျော့ချခြင်းနှင့် ကွပ်ကဲခြင်း များနှင့် ပတ်သက်ပြီးစီမံခန့်ခွဲမှု မူဘောင်၏ အကျိုးသက်ရောက်မှုရှိမရှိကို ပြန်လည်စမ်းစစ်ခြင်း  
    • ဘုတ်အဖွဲ့က အတည်ပြုခဲ့သော လက်ခံနိုင်သောဆုံးရှံးနိုင်ခြေများအား ကောင်းစွာ စီမံနိုင်ရန် သေချာစေခြင်း 
    • ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲမှုနှင့် ပတ်သတ်သည့် စီမံခန့်ခွဲရေးအဖွဲ့၏ အစီရင်ခံစာအား ပြန်လည်စစ်ဆေးခြင်း 
    • ဘဏ်အတွင်း ဆုံးရှုံးနိုင်ခြေများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများအား စဥ်ဆက်မပျက် လုပ်ဆောင်ရန် အထောက်အကူပေးခြင်း 
    အစီရင်ခံခြင်း
    • ဘဏ်၏ ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲမှုနှင့် ပတ်သတ်သည့် ပြောင်းလဲမှုများအား အချိန်နှင့်တပြေးညီ ဘုတ်အဖွဲ့အား တင်ပြခြင်း


    ဝန်ထမ်း၊ အခကြေးငွေနှင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ အကြံပေးကော်မတီ

    keyboard_arrow_down

    ဝန်ထမ်း၊ အခကြေးငွေနှင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ အကြံပေးကော်မတီ၏ အဓိကတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။  


    ခေါင်းစဉ် 
    တာဝန်များ  
    အဖွဲ့အစည်း 
    • အမှုဆောင်အရာရှိချုပ်ထံသို့ အစီရင်ခံတင်ပြခြင်းအတွက် ဘဏ်၏ဖွဲ့စည်းပုံ ပုံစံအား အတည်ပြုခြင်း 
    ဝန်ထမ်းများ 
    • အစုရှယ်ယာရှင်များ အတည်မပြုမီ အလုပ်မှုဆောင်မဟုတ်သော ဒါရိုက်တာများ ရွေးကောက်တင်မြောက်ခြင်းအတွက် ဘုတ်အဖွဲ့အားအကြံပေးခြင်း   
    • Chief Executive Officer, Chief Finances Officer နှင့် Chief Risk Officer များ၏ လုပ်ဆောင်မှုများအတွက် နှစ်စဉ်ပြန်လည်စစ်ဆေးခြင်းနှင့် ပြန်လည်တာဝန်ပေးအပ်ခြင်း အတွက် အကြံပေးခြင်း  
    • ရာထူးဆက်ခံခြင်းအစီအစဉ်နှင့် အရေးကြီးသော အဓိကကဏ္ဍများ သတ်မှတ်ခြင်းတို့အား အတည်ပြုခြင်း   
    • ဘုတ်အဖွဲ့နှင့် အဓိကစီမံခန့်ခွဲရေးတာဝန်ခံများ၏ ရေဘုယျ အခကြေးငွေဆိုင်ရာ မူဘောင်အား ပြန်လည်စိစစ်ခြင်းနှင့် အကြံဉာဏ်ပေးခြင်း (ဘဏ်၏လုပ်ငန်းများနှင့် ပတ်သက်ပြီး အစီအစဉ်ဆွဲခြင်း၊ ညွှန်ကြားခြင်းနှင့် ထိန်းချုပ်ခြင်းတို့အတွက် ပြောရေးဆိုခွင့် ရှိပြီး တာဝန်ရှိသော ပုဂ္ဂိုလ်များ)  
    • ဘုတ်အဖွဲ့ဝင်တစ်ဦးချင်းနှင့် အဓိက စီမံခန့်ခွဲရေးတာဝန်ခံတစ်ဦးချင်းစီ၏ လုပ်ခလစာအစီအစဉ်များနှင့် ၎င်းတို့သည် ဘဏ်၏ရေရှည်အတွက်ပန်းတိုင်များ၊မဟာဗျူဟာနှင့်အညီ သင့်တော်မှုရှိမရှိကို ပြန်လည်စိစစ်ခြင်းနှင့် အကြံဉာဏ်ပေးခြင်း   
    • အဓိကစီမံခန့်ခွဲရေးတာဝန်ခံများ၏ လုပ်ငန်းဆောင်ရွက်ချက်အား အကဲဖြတ်ခြင်း