အတုအယောင်ပေ့ချ်များမှ မက်လုံးပေးသည့် သတင်းအချက်အလက်များကို မယုံကြည်ပါနှင့်

လူမှုကွန်ရက်များရှိ အတုအယောင်ပေ့ချ်တွေကနေ မက်လုံးပေးတဲ့ အကြောင်းအရာတွေကို အထူးသတိပြုရှောင်ရှားသင့်ပါတယ်။

ချေးငွေလုပ်ငန်းဆိုင်ရာ ဒါမှမဟုတ် ဘဏ်လုပ်ငန်းဆိုင်ရာအကြောင်းအရာများကို မိမိဘက်က တုံပြန်မှုတစ်ခုခုမပြုလုပ်ခင် အပြာရောင်အမှန်ခြစ်အမှတ်အသားပါရှိတဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာ ဟုတ်/ မဟုတ်ကို အရင်ဆုံး အတည်ပြုစစ်ဆေးဖို့ လိုအပ်ကြောင်း အသိပေးအကြောင်းကြားလိုက်ပါတယ်။