ကျွန်ုပ်တို့၏ ဝန်ထမ်းများအတွက် ရပ်တည်ခြင်း
COVID-19 ကပ်ရောဂါအတွက် မဟာဗျူဟာမြောက် ပြင်ဆင်မှုနှင့် တုံ့ပြန်မှုများ
COVID-19 ကမ္ဘာ့ကပ်ရောဂါသည် စီးပွားရေး လုပ်ငန်းများကို ကြီးမားပြင်းထန်စွာ ပိတ်ဆို့ တားဆီးထားခဲ့ပြီး ကမ္ဘာအနှံ့တွင်လည်း ခြိမ်းခြောက်မှုများကို ဆက်လက် ဖန်တီးလျက် ရှိပါသည်။ ၂၀၂၁ ခုနှစ် ဇွန်လတွင်စတင်ဖြစ်ပွားခဲ့သော COVID-19 တတိယလှိုင်းသည် တိုင်းပြည်အတွက် ထိခိုက်အားလျော့စေခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသည်။ “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်ရန်” ဆိုသည့် ရိုးမဘဏ်၏ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိရန်အတွက် ဝန်ထမ်းများ၏ ကျန်းမာသုခပြည့်စုံပြီး ဘေးအန္တရာယ် ကင်းရှင်းရေးသည် အရေးအကြီးဆုံး ဖြစ်သည်နှင့်အညီ ရိုးမဘဏ်သည် လုပ်ငန်းခွင်အတွင်း ကြိုတင်ကာကွယ်မှုများကို စဉ်ဆက်မပြတ် ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအတွက် ကူညီပံ့ပိုးမှုများကိုလည်း လုပ်ဆောင်ပေးလျက် ရှိပါသည်။
COVID အကျပ်အတည်း တုံ့ပြန်ရေးအဖွဲ့ (COVID Crisis Response Team – CCR Team)
keyboard_arrow_down
အကန့်အသတ်များစွာ ရှိနေသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့်
ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ဆိုးရွားစွာ ပြတ်တောက်
မလောက်ငမှုတို့ကြောင့် မြန်မာနိုင်ငံ၏ ပြည်သူလူထုအပေါ် COVID-19
တတိယလှိုင်း၏ ရိုက်ခတ်မှုသည် အလွန်ပြင်းထန် ဆိုးရွားခဲ့ပါသည်။ ထိုသို့သော
ထိတ်လန့်ကြောက်မက်ဖွယ်ရာ အခြေအနေတွင် ရိုးမဘဏ်၏ ဝန်ထမ်းများကို
ပံ့ပိုးကူညီနိုင်ရန် ဘဏ်အနေဖြင့် ဆေးပညာရှင်ဆရာဝန် ၅ ဦးပါဝင်သော COVID
အကျပ်အတည်း တုံ့ပြန်ရေးအဖွဲ့ (COVID Crisis Response Team – CCR Team) ကို
ဖွဲ့စည်းခြင်း အပါအဝင် အရေးပါသော ထပ်တိုးပံ့ပိုးကူညီမှု အစီအစဉ်များကို
လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ကပ်ရောဂါ၏ သက်ရောက်မှုကို
ခံစားရသော ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများအား အချိန်နှင့်တစ်ပြေးညီ
ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် COVID အကျပ်အတည်း
တုံ့ပြန်ရေးအဖွဲ့ (CCR Team) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စတင်
ဖွဲ့စည်းခဲ့ပါသည်။ COVID အကျပ်အတည်း တုံ့ပြန်ရေးအဖွဲ့သည် ဝန်ထမ်းများအား
ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ကျန်းမာသုခ ရှိစေရေးကို
အလေးထား၍ ကျန်းမာရေးနှင့် သက်ဆိုင်သည့် မည်သို့သော
အကြောင်းကိစ္စရပ်မျိုးကို မဆို ပံ့ပိုးကူညီပေးရန် ရည်ရွယ်ပါသည်။
အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မှု အကြံဉာဏ်များ ပေးခြင်း
(virtual medical consultation)၊ အိမ်တိုင်ရာရောက် ဆေးညွှန်းများ
ပို့ပေးခြင်း (သို့မဟုတ်) အားပေးစကားပြောကြားခြင်း တို့ကို
ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများနှင့် သူတို့၏ မိသားစုများကို CCR Team မှ
ပံ့ပိုး ကူညီပေးလျက် ရှိပါသည်။ ဝန်ထမ်းများ ကြုံတွေ့နေရသော
သတင်းဖောင်းပွမှုကို ဖြေရှင်းရန် အတွက်လည်း CCR အဖွဲ့သည် ကျန်းမာရေးဆိုင်ရာ
အသိပညာပေး လှုပ်ရှားမှုများကို ပန်းလှိုင်ဆေးရုံနှင့် ပူးပေါင်း၍
အွန်လိုင်းဟောပြောပွဲများ (webinars) မှတစ်ဆင့် ဆွေးနွေးပညာပေးမှုများ
ကိုလည်း ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
Prudential အာမခံ၏ လွှမ်းခြုံမှု
keyboard_arrow_down
ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်
ဘေးအန္တရာယ်ကင်းမှုသည် ဦးစားပေးဖြစ်ရန် ရိုးမဘဏ်မှ အစဉ်မပြတ် အားထုတ်မှု၏
တစ်စိတ်တစ်ပိုင်းအနေဖြင့် COVID ရောဂါ ကူးစက်မှုအတွက် ပါဝင်သော Prudential
Group အသက်အာမခံကို ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်အတွက်
ပြန်လည်သက်တမ်းတိုးခဲ့ပြီး မန်နေဂျာအဆင့်နှင့် အထက် ဝန်ထမ်းပေါင်း ၂၉၀ ခန့်
အတွက်ကိုလည်း ထပ်ဆောင်း ကျန်းမာရေး အာမခံကို ဝယ်ယူခဲ့ပါသည်။ ဝန်ထမ်းများ
အနေဖြင့်လည်း မိသားစုဝင်များနှင့် ချစ်ခင်ရသူများအား ကြိုတင်မသိနိုင်သော
ကိစ္စရပ်များကြောင့် ကြုံတွေ့လာရနိုင်သည့် ဘဏ္ဍာရေး စိန်ခေါ်မှုများမှ
ဤကဲ့သို့ လွှမ်းခြုံကာကွယ်ထားပြီး ဖြစ်သည့်အတွက် စိတ်အေးချမ်းစွာ
နေနိုင်ကြလိမ့်မည် ဖြစ်ပါသည်။ ယနေ့အထိ Prudential အနေဖြင့် ရိုးမဘဏ်၏
မိသားစု ၉၂ စု ထံသို့ အာမခံကြေး မြန်မာကျပ်ငွေ ၉၂.၂၅ မီလီယံကို
ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
Oxygen Concentrators များ ဝယ်ယူမှု
keyboard_arrow_down
ရိုးမဘဏ်အနေဖြင့် ဘဏ်၏ ဝန်ထမ်းများကို
ကာကွယ်ခြင်းသည် ရည်မှန်းချက်များ ပြည့်မီနိုင်ရန်နှင့် Customer များအား
ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် အလွန်အရေးကြီးသည်ဟု
ယုံကြည်ပါသည်။ COVID ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားနေချိန်အတွင်း
ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အောက်ဆီဂျင် အခက်အခဲများကြောင့်
ရိုးမဘဏ်သည် ဝန်ထမ်းများ အတွက်လည်း oxygen concentrators များ ဝယ်ယူရန်
လိုအပ်ခဲ့ပါသည်။ ဘဏ်အနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ လိုအပ်မှု ရှိနေသော
ဝန်ထမ်းများ ငှားရမ်းနိုင်ရန်အတွက် oxygen concentrators အလုံးပေါင်း ၃၀
ကို ဝယ်ယူခဲ့ပါသည်။ ပန်းလှိုင်ဆေးရုံသည်လည်း ထိုစက်ပစ္စည်းများကို
ထိန်းသိမ်းရန်၊ စောင့်ရှောက်ရန်တို့အတွက် ပံ့ပိုးကူညီမှု ပေးခဲ့ပါသည်။
ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်
keyboard_arrow_down
ရိုးမဘဏ်အနေဖြင့် ကျွန်ုပ်တို့၏ လက်ရှိ ဖော်ဆောင်လျက်ရှိသော “We
Care” ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု အစီအစဉ် (“We
Care” CSR program) ၏ အစိတ်အပိုင်းအဖြစ် ဝန်ထမ်းများအတွက်
ရင်းနှီးမြှုပ်နှံခြင်းနှင့် ပံ့ပိုးကူညီမှုတို့ကို ဆက်လက် လုပ်ဆောင်လျက်
ရှိပါသည်။ ရိုးမဘဏ်သည် ဝန်ထမ်းများ အားလုံးအတွက် အခမဲ့နှင့် ဝန်ထမ်းများ၏
မိသားစုဝင်များအတွက် သင့်တင့်သော နှုန်းဖြင့် ကာကွယ်ဆေးထိုးနှံနိုင်သော
COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ နောက်ဆုံး
ရက်သတ္တပတ်တွင် စတင်ခဲ့ပါသည်။ ဤ အစီအစဉ်အောက်တွင် ဘဏ်၏ ဝန်ထမ်းများအနေဖြင့်
မိသားစုဝင် အရေအတွက် အကန့်အသတ်မရှိ စာရင်းပေးသွင်းနိုင်ပြီး ဝင်ငွေနည်း
ဝန်ထမ်းများ၏ မိသားစုဝင် ၂ ဦးအထိကို ဘဏ်မှ အခမဲ့ ကာကွယ်ဆေး
ထိုးနှံပေးခဲ့ပါသည်။ ငွေကြေး အခက်အခဲရှိသော ဝန်ထမ်းများအတွက်လည်း သူတို့၏
မိသားစုဝင်များအတွက် ကာကွယ်ဆေးများ ရရှိနိုင်စေရန် ကာကွယ်ဆေး လှူဒါန်းခြင်း
(Vaccine Donation) နှင့် အရေးပေါ် ချေးငွေထုတ်ပေးခြင်း (Emergency Cash
Loan) အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်
ဒီဇင်ဘာလအထိ ရိုးမဘဏ် ဝန်ထမ်းအားလုံး၏ ၉၂% ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး
ဖြစ်ပါသည်။