အခြေခံမူများ

Who we are > Governance

အခြေခံမူများ

Who we are > Governance

အခြေခံမူများ

ရိုးမဘဏ် ဒါရိုက်တာအဖွဲ့သည် ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ မူဝါဒများ၊ စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများကို အစဉ်တစိုက် တိုးတက်ကောင်းမွန်လာစေရန် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ကောင်းမွန်သော ကော်ပိုရိတ် အုပ်ချုပ်မှုစနစ်သည် ရှယ်ယာရှင်များနှင့် အကျိုးခံစားရသူအားလုံးတို့အတွက် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ တန်ဖိုးများကို ဖန်တီးပေးရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် အလွန်အရေးကြီးပါသည်။

ကျွန်ုပ်တို့၏ ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ကို The Organization for Economic Co-operation and Development (OECD) ၏ လမ်းညွှန်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းထားပါသည်။

အောက်ဖော်ပြပါ ဇယားတွင် ရိုးမဘဏ်၏ ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်နှင့် မူဝါဒများကို မည်သို့ဖွဲ့စည်းထားသည်ကို အသေးစိတ် ဖော်ပြထားပါသည်။

 

ကျွန်ုပ်တို့၏ စည်းမျဉ်းများကျွန်ုပ်တို့၏ နည်းလမ်း

တာဝန်ခံမှုရှိခြင်း (Accountability)
ရိုးမဘဏ်သည် အကျိုးစီးပွားသက်ဆိုင်သူ (Stakeholders) အားလုံးအပေါ် တာဝန်ခံမှုရှိပြီး ၎င်းတို့၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ဤအခြေခံမူသည် ဒါရိုက်တာအဖွဲ့မှ မဟာဗျူဟာများ ချမှတ်ခြင်းနှင့် ဘဏ်စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော်မှုများကို လမ်းညွှန်ရန်၊ အကျိုးစီးပွားပဋိပက္ခများကို တားဆီးရန်နှင့် ဘက်လိုက်မှုကင်းသော လွတ်လပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် စနစ်တကျ ပံ့ပိုးပေးပါသည်။

ထိရောက်မှုရှိခြင်း (Effectiveness)
ရိုးမဘဏ်သည် ခိုင်မာသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ကျင့်သုံးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပါသည်။ ဤမူဘောင်သည် စီးပွားရေး စွမ်းဆောင်ရည်နှင့် ဈေးကွက်၏ သမာသမတ်ကျမှုအပေါ် အကျိုးသက်ရောက်မှုများ ရှိစေပါသည်။

မျှတမှုရှိခြင်း
(Fairness)
ရိုးမဘဏ်သည် ရှယ်ယာရှင်များ၏ အခွင့်အရေးကို ကာကွယ်ပေးပြီး အနည်းစု ရှယ်ယာရှင်များ (Minority Shareholders) အပါအဝင် အားလုံးကို တန်းတူညီမျှ ဆက်ဆံမှုရှိစေရန် အလေးထားဆောင်ရွက်ပါသည်။

တာဝန်ယူမှု ရှိခြင်း (Responsibility)
တည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ သတ်မှတ်ထားသော အကျိုးစီးပွားသက်ဆိုင်သူ အားလုံး၏ အခွင့်အရေးများကို အသိအမှတ်ပြုပါသည်။ ဘဏ်နှင့် အကျိုးစီးပွား သက်ဆိုင်သူများအကြား ခိုင်မာသော မိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော စီးပွားရေးစနစ်ကို ဖော်ဆောင်ရာတွင် မရှိမဖြစ် လိုအပ်သည်ဟု ယုံကြည်ပါသည်။

ပွင့်လင်းမြင်သာမှုရှိခြင်း (Transparency)
ရိုးမဘဏ်သည် ဘဏ်နှင့်ပတ်သက်သော အရေးကြီးသည့် ကိစ္စရပ်များအားလုံးကို တိကျ မှန်ကန်စွာဖြင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးရန်နှင့် ထိုသို့ထုတ်ပြန်ချက်များကို အလွယ်တကူ သိရှိရယူနိုင်ရန် ဆောင်ရွက်ပေးပါသည်။

ရေရှည်တည်တံ့မှုနှင့် ကြံ့ခိုင်မှု
(Sustainability & Resilience)
ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ (ESG) အချက်များ၊ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများနှင့် အခွင့်အလမ်းများကို ကျွန်ုပ်တို့၏ မဟာဗျူဟာနှင့် ဆုံးဖြတ်ချက်ချမှတ်မှုများတွင် ထည့်သွင်း စဉ်းစားထားပါသည်။ ရိုးမဘဏ်သည် လုပ်ငန်းအကျိုးစီးပွား သက်ဆိုင်သူများနှင့် လူမှုအသိုက်အဝန်း ရေရှည် တည်တံ့ခိုင်မြဲမှုနှင့် ကြံ့ခိုင်မှုတို့အတွက် ပါဝင်ကူညီရန် သန္နိဋ္ဌာန်ချထားပါသည်။

ထို့ပြင် ရိုးမဘဏ်သည် မိမိတို့၏ လက်ရှိကျင့်ထုံးများနှင့် သတ်မှတ်ချက်စံနှုန်းများကို ဆန်းစစ်ရန်အတွက် ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ အကဲဖြတ်စနစ် (Myanmar Corporate Governance Scorecard) ကို အသုံးပြုပါသည်။ မှတ်ချက်ရလဒ်များကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

ဆက်စပ် အကြောင်းအရာများ

မူဝါဒများ

မူဝါဒများ

ရိုးမဘဏ်တွင် ကျွန်ုပ်တို့၏ အခြေခံမူများနှင့် တန်ဖိုးများ သည် ကျွန်ုပ်တို့ လုပ်ကိုင်ပုံကို ပုံဖော်သည်။

Read More
အစည်းဝေးတက်ရောက်ခြင်း

အစည်းဝေးတက်ရောက်ခြင်း

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအတွင်း ဘုတ်အဖွဲ့သည် ၆ ကြိမ် တွေ့ဆုံခဲ့ပါသည်။

Read More
အုပ်ချုပ်မှုပုံစံဖွဲ့စည်းပုံ

အုပ်ချုပ်မှုပုံစံဖွဲ့စည်းပုံ

ရိုးမဘဏ်၏ ကော်ပိုရိတ်ဆိုင်ရာ စီမံအုပ်ချုပ်မှုပုံစံ ဖွဲ့စည်းပုံသည် ကော်ပိုရိတ်ဆိုင်ရာ စီမံအုပ်ချုပ်မှု မူဝါဒအရ ဖွဲ့စည်းထားခြင်းဖြစ်သည်။

Read More