‌တရားမဝင် ကြားခံငွေလွှဲပေးသူများကို အသုံးမပြုပါနှင့်

မသမာသူတွေဟာ လူကြီးမင်းတို့၏ အယုံလွယ်မှုကို အခွင့်ကောင်းယူ၍ ဘဏ်တစ်ခုမှ အခြားဘဏ်သို့ ငွေလွှဲပြောင်းရာတွင် ကြားခံငွေလွှဲပေးသူများအဖြစ် အယောင်ဆောင်ကာ ငွေကြေးများကို လိမ်လည်ရယူလျက် ရှိကြပါတယ်။ ထိုသို့ လိမ်လည်ခံရမှု မဖြစ်ပွားစေရန်အတွက် ဘဏ်များနှင့် Mobile Banking Application များမှတစ်ဆင့်သာ လွှဲပြောင်းမှုများ ပြုလုပ်ကြပါရန်အတွက် အသိပေးနှိုးဆော်လိုက်ရပါတယ်။