ရိုးမဘဏ်သည် နှစ်ပေါင်း ၃၁ ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ အတိုးတက်ဆုံး ပြည်တွင်း ပုဂ္ဂလိကဘဏ်များထဲမှ ဘဏ်တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်း၊ နည်းပညာနှင့် အုပ်ချုပ်မှုပုံစံများတွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကြောင့် ရိုးမဘဏ်သည် ပြည်သူများအကြား ယုံကြည်စိတ်ချရသော နာမည်ဂုဏ်သတင်းကောင်း ရရှိလာပြီး ယင်းသည် လာမည့်အနာဂတ်တွင် ပြည်တွင်းပြည်ပ မိတ်ဖက်ပူးပေါင်းမှုများ လုပ်ဆောင်ရာတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း (International Finance Corporation – IFC) ကလည်း ရိုးမဘဏ်တွင် ၂၀၁၄ ခုနှစ်က ရင်းနှီးမြှုပ်နှံမှု ချေးငွေကို ၂၀၁၉ ခုနှစ် မေလတွင် အစုရှယ်ယာအဖြစ် ပြောင်းလဲ ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် GIC (Greenwood Capital Pte Ltd) နှင့် Norfund တို့ကလည်း ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ရိုးမဘဏ်၌ ငွေကျပ် ၁၃၀ ဘီလီယံ တန်ဖိုးရှိ အစုရှယ်ယာများ ထည့်ဝင်ရင်းနှီးမြှုပ်နှံထားသည်။
ရိုးမဘဏ်အနေဖြင့် Customer တစ်ဦးချင်းစီသည် ထူးခြားမှုရှိသည်ကို နားလည်ပါသည်။ ကျွန်ုပ်တို့သည် Customer များ၏ စီးပွားရေးရည်မှန်းချက်အိပ်မက်များကို အမှန်တကယ်ဖြစ်လာစေရန် ပံ့ပိုးပေးခြင်း သို့မဟုတ် အရေးကြုံသည့်အချိန်ကာလများအတွက် ကူညီပေးခြင်း စသဖြင့် ဘဏ်ဝန်ဆောင်မှုများ အပြည့်အဝ ပေးအပ်နိုင်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါသည်။ ကျင့်ဝတ်မှန်ကန်သော ရိုးမဘဏ်အဖြစ် Customer များ၏ ဘ၀သက်တမ်းတစ်လျှောက် ယုံကြည်စိတ်ချရသော စီးပွားရေးလက်တွဲဖော်ဖြစ်စေရေး ဟူသော ကျွန်ုပ်တို့၏ ကတိကဝတ်ကို ဖြည့်စွမ်းနိုင်ရန် ကျွန်ုပ်တို့၏ အမြုတေတန်ဖိုးများကို အဓိက အာရုံစိုက် လုပ်ဆောင်သွားပါမည်။ ကျွန်ုပ်တို့၏ လုပ်ငန်းလုပ်ဆောင်မှုပုံစံ၊ Customer များနှင့် မည်ကဲ့သို့ အတူတကွတည်ရှိသွားရန် ရည်ရွယ်ထားသည်တို့ကိုလည်း ကျွန်ုပ်တို့၏အမြုတေတန်ဖိုးများတွင် ထည့်သွင်းဖော်ဆောင်ထားပါသည်။ ကျွန်ုပ်တို့သည် Customer များ၏ အကျိုးစီးပွားကို အမြဲဦးစားပေးပြီး ကျွန်ုပ်တို့၏ သမာသမတ်ရှိမှုကိုလည်း အမြင့်ဆုံးစောင့်ထိန်းကာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းစွာဖြင့် Customer များအား အကောင်းဆုံးဝန်ဆောင်မှုပေးခြင်း၊ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိသူများကိုလည်း လေးစားမှုဖြင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့ ကိုယ်တိုင်သည်လည်း တီထွင်ကြံဆမှုရှိနေစေရန်အတွက် အမြဲတွန်းအားမြှင့် လုပ်ဆောင်နေပါသည်။
ကျွန်ုပ်တို့၏ Yoma Bank Mobile Banking Application တွင် ပေါင်းစည်းလုပ်ဆောင်မှုဖြင့် အလိုအလျောက် ချေးငွေလျှောက်ထားရယူနိုင်သော နည်းပညာပလက်ဖောင်း ကဲ့သို့သော မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများတွင် ဦးဆောင်နေပြီး သမားရိုးကျဘဏ်လုပ်ငန်း အင်အားများကို လူအများပိုမိုပါဝင်နိုင်သော နေရာတစ်ခုအဖြစ် ဖန်တီးပေးရန် ဆုံးဖြတ်ထားပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal







