menu

Customers များကို အားပေးကူညီခြင်း 

COVID-19 ရောဂါ ၏ သက်ရောက်မှုကို  တစ်ကမ္ဘာလုံးနှင့်အတူ ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများ သည်လည်း အနည်းနှင့်အများ ကြုံတွေ့နေရသည်ကို နားလည်ပါသည်။ ရိုးမဘဏ် Customers များ သည်လည်း အများနည်းတူ ငွေလည်ပတ်မှု အခက်အခဲများကြုံတွေ့နေရပြီး ချေးငွေပြန်လည်ပေးဆပ်ရမည့်အတွက်ပါ အခက်အခဲ ရှိနေနိုင်ပါသည်။

ရိုးမဘဏ်မှ Customer များ၏ အခြေအနေများကို နားလည်သည့်အတွက် ချေးငွေပြန်လည်ပေးဆပ်ရန် လိုအပ်နေသည့် Customer များ၏ အခက်အခဲများကို အတတ်နိုင်ဆုံး ဖြေလျှော့ပေးနိုင်အောင် ကြိုးစားလျက် ရှိပါသည်။ ထို့ကြောင့် Customer များ၏ စကားသံများ နားထောင်ကာ လိုအပ်သည်များအား ကူညီပေးလျက် ရှိပါသည်။ 


ကျွန်ုပ်တို့၏ Customers များ

ကော်ပိုရိတ်၊ SME နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ  Customers များ
၂၀၂၀ ခုနှစ် မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးစတင်ကူးစက်သည့် အချိန်မှစပြီး စီးပွားရေးလုပ်ငန်းများ ကောင်းစွာမလည်ပတ်နိုင်ဘဲ ၀င်ငွေစီးဆင်းမှုထိခိုက်နေခဲ့ပါသည်။ ရိုးမဘဏ်မှ ယင်းကဲ့သို့ အခြေအနေများကို Customers များနှင့်အတူ ကျော်လွှားနိုင်ရန်အတွက် လိုအပ်သည် ငွေကြေးအကူအညီများကို တတ်နိုင်သရွေ့ လိုအပ်သည့်နေရာ၊ လိုအပ်တဲ့ပုံစံတိုင်းကို လိုက်လံကူညီပေးဖို့ အသင့်ရှိနေပါသည်။ 
အစီအစဉ်အသေးစိတ်ကို ကြည့်ရှုရန် Customer Assist Program 


SMART Credit နှင့် SMART Credit Business Customers များ
COVID-19 ရောဂါနှင့်အတူ SMART Credit နှင့် SMART Credit Business သုံးစွဲသူများ ချေးငွေပြန်လည်ပေးဆပ်ရာတွင် အခက်အခဲဖြစ်မည်ကို သဘောပေါက်သည့်အလျောက် ၂၀၂၁ မတ်လ မှ ဧပြီလကုန်အထိ ဆိုင်းငံ အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။
SMART Credit  အစီအစဉ်အသေးစိတ်ကို ကြည့်ရှုရန် SMART Credit Program 


အိမ်ရာချေးငွေနှင့် အငှား၀ယ်ယူစနစ် Customers များ
အိမ်ရာချေးငွေ နှင့် အငှား၀ယ်ယူစနစ် ချေးငွေရယူထားသူများအနေဖြင့် COVID-19 ရောဂါကြောင့် ၀င်ငွေထိခိုက်ကာ ပြန်လည်ပေးဆပ်မှုများသည် အခက်အခဲရှိသည်ကို နားလည်သည့်အတွက် “၆လအထိ ချေးငွေပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ခြင်း” အစီအစဉ်ကို ၂၀၂၀ ခုနှစ် ဧပြီလမှ ဇွန်လအထိ လျှောက်ထားမှုများကို လက်ခံအတည်ပြုပေးခဲ့ပါသည်။ ယင်း အစီအစဉ်သည် Customers များ၏ အခက်အခဲများ လျော့ပါးသွားစေခဲ့ပါသည်။ 
အစီအစဉ်အသေးစိတ်ကို ကြည့်ရှုရန် Loan Deferral Program