Flexi Everydayငွေစု ရွှေဆု" ဆိုတာ ဘာလဲ။

“ငွေစု ရွှေဆု” အထူးအခွင့်အရေး အစီအစဥ်သည် ရိုးမဘဏ်တွင် ငွေစုသော Flexi Everyday စာရင်းရှင်စာရင်း Customer များ အားလုံးအတွက် လစဥ် ရွှေဆုများ ရရှိနိုင်မည့် ဆုရွေးချယ်ပွဲမှတစ်ဆင့် ရွှေ ၅ ကျပ်သား၊ ရွှေ ၃ ကျပ်သားနှင့် ရွှေ ၂ ကျပ်သား ဆုကြီးများအပြင် အခြား ရွှေဆုပေါင်းများစွာ ရရှိနိုင်မည့် အခွင့်အရေးရှိသော အစီအစဉ်တစ်ခု ဖြစ်ပါသည်။

လစဉ် ဆုရွေးချယ်ပွဲတွင် ပေးအပ်မည့်ဆုများ

ဖေဖော်ဝါရီလမှစ၍ လတစ်လ၏ (၂၅)ရက် အတွင်း Flexi Everyday စာရင်းရှင်စာရင်း တွင် ထိုတစ်လလုံးစာကို ပျှမ်းမျှတွက်ချက်လျှင် သတ်မှတ်ထားသည့်ပမာဏ (၃၀၀,၀၀၀) ကျပ် ရှိပါက လစဉ် ဆုရွေးချယ်မှုတွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။ ပေးအပ်မည့် ဆုများမှာ -

ရွှေ ၅ ကျပ်သား

ပထမဆု

ရွှေ ၅ ကျပ်သား ( ၁ဆု )

ရွှေ ၃ ကျပ်သား

ဒုတိယဆု

ရွှေ ၃ ကျပ်သား ( ၁ဆု )

ရွှေ ၂ ကျပ်သား

တတိယဆု

ရွှေ ၂ ကျပ်သား ( ၁ဆု )

နှစ်သိမ့်ဆုပေါင်းများစွာ

နှစ်သိမ့်ဆုပေါင်းများစွာ

လစဥ် “ငွေစု ရွှေဆု" အထူးအခွင့်အရေးတွင် ပါဝင်နိုင်ရန် လိုအပ်ချက်များ

  • ဖေဖော်ဝါရီလမှစ၍ တစ်လအတွင်းရက်ကန့်သတ်ထားခြင်းမရှိဘဲ (၂၅) ရက်ဖြင့်သာ တွက်ချက်ပြီး Flexi Everyday စာရင်းရှင်စာရင်း တွင် နေ့စဉ်အနည်းဆုံး စာရင်းလက်ကျန်ငွေ (၃) သိန်းကျပ် ထားရှိ၍လည်းကောင်း၊ စိတ်ကြိုက်လိုအပ်သလို ငွေသွင်း/ငွေထုတ် ပြုလုပ်ပြီး တစ်လရှိ နေ့စဉ်အပ်ငွေကိုတွက်ချက်၍ စုစုပေါင်းပျမ်းမျှအပ်ငွေ (၃) သိန်းကျပ် ရှိလျှင်လည်းကောင်း ပါဝင်နိုင်ပါသည်။
  • ဆု‌ရွေးချယ်မှု ပါဝင်ရန်အတွက် စစ်ဆေးသွားမည့်ပုံစံမှာ လတစ်လ (၂၅ ရက်) ၏ စုစုပေါင်းနေ့စဉ်အပ်ငွေများကို ၂၅ရက်ဖြင့် ပျမ်းမျှတွက်ချက်ပြီး ရလာသည့် စုစုပေါင်းပျမ်းမျှအပ်ငွေသည် (၃) သိန်းကျပ် ရှိနေပါက ဆုရွေးချယ်မှု အစီအစဉ်တွင် ပါဝင်သွားမည် ဖြစ်ပါသည်။
  • ထိုစုစုပေါင်းပျမ်းမျှအပ်ငွေသည် (၃) သိန်းကျပ်သည် ဆု‌ရွေးချယ်မှုတွင် ပါဝင်နိုင်သည့် လက်မှတ် (၁)စောင်နှုန်း ဖြင့်လည်း ညီမျှပါသည်။
  • လတစ်လအတွက် စုစုပေါင်းပျမ်းမျှအပ်ငွေ (၃) သိန်းညီမျှသည့်လက်မှတ် (၁) စောင်ရရန် -
    • (၂၅) ရက်အတွင်း အနည်းဆုံး နေ့စဉ်စာရင်းလက်ကျန်ငွေ (၃) သိန်းကျပ် ထားရှိရပါမည်။
    • (၁) ရက်သာ အပ်နှံဖြစ်ပါက တစ်လ၏ စုစုပေါင်းအပ်ငွေကို (၂၅) ရက်ဖြင့် ပျမ်းမျှတွက်ချက်မည် ဖြစ်သောကြောင့် (၇၅) သိန်းကျပ် အပ်နှံထားရှိရမည် ဖြစ်ပါသည်။
  • တစ်လတွင် စုစုပေါင်း ပျမ်းမျှအပ်ငွေကျပ် (၃) သိန်းရှိတိုင်း လက်မှတ်တစ်စောင်နှင့် ညီမျှသော အခွင့်အရေး တစ်ခု ရရှိမည်ဖြစ်ပြီး အပ်ငွေတိုး၍ ရက်များများ အပ်နှံထားသည်နှင့်အမျှ အရွေးချယ်ခံရမည့် အခွင့်အရေး၊ အလားအလာ ရာခိုင်နှုန်း မြင့်တက်လာမည် ဖြစ်ပါသည်။
  • Flexi Everyday စာရင်းရှင်စာရင်း ရှိပြီးသားသူများ (သို့) ဘဏ်ခွဲတွင် ငွေသားအပ်နှံကာ Flexi Everyday စာရင်းရှင်စာရင်း အသစ်ဖွင့်၍ ပါဝင်နိုင်ပါသည်။
  • Yoma Bank Mobile Banking App အသုံးပြုပြီး Flexi ခေါ်ယူအပ်ငွေစာရင်းမှ Flexi Everyday စာရင်းရှင်စာရင်းသို့ ငွေလွှဲ၍ ပါဝင်နိုင်ပါသည်။

ငွေစု ရွှေဆု" အထူးအခွင့်အရေး အစီအစဉ်ကာလ

အစီအစဉ် ကာလ | ကံထူးရှင် ကြေညာပေးမည့် ကာလ


ဒီဇင်ဘာလ | ဇန်နဝါရီလ ၆ ရက်နေ့
ဇန်နဝါရီလ | ဖေဖော်ဝါရီလ ၆ ရက်နေ့
ဖေဖော်ဝါရီလ | မတ်လ ၆ ရက်နေ့
မတ်လ | ဧပြီလ ၆ ရက်နေ့

Flexi Everyday စာရင်းရှင်စာရင်း ဖွင့်ရန် လိုအပ်ချက်များ

  • အနည်းဆုံးအသက် (၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။
  • မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။

Flexi Everyday စာရင်းရှင်စာရင်း နှင့် Flexi Everyday MPU Debit Card

Flexi Everyday စာရင်းရှင်စာရင်း ဖွင့်သည်နှင့် တစ်ပြိုင်နက် Flexi Everyday MPU Debit Card ပါ ရရှိမည် ဖြစ်ပြီး Yoma Bank Mobile Application App တွင်လည်း ကြည့်ရှုအသုံးပြုနိုင်ပါသည်။ 

စည်းမျဥ်းစည်းကမ်းများ

  • ရိုးမဘဏ်၏ ငွေစုရွှေဆု အထူးအခွင့်အရေး အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပါသည်။
  • ဤအစီအစဉ်တွင် Customer များအနေဖြင့် ပါဝင်နိုင်ရန်အတွက် ရိုးမဘဏ်၏ Flexi Everyday စာရင်းရှင်စာရင်း ရှိထားရပါမည်။
  • တစ်ဦးချင်းစာရင်း (Personal Account) ဖြင့်သာ ဤအစီစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီပိုင်စာရင်း (Enterprise ID)၊ ပူးတွဲစာရင်း (Joint Account) ဖြင့် ပါဝင်နိုင်မည် မဟုတ်ပါ။
  • ဖေဖော်ဝါရီလမှစ၍ တစ်လအတွင်း ရက်ကန့်သတ်ထားခြင်းမရှိဘဲ တစ်လကို (၂၅) ရက်ဖြင့်သာ တွက်ချက်ပြီး Flexi Everyday စာရင်းရှင်စာရင်း တွင် ထိုလ၏ နေ့စဥ်စာရင်း လက်ကျန်ငွေ (End of Day Balance) များအားပေါင်းကာ (၂၅) ရက်ဖြင့် စားလျှင် စုစုပေါင်းပျမ်းမျှအပ်ငွေ (၃၀၀,၀၀၀) ကျပ် ရှိနေပါက ဆုရွေးချယ်မှု အစီအစဥ်တွင် ပါ၀င်သွားမည် ဖြစ်ပါသည်။
  • လအစမှ လကုန် နောက်ဆုံးရက်အထိ Flexi Everyday စာရင်းရှင်စာရင်း တွင် ထိုလ၏ နေ့စဥ်စာရင်း လက်ကျန်ငွေ (End of Day Balance) များအား ပေါင်းကာ (၂၅) ရက် ဖြင့် စားလျှင် စုစုပေါင်း ပျမ်းမျှအပ်ငွေ (၃၀၀,၀၀၀) ကျပ် အောက်လျော့နည်းနေပါက ယင်းလ၏ ဆုရွေးချယ်မှု အစီအစဉ်တွင် ပါဝင်ခွင့် မရှိပါ။
  • အစီအစဉ်တွင် ပါဝင်နိုင်ရန် ရယူချင်သည့် လက်မှတ်အရေအတွက် အလိုက် နေ့စဉ် အနည်းဆုံးစာရင်းလက်ကျန်ငွေနှင့် အပ်နှံထားရှိမည့် ရက်ကာလကို တွက်ဆ၍ Flexi Everyday Account စာရင်းရှင်စာရင်း တွင် စိတ်ကြိုက် ငွေသွင်း/ငွေထုတ် ပြုလုပ်နိုင်ပါသည်။
  • ဘဏ်စာရင်းတစ်ခု / စာရင်းပိုင်ရှင်တစ်ဦးသည် ဆုရွေးချယ်မှု တစ်ကြိမ်တွင် ဆုတစ်ခုသာ ရရှိခွင့် ရှိသည်။
  • လစဉ်လတိုင်း (၆)ရက်နေ့ နောက်ဆုံးထား၍ ဆုရရှိသူများကို ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် www.yomabank.com တွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
  • ဆုရရှိသူများကို ရိုးမဘဏ်၏ Customer Care Center နံပါတ် ၀၉-၉၆၆၂-၀-၉၆၆၂ ဖြင့်သာ ဆုရရှိကြောင်း အကြောင်းကြားမည် ဖြစ်ပါသည်။ စာရင်းပိုင်ရှင်များသည် ထိုအကြောင်းကြားမှုကို ရရှိရန် မိမိတို့၏ အမြဲတမ်းအသုံးပြုသည့် ဖုန်းနံပါတ်ကို ရိုးမဘဏ်သို့ မှန်ကန်စွာ ပေးထားရန် လိုအပ်ပါသည်။
  • ဆုရရှိသူများသည် ဆုရွေးချယ်ပြီး (၁၅)ရက် နောက်ပိုင်းတွင် မိမိစာရင်းဖွင့်ခဲ့သော ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်၍ ထုတ်ယူနိုင်ပါသည်။ ဆုထုတ်ယူရာတွင် ဆုရွေးချယ်ခံရသူများသည် အကောင့်ဖွင့်ခဲ့သည့် ဘဏ်ခွဲတွင် Flexi Everyday Account ဖွင့်လှစ်ထားသော မှတ်ပုံတင်မူရင်း နှင့် ဖုန်းနံပါတ်ဖြင့် သွားရောက် ထုတ်ယူနိုင်ပါသည်။
  • ယခုအစီအစဉ်နှင့် ပက်သက်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ရိုးမဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးပြီး ဘဏ်၏ ဆုံးဖြတ်ချက်သာလျှင် အတည် ဖြစ်သည်။