Approach and Governance

Who we are > Governance

Approach and Governance

Who we are > Governance

Approach and Governance

ဆုံးရှုံးနိုင်ခြေအပေါ်ခံယူချက်

ရိုးမဘဏ်၏ Risk Philosophy (ဆုံးရှုံးနိုင်ခြေအပေါ်ခံယူချက်) သည် ကျင့်ဝတ်မှန်ကန် ရိုးမဘဏ် “The Responsible Bank” ဟူသောဆောင်ပုဒ်ကို အခြေခံ၍ လိုက်နာဆောင်ရွက်လျက် ရှိပါသည်။ရိုးမဘဏ်သည် နိုင်ငံ၏ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည့် ဈေးကွက်များအတွင်း ငွေကြေးဝန်ဆောင်မှုများအား တိုးချဲ့ခြင်း၊ စီးပွားရေးအခွင့်အလမ်းများအား တိုးပွားအောင် ဆောင်ရွက်ကာ ဆုံးရှုံးနိုင်ခြေများကို ချိန်ဆ၍ ရေရှည်တည်တံ့သော အမြတ်အစွန်းများကို ရရှိနိုင်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိပါသည်။

ဆုံးရှုံးနိုင်ခြေများကို အုပ်ချုပ်မှုစနစ်

ကျွန်ုပ်တို့၏ ဘုတ်အဖွဲ့သည် Yoma Bank ၏ လုပ်ဆောင်ချက်များဖြစ်သည့်

  • ရိုးမဘဏ်၏ မဟာဗျူဟာဆိုင်ရာရည်ရွယ်ချက်များနှင့် ကိုက်ညီမှု ရှိစေရန်
  • အရေးပါသော ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ခြင်း၊ အကဲဖြတ်ခြင်း၊ လျှော့ချခြင်းစသည့် ထိန်းချုပ်မှုများ အခြေခံမူဘောင် တို့နှင့်ထိရောက်စွာ ဆောင်ရွက်လျက်ရှိပြီး
  • ဘဏ်၏ Risk appetite (လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေဘောင်)အတွင်းတွင် လည်ပတ်နေမှု ရှိစေရန် စသည်တို့ကို ဘုတ်အဖွဲ့၏ အဓိကလုပ်ငန်းစဥ် ဖြစ်သည့်အတွက် အထူးကြီးကြပ်စောင့်ကြည့်လျက်ရှိပါသည်။

ကော်မတီလေးခု၏ အထောက်အပံ့ဖြင့် ဘုတ်အဖွဲ့သည် ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်များ၊ ထိန်းချုပ်မှုများ (Internal Control) ကို အကျိုးသက်ရောက်မှု ရှိစေပါသည်။

  • Risk Oversight Committee သည် ဆုံးရှုံးနိုင်ခြေများဆိုင်ရာ မူဝါဒများ ချမှတ်ခြင်းနှင့် လက်တွေ့အကောင်ထည်ဖော်ရန် စောင့်ကြည့်ကွပ်ကဲသည်။ ကော်မတီသည် ၎င်း၏လက်အောက်ရှိ ကော်မတီခွဲများဖြစ်သည့် အလုပ်အမှုဆောင်ချေးငွေ ကော်မတီ၊ ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေးကော်မတီနှင့် ထုတ်ကုန်ကော်မတီတို့ကို လုပ်ငန်းတာဝန်များ ခွဲခြားပေးသည်။
  • Audit Committee သည် ဘဏ်အတွင်းထိန်းချုပ်မှုများ (internal controls) ဆောင်ရွက်ပြီး၊ စာရင်းစစ်၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကျိုးသက်ရောက်မှု ရှိ၊ မရှိ ကို စစ်ဆေးသည်။
  • People, Remuneration and Nomination Advisory Committee သည် ဘဏ်၏ ဝန်ထမ်းများနှင့် လုပ်ခလစာဆိုင်ရာ မဟာဗျူဟာများ၊ မူဝါဒများ၊ မူဘောင်များနှင့် အလေ့အကျင့်များကို သင့်လျော်သော ကြီးကြပ်ကွပ်ကဲမှုနှင့် လမ်းညွှန်မှုများကို သေချာစေပါသည်။
  • Technology Adviosry Committee သည် ဘဏ်၏ နည်းပညာ မဟာဗျူဟာနှင့် ထိုသို့သော မဟာဗျူဟာကို ပံ့ပိုးရာတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ၊  ဘဏ်၏ နည်းပညာပိုင်းဆိုင်ရာ  ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ လုံခြုံရေးမူဘောင်နှင့် ၎င်း၏ အကျိုးသက်ရောက်မှုတို့အတွက်လည်း Risk Oversight Committee နှင့် ပူးပေါင်းဆောင်ရွက်ကာ ကြီးကြပ်ကွပ်ကဲသည်။

အမှုဆောင်အရာရှိချုပ် နှင့် ဆုံးရှုံးနိုင်ခြေများစီမံခန့်ခွဲရေးဆိုင်ရာအရာရှိချုပ် တို့သည် ဒါရိုက်တာအဖွဲ့နှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကော်မတီတို့ အတည်ပြုထားသော ဘဏ်၏ဆုံးရှုံးနိုင်သော အန္တရာယ်များနှင့် ပတ်သက်သည့် မူဝါဒများနှင့် လမ်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တာဝန်ယူပါသည်။

အလုပ်အမှုဆောင် ချေးငွေကော်မတီ

အလုပ်အမှုဆောင်ချေးငွေကော်မတီ၏ လုပ်ပိုင်ခွင့်မှာ ဘုတ်အဖွဲ့ကိုယ်စားဘဏ်၏ ချေးငွေဆိုင်ရာ ဆောင်ရွက်ချက်များကိုကြီးကြပ်ရန် ဖြစ်သည်။ သင့်လျော်သောချေးငွေဆိုင်ရာ ဆုံးရှုံးနိုင်ခြေ မူဝါဒများ၊ အာမခံစံချိန်စံညွှန်းများ၊ ဆုံးရှုံးနိုင်ခြေတိုင်းတာမှုနှင့် ခွင့်ပြုချက် ကန့်သတ်မှုတို့ကို အကောင်အထည်ဖော်ပြီး လိုက်နာကျင့်သုံးရန် အလုပ်အမှုဆောင် ချေးငွေကော်မတီ တွင် တာဝန်ရှိသည်။
ချေးငွေခွင့်ပြုခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသူများအား ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် အထက်မှ အောက်သို့ လုပ်ပိုင်ခွင့်လွှဲပေးသည့်ပုံစံဖြင့် ဒါရိုက်တာဘုတ်အဖွဲ့မှ အလုပ်အမှုဆောင်ချေးငွေကော်မတီ (ECC) သို့   တာဝန်ပေးအပ်ထားပါသည်။ ထိုမှတစ်ဆင့် ချေးငွေခွင့်ပြုနိုင်ခွင့်ဆိုင်ရာ လုပ်ပိုင်ခွင့် အဆင့်ဆင့်ကို သက်ဆိုင်ရာတာဝန်ရှိသူများအား ထပ်မံတာဝန်ပေးအပ်ထားပါသည်။

အလုပ်အမှုဆောင်ချေးငွေကော်မတီ (ECC) သည် ဘဏ်၏ ချေးငွေဆိုင်ရာဆုံးရှုံးနိုင်ခြေမူဝါဒနှင့် လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို အကောင်အထည် ဖော်ဆောင်သည့်အပြင် ၎င်းတို့ကို စီးပွားရေးလုပ်ငန်းယူနစ်အားလုံးတွင် တစ်သမတ်တည်း လိုက်နာကျင့်သုံးစေရမည်ဖြစ်သည်။ ထို့အပြင် ချေးငွေဆုံးရှုံးနိုင်ခြေမူဘောင် ကန့်သတ်ချက်များနှင့် ဥပဒေရေးရာကိစ္စများအပါအဝင် လုပ်ထုံးလုပ်နည်း ဆိုင်ရာ လိုအပ်ချက်များနှင့် ချေးငွေနှင့်သက်ဆိုင်သည့် ဘဏ်အတွင်းချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီစေရန် သေချာစွာ လုပ်ဆောင်ရမည် ဖြစ်သည်။

အလုပ်အမှုဆောင်ချေးငွေကော်မတီ (ECC) ၏ လုပ်ငန်းဆောင်တာများတွင် – ချေးငွေဆိုင်ရာ မဟာဗျူဟာ ကို ပြန်လည်သုံးသပ်ခြင်း၊ ချေးငွေ အချက်အလက် အရည်အသွေး အလားအလာများ နှင့် ပေါ်ပေါက် လာနိုင်သော ချေးငွေဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို သုံးသပ်ခြင်း၊ ပြောင်းလဲနေသော မဟာဗျူဟာနှင့် ပြင်ပပတ်ဝန်းကျင် အခြေအနေများနှင့်အညီ asset writing မဟာဗျူဟာများ တိုးတက်အောင်ပြုလုပ်ခြင်း နှင့် ချေးငွေထုတ်ကုန်များနှင့် အစီအစဉ်များကို Risk Oversight Committee သို့ မတင်ပြမီ ပြန်လည်စိစစ် သုံးသပ်ခြင်းတို့ ပါဝင်သည်။

ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေးကော်မတီ

ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ပိုင်ခွင့်မှာ Asset-Liability Management (ALM) မူဝါဒကို အကောင်အထည်ဖော်ရန်နှင့် ၎င်းတွင် ဖော်ပြထားသော ဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို ကြီးကြပ်ရန်ဖြစ်သည်။ ALM သည် ဖော်ပြပါ အဓိကလုပ်ဆောင်ချက်များနှင့် ဆုံးရှုံးနိုင်ခြေများ အကျုံးဝင်ပါသည်။  အရင်းအနှီးလုံလောက်မှု၊ ငွေဖြစ်လွယ်မှု၊ အတိုးနှုန်းအန္တရာယ်၊ နိုင်ငံခြားငွေလဲလှယ်မှု၊ အခြားစျေးကွက် ဆုံးရှုံးနိုင်ခြေများကို ဖော်ပြသည်။ ALCO သည် အဓိက မဟာဗျူဟာကျသော အခန်းကဏ္ဍဖြစ်သော ဘဏ်၏ လက်ကျန်ငွေစာရင်း၏ ဖွဲ့စည်းပုံကို စီမံခန့်ခွဲခြင်း၊ ဘဏ်လုပ်ငန်း ထုတ်ကုန်အားလုံးအတွက်စျေးနှုန်းသတ်မှတ်ခြင်း နှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို ထောက်ပံ့ရန်ငွေကြေး လုံလောက်မှုရှိခြင်းနှင့် ဘဏ်ရှိ အခြားဆက်စပ်သော တာဝန်ဝတ္တရားများနှင့်ဥပဒေအရ ချမှတ်ထားသော သက်ဆိုင်ရာ စည်းမျဉ်းများ ပါဝင်သည်။

ALCO သည် မဟာဗျူဟာမြောက် စီးပွားရေးရည်မှန်းချက်များ၊ စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များ၊ အစုရှယ်ယာရှင်များ၏ လိုအပ်ချက်များ၊ ဘဏ်အတွင်း ဆုံးရှုံးနိုင်ခြေ KPI များ ၊ ထိန်းချုပ်မှုပတ်ဝန်းကျင်နှင့် ပြင်ပစီးပွားရေးအခြေအနေများကို အခြေခံ၍ ငွေဖြစ်လွယ်မှုအကျပ်အတည်း စီမံခန့်ခွဲမှုအစီအစဉ်ကို ပိုမိုကောင်းမွန်အောင်ရေးဆွဲခဲ့၍ ဘုတ်အဖွဲ့မှ အတည်ပြုပေးခဲ့ပါသည်။

ရရန်မသေချာသော ချေးငွေ (NPL)

NPL ကော်မတီ၏ လုပ်ပိုင်ခွင့်သည် ဝန်ဆောင်မှုဆိုင်ရာ NPL movement ကို ကြီးကြပ်စောင့်ကြည့်ရန် ဖြစ်ပြီး အလားအလာကောင်းသော အကောင့်များကို ပြန်လည်သုံးသပ်ရန်၊ ချေးငွေကြိုတင်လျာထားချက် နှင့် ချေးငွေကြိုတင်လျာထားချက်ဆိုင်ရာ ခန့်မှန်းထားမှုများကို စောင့်ကြည့်ရန်တို့ ဖြစ်သည်။
NPL ကော်မတီသည် ဘဏ်၏ ရရန်မသေချာသော ချေးငွေများကို စီမံခန့်ခွဲရာတွင် မဟာဗျူဟာမြောက် အခန်းကဏ္ဍတွင်ပါဝင်ပြီး လုပ်ငန်းလည်ပတ်မှုများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ဥပဒေကြောင်း ဆိုင်ရာ ကိစ္စရပ်များနှင့် ဖြေရှင်းချက်များအပါအဝင် သင့်လျော်သော လုပ်ပိုင်ခွင့်များကို လွှဲအပ်ထားသည်။

ထုတ်ကုန်ကော်မတီ

ထုတ်ကုန် ကော်မတီ၏လုပ်ပိုင်ခွင့်မှာ ပစ္စည်းနှင့် ဝန်ဆောင်မှုအသစ်များ ထုတ်လုပ်ရာတွင် ထုတ်ကုန်၏ မူဝါဒ၊ လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေနှင့် ဈေးကွက်၏ ဝယ်လိုအားနှင့်အညီ ထုတ်လုပ်စေနိုင်ရန်ဖြစ်သည်။ ကော်မတီသည် ထုတ်ကုန်၏ လုပ်ဆောင်ချက်ကို ပြန်လည်ဆန်းစစ်ရုံသာမက လက်ရှိ ထုတ်ကုန်များအတွက် လိုအပ်သော ပြုပြင်မွမ်းမံခြင်းများကိုလည်းပြန်လည် ထည့်သွင်းစဉ်းစားပါသည်။

အကျပ်အတည်း စီမံခန့်ခွဲရေးအဖွဲ့

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ငန်းစဉ်ဆက်မပြတ် စီမံခန့်ခွဲမှု (“BCM”) မူဝါဒကို လုပ်ငန်းလည်ပတ်မှုများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကျပ်အတည်း စီမံခန့်ခွဲမှု အဖွဲ့ (“CMT”) သည် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရေး မူဘောင်

လုပ်ငန်းဆုံးရှုံးနိုင်ခြေဆိုင်ရာစီမံခန့်ခွဲရေးမူဝါဒသည် ဘဏ်၏ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစနစ်အား ခိုင်မာစွာအကောင်အထည်ဖော်နိုင်စေရန်အတွက် အဓိကမူဝါဒလိုအပ်ချက်များကို သတ်မှတ် ပြဌာန်း ထားပါ သည်။ ရိုးမဘဏ်တွင်၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသည် ဘဏ်လုပ်ငန်းအားလုံးတွင် အဓိကကျပြီး ပိုမိုကောင်း မွန်သောမြန်မာနိုင်ငံ ကိုတည်ဆောက်ရန် ကျွန်ုပ်တို့၏ရည်မှန်းချက်တွင် ဘဏ်၏ ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲရာတွင် အစဉ်သာလွန်သည့် အခွင့်ရေးများ ရစေရန် ရည်ရွယ်ပါသည်။
ရိုးမဘဏ်၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေးမူဘောင် အောက်တွင် အောက်ပါပုံတွင်ပြထားသည့်အတိုင်း Risk Management Team သည် လုပ်ငန်းနှင့် ဘဏ်ခွဲ ပံ့ပိုးကူညီမှုယူနစ်များနှင့်အတူ သက်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အခြေအနေများကို ခွဲခြားသတ်မှတ်ခြင်း၊ ဆုံးရှုံးနိုင်ခြေ နှင့် ထိန်းချုပ်မှုဆိုင်ရာ အကဲဖြတ်မှုများကို လွယ်ကူချောမွေ့စေပါသည်။ ဘဏ်သည် လက်ရှိဘဏ္ဍာရေးနှစ်တွင် လိမ်လည်မှုစီမံခန့်ခွဲမှု၊ စီးပွားရေး ဆိုင်ရာ စဉ်ဆက်မပြတ်စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုတို့ကို တိုးမြှင့် ဆောင်ရွက်ခဲ့ပါသည်။

 

  • ရိုးမဘဏ်တွင် ကျွန်ုပ်တို့၏ Customer များ၊ ဝန်ထမ်းများနှင့်ဘဏ်ကို ကာကွယ်ရန်အတွက် Customer များအား အသိပညာပေးခြင်း၊ ဝန်ထမ်းများအား အသိပညာပေးခြင်းနှင့်လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို မြှင့်တင်ပေးခြင်းတို့ကို ဦးစားပေးလုပ်ဆောင်သည့် ငွေရေးကြေးရေးဆိုင်ရာ လိမ်လည်မှု တားဆီးကာကွယ်ရေးနှင့် လျော့ချနိုင်ရေး အစီအစဉ်တစ်ရပ် ရှိပါသည်။ ရိုးမဘဏ်တွင် Customer များ၏ တိုင်ကြားချက်များကို စောင့်ကြည့်၊ မှတ်တမ်းတင်ရန်နှင့် ဖြေရှင်းရန် သီးသန့် Customer Care Centre  နှင့် ဆိုရှယ်မီဒီယာလူမှုဆက်ဆံရေးအဖွဲ့တို့နှင့် ဆုံးရှုံးနိုင်ခြေ ဖြစ်ရပ်များကို စီမံခန့်ခွဲသည့်မူ ဘောင် တစ်ခု ကို လည်း ထားရှိထားပါသည်။
  • လုပ်ငန်းစဉ်ဆက်မပြတ် စီမံခန့်ခွဲမှုသည် ကျွန်ုပ်တို့၏ Customer များအတွက် ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပေး နိုင်ရန်အတွက် အရေးပါသော အခန်းကဏ္ဍ မှ ပါဝင်လျက်ရှိပါသည်။ လုပ်ငန်းစဉ်ဆက်မပြတ် စီမံခန့်ခွဲမှု  ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရိုးမဘဏ်သည် ဝန်ဆောင်မှုများအတွက် ကြီးမားသော အနှောင့်အယှက်များ မရှိစေရေးအတွက် အကျပ်အတည်းစီမံခန့်ခွဲရေး အဖွဲ့  (Crisis Management Team) ကို ဖွဲ့စည်းထားခြင်း၊ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ မြှင့်တင်ပေးခြင်း၊ အရေးပေါ် လေ့ကျင့်မှုနှင့် tabletop လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သင်တန်းများ ပြုလုပ်ခြင်း အစရှိသည့် လုပ်ငန်းစဉ် ဆက်မပြတ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်နိုင်ရေးများကို ဆောင်ရွက်လျက်ရှိပါသည်။
  • ယခုဘဏ္ဍနှစ် အတွင်းတွင် ကနဦး သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ထား ရှိပြီးဖြစ်ပါသည်။ ထို အကဲဖြတ်ခြင်း လုပ်ငန်းစဉ်သည် ရိုးမဘဏ်၏ ဆုံးရှုံးနိုင်ခြေကာကွယ်ပေးသော ပထမလိုင်းရှိ ဘဏ်ဝန်ဆောင်မှု ပေးသည့်အဖွဲ့များကို ၎င်းတို့နှင့် သက်ဆိုင်သည့် ချေးငွေကိစ္စရပ်များတွင် သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ရာ၌ အထောက်အပံ့ပေးလျက်ရှိပါသည်။ ထို့အပြင် ၎င်းအကဲဖြတ်ခြင်း လုပ်ငန်းစဉ်သည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ခြင်း လုပ်ငန်းစဉ်၌သာမက ရိုးမဘဏ်၏ သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးမူဝါဒအပေါ် လိုက်နာဆောင်ရွက်မှုကို မြှင့်တင်ပေးပါသည်။

လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေမူဘောင် လုပ်ငန်းစဉ်

ရိုးမဘဏ်သည် မဟာဗျူဟာမြောက်စီးပွားရေးရည်မှန်းချက်များ၊လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုအပ်ချက်များ၊အစုရှယ်ယာရှင်များ၏လိုအပ်ချက်များ၊ဘဏ်အတွင်း ဆုံးရှုံးနိုင်ခြေ KPI များ၊ ထိန်းချုပ်မှုပတ်ဝန်းကျင်နှင့်ပြင်ပပတ် ဝန်းကျင်တို့ကိုထည့်သွင်းစဉ်းစားပြီး risk appetite သတ်မှတ်ခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်ခဲ့ပါ သည်။ နှစ်စဉ်သုံးသပ် ချက်ပြီးမြောက်ပြီး Risk Oversight Committee သို့အဆိုပြုပြီးဖြစ်ကာ နောက်ဆက်တွဲအနေဖြင့် Risk Appetite Statement အား ခွင့်ပြုပေးနိုင်ရန် ဘုတ်အဖွဲ့သို့ တင်ပြခဲ့သည်။

Three Lines of Defence Model

 

First Line of Defence
Risk Management
Second Line of Defence
Risk Oversight
Third Line of Defence
Independent Assurance
– Takes and manage risk exposure in accordance with the risk appetite, mandate and limits set by the Board– Ensures key risks are escalated to Board and provides oversight to ensure First Line business executed in line with the bank’s risk appetite– Provides the Board with an independent opinion about the effectiveness of Risk Management and Internal Controls
– Identifies and escalates significant emerging issues related to risk– Develops the Risk Management Framework  (policies, systems, processes, tools)– Confirms the level of compliance with regulations, and other limits and requirements as defined in the Bank’s policies

ဆက်စပ် အကြောင်းအရာများ

အဓိကကျသော ဆုံးရှုံးနိုင်ခြေများ

အဓိကကျသော ဆုံးရှုံးနိုင်ခြေများ

ဘဏ်မှချေးငွေ ချေးယူသူမှ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စည်းမျည်းစည်းကမ်:များ နှင့် တာဝန်ဝတ္တရားများအား ဆောင်ရွက်ရန်ပျက်ပြားခြင်းမှ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများ ကိုဆိုလိုပါသည်။

Read More