COVID-19 နှင့်ဆိုင်သည့် သတင်းများ
ရိုးမဘဏ်သည် Customer များနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအား ကာကွယ်ရန် ဦးစားပေး လုပ်ဆောင်လျက်ရှိပါသည်။
- ရိုးမဘဏ် ဘဏ်ခွဲများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်းများကို ပုံမှန်ပြုလုပ်ပေးနေပါသည်။
- ဝန်ထမ်းများနှင့် Customer များအသုံပြုနိုင်ရန် လက်သန့်ဆေးရည်နှင့် လက်ဆေးရန်နေရာများထားရှိပေးထားပြီး COVID-19 ရောဂါပိုးကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် လက်အား မကြာခဏဆေးပေးဖို့ အကြံပြုတိုက်တွန်းလိုပါသည်။
- လူမှုဆိုင်ရာ အကွာအဝေးထားရှိနိုင်ရန်အတွက် ငွေသွင်း၊ ငွေထုတ်ကောင်တာများတွင် မှန်များဖြင့် ကာ၍ အကာအကွယ်ပြုထားပါသည်။
- Customer များ ဘဏ်ခွဲများသို လာရောက်ရာ နှာခေါင်းစည်း မဖြစ်မနေတပ်ရန်လိုအပ်ပါသည်။
- ကျွန်ုပ်တို့၏ ဘဏ်ခွဲများအားလုံးတွင် COVID-19 ရောဂါနှင့်ပတ်သတ်သည့် ဆောင်ရန် ရှောင်ရန် အတွက် Posterများ ကပ်ထားပြီးဖြစ်ရာ နှာခေါင်းစည်းတပ်ခြင်း၊ လက်မကြာခဏဆေးခြင်း တစ်ဦးနှင့် တစ်ဦး ၂မီတာ အကွာနေခြင်းဖြင့် အချင်းချင်း ပိုးကူစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ပါသည်။
အဓိက လိုအပ်သူများအား ဦးစားပေးအကူအညီပေးနိုင်ရန် Customer များ ပူးပေါင်းကူညီနိုင်သည်။
- ရိုးမဘဏ်အနေနဲ့ မိမိတို့ Customer များအား လိုအပ်သော ငွေကြေးဝန်ဆောင်မှုအား ပေးအပ်နိုင်ရန် ဘဏ်ခွဲများအား ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
- ထို့အတူ Customer များအနေဖြင့်လည်း ဘဏ်ဝန်ဆောင်မှုများအား အရေးတကြီး လိုအပ်မှသာ ဘဏ်ခွဲများသို လာရောက်ပါရန်နှင့် ဘဏ်ခွဲများသို့လာရောက်ရာတွင် တတ်နိုင်သ၍ ကြိုတင်အကြောင်းကြား ရက်ချိန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဘဏ်ဝန်ဆောင်မှုများအား အခြားနည်းလမ်းများဖြင့်လည်း ရယူနိုင်သည်။
ရိုးမဘဏ်၏ ဘဏ်ခွဲများအား ပုံမှန် ဘဏ်ဖွင့်ချိန်အတိုင်းဖွင့်၍ Customer များအား ဝန်ဆောင်မှုပေးလျက်ရှိသောလည်း ရိုးမဘဏ်၏ Yoma Bank Mobile App (သို့)
Online Banking တို့အားအသုံးပြု၍ ငွေကြေးဝန်ဆောင်မှုများအား ရယူနိုင်သည်။ App အားရယူရန်
လင့်ခ်အားနှိပ်ပါ။
ဘဏ်ခွဲများနှင့် ATM စာရင်းအား
ဤလင့်ခ်တွင် ဝင်ရောက်ကြည့်ရူ့ နိုင်ပါသည်။ Yoma Bank Call Center သို့လည်း 9662 (Telenor & Ooredoo) သို့မဟုတ် 097 9662 9662 (operator အားလုံး) ဖြင့် နေ့စဉ် ၂၄နာရီပတ်လုံး ဆက်သွယ်နိုင်သည်။