“Save More, Win More” အထူးအစီအစဉ်

News & Activities > လှုပ်ရှားမှုများ

“Save More, Win More” အထူးအစီအစဉ်

News & Activities > လှုပ်ရှားမှုများ

“Save More, Win More” အထူးအစီအစဉ်

24 June 2024လှုပ်ရှားမှုများ

“Save More, Win More” အထူးအစီအစဉ်သည် ရိုးမဘဏ်၏ Flexi Savings အကောင့်အသုံးပြုသူ customer များအတွက်ရည်ရွယ်သော အစီအစဉ်တစ်ခုဖြစ်ပြီး customer များအနေနှင့် ငွေစုရင်းကံထူးနိုင်မည့်အပြင် ရိုးမဘဏ်၏ သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများကို တွေ့ကြုံခံစားနိုင်စေရန် ရည်ရွယ်ပါသည်။

ဤအစီအစဉ်တွင် Customer များသည် Flexi Savings အကောင့်တွင် ငွေကျပ် (၃) သိန်းကို (၇)ရက်ဆက်တိုက်ထားရှိရုံနှင့်  လက်မှတ် (၁) စောင်နှင့်ညီမျှသော အခွင့်အရေး (၁) ကြိမ်ရရှိမည်ဖြစ်သည်။။ အပ်ငွေတိုးလာသည်နှင့်အမျှ ကံထူးနိုင်မည့်အခွင့်အရေးမြင့်လာလေဖြစ်သည်။ Yoma Bank Next Mobile Application ကိုအသုံးပြုပြီး ရိုးမဘဏ် စာရင်းအချင်းချင်း ငွေလွှဲ၍ဖြစ်စေ၊ အခြားဘဏ်များ၏ Mobile Banking Application များကိုအသုံးပြု၍ ရိုးမဘဏ်စာရင်းသို့ ငွေလွှဲ၍ဖြစ်စေ၊ ရိုးမဘဏ် ဘဏ်ခွဲများတွင် ကိုယ်တိုင် ငွေသားလာရောက်အပ်နှံပြီး သတ်မှတ်ထားသည့် Flexi Savings အပ်ငွေစာရင်းသို့ ငွေအပ်နှံ၍ဖြစ်စေ၊ CBM Net အသုံးပြု၍ အခြားမည်သည့် ဘဏ်များမှမဆို ရိုးမဘဏ် Flexi Savings အပ်ငွေစာရင်း သို့ လွှဲ၍ဖြစ်စေ အပ်ငွေထည့်သွင်းပါဝင်နိုင်ပါသည်။

ဤအစီအစဉ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ (၃) လ တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး လစဉ် Cashback ငွေကျပ် (၁၀) သိန်းဆု၊ ငွေကျပ် (၅) သောင်းနှင့် ညီမျှသော Pocket Coins ဆုများ အပြင် အထူးဆုကြီးများကိုပါ ပေးအပ်ခဲ့ပါသည်။

အကျိုးခံစားမှုများနှင့် တစ်သက်တာ အမှတ်ရစေမည့် ဆုများ

“Save More, Win More” အထူးအစီအစဉ်ကျင်းပခဲ့သော ဖေဖော်ဝါရီလ မှ ဧပြီလ အတွင်း ပါဝင်ကံစမ်းသူပေါင်း (၇၀,၀၀၀) ကျော်ရှိခဲ့ပြီး လစဉ်တိုင်းတွင် Cash Back ငွေကျပ် (၁၀) သိန်းဆု အတွက် ကံထူးရှင် အယောက် (၃၀) နှင့် ငွေကျပ် (၅) သောင်းနှင့် ညီမျှသော Pocket Coins ဆုအတွက် ကံထူးရှင် အယောက် (၁၀၀) ကို ရွေးချယ်ပေးခဲ့သည်။

မြန်မာနှစ်သစ်ကူး အထူးဆုကြီးဖြစ်သော ထိုင်းနိုင်ငံခရီးစဉ် ဆု (၅) ဆု၊ Memories Group Gift Card (၂၀) ဆု၊  Pun Hlaing Hospital & Clinic များတွင် ဆေးစစ်ခွင့် (၁၅) ဆု နှင့် Prudential Myanmar ၏ Health Insurance (၅) ဆု ကံထူးခဲ့သူများကို မေလ (၁၅) ရက်နေ့တွင် ရွေးချယ်ကြေညာပေးခဲ့ပါသည်။ သတင်းအချက်အလက်များနှင့် ကံထူးရှင်ကြေညာခြင်းကို ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် ရိုးမဘဏ် website များတွင် အလွယ်တကူကြည့်ရှုနိုင်ပါသည်။

လစဉ်ဆုရွေးချယ်ပွဲတွင် ပေးအပ်ခဲ့သည့်ဆုများ

ဆုများဆုအရေအတွက်
Cashback ကျပ် (၁၀) သိန်းဆု၃၀ ဆု
ကျပ် (၅) သောင်းနှင့် ညီမျှသော Pocket Coins၁၀၀ ဆု

မြန်မာ့နှစ်သစ်ကူး အထူးဆုကြီး (Grand Prize) များ

ဆုအမျိုးအစားဆုများဆုအရေအတွက်
ဆုကြီး
(Grand Prize)
ထိုင်းနိုင်ငံ ဘန်ကောက် သို့ ၃ ညအိပ် ၄ ရက် ခရီးစဉ်ကံထူးဆု (၂ဦးစာ) အပြင် ဈေးဝယ်ရန် ထပ်ဆောင်း USD 500 ထည့်သွင်းထားသည့် Yoma Bank MPU-Mastercard Debit Card၅ ဆု
အခြားဆု
လက်ဆောင်များ
Memories Group ၏ ငွေကျပ် (၅) သိန်းတန် Gift Card



Pun Hlaing Hospital & Clinic များတွင် ငွေကျပ် (၃) သိန်းတန် ဆေးစစ်ခွင့်

Prudential Myanmar ၏ ငွေကျပ် (၈) သိန်းတန် Health Insurance
၂၀ ဆု



၁၅ ဆု


၅ ဆု

ဖေဖော်ဝါရီလအတွက် ကံထူးရှင်များ – ymbank.co/fb-smwm-feb-winners
မတ်လအတွက် ကံထူးရှင်များ – ymbank.co/fb-smwm-march-winners
ဧပြီလအတွက် ကံထူးရှင်များ – ymbank.co/fb-smwm-april-winners
Grand Prize ကံထူးရှင်များ – ymbank.co/fb-smwm-grand-prize

“Save More, Win More” အထူးအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများ

“Save More, Win More” အထူးအစီအစဉ်ကျင်းပခဲ့သော ဖေဖော်ဝါရီလ မှ ဧပြီလ အတွင်း ပါဝင်ကံစမ်းသူပေါင်း (၇၀,၀၀၀) ကျော်ရှိခဲ့သည်။ လစဉ်တိုင်းတွင် Cash Back ငွေကျပ် (၁၀) သိန်းဆုအတွက် ကံထူးရှင် အယောက် (၃၀) နှင့် ငွေကျပ် (၅) သောင်းနှင့် ညီမျှသော Pocket Coins ဆုအတွက် ကံထူးရှင် အယောက် (၁၀၀) ကို လစဉ် ရွေးချယ်ခဲ့သည်။

ရိုးမဘဏ်က အထူးပင်ကျေးဇူးတင်ရှိပါကြောင်း

“Save More, Win More” အထူးအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ တစ်ဉီးတစ်ယောက်ချင်းစီတိုင်းကို ရိုးမဘဏ်က အထူးကျေးဇူးတင်ရှိပါသည်။ အထူးအစီအစဉ်မှတစ်ဆင့် ရိုးမဘဏ်၏ Flexi Savings အကောင့်ကို အသုံးပြုကာ ငွေအပ်နှံခြင်းအပါအဝင် အခြားသောငွေကြေးစီမံခန့်ခွဲမှုများကို လုပ်ဆောင်ခဲ့သည့်အတွက် ရိုးမဘဏ်၏ သာလွန်ကောင်းမွန်သော ဘဏ်ဝန်ဆောင်မှုများကို တွေ့ကြုံခံစားနိုင်မည်ဖြစ်ကြောင်း ယုံကြည်ပါသည်။

ရှေ့လျှောက်တွင်လည်း ရိုးမဘဏ်၏အထူးအစီအစဉ်များတွင် ပါဝင်နိုင်စေရန် ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် ရိုးမဘဏ် Website တွင် ဝင်ရောက် ကြည့်ရှုဖို့ တိုက်တွန်းအပ်ပါသည်။

“Save More, Win More”အထူးအစီအစဉ်၏ အထူးဆုကြီး (Grand Prize) ကံထူးရှင်များနှင့်  အမှတ်တရ

ဆုရရှိသည့်အတွက် အကျိုးခံစားမှုများနှင့် တစ်သက်တာအမှတ်ရစေမည့် အမှတ်တရများကို ရရှိခဲ့ကြောင်း အနယ်နယ်အရပ်ရပ်ရှိ ကံထူးရှင်များထံမှ ပြန်လည်ကြားသိရသည့်အတွက် ရိုးမဘဏ်အနေနှင့် များစွာဝမ်းမြောက်မိပါသည်။ ကံထူးရှင်များ၏ အမှတ်တရပုံရိပ်တစ်ချို့နှင့် ထိုင်းနိုင်ငံအလည်ပတ်ရီးစဉ် ကံထူးသူတို့၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်း စုစည်းဖော်ပြလိုက်ပါသည်။

Share this news on