Customers များကို အားပေးကူညီခြင်း
Customer Care > Customers များကို အားပေးကူညီခြင်း
Customers များကို အားပေးကူညီခြင်း
Customer Care > Customers များကို အားပေးကူညီခြင်း
Customers များကို အားပေးကူညီခြင်း
COVID-19 ရောဂါ ၏ သက်ရောက်မှုကို တစ်ကမ္ဘာလုံးနှင့်အတူ ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများ သည်လည်း အနည်းနှင့်အများ ကြုံတွေ့နေရသည်ကို နားလည်ပါသည်။ ရိုးမဘဏ် Customers များ သည်လည်း အများနည်းတူ ငွေလည်ပတ်မှု အခက်အခဲများကြုံတွေ့နေရပြီး ချေးငွေပြန်လည်ပေးဆပ်ရမည့်အတွက်ပါ အခက်အခဲ ရှိနေနိုင်ပါသည်။
ရိုးမဘဏ်မှ Customer များ၏ အခြေအနေများကို နားလည်သည့်အတွက် ချေးငွေပြန်လည်ပေးဆပ်ရန် လိုအပ်နေသည့် Customer များ၏ အခက်အခဲများကို အတတ်နိုင်ဆုံး ဖြေလျှော့ပေးနိုင်အောင် ကြိုးစားလျက် ရှိပါသည်။ ထို့ကြောင့် Customer များ၏ စကားသံများ နားထောင်ကာ လိုအပ်သည်များအား ကူညီပေးလျက် ရှိပါသည်။
ကျွန်ုပ်တို့၏ Customers များ
ကော်ပိုရိတ်၊ SME နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ Customers များ
၂၀၂၀ ခုနှစ် မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးစတင်ကူးစက်သည့် အချိန်မှစပြီး စီးပွားရေးလုပ်ငန်းများ ကောင်းစွာမလည်ပတ်နိုင်ဘဲ ၀င်ငွေစီးဆင်းမှုထိခိုက်နေခဲ့ပါသည်။ ရိုးမဘဏ်မှ ယင်းကဲ့သို့ အခြေအနေများကို Customers များနှင့်အတူ ကျော်လွှားနိုင်ရန်အတွက် လိုအပ်သည် ငွေကြေးအကူအညီများကို တတ်နိုင်သရွေ့ လိုအပ်သည့်နေရာ၊ လိုအပ်တဲ့ပုံစံတိုင်းကို လိုက်လံကူညီပေးဖို့ အသင့်ရှိနေပါသည်။
SMART Credit နှင့် SMART Credit Business Customers များ
COVID-19 ရောဂါနှင့်အတူ SMART Credit နှင့် SMART Credit Business သုံးစွဲသူများ ချေးငွေပြန်လည်ပေးဆပ်ရာတွင် အခက်အခဲဖြစ်မည်ကို သဘောပေါက်သည့်အလျောက် ၂၀၂၁ မတ်လ မှ ဧပြီလကုန်အထိ ဆိုင်းငံ အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။
အိမ်ရာချေးငွေနှင့် အငှားဝယ်ယူစနစ် Customers များ
အိမ်ရာချေးငွေ နှင့် အငှားဝယ်ယူစနစ် ချေးငွေရယူထားသူများအနေဖြင့် COVID-19 ရောဂါကြောင့် ၀င်ငွေထိခိုက်ကာ ပြန်လည်ပေးဆပ်မှုများသည် အခက်အခဲရှိသည်ကို နားလည်သည့်အတွက် “၆လအထိ ချေးငွေပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ခြင်း” အစီအစဉ်ကို ၂၀၂၀ ခုနှစ် ဧပြီလမှ ဇွန်လအထိ လျှောက်ထားမှုများကို လက်ခံအတည်ပြုပေးခဲ့ပါသည်။ ယင်း အစီအစဉ်သည် Customers များ၏ အခက်အခဲများ လျော့ပါးသွားစေခဲ့ပါသည်။
You may also be interested in

ကျွန်ုပ်တို့၏ ဝန်ထမ်းများအတွက် ရပ်တည်ခြင်း
COVID-19 ကမ္ဘာ့ကပ်ရောဂါသည် စီးပွားရေး လုပ်ငန်းများကို ကြီးမားပြင်းထန်စွာ ပိတ်ဆို့ တားဆီးထားခဲ့ပြီး ကမ္ဘာအနှံ့တွင်လည်း ခြိမ်းခြောက်မှုများကို ဆက်လက် ဖန်တီးလျက် ရှိပါသည်။
Read More
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal