ကမ္ဘောဇဘဏ် နှင့် ရိုးမဘဏ် တို့သည် မြန်မာနိုင်ငံ၏ ပထမဆုံး မှတ်ကျောက်တင်မည့် REPURCHASE AGREEMENT (REPO) တွင် စတင်ပါဝင်
1 Min Read
ရန်ကုန်၊ မြန်မာ၊၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ရက် – မြန်မာနိုင်ငံ၏ ပထမဆုံး RepoSettlement ရောင်းဝယ်မှုတွင် ရိုးမဘဏ်နှင့် ကမ္ဘောဇဘဏ်တို့က စတင်ပါဝင်နိုင်ခဲ့ပြီဖြစ်သည်။
ပြန်လည်ဝယ်ယူမှု သဘောတူညီချက် Repurchase Agreement (Repo) သို့မဟုတ် Securities Lending သည် အစိုးရငွေချေးသက်သေခံ လက်မှတ် ရောင်းဝယ်ခွင့်ရသူများ/လက်ဝယ်ပိုင်ဆိုင်သူများ အတွက် ကာလတို ချေးယူမှုပုံစံ ဖြစ်သည်။ ငွေချေးသက်သေခံ လက်မှတ်ရောင်းချခြင်းနှင့် အနာဂတ်တွင် ပြန်လည်ဝယ်ယူရန် သဘောတူညီခြင်းကို Repo ဟုခေါ်ပါသည်။ Dealer သည် အစိုးရ ငွေချေးသက်သေခံလက်မှတ်များကို အခြားတစ်ဦးထံသို့ ကာလတိုအတွက် ရောင်းချနိုင်ပြီး သဘောတူထားသည့် သတ်မှတ်ရက်တွင် ပြန်လည် ဝယ်ယူနိုင်သည်။ ဝယ်ယူသူမှလည်း ၎င်းဝယ်ယူထားသည့် ငွေချေးသက်သေခံလက်မှတ်များကို အနာဂတ်တွင် ရောင်းချသူထံ ပြန်လည်ရောင်းချရန် သဘောတူညီပြီး ဖြစ်သည့်အတွက် ယင်းသည် တစ်ကျော့ပြန် ပြန်လည် ဝယ်ယူမှု သဘောတူညီချက် ဖြစ်သည်။
ရိုးမဘဏ်နှင့် ကမ္ဘောဇဘဏ်တို့သည် CBM Net မှတစ်ဆင့် ယင်းအရောင်းအဝယ်တွင် ပါဝင်သော ငွေပေးချေမှုအား ပထမဆုံး အရောင်းအဝယ်အဖြစ် ငွေကျပ် သန်း(၁၀၀၀) ကို Overnight ဖြင့်လည်းကောင်း၊ ငွေကျပ် သန်း(၅၀၀) ကို သီတင်းပတ် (၁)ပတ်တာကာလဖြင့် လည်းကောင်း အသီးသီးဖြင့် စမ်းသပ်ပြီး ဖြစ်သည်။ CBM Net သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းရှင်းလင်းမှုနှင့် ငွေပေးချေမှုစနစ်သစ်ဖြစ်ပြီး Real-time gross settlement system (RTGS) နှင့်အတူ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍကို ပံ့ပိုးပေးနေခြင်းဖြစ်သည်။
ကမ္ဘောဇဘဏ်လီမိတက် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းဌာန၏ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းလွင်က “RepoTrade များကို စတင်ခြင်းသည် မြန်မာ့ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဈေးကွက် တိုးတက်မှုအတွက် မှတ်ကျောက်တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်ကျွန်တော်တို့၏ ပြည်တွင်းမိတ်ဖက် ဘဏ်တစ်ခုဖြစ်သည့် ရိုးမဘဏ်တို့၏ ကူညီပူးပေါင်းမှုကြောင့် မြန်မာ့ဘဏ္ဍာရေး ဈေးကွက်တွင် interbank lending transaction များအတွက် ငွေရေးကြေးရေး စီးဆင်းလွယ်ကူမှု (liquidity) နှင့် တစ်မူထူးခြားသည့် ရင်းနှီးမြှုပ်နှံမှုပုံစံသစ်ကို စတင်လုပ်ဆောင်ခွင့် ရရှိလာမည် ဖြစ်သဖြင့် အလွန် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၏ အရာထမ်းဝန်ထမ်းများအား ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အားလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ Repoများသည် လက်ရှိ ငွေကြေးဈေးကွက်ဖြင့် နှိုင်းယှဉ်လျှင် ပိုမိုကျယ်ပြန့်သည့်အခန်းကဏ္ဍများပါဝင်လာမည် ဖြစ်ပါကြောင်း၊ Repo၏ စည်းမျဉ်းစည်းကမ်းများကိုလည်း (Cash Flow) အပြောင်းအလဲပေါ် မူတည်၍ တိုးနိုင်လျော့နိုင်မည် ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။ ထို့အပြင် Repo သည် Future Derivative များဖြစ်သော
Hedge ၊ Arbitrage နှင့် Interest Rate SWAP သို့မဟုတ် Bond Future ကဲ့သို့သော နည်းလမ်းများဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ယခုကဲ့သို့ ဘဏ္ဍာရေး ကဏ္ဍဖွံ့ဖြိုးလာမှုကို ရိုးမဘဏ်၏ ဘဏ္ဍာရေးအရာရှိချုပ် Vijay Maheshwari မှလည်း “မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး လုပ်ငန်းနယ်ပယ်စနစ်တွင် သိသာထင်ရှားသည့် ဖွံ့ဖြိုးမှုတစ်ရပ်ဖြစ်ပါကြောင်း၊ ကျွန်တော်တို့ ရိုးမဘဏ်အနေဖြင့် ယခုကဲ့သို့ ပထမဆုံး ရောင်းဝယ်မှုမှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါသည်။ Repo သည် မြန်မာနိုင်ငံတွင် အားကောင်းတဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ပေါ်ထွက်လာရန် အရေးကြီးသည့်ကိရိယာတစ်ခုဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် Repo သည် ငွေရေးကြေးရေးစနစ်အတွင်း ထိရောက်သည့်ငွေသားလည်ပတ်စီး ဆင်းမှု ဖြစ်လာစေရန် ဦးတည်ပေးနိုင်သောကြောင့် ဖြစ်ပါကြောင်း၊ စမ်းသပ်ရောင်းဝယ်မှု အကောင်အထည်ဖော်ဖြစ်မြောက်ရန်နှင့် စီစဉ်ဆောင်ရွက်ရန် ကမ္ဘောဇဘဏ်နှင့် ရိုးမဘဏ်တို့၏ Treasury Team တို့မှ အတူတကွ ကြိုးစားခဲ့နိုင်ခြင်းကြောင့် သိသာထင်ရှားသည့် အောင်မြင်မှုတစ်ရပ် ဖြစ်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဘဏ်များစွာ အနက် ယခုကဲ့သို့ အရောင်းအဝယ်ပြုလုပ်ခွင့်ရစေရန် လမ်းညွှန်ပေးခဲ့သော လိုအပ်ချက်များအား ကူညီထောက်ပံ့ပေးခဲ့သည့် ဗဟိုဘဏ်ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း” ပြောကြားခဲ့ပါသည်။