ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း

New & Activities > CSR

ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း

New & Activities > CSR

ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း

14 August 2021CSR

1 Min Read

ရိုးမဘဏ်အနေဖြင့် ကျွန်ုပ်တို့၏ လက်ရှိဖော်ဆောင်လျက်ရှိသော “We Care” ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝန်ထမ်းများအတွက် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပံ့ပိုးကူညီခြင်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ ရိုးမဘဏ်သည် ဝန်ထမ်းများအားလုံးအတွက် COVID-19 ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း နှင့် ဝန်ထမ်းများ၏ မိသားစုဝင်များအတွက် သင့်တင့်လျောက်ပတ်သောနှုန်းထားဖြင့် ထိုးနှံပေးခြင်း အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ နောက်ဆုံးရက်သတ္တပတ်တွင် စတင်ခဲ့ပါသည်။ 

ငွေကြေးအခက်အခဲရှိသော ဝန်ထမ်းများအတွက်လည်း သူတို့၏မိသားစုဝင် များအတွက် ကာကွယ်ဆေးများ ရရှိနိုင်စေရန် “ကာကွယ်ဆေး လှူဒါန်းခြင်း (Vaccine Donation)” နှင့် “အတိုးမဲ့ အရေးပေါ်ချေးငွေ ထုတ်ပေးခြင်း (No interest – Emergency Cash Loan)” အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ရိုးမဘဏ်ဝန်ထမ်း၏ ၉၂ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖြစ်ပါသည်။ 

Share this news on