Home Construction Loan
Personal Banking > ချေးငွေများ
Home Construction Loan
Personal Banking > ချေးငွေများ
Home Construction Loan ချေးငွေအကြောင်း
ရိုးမဘဏ်၏ Customer များအတွက် မိမိပိုင်ဆိုင်ထားသော မြေပေါ်တွင် နေထိုင်ရန်ရည်ရွယ်၍သော်လည်းကောင်း၊ မြေသီးသန့်ဝယ်ယူပြီး နေထိုင်ရန် စိတ်ကြိုက်ဒီဇိုင်းဆွဲဆောက်လုပ်လိုသော ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း လျှောက်ထားနိုင်သော အိမ်ရာချေးငွေအမျိုးအစားဖြစ်ပါသည်။
Home Construction Loan ကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ
မြေနှင့်အတူ အဆောက်အဦအတွက်ပါ
ထပ်ဆင့်ချေးငွေ ရယူနိုင်ခြင်း
အများဆုံးချေးငွေသက်တမ်း
(၂၅) နှစ်အထိ ရယူနိုင်ခြင်း
ဝယ်ယူလိုသည့်မြေတန်ဖိုး၏ ၅၀% အထိနှင့် ဆောက်လုပ်မည့်အဆောက်အဦးကုန်ကျစရိတ်၏ ၇၀% အထိ ချေးငွေရယူနိုင်ခြင်း
ဝယ်ယူမည့်မြေ၏ စာရွက်စာတမ်းခိုင်မာမှုကို
ကျွမ်းကျင်ဥပဒေပညာရှင်များဖြင့် စစ်ဆေးပေးခြင်း
ချေးငွေလျှောက်ထားရန်
- မှတ်ပုံတင်(မူရင်း) နှင့် အိမ်ထောင်စုစာရင်း(မူရင်း)
- နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ
- အလုပ်အကိုင် (သို့) လုပ်ငန်းနှင့်ပတ်သက်သည့် အထောက်အထား
- ဝင်ငွေရရှိသည့် အထောက်အထား
- ဝယ်ယူမည့်မြေအပေါ်တွင် ဆောက်လုပ်မည့် အဆောက်အဦးအမျိုးအစားနှင့် ဆောက်လုပ်မည့်အထပ်
- ခန့်မှန်းသုံးစွဲမည့်စရိတ်၊ ခန့်မှန်းပြီးစီးမည့်အချိန် (ဝယ်ယူပြီး ၁ နှစ်အတွင်း အပြီးဆောက်လုပ်ပေးရပါမည်)
- အခြား မြေပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် အထောက်အထားများ
- ကန်ထရိုက်တာနှင့် ချုပ်ဆိုထားသော စာချုပ်စာတမ်း
- ဆောက်လုပ်မည့်အဆောက်အဦး၏ အသေးစိတ်ပုံစံ (Blueprint)
- အဆောက်အဦးဆောက်လုပ်ရေး ခွင့်ပြုချက်ပါမစ်နှင့် အဆောက်အဦးပြီးစီးချိန်တွင် ရာဖြတ်အစီရင်ခံစာ
- မြေအတွက် ရာဖြတ်အစီရင်ခံစာနှင့် ရှေ့နေအစီရင်ခံစာ
- အဆောက်အဦး ၈၀% ပြီးစီးချိန်တွင် အဆောက်အဦးအတွက် အာမခံပရီမီယံ (နောက်ဆုံး အရစ်ကျ ချေးငွေမပေးချေမီ)
လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ အိမ်ရာချေးငွေကျွမ်းကျင်သူ ဝန်ထမ်းများဖြင့် ဆွေးနွေးတိုင်ပင်ပါ။
Home Construction Loan အတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ
ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ | |
အတိုးနှုန်း | တစ်နှစ်လျှင် ၁၃% အထိ* |
ချေးငွေပမာဏ | အနည်းဆုံး – ကျပ်သိန်း (၃၅၀) အများဆုံး – ကျပ်သိန်း (၁၀,၀၀၀) |
ချေးငွေသက်တမ်း | အများဆုံး – (၂၅) နှစ် အထိ |
ကနဦး ဝန်ဆောင်ခ | အနည်းဆုံး ၂၅၀,၀၀၀ ကျပ် (သို့) ခွင့်ပြု ချေးငွေပမာဏ ၏ ၁.၅% |
မြေဝယ်ယူရန် ကနဦးပေးသွင်းငွေ | မြေတန်ဖိုး၏ ၅၀% |
အဆောက်အဉီဆောက်ရန် ကနဦးပေးသွင်းငွေ | ဆောက်လုပ်ရေး ကုန်ကျစရိတ်၏ ၃၀% |
ဝယ်ယူနိုင်သောအများဆုံးမြေအကျယ်အဝန်း | ၄,၈၀၀ စတုရန်းပေ |
တည်ဆောက်နိုင်သည့်အဆောက်အဦအမြင့် | အမြင့်ဆုံး ၃ ထပ်ခွဲ |
*နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။
Home Construction ချေးငွေလျှောက်ထားသည့် Customers များသတိပြုရန် – ရိုးမဘဏ်မှ အိမ်ရာ ချေးငွေလျှောက်ထားမှုများအတွက် ဖော်ပြထားသည့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၀န်ဆောင်ခမှလွဲ၍ အခြားသော ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အပိုငွေကြေးများကောက်ခံနေခြင်း မရှိပါ။ အိမ်ရာချေးငွေအတည်ပြုမှု မြန်ဆန်နိုင်ရန် ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အခကြေးငွေပေးသွင်းပြီးလုပ်ဆောင်ပါက ဘဏ်နှင့် သက်ဆိုင်မှုမရှိပါကြောင်းနှင့် ချေးငွေလျှောက်ထားမှုများအတွက် စုံစမ်းမှုများကို ဘဏ်နှင့်သာ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။
Customer သိမှတ်ဖွယ်ရာများ ဖတ်ရှုရန်
Terms & Conditions Apply.
Home Construction Loan အကြောင်း
မေးလေ့ရှိသော မေးခွန်းများ
ရိုးမဘဏ်ရှိ တစ်ဦးချင်းသုံး ချေးငွေအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank Official Facebook Page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲ သို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီရယူနိုင်ပါသည်။