ရိုးမဘဏ်သည် Oracle Solution ကို အသုံးချ၍ ဒီဂျစ်တယ်ပြောင်းလဲမှုသို့ ဦးတည်
1 Min Read
မြန်မာနိုင်ငံရှိ ဘဏ်များအနက်မှ အနာဂတ်အတွက်ကြိုတင် ပြင်ဆင်မှုအရှိဆုံးဘဏ် ဖြစ်သော ရိုးမဘဏ်သည် အချက်အလက်များကို စနစ်တကျသုတေသနပြုလုပ်နိုင်ရန်အတွက် Oracle ကိုရွေးချယ်လက်တွဲ
ရန်ကုန်၊ မြန်မာ။ ။ ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၉ ခုနှစ် – ရိုးမဘဏ်သည် Oracle solution ကို အသုံးပြု၍ အချက်အလက်များ ကိုပေါင်းစပ် သုတေသန ပြုလုပ်နိုင်သည့် စနစ် လုပ်ဆောင်မည်ဟု ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ Oracle solution ကို အသုံးပြုခြင်းဖြင့် ဘဏ်ဝန်ထမ်းများသည် အချက်အလက်များကို အလွယ်တကူ အသုံးချနိုင်စေရန် နှင့် စီမံခန့်ခွဲသူများသည်လည်း စနစ်တကျပြုစုထားသည့် အချက်အလက်များ အပေါ်အခြေခံသော ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဘဏ်များအနက်မှ အနာဂတ်အတွက်ကြိုတင် ပြင်ဆင်မှုအရှိဆုံးဘဏ် ဖြစ်သော ရိုးမဘဏ်သည် ဒီဂျစ်အသုံးချမှုတွင် ရှေ့ပြေးအောင်မြင်မည့် ဘဏ်တစ်ဘဏ်ဖြစ်ပြီး အချက်အလက်များကို သုတေသန ပြုလုပ်၍ စီမံခန့်ခွဲနိုင်မှုသည် အောင်မြင်မှုအတွက် အဓိက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ယုံကြည်ထားသည်။
“ရိုးမဘဏ် Customer တွေရဲ့ လိုအပ်ချက်တွေကို နားလည်နိုင်စေဖို့ အချက်အလက် သုတေသနပြု စီမံခန့်ခွဲမှုဟာ ဘဏ်အတွက် တကယ်မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ဒီ Oracle analytics solution က ရိုးမဘဏ်ရဲ့ အချက်အလက်စီမံခန့်ခွဲမှု အရည်အသွေးကို ပိုကောင်းလာအောင် မြင့်တင်ပေးနိုင်မှာဖြစ်ပြီး အကောင်းဆုံး နည်းဗျူဟာကျကျ ဆုံးဖြတ်ချက်တွေ ကို ယုံကြည်မှုရှိစွာ ချမှတ်နိုင်အောင် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ Oracle ဟာ နည်းပညာပိုင်း ကျွမ်းကျင်မှုမှာ ကမ္ဘာ့အသိအမှတ်ပြု အမှတ်တံဆိပ်ဖြစ်တဲ့အပြင် အချက်အလက်သုတေသနနဲ့ စီမံခန့်ခွဲမှုပိုင်းမှာ သမိုင်း အစဉ်အလာရှိပြီး ယုံကြည်စိတ်ချရမှု တွေကြောင့် ရိုးမဘဏ်က Oracle ကိုရွေးချယ်အသုံးပြုတာ ဖြစ်ပါတယ်” ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Hal Bosher က ပြောသည်။
ရိုးမဘဏ်သည် ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်၍ ရုံးတွင်းအချက်အလက်များ လုပ်ဆောင် အသုံးပြုမှု ၊ စီမံခန့်ခွဲမှုများအတွက် Oracle ၏ နည်းပညာ ကို အသုံးပြုသွားမည် ဖြစ်သည်။ ထို့အပြင် ရိုးမဘဏ်သည် ၎င်း၏ နည်းပညာ အသုံးချ စီမံခန့်ခွဲမှု နှင့် လုံခြုံရေးအတွက် အထောက်အကူပြုနိုင်ရန် Oracle Infrastructure as a Service (IaaS) ကို အသုံးချလုပ်ဆောင်သွားမည် ဖြစ်သည်။ ရိုးမဘဏ်သည် Oracle platform ပေါ်တွင် အချက်အလက် သိုလှောင်ကန်စနစ် (Data Lake) အကောင်အထည်ဖော်မှုများ အပါအဝင် ဘဏ်၏ အချက်အလက်များစွာကို အချိန်နှင့်အမျှ သိမ်းဆည်းလုပ်ဆောင်သွားမည် ဖြစ်သည်။
“ အချက်အလက်နဲ့ အချက်အလက်စီမံခန့်ခွဲမှုဆိုတာ Oracle ရဲ့ cloud solution လုပ်ဆောင်မှုတွေထဲက အဓိကကျတဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။ ယနေ့စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်အရ အဆင့်မြင့် အချက်အလက် စီမံခန့်ခွဲမှု ပုံစံကို ရုံးတွေမှာ ထိရောက်စွာ အသုံးပြုနိုင်ဖို့ နဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ဖန်တီးတဲ့အခါ ပိုမိုတိကျတဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ဆောင်နိုင်ဖို့ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းမှာ ပထမဆုံး စတင်လုပ်ဆောင်တဲ့ ရှေ့ပြေးဆန်းသစ်မှု တစ်ခုဖြစ်တဲ့အတွက် ရိုးမဘဏ် နဲ့ အတူ လက်တွဲ အလုပ်လုပ်ဖို့ Oracle က စိတ်လှုပ်ရှားလျက်ရှိပါတယ်။” ဟု Oracle ASEAN ၏ Regional Managing Director ဖြစ်သူ Mr. Cherian Varghese က ပြောသည်။
Oracle cloud solutions နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက https://www.oracle.com/cloud/index.html တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Oracle အကြောင်း
Oracle Cloud သည် ERP, HCM , CX အပါအဝင် အကောင်းဆုံး Database Platform ဖြစ်သော Sevice (PaaS) နှင့် အမေရိက ၊ ဥရောပ နှင့် အာရှရှိ အချက်အလက် စင်တာများမှ ကွန်ယက် Sevice (IaaS) တို့ကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ Oracle (NYSE: ORCL) နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက oracle.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အမှတ်တံဆိပ်: Oracle နှင့် Java သည် Oracle ၏ တရားဝင်စာရင်းသွင်းထားသော အမှတ်တံဆိပ်ဖြစ်သည်။ အခြားသော အမည်များမှာ အခြားသော အဖွဲ့အစည်းများ၏ ကုန်အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။