Board of Directors
Who we are > ကျွန်ုပ်တို့အကြောင်း
Board of Directors
Who we are > ကျွန်ုပ်တို့အကြောင်း
ဒါရိုက်တာ ဘုတ်အဖွဲ့
ဘုတ်အဖွဲ့သည် ရိုးမဘဏ်၏ စီးပွားရေး နည်းဗျူဟာကို ပဲ့ကိုင်ပေးခြင်း၊ Leadership Team အား ဦးဆောင်ခြင်းနှင့် စီးပွားရေးလုပ်ဆောင်ရာတွင် ရိုးမဘဏ်အနေဖြင့် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရန် သေချာစေခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပါသည်။
ဘုတ်အဖွဲ့သည် ရိုးမဘဏ်၏ ကော်ပိုရိတ်ယဉ်ကျေးမှုနှင့် အမြုတေတန်ဖိုးများ ကို ပုံဖော်ရန် တာဝန်ရှိပါသည်။ ဘုတ်အဖွဲ့၏ အကြီးမားဆုံးမှတ်တိုင်သည် အစုရှယ်ယာရှင်များနှင့် စီးပွားဖက်များအတွက် ရေရှည်တန်ဖိုးများ ဖန်တီးရန် ဖြစ်ပါသည်။ ဘုတ်အဖွဲ့တွင် ကျွမ်းကျင်မှုများ၊ အတတ်ပညာပိုင်းဆိုင်ရာ တတ်ကျွမ်းမှုများ၏ ပေါင်းစည်းမှုသည် ကွဲပြားခြားနားသော အမြင်များကို ရရှိစေပြီး ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပါသည်။
ရိုးမဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့ကို အစုရှယ်ယာရှင်များက ရွေးချယ်၍ တာဝန်ခံရပါသည်။ ဘဏ်၏ ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒါရိုက်တာဘုတ်အဖွဲ့၏ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ထားပါသည်။ အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာများအား ခန့်အပ်ခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်း လိုအပ်ချက်များနှင့်ကိုက်ညီပြီး ဘဏ်၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအတွက် အကောင်းဆုံးသော အလေ့အကျင့်များနှင့် တစ်သားတည်း ဖြစ်စေခဲ့ပါသည်။ ထို့အပြင် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များသည် ဘဏ်၏ အစုရှယ်ယာရှင်များ၊ Stakeholder များ၊ Customer များနှင့် ဝန်ထမ်းများ အားလုံး၏ အကောင်းဆုံး အကျိုးစီးပွားများကို ဖြစ်ထွန်းစေရန် နည်းလမ်းဖြင့် သမာသမတ်ကျအောင် ပြုလုပ်ပေးကြောင်း သေချာစေပါသည်။ ဘဏ်သည် ယခင်ကတည်းက ရှိထားခဲ့ပြီးဖြစ်သော Audit Committee, Risk Oversight Committee နှင့် People, Remuneration and Nomination Committee တို့အပြင် ဘုတ်အဖွဲ့ ကော်မတီခွဲအသစ်တစ်ခုအဖြစ် Technology Advisory Committee ကို ထပ်မံဖွဲ့စည်း၍ ကော်ပိုရိတ်အုပ်ချုပ်မှု မူဘောင်ကို ဆက်လက် တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဘဏ်၏ အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာသည် ဘဏ်၏ မဲဝေစု၏ ၅ ရာခိုင်နှုန်းအောက်သာ ပိုင်ဆိုင်သောသူနှင့် FI ဥပဒေတွင် ဖော်ပြထားသည့် သက်ဆိုင်သည့် ပါတီမဟုတ်သူ ဖြစ်ပါသည်။

Board Profiles
ဆက်စပ် အကြောင်းအရာများ

About Yoma
ရိုးမဘဏ်သည် နှစ်ပေါင်း ၃၀ ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ အတိုးတက်ဆုံး ပြည်တွင်း
Read more
Mission, Vision & Value
ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ရန်ဆိုတဲ့ဆောင်ပုဒ် ဟာ
Read more
ခရီးလမ်းကြောင်းမှတ်တိုင်များ
ရိုးမဘဏ် လီမိတက်ကို Mr. Serge Pun မှ စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးဘဏ်ခွဲကို ရန်ကုန်မြို့ရှိအထင်ကရ
Read more