အရေးကြီးကိုယ်ရေးအချက်အလက်များကို မည်သူနှင့်မှ မမျှဝေပါနှင့်
မသမာသူတွေဟာ မိမိ၏ ကိုယ်ရေးအချက်အလက်များနှင့် ငွေကြေးဆိုင်ရာအချက်အလက်များကို အမြဲပစ်မှတ်ထားပြီး နည်းလမ်းမျိုးစုံဖြင့် ရယူဖို့ ကြိုးစားတတ်ပါတယ်။ မိမိ၏ ဘဏ်စာရင်းအချက်အလက်များ ပေါက်ကြားမှုမှတစ်ဆင့် ငွေကြေးဆုံးရှုံးမှုများမဖြစ်ပေါ်စေဖို့ အရေးကြီး ကိုယ်ရေးအချက်အလက်များအား မည်သူတစ်ဦးတစ်ယောက်ကိုမှ မမျှဝေဖို့ အသိပေးတိုက်တွန်းလိုက်ပါတယ်။