ကျွန်ုပ်တို့၏ စည်းမျဉ်းများ | ကျွန်ုပ်တို့၏ နည်းလမ်း |
တာဝန်ခံမှုရှိခြင်း | ရိုးမဘဏ်သည် အစုရှယ်ယာဝင်များအားလုံးအတွက် တာဝန်ခံမှုရှိသည်။ ဤအချက်ဖြင့် ရိုးမဘဏ်၏ ဘုတ်အဖွဲ့သည် မဟာဗျူဟာရေးဆွဲခြင်းနှင့် အုပ်ချုပ်ရေးအဖွဲ့က မဟာဗျူဟာ အကောင်အထည်ဖော်ခြင်းကို ကွပ်ကဲခြင်း တို့ကို လုပ်ဆောင်သည်။ |
မျှတမှုရှိခြင်း | ရိုးမဘဏ်သည် အစုရှယ်ယာဝင်များ၏ အခွင့်အရေးများကို ကာကွယ်ပေး သည်။ အစုရှယ်ယာဝင်များအားလုံး (အငယ်စား အစုရှယ်ယာဝင်များ အပါအဝင်) အတွက် သာတူညီမျှသော အခွင့်အရေးပေးမှုများရရှိရန် ရိုးမဘဏ်သည် ကြိုးစားလျက်ရှိသည်။ |
ပွင့်လင်း မြင်သာမှုရှိခြင်း | ရိုးမဘဏ်သည် ဘဏ်နှင့်ပတ်သက်၍ အရေးကြီးကိစ္စရပ်များကို တိကျမှန်ကန်ပြီး အချိန်နှင့်တပြေးညီ ဖြစ်စေရန်အပြင် အချက်အလက်များအား လွယ်ကူစွာရရှိနိုင်ရန် သေချာစေပါသည်။ |
တာဝန်ယူမှု ရှိခြင်း | ရိုးမဘဏ်သည် ချမှတ်ထားသော ဥပဒေ၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ စီးပွားရေးနှင့် သက်ဆိုင်သူများ၏ အခွင့်အရေးများအား အသိအမှတ်ပြုသည်။ ကျွန်ုပ်တို့ ရိုးမဘဏ်နှင့် စီးပွားရေးနှင့် သက်ဆိုင်သူများအကြား ခိုင်မာသော ပူးပေါင်းလုပ်ဆောင်မှုများ တည်ဆောက်နိုင်ခြင်းသည် ပိုမိုခိုင်မာသော မြန်မာ့စီးပွားရေးစနစ်တစ်ခု တည်ဆောက်နိုင်ရန်အတွက် အလွန်အရေးပါသည် ဟု ယုံကြည်ပါသည်။ |