ရိုးမဘဏ်က ဘဏ္ဍာရေးအရာရှိချုပ်အသစ် ခန့်အပ်လိုက်ခြင်း
1 Min Read
၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၆ရက်၊ ရန်ကုန်မြို့ ။ ။ ရိုးမဘဏ်ကဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်အဖြစ် Mr Vijay Maheshwari ကိုစက်တင်ဘာ၁ရက်မှစတင်ခန့်အပ်လိုက်ပြီဖြစ်သည်။ Mr Vijay သည်လူသိများ ထင်ရှားသည့် Standard Chartered Bank နှင့် အိန္ဒိယ၊ဟောင်ကောင်၊စင်ကာပူ၊ကိုရီးယား၊အင်ဒိုနီးရှား၊ဗီယက်နမ်၊အင်္ဂလန်စသည်နိုင်ငံများရှိ ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်းများတွင်ဘဏ္ဍာရေးအရာရှိချုပ် (Chief Financial Officer) အဖြစ်၁၀နှစ်ကျော်တာ ဝန်ထမ်းဆောင်ခဲ့သည့်အတွေ့ အကြုံရှိသူတစ်ယောက်ဖြစ်သည်။
ဘဏ္ဍာရေး၊လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း၊ကော်ပိုရိတ်အုပ်ချုပ်ရေး၊စီးပွားရေးဦးဆောင်မှုစသည့်နယ်ပယ်များတွင်အတွေ့အကြုံကောင်းများစွာရရှိထားသည့် Mr Vijay နှင့်လက်တွဲလုပ်ကိုင်ခွင့်ရသည့်အတွက်ရိုးမဘဏ်အနေဖြင့်အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။
“Mr Vijay နဲ့ အခုလိုလက်တွဲအလုပ်လုပ်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာမိပါတယ်။ဗီယက်နမ်၊အင်ဒိုနီးရှားနဲ့တခြားအရှေ့တောင်အာရှနိုင်ငံတွေအပြင်စင်ကာပူရှိ Standard Chartered Bank မှာသူ့ရဲ့နှစ်ပေါင်းများစွာသောအတွေ့အကြုံတွေ ဟာရိုးမဘဏ်ကိုအခုထက်ပိုပြီးတိုးတက်အောင်မြင်မှုတွေထပ်မံရရှိလာအောင်ပံ့ ပိုးပေးနိုင်မှာဖြစ်ပါတယ်” ဟုရိုးမဘဏ်၏ Special Advisor to the Chairman and CEOဖြစ်သူ Mr Hal Bosher ကပြောကြားခဲ့သည်။
“အခုလိုပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာရိုးမဘဏ်နဲ့အတူလက်တွဲအလုပ်လုပ်ရတာစိတ်လှုပ်ရှားမိပါတယ်။ ရိုးမဘဏ်ဟာအနာဂတ်မှာအောင်မြင်မှုတွေပိုမိုရရှိအောင်အများကြီးလုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါ တယ်” ဟု Mr Vijay ကပြောကြားခဲ့သည်။
Mr Vijay သည် Oxford Business ကျောင်းတွင်တက်ရောက်ခဲ့ဖူးပြီး Institute of Chartered Accountants of India တွင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

