• Digital Banking

  • SMART

  • SMART Credit Business

  • Fixed Deposit

  • IBB

  • Flexi Account

  • Flexi Everyday Account

  • Savings

  • Homeloan

  • Hire Purchase

  • Super Fixed Deposit

  • Dormant Account


ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ

၁။ သဘောတူညီချက်

ဤသဘောတူညီချက်တွင် ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဖောက်သည်မှလိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်။ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုရရှိရန် လျှောက် ထားခြင်းသည် ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများအားလည်းကောင်း၊ ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများအားလည်းကောင်း ဖောက်သည်မှ သိရှိနားလည်ပြီး သဘောတူသည် ဟု ဘဏ်မှ မှတ်ယူမည်။ ထို့ကြောင့် အသုံးပြုသူ ဖောက်သည်အနေဖြင့် ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းများအား သေချာစွာ ဖတ်ရှုသိရှိနားလည်ထားရမည်။

၂။ သဘောတူညီချက် ပြင်ဆင်ဖြည့်စွက်ခြင်း

ဘဏ်မှ ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများကို မည်သည့်အချိန်တွင်မဆို ပြင်ဆင်ဖြည့်စွက်ပိုင်ခွင့် ရှိသည်။ အရေးပါသောပြင်ဆင်ပြောင်းလဲမှုများရှိပါက ဘဏ်၏ Website တွင်လည်းကောင်း၊ ဘဏ်ခွဲများတွင်လည်းကောင်း အသိပေး ကြေညာမည်ဖြစ်သည်။ ပြင်ဆင်ဖြည့်စွက်ထားသည့် စည်းမျဉ်းစည်းကမ်းများသည် အသိပေးကြေညာသော နေ့စွဲမှစ၍ အကျိုးသက်ရောက်မှုရှိပါမည်။ ဤအပိုဒ်အရ “အရေးပါသော ပြင်ဆင်ပြောင်းလဲမှု” ဆိုသည်မှာ ဘဏ်၏ ဝန်ဆောင်မှုများကို ဖျက်သိမ်းခြင်း၊ အဆုံးသတ်ခြင်း သို့မဟုတ် ဘဏ်၏ဝန်ဆောင်မှုများ သို့မဟုတ် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို လျှော့ချခြင်း၊ ဘဏ်၏ဝန်ဆောင်မှုများနှင့် ဝန်ဆောင်သည့် လုပ်ငန်းများအတွက် ဝန်ဆောင်ခများ တိုးမြှင့်ခြင်း သို့မဟုတ် ဝန်ဆောင်ခနှုန်း အသစ်များ ပြောင်းလဲကောက်ခံခြင်း စသည့်တို့ကို ဆိုလိုပါသည်။

၃။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၃.၁။ ဤစာရွက်စာတမ်းပါ “ဘဏ်” ဆိုသည်မှာ ရိုးမဘဏ် ကို ဆိုလိုသည်။

၃.၂။ “စာရင်း(များ)”ဆိုသည်မှာ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်မှ ရယူသုံးစွဲမည့် ဖောက်သည်၏ အပ်ငွေ စာရင်းများ၊ ချေးငွေစာရင်းများ၊ ကတ်စာရင်းများ စသည်တို့ကို ဆိုလိုသည်။

၃.၃။ “Wave Money” ဆိုသည်မှာ Wave Money Account ကို ဆိုလိုသည်။

၃.၄။ “ကတ် (များ)” ဆိုသည်မှာ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်မှ ရယူသုံးစွဲမည့် ဖောက်သည်၏ မြီစားကတ်၊ မြီရှင်ကတ် စသည်တို့ကို ဆိုလိုသည်။

၃.၅။ “သဘောတူညီချက်” ဆိုသည်မှာ ဤစာရွက်စာတမ်းကို ဆိုလိုသည်။

၃.၆။ “ညွှန်ကြားချက်” ဆိုသည်မှာ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုစနစ် မှတဆင့် ဖောက်သည် (သို့မဟုတ်) အသုံးပြုသူက (ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ကိုယ်စား အသုံးပြုသူတစ်ဦးဦးက ဖြစ်စေ) ပြုလုပ်ပြီး ဘဏ် က လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်ကို ဆိုလိုသည်။

၃.၇။ “ဖောက်သည်/Customer” ဆိုသည်မှာ ဘဏ်တွင် စာရင်းများ၊ ကတ်များ၊ ချေးငွေများ သို့မဟုတ် အခြား ဝန်ဆောင်မှုများကို ရယူထားသည့် သို့မဟုတ် အသုံးပြုသည့် တရားဝင်အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကို ဆိုလိုသည်။

  • (က) အကယ်၍ စာရင်းများနှင့်ကတ်များ ကို ပိုင်ဆိုင် သည့် Customer တစ်ဦးချင်းသည် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်အသုံးပြုနိုင်ခြင်းမရှိပါက ထိုသူသည် Customer သာလျှင် ဖြစ်ပြီး ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ၎င်း၏ ကိုယ်စား ဝင်ရောက် အသုံးပြုရန်အတွက် အခြား လူပုဂ္ဂိုလ်တစ်ဦးဦးအား User အဖြစ် ခန့်အပ် ရမည်။
  • (ခ) အဖွဲ့အစည်းများ နှင့် ကုမ္ပဏီအားလုံးသည် Customer များသာ ဖြစ်သည်။ အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီတစ်ခုကို လူပုဂ္ဂိုလ် တစ်ဦးချင်းကဲ့သို့ စစ်မှန်မှု အတည်ပြုခြင်း မပြုလုပ်နိုင်သဖြင့် ယင်း၏ ကိုယ်စားလှယ်များက User များအဖြစ် ဆောင်ရွက်ရသည်။ ဤ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ User ၏ ဆောင်ရွက်ချက်မှန်သမျှကို Customer ၏ ဆောင်ရွက်ချက်အဖြစ် မှတ်ယူပါသည်။
  • (ဂ) အကယ်၍ လူပုဂ္ဂိုလ်တစ်ဦးသည် ဝန်ဆောင်မှုများဖြစ်သော စာရင်းများနှင့် ကတ်များ စသည်တို့ကို မပိုင်ဆိုင်သော်လည်း ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်အသုံးပြုရန် အမှတ်အသား (Log In ID) ရှိပြီး Customer ၏ ကိုယ်စား လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ပါက ထိုသူသည် User သာလျှင် ဖြစ်သည်။
  • (ဃ) အကယ်၍ Customer သည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်အသုံးပြုရန် အမှတ်အသား (Log In ID) ရှိပါက ထိုသူသည် User လည်း ဖြစ်သည်၊ Customer လည်း ဖြစ်သည်။ ထိုသူသည် အခြား ဖောက်သည်များ၏ ကိုယ်စားဆောင်ရွက်ခွင့် မရှိသော်လည်း ယင်း၏ကိုယ်ပိုင်စာရင်းများကို စီမံခန့်ခွဲပြီး ယင်းကိုယ်တိုင်၏ User အဖြစ် ဆောင်ရွက်နေသည်။ အကယ်၍ Customer တစ်ဦးသည် ယင်း၏ကိုယ်စား ဆောင်ရွက်ရန် User (များ) ကို ခန့်အပ်ထားပြီး အခြား Customer များ၏ ကိုယ်စားဆောင်ရွက်ရန် လည်းလုပ်ပိုင်ခွင့် ရယူထားပါက ထိုသူသည် User လည်းဖြစ်သည်၊ Customer လည်း ဖြစ်သည်။

၃.၈။ “အသုံးပြုသူ/User” ဆိုသည်မှာ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်အသုံးပြုခွင့်ရှိသည့် လူပုဂ္ဂိုလ်ကို ဆိုလိုသည်။ အသုံးပြုသူတိုင်းသည် အကောင့်တစ်ခုအတွက် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်အသုံးပြုနိုင်သည့် အမှတ်အသား (Log In ID) ရရှိနိုင်ပြီး ယင်းစနစ်ဖြင့်လုပ်ငန်းဆောင်ရွက်ရန် နှင့် ဆုံးဖြတ်နိုင်ရန် လုပ်ကိုင်ခွင့် ပေးအပ်ခြင်းခံရသူ ဖြစ်ပါသည်။

၃.၉။ “အသုံးပြုသူအမည်/ အမှတ်အသား (User Name/ User ID/ Client ID/ Login ID/ Alias)” ဆိုသည်မှာ မည်သည့် စကားလုံးကို အသုံးပြုသည်ဖြစ်စေ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်ရန်အတွက် လိုအပ်သော အသုံးပြုသူ၏ အမှတ်အသား ဖြစ်ပါသည်။

၃.၁၀။ “ဖောက်သည်၏အမှတ်အသား (Party ID/ Customer ID/ CIF ID)” ဆိုသည်မှာ မည်သည့်စကားလုံးကို အသုံးပြု သည်ဖြစ်စေ ဘဏ်၏ Core Banking System တွင် မှတ်တမ်းတင်ထားရှိသည့် ဖောက်သည်၏ ကိုယ်ရေးအချက်အလက်များ နှင့် စာရင်းဆိုင်ရာ အချက်အလက်များကို သိမ်းဆည်းထားသော ဖိုင်၏ အမှတ်အသားကို ဆိုလိုသည်။ Party ID ကို ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်တွင် CIF ID ဟု ခေါ်ဆိုပြီး ဖောက်သည်၏ အချက်အလက်များကို Core Banking System မှ ရယူရာတွင် အသုံးပြုသည်။

၃.၁၁။ “Core Banking System (CBS)” ဆိုသည်မှာ အခြေခံဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော အပ်ငွေများ လက်ခံခြင်း၊ ချေးငွေများထုတ်ချေးခြင်း၊ ချေးငွေပြန်လည်ပေးဆပ်ခြင်း၊ ငွေထုတ်ယူခြင်း၊ စာရင်းမှတ်တမ်းများထားရှိခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ အစီရင်ခံစာများ ထုတ်ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ရန်အတွက် ဘဏ်မှ အသုံးပြုသည့် ကွန်ပျူတာနည်းပညာဆိုင်ရာ “ဗဟိုပြုဘဏ်လုပ်ငန်းစနစ်” ဆိုလိုသည်။

၃.၁၂။ “ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း (Digital Banking)” ဆိုသည်မှာ အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုပြီး ဖောက်သည်မှ စတင်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အစအဆုံး လုံခြုံစိတ်ချ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ပြီး အသုံးဝင်မှုအများဆုံး ရရှိစေနိုင်သည့် နည်းပညာသုံး ဘဏ်လုပ်ငန်းစနစ်တစ်ခုဖြစ်ပြီး ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ Online Channel နှင့် Mobile Channel များမှ ဝင်ရောက် အသုံးပြုနိုင်ပါသည်။

၃.၁၃။ “Online Channel” ဆိုသည်မှာ Computer/Laptop/ Tablet/ Mobile ၏ Web browser များတွင် ဘဏ်၏ URL https://onlinebanking.yomabank.com မှ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှုလမ်းကြောင်း ဖြစ်သည်။

၃.၁၄။ “Mobile Channel” ဆိုသည်မှာ ဘဏ်၏ “Yoma Bank Mobile Banking Application” ကို ရည်ညွှန်းခြင်းဖြစ်ပြီး Smart Phone, Tablet စသည်တို့မှတစ်ဆင့် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ရရှိနိုင်သည့် ဝန်ဆောင်မှု လမ်းကြောင်း ဖြစ်သည်။

၃.၁၅။ “စကားဝှက် (Password)” ဆိုသည်မှာ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်ရာတွင် User ၏ ဖုန်းသို့ SMS ဖြင့်ပေးပို့သည့် အတည်ပြုစစ်ဆေးရန် လိုအပ်သော၊ အသုံးပြုသူမှ ကိုယ်တိုင် မဖြစ်မနေ ပြောင်းလဲ အသုံးပြုရမည်ဖြစ်သော လျှို့ဝှက်ဂဏန်း/စာလုံးများကို ဆိုလိုသည်။

၃.၁၆။ “တစ်ခါသုံးစကားဝှက် (One Time Password/OTP)” ဆိုသည်မှာ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်ရာတွင်လည်းကောင်း၊ ဒုတိယအဆင့် အတည်ပြုစစ်ဆေးမှု ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုရန်လိုအပ်သော တစ်ခါသုံး လျှို့ဝှက်ဂဏန်း/စာလုံးများကို ဆိုလိုသည်။

၃.၁၇။ “Mobile Token” ဆိုသည်မှာ ဘဏ်၏ Yoma Bank Mobile Banking Application တွင်ပါရှိသည့် Secure Code Generator, Manual Signing, QR Code Signing နည်းများဖြင့် “OTP” ကို ထုတ်ပေးသည့် လုပ်ဆောင်ချက်ကို ဆိုလိုသည်။

၃.၁၈။ “Security Codes” ဆိုသည်မှာ “User ID/ Client ID/ Login ID/ Alias”, “Password”, “One Time Password (OTP)” တို့ကို စုပေါင်းခေါ်တွင်သော “လုံခြုံရေးသင်္ကေတများ” ကို ဆိုလိုသည်။

၃.၁၉။ “Products” ဆိုသည်မှာ ဘဏ်တွင်ဖွင့်လှစ်ထားရှိသည့် အသုံးပြုသူ၏ စာရင်းများနှင့်ကတ်များစသည့် “ဘဏ်၏ဝန်ဆောင်မှုများ” ကို ဆိုလိုသည်။

၃.၂၀။ “Web Browser” ဆိုသည်မှာ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဘဏ်မှ ခွင့်ပြုသည့် ကိရိယာများကို အသုံးပြုပြီး ဝင်ရောက်နိုင်သည့် Browser များကို ဆိုလိုသည်။

၃.၂၁။ “ကိရိယာ(များ)/Device(s)” များဆိုသည်မှာ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်ရာတွင် လိုအပ်သော ဘဏ်စနစ်မှ ခွင့်ပြုသည့် Desktop များ၊ Tablet များ၊ iPad များ၊ Android Tablet များ၊ iOS ဖုန်းများနှင့် Android ဖုန်းများကို ဆိုလိုသည်။

၃.၂၂။ “ဆက်သွယ်ရန်လိပ်စာ” ဆိုသည်မှာ ဘဏ်၏ Core Banking System တွင် မှတ်တမ်းတင်ထားရှိသည့် အသုံးပြု၏ ဆက်သွယ်ရန်လိပ်စာ (Email address/Primary Phone Number) ကို ဆိုလိုသည်။

၃.၂၃။ “ဆက်သွယ်ရေးလိုင်းများ” ဆိုသည်မှာ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို ရရှိရန် လိုအပ်သော မိုဘိုင်းဆက်သွယ်ရေးလိုင်းများနှင့် အင်တာနက်လိုင်းများကို ဆိုလိုသည်။

၃.၂၄။ “Call Center” ဆိုသည်မှာ ဘဏ်၏ Call Center ဖုန်းနံပါတ် “9662” (သို့မဟုတ်) “097 9662 9662” ကို ဆိုလိုသည်။

၃.၂၅။ “Website” ဆိုသည်မှာ ဘဏ်၏ တရားဝင် အင်တာနက် စာမျက်နှာဖြစ်သည့် www.yomabank.com ကို ဆိုလိုသည်။

၃.၂၆။ “User Guide” ဆိုသည်မှာ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးပြုသူမှ စနစ်တကျ အလွယ်တကူ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်ပြီး ဘဏ်ခွဲများတွင် လည်းကောင်း၊ ဘဏ်၏ Website တွင်လည်းကောင်း ဖြန့်ဝေပေးသည့် Online Channel User Guide နှင့် Mobile Channel (Andriod/iOS) User Guide များကို ဆိုလိုသည်။

၃.၂၇။ “Rooted/Jailbroken Devices” ဆိုသည်မှာ စက်ပစ္စည်းထုတ်လုပ်ရောင်းချသူမှ ကန့်သတ်ထားသည့် ကန့်သတ် ချက်များကို ဖယ်ရှားထားသည့် စက်ပစ္စည်းများကို ဆိုလိုသည်။ Rooting/Jailbreaking ပြုလုပ်ထားခြင်းဖြင့် စက်များတွင် Malicious apps များ၏ ထိခိုက်လွယ်မှု အန္တရာယ်ရှိနိုင်ပါသည်။

၃.၂၈။ ပြင်ပဘဏ် ဆိုသည်မှာ CBM-Net2 မှတစ်ဆင့် ငွေပေးချေမှုများကို လက်ခံနိုင်သော မြန်မာနိုင်ငံရှိ ဘဏ်ကို ဆိုလိုခြင်းဖြစ်သည်။

၃.၂၉။ ပြင်ပအကောင့်နံပါတ်ဆိုသည်မှာ ပြင်ပဘဏ်အကောင့်တစ်ခု၏ ဘဏ်အကောင့်နံပါတ်ကို ဆိုလိုသည်။

၃.၃၀။ ပြင်ပဘဏ်အကောင့်ဆိုသည်မှာ ပြင်ပဘဏ်တစ်ခုနှင့် ဘဏ်အကောင့်တစ်ခုဖြစ်သည်။

၃.၃၁။ ပြင်ပဘဏ်ငွေလွှဲခြင်းဆိုသည်မှာ ရိုးမဘဏ်အကောင့်မှ ပြင်ပဘဏ်အကောင့်တစ်ခုသို့ လွှဲပြောင်းခြင်းကို ဆိုလိုပါသည်။

၃.၃၂။ External Beneficiary ဆိုသည်မှာ ပြင်ပဘဏ်အကောင့်တစ်ခု၏ အကောင့်ပိုင်ရှင်ကို ဆိုသည်။

၄။ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ

၄.၁။ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှာ ငွေစာရင်းလွှဲပြောင်းခြင်းစသည့် ငွေကြေးလုပ်ဆောင်ချက်များ (Financial Functions)၊ ငွေလက်ကျန်စစ်ဆေးခြင်း၊ ဘဏ်ရှင်းတမ်းကြည့်ရှုခြင်း စသည့် ငွေကြေး မဟုတ်သော လုပ်ဆောင်ချက်များ (Non-Financial Functions) နှင့် ချိတ်ဆက်အသုံးပြုသည့် စက်ပစ္စည်းများကို စီမံခန့်ခွဲခြင်း အစရှိသည့် အခြားဝန်ဆောင်မှုများ (Other Functions) ပါဝင်ပြီး ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်ကြေညာသည့် ဝန်ဆောင်မှုများပါဝင်သည်။ အသေးစိတ် လုပ်ဆောင်ချက်များကို ပူးတွဲပါ Appendix_Yoma Bank_ Digital Banking Services တွင်လည်းကောင်း၊ ဘဏ်၏ Website တွင် လည်းကောင်းကြည့်ရှုနိုင်ပါသည်။

၅။ လိုအပ်ချက်များ

၅.၁။ အသုံးပြုသူသည် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ (ဥပမာ - လျှောက်လွှာများ၊ User ၏ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် မိတ္တူ စသည်) ကို ဘဏ်သို့ တင်သွင်းလျှောက်ထားရမည့်အပြင် ဆက်သွယ်ရန်အတွက် Email နှင့် အဓိက အသုံးပြုနိုင်သော ဖုန်းနံပါတ်တို့ကို ပေးအပ်ရမည်။ Customer ၏ အေးဂျင့်အဖြစ်ဆောင်ရွက်ပြီး Customer ၏ ကိုယ်စား Customer ၏ အ‌ကောင့်ကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်မည့် User အတွက် အဆိုပါ User ၏ စစ်မှန်မှု နှင့် လုပ်ပိုင်ခွင့်တို့ကို ဘဏ်မှ အတည်ပြုနိုင်ရန် Customer သည် လိုအပ်သော စာရွက်စာတမ်းများနှင့်အချက်အလက်များအားလုံးကို ဘဏ်သို့ ပေးအပ်ရမည်။ ကနဦး အသုံးပြုရမည့် User ID ပေးပို့ရန်အတွက် User ၏ Email ကိုလည်းကောင်း၊ ဒုတိယအဆင့် အတည်ပြု စစ်ဆေးရန် အသုံးပြုသည့် OTP ကို ပေးပို့ရန်အတွက် User ၏ Email နှင့် သို့မဟုတ် ဖုန်းနံပါတ်တို့ကိုလည်းကောင်း အသုံးပြုမည်ဖြစ်သည်။ Customer သည် ဘဏ်က ထိုသို့ ဆောင်ရွက်ပေးခြင်း သို့မဟုတ် ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆုံးရှုံးနိုင်ခြေအလားအလာများကို လက်ခံရန် သဘောတူပါသည်။

၅.၂။ User ပြောင်းလဲသည့်အခါ Customer သည် ပြောင်းလဲမှု အကြိုးသက်ရောက်စေရန် (ဘဏ်သို့ လိုအပ်သော စာရွက်စာတမ်းများနှင့် အချက်အလက်များအားလုံးကို ပေးအပ်ခြင်း အပါအဝင်) လျှောက်ထား အသုံးပြုခွင့် ဖောင်ကို ဘဏ်သို့ တင်ပြရမည်။ Customer သည် အဆိုပါ လျှောက်ထားဖောင်များကို အနည်းဆုံး အလုပ်ဖွင့်ရက် ခုနစ်ရက် (၇)ရက် ကြိုတင်၍ ဘဏ်သို့ လျှောက်ထားရမည်။ ပြောင်းလဲမှုကို အကြိုးသက်ရောက်စေရန် Customer ၊ တည်ဆဲ User နှင့် အစားထိုးရန် ရည်ရွယ်ထားသော User တို့သည် ဘဏ်က ညွှန်ကြားထားသည့်အတိုင်း လိုအပ်သော ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သော စာရွက်စာတမ်းများအားလုံးကို ပေးအပ်ရမည်။၊၊

၅.၃။ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို ရရှိရန် ဆက်သွယ်ရေးလိုင်းများ လိုအပ်သည့်အပြင် ဘဏ်မှ အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်မည့် အောက်ဖော်ပြပါ လိုအပ်ချက်များ ရှိထားရန် လိုအပ်သည် -

  • (က) Online Channelမှ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်ရန် Desktop ကွန်ပျူတာများ အတွက် Windows, Internet Explorer 11, Firefox last ESR and actual, Opera (actual), Chrome (actual), Microsoft Edge (actual), Mac, Safari (actual, version 10 is not supported) စသည့် Web Browser များ၊ Tablet browsers အတွက် iPad, Safari (actual), Android Tablet, Chrome (actual), Windows Tablet, Internet Explorer 11, Microsoft Edge (actual) များ။
  • (ခ) Yoma Bank App/Mobile Channelမှ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်ရန် Android ဖုန်းအသုံးပြုသူများအတွက် Android Versions - 4.4, 5.0, 5.1, 6.0, 7.0, 7.1, 8.0, 8.1, 9.0, Android Wear 1.4, 2.0 နှင့် 2.1 နှင့် iOS ဖုန်း အသုံးပြုသူများအတွက် iOS Versions - 9.x, 10.x, 11.x, 12, 13 နှင့ျ iOS WatchOS – 2.2, 3.0, 4.0 နှင့် 5.0 ။

၆။ အတည်ပြုစစ်ဆေးခြင်း

၆.၁။ Security Codes - ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်ခြင်းအတွက် ဘဏ်မှ ပေးပို့သော ကနဦး “Login ID/ Alias” နှင့် “Password” ကို အသုံးပြုရမည်။ ထို့နောက် အသုံးပြုသူမှ မိမိ ကြိုက်နှစ်သက်ရာ “Password” ကို မဖြစ်မနေ ပြောင်းလဲအသုံးပြုရမည်ဖြစ်ပြီး Login ID/Alias ကို ပြောင်းလဲ အသုံးပြုရန် အကြံပြုပါသည်။ Online Channel တွင် Anti-phishing Image ကို ထပ်ဆင့် ရွေးချယ်အသုံးပြုရမည်ဖြစ်ပြီး Mobile Channelတွင် PIN/Pattern or Touch ID ကို ထပ်ဆင့် ရွေးချယ်အသုံးပြုရမည်။

  • (က) Password ကို ပြောင်းလဲအသုံးပြုရာတွင် အနည်းဆုံး စာလုံးကြီး (၁) လုံး၊ စာလုံးသေး (၁) လုံး၊ ဂဏန်း (၁)လုံး ပါရှိရမည်ဖြစ်ပြီး စုစုပေါင်း စာလုံး အနည်းဆုံး (၈) လုံးမှ အများဆုံး (၁၆) လုံးအထိ ထည့်သွင်း အသုံးပြုနိုင်သည်။ အထူးစကားလုံးများ (#, @, *, စသည့် သင်္ကေတများ) ကို အသုံးမပြုနိုင်ပါ။ Password ပြောင်းလဲအသုံးပြုရာတွင် နောက်ဆုံးအသုံးပြုခဲ့ပြီးဖြစ်သော Password (၃) ခုကို ပြန်လည်အသုံးပြု၍ မရပါ။
  • (ခ) PIN ကို အသုံးပြုရာတွင် အလွန်ရိုးစင်းသော ကိန်းဂဏန်းများ၊ ထပ်တူကျသည့်ကိန်းဂဏန်းများ၊ ငယ်စဉ် ကြီးလိုက် (သို့မဟုတ်) ကြီးစဉ်ငယ်လိုက် စီစဉ်ထားသည့် ကိန်းဂဏန်းများ ပေါင်းစပ်ထားခြင်း ဖြစ်သည့် PIN ကို ရွေးချယ် အသုံးပြုခွင့်မရှိပါ။ PIN ကို (၅) ကြိမ်တိုင်တိုင် မှားယွင်းထည့်သွင်းမိပါက အသုံးပြုသူကို စနစ်သို့ ဝင်ရောက်နိုင်ခွင့် ယာယီ ဆိုင်းငံ့ထားမည် ဖြစ်သည်။
  • (ဂ) Pattern ကို အသုံးပြုရာတွင် အနည်းဆုံး အမှတ် (၆) မှတ်ကို ချိတ်ဆက်အသုံးပြုရမည်ဖြစ်ပြီး ဖြတ်မှတ် တစ်ခုရှိရမည်။

၆.၂။ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်ရန်အတွက် ပထမအဆင့် အတည်ပြုစစ်ဆေးခြင်း (First Level Authentication) ကို မဖြစ်မနေ ဆောင်ရွက်ရမည်။ ငွေစာရင်းလွှဲပြောင်းခြင်း၊ အရေးပါသော ကိုယ်ရေးအချက်အလက်များ ပြောင်းလဲခြင်း စသည်တို့အတွက် ဒုတိယအဆင့် အတည်ပြုစစ်ဆေးခြင်း (Second Level Authentication) နည်းဖြင့် ထပ်ဆင့်အတည်ပြု စစ်ဆေးမည်။

၆.၃။ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်အသုံးပြုရာတွင် Mobile Channel မှ ပထမအဆင့် အတည်ပြု စစ်ဆေးခြင်းအတွက် PIN/Pattern (သို့မဟုတ်) Touch ID ကိုအသုံးပြုရန်၊ ဒုတိယအဆင့် အတည်ပြု စစ်ဆေးခြင်းအတွက် SMS OTP ကိုအသုံးပြုရန်၊ SMS OTP ကို ဘဏ်၏ Core Banking System တွင် မှတ်တမ်းတင်ထားရှိသည့် ဖောက်သည် သို့မဟုတ် ၎င်း၏ User(များ) ၏ အဓိက အသုံးပြုနေသော ဖုန်းနံပါတ် သို့ ပေးပို့မည် ဖြစ်ပါသည်။ Password ကို အသုံးပြုပြီး Online Channel မှ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်သည့် User သည် Mobile Device ရှိထားပြီးဖြစ်ပါက SMS OTP (သို့မဟုတ်) Mobile Token OTP ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

၇။ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ဝင်ရောက်အသုံးပြုခြင်း

၇.၁။ ဝင်ရောက်အသုံးပြုနိုင်သောအချိန် - ဘဏ်စနစ်များကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချိန်မှလွဲ၍ ဒစ်ဂျစ်တယ်ဘဏ် လုပ်ငန်းစနစ်သို့ ၂၄ နာရီ၊ ပိတ်ရက်မရှိ ဝင်ရောက်အသုံးပြုနိုင်ပါမည်။

၇.၂။ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းစနစ်ကို ဝင်ရောက်အသုံးပြုရာတွင် စနစ်တကျ လွယ်ကူစွာ အသုံးပြုနိုင်စေရန် Customer နှင့် User များသည် ဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သည့် Online Channel User Guide နှင့် Mobile Channel (Android/iOS) User Guide များကို လိုက်နာဆောင်ရွက်ရမည်။

၇.၃။ အသုံးပြုသူနှင့် စာရင်းများ၏ ပတ်သက်ဆက်နွှယ်မှု (Relationship between user and Account) အပေါ်မူတည်ပြီး အသုံးပြုသူ၏ ငွေစာရင်းလုပ်ဆောင်ချက်များတွင် ကန့်သတ်ချက်များရှိနိုင်သည်။

  • (က) Customer သည် မိမိစာရင်းအား အသုံးပြုရာတွင် မိမိကိုယ်တိုင် User အဖြစ် ဆောင်ရွက်သည်ဖြစ်စေ၊ မိမိ၏ ကိုယ်စားလှယ်အဖြစ် အခြားလူပုဂ္ဂိုလ်တစ်ဦးဦးအား ခန့်အပ်ပြီး User အဖြစ် ဆောင်ရွက်သည်ဖြစ်စေ၊ (၎င်း၏ ဘဏ်စာရင်းများအချင်းချင်းဖြစ်စေ သို့မဟုတ် ပြင်ပဘဏ်စာရင်းများသို့ လွှဲပြောင်းခြင်းအပါအဝင်) ၎င်း၏ ဘဏ်စာရင်း (များ) နှင့် စပ်လျဥ်း၍ ဘဏ်သို့ ပေးအပ်သော ညွှန်ကြားချက်မှန်သမျှကို တာဝန်ယူရမည်။
  • (ခ) ညွှန်ကြားချက်ပေးသူ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းအတည်ပြုခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ကို စစ်ဆေးခြင်းအပါအဝင် အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်သော အချက်အလက်များ ကို စစ်ဆေးခြင်းမပြုဘဲ ဘဏ်သည် Customer သို့မဟုတ် User ၏ ထိုညွှန်ကြားချက်အတိုင်းသာ ယုံကြည်ဆောင်ရွက်မည် ဖြစ်ကြောင်း (ဘဏ်က ထိုသို့ ဆောင်ရွက်ရန်အတွက် Customer က ဤစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးပြီးဖြစ်ကြောင်း) ကို Customer က သဘောတူညီပါသည်။ User ကို Customer ၏ Agent (ကိုယ်စားလှယ်) ဖြစ်သည်ဟုမှတ်ယူပြီး User က စာရင်းနှင့် ပတ်သက်၍ အသုံးပြုလုပ်ဆောင်သော ဆောင်ရွက်ချက်အားလုံးသည် Customer ၏ တရားဝင် ခွင့်ပြုချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူရန် Customer က သဘောတူညီပါသည်။ Customer သည် User ၏ ဆောင်ရွက်ချက်နှင့် ပျက်ကွက်မှုအားလုံးအတွက် တာဝန်ရှိပါသည်။
  • (ဂ) ဘဏ်သည် Customer ၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရသော မည်သည့်လုပ်ရပ်ကိုမဆို တာဝန် သို့မဟုတ် ပေးလျှော်ရန် တာဝန်မရှိကြောင်း Customer က သဘောတူညီပါသည်။ Customer သည် ၎င်းကိုယ်တိုင် User အဖြစ် ဆောင်ရွက်၍ ပေးအပ်သော သို့မဟုတ် ၎င်း၏ ကိုယ်စား User အဖြစ် ဆောင်ရွက်ကျသော ပုဂ္ဂိုလ်တစ်ဦးဦးက ပေးအပ်သော သို့မဟုတ် ၎င်းးက သိရှိသော သို့မဟုတ် ၎င်း၏ ခွင့်ပြုချက်ရရှိသော ပုဂ္ဂိုလ်တစ်ဦးက ပေးအပ်သော ညွှန်ကြားချက်မှန်သမျှတို့ကို တာဝန်ယူရမည်။
  • (ဃ) Customer သည် ညွှန်ကြားချက် နှင့် စပ်လျဥ်းသော သို့မဟုတ် ညွှန်ကြားချက်များ၏ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပေးအပ်သော အချက်အလက်များ ပြည့်စုံ၊ တိကျ၊ မှန်ကန်မှုရှိစေရန် တာဝန်ရှိပါသည်။
  • (င) ညွှန်ကြားချက်သည် အခြေအနေ သို့မဟုတ် စည်းကမ်းချက်တစ်ရပ်အပေါ် မူတည်သည့် ညွှန်ကြားချက်မျိုး မဖြစ်စေရဘဲ ဘဏ်သည် ထိုသို့သော ညွှန်ကြားချက်များကို ရရှိစေကာမူ သို့မဟု‌တ် စည်းကမ်းချက်တစ်ရပ်ရပ်အပေါ် မူတည်ခြင်း မရှိသော ညွှန်ကြားချက် ကဲ့သို့ မှတ်ယူလျှက် ဆောင်ရွက်ခွင့် ရှိပါသည်။
  • (စ) Customer သည် အကြောင်းတစ်ခုခုကြောင့် ဝန်ဆောင်မှုအား အသုံးပြုခွင့် မရရှိခြင်း (သို့မဟုတ်) စနစ်၏ ချို့ယွင်းချက်ကြောင့် အသုံးပြု၍ မရနိုင်ခြင်း၊ (သို့မဟုတ်) ဝန်ဆောင်မှုအား အသုံးပြုနိုင်ရန် တပ်ဆင်ထားသော ကိရိယာများ၏ ချို့ယွင်းမှုကြောင့် အသုံးပြု၍ မရသည့် အခြေအနေများတွင် ဘဏ်မှ လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ရန်နှင့် ဘဏ်မှ အသုံးပြုသည့်သတင်းအချက်အလက်များ ရရှိနိုင်ရန် Customer မှ ညွှန်ကြားချက် ပေးရမည်ဖြစ်ပြီး လိုအပ်သောနည်းလမ်းများကို ညွှန်ကြားရန်မှာ Customer ၏ တာဝန်သာ ဖြစ်ကြောင်း သဘောတူညီပါသည်။
  • (ဆ) Customer ၏ ညွှန်ကြားချက်သည် ဗဟိုဘဏ်၏ချမှတ်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ အုပ်ချုပ်ရေး၊ တရားရုံး (သို့မဟုတ်) စီမံခန့်ခွဲရေးအရ ထုတ်ပြန်သော အမိန့် ကြေညာချက်များ၊ ညွှန်ကြားချက် များနှင့် ကိုက်ညီမှု မရှိဟု ဘဏ်က ထင်မြင် ယူဆပါက Customer ၏ ထို ညွှန်ကြားချက်အား ဘဏ်မှ လိုက်နာဆောင်ရွက်ပေးရန်တာဝန် မရှိပါ။ ထိုကဲ့သို့သော ကိစ္စမျိုးအတွက် ဘဏ်သည် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်မရှိပါ။
  • (ဇ) တစ်ဦးချင်းစာရင်း အသုံးပြုသူများသည် ထိုစာရင်းနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများအား ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ဘဏ်၏ ခွင့်ပြုချက်အတိုင်းသာ ဆောင်ရွက်ရမည်။
  • (ဈ) ပူးတွဲစာရင်းကို အသုံးပြုမည့်သူတစ်ဦးသည် ကျန်ပူးတွဲစာရင်းပိုင်ရှင်များ၏ သဘောတူညီမှုရရှိထားရန် လိုအပ်ပါသည်။ ပူးတွဲစာရင်းပိုင်ရှင်များအားလုံးသည် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှု လျှောက်ထားရာတွင် လက်မှတ်ရေးထိုးထားရန် လိုအပ်မည်ဖြစ်ပြီး ပူးတွဲစာရင်းပိုင်ရှင်များထဲမှ တစ်ဦးဦးအား User အဖြစ် သတ်မှတ်၍ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ထားရမည် ဖြစ်သည်။ ပူးတွဲစာရင်း ဖွင့်လှစ်အသုံးပြုရာတွင် ထိုစာရင်းနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း သဘောတူညီမှုများအတွက် ပူးတွဲစာရင်းအသုံးပြုသူ တစ်ဦးချင်းစီနှင့် အားလုံး၌ စုပေါင်း၍ တာဝန် ရှိကြောင်း နားလည်သဘောပေါက်ကြရမည် ဖြစ်သည်။ ပူးတွဲစာရင်း အသုံးပြုသူများအနက် တစ်ဦးတစ်ယောက်မှသော် လည်းကောင်း၊ ပူးတွဲစာရင်းပိုင်ရှင်များမှ စုပေါင်း၍သော်လည်းကောင်း အသုံးပြုခွင့်အား ရုတ်သိမ်းလိုကြောင်း အကြောင်း ကြားလာခဲ့လျှင် ဘဏ်အနေဖြင့် ယင်းဝန်ဆောင်မှုအား ပိတ်သိမ်းနိုင်သည်။
  • (ည) ပူးတွဲစာရင်းပိုင်ရှင် တစ်ဦးဦး သေဆုံးခြင်း (သို့မဟုတ်) လူမွဲအဖြစ် ခံယူရသည့် အခြေအနေမျိုးတွင် အခြား ကျန်ရှိသည့် ပူးတွဲစာရင်းပိုင်ရှင်များမှ လက်ရှိငွေစာရင်းနှင့် ထည့်သွင်းမည့် ငွေများအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်များရရှိမည် ဖြစ်သည်။ ပူးတွဲစာရင်း အသုံးပြုသူများသည် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုဖြင့် ငွေစာရင်းစီမံခန့်ခွဲရာတွင် သင့်တော်သော ညွှန်ကြားချက်များပေး၍ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဤအပိုဒ်အရ ဆောင်ရွက်ချက်များ အားလုံး၏ အကျိုးသက်ရောက်မှု သို့မဟုတ် တရားဝင်ကျိုးကြောင်း ညီညွတ်ခိုင်လုံခြင်းများသည် သက်ဆိုင်ရာ အမွေဆက်ခံပိုင်ခွင့် ဥပဒေများအားလုံးနှင့်အညီ ဖြစ်ပါသည်။

၈။ လုံခြုံရေးနှင့်လျှို့ဝှက်ချက်

၈.၁။ User သည် “Password” ကို မှတ်ညဏ်ဖြင့် မှတ်သားထားပြီး မည်သည့် နေရာတွင်မှ ရေးသားထားခြင်းမပြုရန်။

၈.၂။ User သည် ဘဏ်စာရင်းအချက်အလက်များအား တစ်ပါးသူ မမြင်နိုင်မည့် နေရာများတွင်သာ ကြည့်ရူ စစ်ဆေးဆောင်ရွက်ရန် ဖြစ်ပြီး (စာရင်းအမှတ်၊ အသုံးပြုသူ အမည်၊ Password အစရှိသည့်) စာရင်းနှင့် ပတ်သက်၍ လျို့ဝှက်ရန် အချက်အလက်များကို အခြားသူများ တွေ့ရှိနိုင်သော နေရာများတွင် တစ်နည်းနည်းဖြင့် ချန်ရစ်ထားခဲ့ခြင်း သို့မဟုတ် အများသုံး သို့မဟုတ် အထွေထွေသုံး ဆက်သွယ်ရေးစနစ် သို့မဟုတ် လုံခြုံမှုမရှိသော အီးမေးလ် သို့မဟုတ်အခြား ဆက်သွယ်ရေးစနစ်များကို အသုံးပြု၍ အဆိုပါ လျို့ဝှက်စာရင်းနှင့်အချက်အလက်များကို တစ်ပါးသူသို့ ပေးအပ်ခြင်း မပြုရ။

၈.၃။ User ၏ Security Codes အား မည်သို့သောအခါမှ အခြားမည်သူကိုမျှ SMS သို့မဟုတ် Email သို့မဟုတ် အခြားနည်းလမ်းများဖြင့် မျှဝေ၍ ဘဏ်လုပ်ငန်း ဆောင်ရွက်ခိုင်းခြင်း မပြုရ။ မည်သူကိုမျှ ဆိုရာတွင် ဘဏ်ဝန်ထမ်းများလည်း ပါဝင်ပါသည်။

၈.၄။ ဘဏ်၏ Online Channel (Log In URL) တစ်ခုတည်းတွင်သာ Security Codes နှင့် လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းအသုံးပြုရန်။

၈.၅။ Web Browser တွင် အသုံးပြုသူ၏ Security Codes များအား သိမ်းဆည်းထားခြင်း (Saved) မပြုလုပ်ရန်။

၈.၆။ ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို ရယူဆောင်ရွက်ပြီးပါက ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်မှ ထွက်ပြီး(Log out) Browser ကိုပိတ်ရန်။ (ထွက်ခွာခြင်းမပြုဘဲ Browser ကိုချန်ထားခဲ့ပါက Security Codes သည် Browser's Cache တွင် ကျန်ရှိနေသေးသဖြင့် မည်သူမဆို သင်၏စာရင်းကို ရယူနိုင်သည်ကို သတိပြုပါ။) ထို့အပြင် User သည် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်ကို အသုံးပြုစဉ် ကိုယ်ပိုင်ကွန်ပျုတာ သို့မဟုတ် မိုဘိုင်းဖုန်းတို့ကို စောင့်ကြည့်သူမရှိဘဲ ချန်ထားခဲ့ခြင်း မပြုရ။

၈.၇။ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်ပြီး (၅) မိနစ်ကြာ လုပ်ဆောင်မှုတ်စုံတစ်ရာမရှိခဲ့ပါက စနစ်မှ Auto Logout ဖြစ်သွားမည်။ သို့ရာတွင် အသုံးပြုလျက်ရှိသည့် ကိရိယာများအနားမှ ထွက်ခွာသည့်အချိန်တိုင်း (သို့မဟုတ်) အခြား Browser သို့ ဝင်ရောက်တိုင်း အသုံးပြုလျှက်ရှိသည့် ကိရိယာတို့မှ Logout လုပ်ခဲ့ရန်။

၈.၈။ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်နိုင်ခြင်းကို မပိတ်မီ (၅) ကြိမ်တိုင်တိုင် ကြိုးစားခွင့်ပြုမည် ဖြစ်သည်။ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်နိုင်ခြင်းကို ပိတ်ပင်ခံရပါက ပြန်လည်ရယူရန် ဘဏ်သို့သော် လည်းကောင်း၊ Call Center သို့သော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်ရန်။

၈.၉။ ဘဏ်မှ အသုံးပြုသူများအတွက် OTP ပေးပို့ရန် သတ်မှတ်ထားသော Primary Phone Number နှင့် Yoma Bank App (Mobile Token) တပ်ဆင်အသုံးပြုထားသော ကိရိယာများအား လုံခြုံစွာ သိမ်းဆည်း အသုံးပြုရန်။

၈.၁၀။ အသုံးပြုသူ၏ ငွေကြေးလုံခြုမှုအတွက် Rooted/Jailbroken Devices တွင် ဘဏ်၏ Mobile App ကို တပ်ဆင် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန်။

၈.၁၁။ ဘဏ်သည် Customer နှင့် User များ၏ သီးသန့် Username နှင့် Password များမှတဆင့် မည်သူမည်ဝါဖြစ်ကြောင်း ကို ခွဲခြားသတ်မှတ်ပါသည်။ User ၏ Username နှင့် Password ဖြင့် လုပ်ဆောင်ချက်များအားလုံးသည် Customer နှင့်သာ သက်ဆိုင်ပါသည်။ User သည် Username သို့မဟုတ် Password အား ဘဏ်ဝန်ထမ်းများ အပါအဝင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မပေးအပ်ကြောင်းနှင့် အသုံးပြုခွင့် မပေးကြောင်း Customer နှင့် User တို့က သဘောတူညီသိရှိပါသည်။

၉။ ထုတ်ဖော်ကြေညာချက်များ

၉.၁။ ဘဏ်၏ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို လျှောက်ထားခြင်းနှင့် အသုံးပြုသူ Customer နှင့် User တို့သည် အောက်ပါတို့ကို သဘောတူရမည် -

  • (က) ဘဏ်မှ အခါအားလျော်စှာ သတ်မှတ် အကြောင်းကြားထားသည့်အတိုင်း၊ ဘဏ်မှ ခွင့်ပြုသည့် နည်းလမ်း များနှင့်အညီဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကိုရယူရန်နှင့် အသုံးပြုရန် သဘောတူရမည်။
  • (ခ) ထို့အပြင် ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း သဘောတူ လိုက်နာရမည်။
  • (ဂ) ဘဏ်သည် မည်သည့်အကြောင်းပြချက်များပေးရန် မလိုဘဲ မည်သည့် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များရယူရန် လျှောက်ထားခြင်းကိုမဆို ငြင်းပယ်ခွင့်ရှိကြောင်း နားလည် သဘောတူပါသည်။
  • (ဃ) ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုရန် အွန်လိုင်းမှ စတင်လျှောက်ထားသည့်နေ့မှစတင်၍ ရက်ပေါင်း (၉၀) အတွင်း အသုံးပြုခြင်းမရှိသည့် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုအပါအဝင် မည်သည့် စာရင်းကိုမဆို ဘဏ်သည် ရပ်စဲခွင့်ရှိကြောင်း နားလည်ဘောတူရသည်။
  • (င) လုံခြုံရေး သ‌ကေံတများ (Security Codes) ကို Customer နှင့် User မှ လက်ခံရရှိမှု မရှိခြင်း (သို့မဟုတ်) ခွင့်ပြုမထားသည့် အခြားပုဂ္ဂိုလ်များသို့ အဆိုပါ Security Codes များကို အသိပေးပြောကြားခြင်းများမှ ဖြစ်ပေါ်လာသည့် မည်သည့်ဆုံးရှုံးမှုကိုမဆို Customer နှင့် User မှ တာဝန်ယူရန်နှင့် ဘဏ်မှ မည်သည့် နည်းလမ်းနှင့်မျှ အဆိုပါဆုံးရှုံးမှုအတွက် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းနှင့် သို့မဟုတ် ပေးလျှော်မည် မဟုတ်ကြောင်း သိရှိ သဘောတူရမည်။
  • (စ) User တွင် တစ်ခုထက် ပိုသော Productများ၊ စာရင်များ ဘဏ်တွင် ထားရှိခဲ့ပါက ယင်းစာရင်းများအားလုံးကို User ID အလိုအလျောက် ချိတ်ဆက်မည်ဖြစ်ကြောင်း သဘောတူအတည်ပြုရမည်။
  • (ဆ) ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ဘဏ်မှ Customer ကို ကြိုတင်အသိပေးခြင်းမပြုဘဲ ငွေကြေးလုပ်ဆောင်ချက်ဝန်ဆောင်ခများကို ကောက်ခံ/ ပြောင်းလဲနိုင်ကြောင်းနှင့် အဆိုပါ ဝန်ဆောင် ခြင်း ကိုကောက်ခံခဲ့ပါက အသုံးပြုသူ၏စာရင်းမှ ထုတ်နှုတ်ကျခံရမည် ဖြစ်ကြောင်းနှင့် မည်သည့်နည်းနှင့်မျှ ပြန်လည် ထုတ်ပေးမည် မဟုတ်ကြောင်း သိရှိသဘောတူရမည်။
  • (ဇ) Customer User မှ ဤစည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်ခြင်းကြောင့် လည်းကောင်း၊ Online Channel (Login URL) ရှိ အချက်အလက်များကို User က အသုံးပြုခြင်းကြောင့် လည်းကောင်း၊ ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့်လည်းကောင်း ပေါ်ပေါက်လာသည့် ဘဏ်၏နစ်နာဆုံးရှုံးမှုများအားလုံး (မည်သည့်ပေးရန် တာဝန်၊ ဆုံးရှုံးမှု၊ တောင်းဆိုမှုနှင့် ရှေ့နေခအပါအဝင် စရိတ်စကများ) အတွက် ပေးလျော်ရန် သဘောတူရမည်။
  • (ဈ) ဘဏ်သည် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးခြင်းနှင့် ပတ်သက်၍ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ဥပဒေကြောင်းအရ ပေါ်ပေါက်လာသော ကိစ္စရပ်များအတွက် ကိုယ်စားပြုခြင်း။ တာဝန်ခံ ဖြေရှင်းခြင်းပြုလုပ်မည် မဟုတ်ကြောင်းနှင့် Customer User တွင် ဆုံးရှုံးနစ်နာမှုများ (သို့မဟုတ်) ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်လာပါက Customer တစ်ဦးတည်းကသာ တာဝန်ယူရမည်ဖြစ်ပြီး ဘဏ်အား ဥပဒအရေ အရေးယူခြင်း၊ တရားစွဲဆိုခြင်းစသည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရန် တားဆီးပေးရမည်ဖြစ်ကြောင်း သဘောတူရမည်။
  • (ည) Web Browser (သို့မဟုတ်) Electronic file များတွင် ပါဝင်နေသော ဗိုင်းရပ်(စ်)များ/Viruses ကြောင့် ဖြစ်ပေါ်လာသော မည်သည့် ပျက်စီးဆုံးရှုံးရမှုမျိုးအတွက်မဆို ဘဏ်မှ တာဝန်မရှိကြောင်း (သို့မဟုတ်) ပေးရန်တာဝန်များ အားလုံးကို အသုံးပြုသူမှ တောင်းခံပိုင်ခွင့် မရှိကြောင်း သဘောတူရမည်။
  • (ဋ) အသုံးပြုသူမှ Rooted/Jailbroken Devices တွင် ဘဏ်၏ Mobile App ကို တပ်ဆင်အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုကို အသုံးပြုသူမှ တာဝန်ယူရမည်။
  • (ဌ) ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှု၏ လုံခြုံရေး အပြင်အဆင်များကို User က မလျော်မကန် အသုံးပြုခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် လိုအပ်ချက်များကို Customer သို့မဟုတ် User က လိုက်နာရန် ပျက်ကွက်ခြင်း သို့မဟုတ် Customer ၏စာရင်းကို ချိတ်ဆက်ရန် အခွင့်မရှိသော ပုဂ္ဂိုလ်များကို ချိတ်ဆက်ခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Customer တစ်ဦးတည်းကသာ တာဝန်ယူရမည် ဖြစ်ကြောင်း၊ ပေးလျော်ရန် တာဝန်ရှိမည် ဖြစ်ကြောင်း သဘောတူရမည်။
  • (ဍ) ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် ချိတ်ဆက်၍ အခြားပြင်ပအဖွဲ့အစည်းများ၏ စနစ်ကို အသုံးပြုရာတွင် နည်းပညာဆိုင်ရာ ယိုယွင်းမှုများပေါ်ပေါက်လာပြီး ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများ ဖြစ်ပေါ်လာပါက ဘဏ်မှ တာဝန်ယူ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်းကို သဘောတူရမည်။
  • (ဎ) Customer ၏စာရင်းသို့ (စနစ် သို့မဟုတ် ပြင်ပ အဖွဲ့အစည်းများ၏ အမှားကြောင့်) မှားယွင်းစွာ ငွေသွင်းမိပါက ၊ ဘဏ် သည် Customer သို့မဟုတ် User ထံသို့ ကြိုတင်အကြောင်းကြားစာပေးရန် မလိုဘဲ Customer ၏မည်သည့်စာရင်းမှမဆို နုတ်ယူနိုင်ကြောင်း သို့မဟုတ် တနည်းနည်း ငွေပေးသွင်းနိုင်စေရန် ဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် အဆိုပါ ပမာဏကို ခုနှိမ်နိုင်ကြောင်း သို့မဟုတ် ထိန်းသိမ်းထားနိုင်ကြောင်း သဘောတူရမည်။
  • (ဏ) ဘဏ်သည် ပြင်ပဘဏ်ငွေလွှဲခြင်းဆိုင်ရာ ဝန်ဆောင်မှုအခကြေးငွေများ (အထက်ပါအချက် (ဆ) အရ ကောက်ခံရန်) ကို စည်းကြပ်နိုင်ခွင့်ရှိသည်ကို သိရှိပါသည်။ ယင်းလွှဲပြောင်းမှုတွင် ပြင်ပဘဏ်မှ ချမှတ်ထားသော အပိုဆောင်းအခကြေးငွေများ သို့မဟုတ် နုတ်ယူမှုများလည်း ပါရှိမည်ဖြစ်သည်ကို သဘောတူသိရှိပါသည်။
  • (တ) ပြင်ပဘဏ်ငွေလွှဲခြင်းနှင့်စပ်လျဉ်း၍ ဝယ်ယူသူ/အသုံးပြုသူမှ ပေးဆောင်သော မမှန်ကန်သော အချက်အလက်တစ်ခုခုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများအတွက် Customer တစ်ဦးတည်းတွင်သာ တာဝန်ရှိပြီး တာ၀န်ရှိကြောင်း သဘောတူပါသည်။
  • (ထ) CBM သို့မဟုတ် အခြားသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် သို့မဟုတ် လိုက်နာရန်အတွက် ဘဏ်မှ ပြင်ပဘဏ်လွှဲပို့ခြင်း အပါအဝင် တောင်းဆိုထားသည့် လွှဲပြောင်းမှုများကို လုပ်ဆောင်ရန် ငြင်းဆိုနိုင်ကြောင်း သဘောတူပါသည်။

၉.၂။ Customer နှင့် User တိုင်းသည် Mobile Money Transfer ဖြင့် ငွေစာရင်းလွှဲပြောင်းခြင်းအတွက် သက်ဆိုင်ရာ Provider များမှ ချမှတ်သည့် စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည့်အပြင် ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်မည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည် -

  • (က) မည်သည့် Provider ကို ရွေးချယ်သည်ဖြစ်စေ သက်ဆိုင်ရာ Provider ၏ ဝန်ဆောင်မှုအား အသုံးပြုနိုင်ရန်အ တွက် Register ပြုလုပ်ထားသော ဖုန်းနံပါတ် (ဥပမာ-Wave Money အတွက် Telenor ဖုန်းနံပါတ်) သို့သာ လွှဲပြောင်းနိုင်မည်ဖြစ်ပြီး ရွေးချယ်ရန် ခွင့်ပြုထားသော မြန်မာကျပ်ငွေ ပမာဏအတိုင်းသာ လွှဲပြောင်းရမည်ကို သိရှိသဘောတူရမည်။
  • (ခ) အသုံးပြုသူမှ ငွေစာရင်းလွှဲပြောင်းရန်ဆောင်ရွက်ပြီးသည်နှင့် ဘဏ်၏စနစ်မှ လွှဲပြောင်းငွေ ပမာဏအား ဖောက်သည်၏စာရင်းမှ စတင် Blocked လုပ်ထားလိုက်မည်ဖြစ်ပြီး လုပ်ဆောင်ချက် အောင်မြင်ပါက အဆိုပါစာရင်းမှ နုတ်ယူမည်။ လုပ်ဆောင်ချက် မအောင်မြင်ပါက Blocked ပြုလုပ်ခံရသည့် ငွေပမာဏအား နှစ်ဆယ့်လေး (၂၄) နာရီ အကြာတွင် ကြိုးပမ်းအားထုတ်၍ ဘဏ်စနစ်မှ အလိုအလျောက် ပြန်လည်ပယ်ဖျက်ပေးမည်ကို သိရှိသဘောတူရမည်။
  • (ဂ) အကြောင်းအမျိုးမျိုးကြောင့် ငွေလွှဲပြောင်းလုပ်ဆောင်ချက် မအောင်မြင်ဘဲ လုပ်ဆောင်ချက် အခြေအနေ “Failed” သို့မဟုတ်“Processing” ဟုပြသနေပြီး ဖောက်သည်၏စာရင်းမှလုပ်ဆောင်ချက်ငွေ ပမာဏကို နုတ်ယူသွားပါက နီးစပ်ရာဘဏ်ခွဲသို့ ဆက်သွယ်ခြင်းဖြင့်သော်လည်းကောင်း၊ Call Center သို့ ဖုန်းဆက်၍ သော်လည်းကောင်း အကြောင်း ကြားပြီး Complain တင်ရမည်။ ဘဏ်မှ လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ပြီး မှန်ကန်ပါမှ နုတ်ယူထားသည့် ပမာဏ အား Customer ၏ စာရင်းသို့ ပြန်လည်ထည့်သွင်းပေးမည်ကို လက်ခံ သဘောတူရမည်။
  • (ဃ) ငွေလွှဲပြောင်းလုပ်ဆောင်ချက် အောင်မြင်ပြီး လုပ်ဆောင်ချက်အခြေအနေ “Processed” ဟု ပြသသော်လည်း လွှဲပြောင်းငွေပမာဏအား ဖောက်သည်၏စာရင်းမှ နုတ်ယူသွားခြင်းမရှိ ဟု ဘဏ်မှ စစ်ဆေးတွေ့ရှိပါက မည်သည့်နေ့ရက်၊ မည်သည့်အချိန်တွင်ဖြစ်စေ အသုံးပြုသူမှ ပေးချေရန် ရွေးချယ်ထားသည့်စာရင်းမှ အဆိုပါလွှဲပြောင်းငွေပမာဏအားပြန်လည်နုတ်ယူမည် ကို သိရှိသဘောတူရမည်။

၉.၃။ (User အပါအဝင်) Customer သည် Mobile Top-up အတွက် သက်ဆိုင်ရာ GSM (Mobile Service) Provider များမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည့်အပြင် ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်မည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါမည် -

  • (က) Mobile Top-up ကိုဆောင်ရွက်ရာတွင် GSM Provider ကို မှန်ကန်စွာ ရွေးချယ်ရမည်။ မည်သည့် Service Provider ကို ရွေးချယ်သည်ဖြစ်စေ GSM Mobile ဖုန်းများကိုသာ ငွေလက်ကျန် ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ရွေးချယ်နိုင်ရန် ခွင့်ပြုထားသော မြန်မာကျပ်ငွေ ပမာဏအတိုင်းသာ ဖြည့်တင်းနိုင်ပါမည်။
  • (ခ) အသုံးပြုသူမှ Mobile Top-up ပြုလုပ်ရန် ဆောင်ရွက်ပြီးသည်နှင့် ဘဏ်၏စနစ်မှ Top-up ပြုလုပ်မည့် ငွေပမာဏအား ဖောက်သည်၏စာရင်းမှ စတင် Blocked လုပ်ထားလိုက်မည် ဖြစ်ပြီး လုပ်ဆောင်ချက် အောင်မြင်ပါက အဆိုပါစာရင်းမှ နုတ်ယူမည်။ လုပ်ဆောင်ချက် မအောင်မြင်ပါက Blocked ပြုလုပ်ခံရသည့် ငွေပမာဏအား (၂၄) နာရီ အကြာတွင် ကြိုးပမ်းအားထုတ်၍ ဘဏ်စနစ်မှ အလိုအလျောက် ပြန်လည်ပယ်ဖျက်ပေးမည်ကို သိရှိသဘောတူရမည်။
  • (ဂ) အကြောင်းအမျိုးမျိုးကြောင့် Mobile Top-up လုပ်ဆောင်ချက် မအောင်မြင်ဘဲ လုပ်ဆောင်ချက် အခြေအနေ “Failed” သို့မဟုတ် “Processing” ဟု ပြသနေပြီး ဖောက်သည်၏စာရင်းမှ လုပ်ဆောင်ချက်ငွေပမာဏကို နုတ်ယူသွားပါက နီးစပ်ရာဘဏ်ခွဲသို့ ဆက်သွယ်၍သော်လည်းကောင်း၊ Call Center သို့ ဖုန်းဆက်၍သော်လည်းကောင်း အကြောင်းကြားပြီး Complain တင်ရမည်။ ဘဏ်မှ လိုအပ်သောစစ်ဆေးမှုများပြုလုပ်ပြီး မှန်ကန်ပါမှ နုတ်ယူထားသည့် ပမာဏအား Customer ၏ စာရင်းသို့ ပြန်လည်ထည့်သွင်းပေးမည်ကို လက်ခံသဘောတူရမည်။
  • (ဃ) Mobile Top-up လုပ်ဆောင်ချက် အောင်မြင်ပြီး လုပ်ဆောင်ချက်အခြေအနေ “Processed” ဟု ပြသသော်လည်း Mobile Top-up ပြုလုပ်သည့် ငွေပမာဏအား ဖောက်သည်၏ စာရင်းမှနုတ်ယူသွားခြင်းမရှိ ဟု ဘဏ်မှ စစ်ဆေးတွေ့ရှိပါက မည်သည့်နေ့ရက် မည်သည့်အချိန်တွင်ဖြစ်စေ အသုံးပြုသူမှ ပေးချေရန် ရွေးချယ်ထားသည့်စာရင်းမှ အဆိုပါ လွှဲပြောင်းငွေပမာဏအား ပြန်လည် နုတ်ယူမည်ကို သိရှိသဘောတူရမည်။

၉.၄။ Create Fixed Deposit (စာရင်းသေအပ်ငွေစာရင်းထားရှိခြင်း) အတွက် ဘဏ်ခွဲများတွင် ထားရှိသော စာရင်းသေ အပ်ငွေစာရင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည့်အပြင် Online/Mobile Channels မှ ထားရှိခြင်းအတွက် အောက်ပါတို့ကို သိရှိလိုက်နာဆောင်ရွက်ရန် သဘောတူရမည် -

  • (က) စာရင်းသေအပ်ငွေစာရင်းကို အနည်းဆုံး ငွေကျပ်-၅၀,၀၀၀/- (ငွေကျပ်ငါးသောင်းတိတိ) မှ စတင်ထားရှိနိုင် မည်ဖြစ်ပြီး ဘဏ်မှ အခါအားလျော်စွာ သတ်မှတ်သည့် အများဆုံးငွေ ပမာဏအထိ ထားရှိနိုင်မည် ဖြစ်သည်။ အသုံးပြုသူမှ သတ်မှတ်ထားရှိမည့်ငွေပမာဏကို အသုံးပြုသူ ရွေးချယ်သည့် ဖောက်သည်၏စာရင်းမှ နုတ်ယူမည်။
  • (ခ) စာရင်းသေအပ်ငွေစာရင်း ထားရှိနိုင်သော ကာလမှာ (ရက် ၃၀ ၊ ၉၀ ၊ ၁၈၀ ၊ ၂၇၀ ၊ ၃၆၅) ဖြစ်ပြီး အသုံးပြုသူမှ ကြိုက်နှစ်သက်ရာကာလကို ရွေးချယ်ထားရှိနိုင်ပါမည်။ ယင်းကာလအလိုက် အပ်ငွေများအပေါ်တွင် ဒါရိုက်တာအဖွဲ့မှ အခါအားလျော်စွာ သတ်မှတ်ထားသော အတိုးနှုန်းများကို ခံစားခွင့်ပြုမည် ဖြစ်ပြီး ရရှိသည့်အတိုးငွေပေါ်တွင် ကျသင့်သည့် အမြတ်တော်ခွန်အား စာရင်းသေအပ်ငွေစာရင်း ပြုလုပ်သူမှ ကျခံရမည်။
  • (ဂ) စာရင်းသေအပ်ငွေစာရင်း ထားရှိရာတွင် အရင်းအားသက်တမ်းတိုးခြင်း (Principle Only Rollover) (သို့မဟုတ်) သက်တမ်းမတိုးခြင်း (No Rollover) ကိုသာ ရွေးချယ်သတ်မှတ်နိုင်သည်။ No Rollover (သက်တမ်း မတိုးခြင်း) ကို ရွေးချယ်ခဲ့ပါက စာရင်းသေအပ်ငွေစာရင်း သက်တမ်း ပြည့်ချိန်တွင် အရင်းနှင့် အတိုးငွေအား စာရင်းသေအပ်ငွေ စာရင်း စတင်ထားရှိစဉ် အသုံးပြုသူ ရွေးချယ်ထားခဲ့သော မူလစာရင်းများသို့ စာရင်းပြောင်းနည်းလမ်းဖြင့် ပြန်လည်ထည့်သွင်းပေးမည် ဖြစ်သည်။
  • (ဃ) စာရင်းသေအပ်ငွေစာရင်း ပြုလုပ်ထားရှိခြင်းအတွက် Certificate များ (သို့မဟုတ်) Passbook များကို ပေးအပ်မည် မဟုတ်ပါ။ Online/Mobile Channel များမှ ထားရှိသော စာရင်းသေအပ်ငွေ စာရင်းများကို ဘဏ်၏ Digital Banking Branch တွင် ထိန်းသိမ်းထားရှိမည် ဖြစ်ပြီး Online/ Mobile Channel များမှသာ ကြည့်ရှုစစ်ဆေးနိုင်မည် ဖြစ်သည်။
  • (င) Customer က စာရင်းသေအပ်ငွေစာရင်းကို သက်တမ်းမစေ့မီ ပယ်ဖျက်နိုင်သည်။ Customer သည် မည်သည့်ဘဏ်ခွဲတစ်ခုခုသို့မဆို သွားရောက်ပြီး ထိုစာရင်းပယ်ဖျက်မှုကို အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်နိုင်သည်။ ဘဏ်က ပေးရန်ရှိသော အတိုးနှင့် ဖောက်သည် (Customer) က ဘဏ်သို့ ပေးရန်ရှိသော ဝန်ဆောင်ခ ကောက်ခံမှုများမှာ ရိုးမဘဏ်မှ သတ်မှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်။ Customer က ပေးရန်ရှိသော ဝန်ဆောင်ခများကို ထုတ်ပြန်ကြေညာပြီး ရိုးမဘဏ်၏ ဘဏ်ခွဲတစ်ခုချင်းစီတွင် ရရှိနိုင်အောင် ဆောင်ရွက်ထားပါသည်။
  • (စ) ရှင်းလင်းလိုသည့်အချက်မှာ Customer တစ်ဦးချင်းသည် စာရင်းသေအပ်ငွေ စာရင်းကို အွန်လိုင်းမှ ပယ်ဖျက်ရန် လျှောက်ထားပြီး ဖြစ်ပါက၊ အဆိုပါ စာရင်းသေအပ်ငွေ စာရင်းနှင့် စပ်လျဉ်း၍ ထုတ်ပေးထားသော Certificate သည် အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူပါသည်။

၁၀။အခြားဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း နှင့် ဝန်ဆောင်မှုများ

၁၀.၁။ ကာလတိုချေးငွေ

  • (က) Customer သည် ရိုးမဘဏ်တွင် SMART Account ဖွင့်လှစ်လိုက်သည်နှင့် ကာလတိုချေးငွေ ဝန်ဆောင်မှုအား အခါအားလျော်စွာ အသုံးပြုနိုင်ရန်အတွက် ရိုးမဘဏ်က ၎င်း၏ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးနိုင်မည်ကို သဘောတူညီပါသည်။ ယင်းသဘောတူညီချက်တွင် ရိုးမဘဏ်က Customer အား ကာလတိုချေးငွေနှင့် ပတ်သက်၍ ဆက်သွယ် ဝန်ဆောင်မှုပေးမည် (သို့မဟုတ်) Customer က ယင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ သဘောတူလက်ခံရမည် (သို့မဟုတ်) ယင်းဝန်ဆောင်မှုအား အသုံးပြုမည်ဆိုသော သဘောတူညီမှုများ ပါဝင်မည် မဟုတ်ပါ။
  • (ခ) ကာလတိုချေးငွေ ဝန်ဆောင်မှုကို ရယူခြင်းအားဖြင့် Customer သည် အခါအားလျော်စွာ ချေးငွေရယူနိုင်မည်။ ရိုးမဘဏ်သည် သဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း မည်သည့်အချိန်တွင်မဆို ကာလတိုချေးငွေ ပမာဏ၊ အချိန်သတ်မှတ်ချက် နှင့် ဝန်ဆောင်ခများကို ပြန်လည်ပြင်ဆင် ပြောင်းလဲနိုင်ပြီး Customerအား ဖော်ပြပါ အကြောင်းအရာများကို ကြိုတင်အသိပေးမည် ဖြစ်ပါသည်။
  • (ဂ) Customer သည် ကာလတိုချေးငွေကို ရိုးမဘဏ်၏ Application (သို့မဟုတ်) Email (သို့မဟုတ်) ဖုန်းခေါ်ဆိုမှုများမှ တစ်ဆင့် (သို့မဟုတ်) နီးစပ်ရာ ရိုးမဘဏ်ခွဲသို့ သွားရောက်၍ လျှောက်ထားနိုင်သည်။ ရိုးမဘဏ်၏ ကာလတိုချေးငွေ ဝန်ဆောင်မှုကို လျှောက်ထားသည်နှင့်တစ်ပြိုင်နက် ရိုးမဘဏ်က ထိုချေးငွေ ဝန်ဆောင်မှုပေးရန်အတွက် လိုအပ်သောချေးငွေလျှောက်ထားမှု ဝန်ဆောင်ခ ကောက်ခံခြင်း အပါအဝင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းချက်များနှင့် အခြေအနေအရပ်ရပ်ကို ချမှတ်ပါမည်။ Customer သည် ချေးငွေကို ရယူလိုပါက ရိုးမဘဏ်က သတ်မှတ်ထားသော ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါမည်ဟု ဝန်ခံကတိပြုကြောင်း ဘဏ်သို့ အသိပေးရပါမည်။
  • (ဃ) ရိုးမဘဏ်မှပေးပို့သော ကာလတိုချေးငွေဝန်ဆောင်မှုကို အသုံးပြုရန် သဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများက လက်ခံပါက Customer သည် အောက်တွင်ဖော်ပြထားသော အချက်များကို သဘောတူညီပြီး ဖြစ်ပါသည်။
    • (၁) Customer သည် ရိုးမဘဏ်၏ ကာလတိုချေးငွေဝန်ဆောင်မှုက အသုံးပြုပြီးပါက ရိုးမဘဏ်သည် ပေးရန်ကျန်ရှိသည့် ချေးငွေပမာဏကို သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည်။
    • (၂) ရိုးမဘဏ်၏ ချေးငွေ သဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း နောက်ဆုံးချေးငွေပေးသွင်းရမည့်နေ့တွင် ရိုးမဘဏ်သည် Customer ၏ မည့်သည့်ရိုးမဘဏ် အကောင့်စာရင်းမှမဆို ပြန်လည်ပေးချေရန် လိုအပ်သည့် ချေးငွေ ပမာဏကို လွှဲပြောင်း ထုတ်ယူနိုင်ခွင့် အပြည့်အဝရှိသည်ကို နားလည်သဘောတူညီရမည်။

၁၀.၂။ ဝန်ထမ်းကြိုတင်လစာ

  • (က) အကယ်၍ အလုပ်ရှင်သည် ရိုးမဘဏ်၏ လစာပေးခြင်းဝန်ဆောင်မှု (Payroll Services) ကိုအသုံးပြုပြီး ဝန်ထမ်း၏ SMART အကောင့်သို့ လစာထည့်သွင်းပေးပါက ဝန်ထမ်းများသည် ဝန်ထမ်းကြိုတင်လစာ (Employee Salary Advance) ခံစားပိုင်ခွင့်ရှိသည်။
  • (ခ) ဝန်ထမ်းကြိုတင်လစာကို ခံစားနိုင်ရန်အတွက် ဝန်ထမ်းအနေဖြင့်
    • (၁) အသက် (၁၈) နှစ်အထက်ဖြစ်ရမည်။
    • (၂) လစဉ်လတိုင်း၏ (၂၈) ရက်နေ့မတိုင်မီ ဝန်ထမ်းကြိုတင်လစာ လျှောက်ထားခြင်းဖြင့် နောက်တစ်လ၏ လစာမှ ဝန်ထမ်းကြိုတင်လစာ ခံစားနိုင်မည်ဖြစ်သည်။
    • (၃) ရိုးမဘဏ်၏ "လုပ်ခလစာဝန်ဆောင်မှု" ကိုအသုံးပြုပြီး အလုပ်ရှင်မှ သက်ဆိုင်ရာဝန်ထမ်း၏ SMARTအကောင့်သို့ လစဉ် လစာငွေ ထည့်သွင်းပေးရမည်ဖြစ်သည်။
    • (၄) ဝန်ထမ်းလစာကို ရိုးမဘဏ်၏ SMART အကောင့်ဖြင့် အနည်းဆုံးလခတစ်လစာကို ရရှိခဲ့ပြီးဖြစ်ရမည်။
    • (၅) ရိုးမဘဏ်သို့ ပေးဆပ်ရန်ကျန်ရှိသော ချေးငွေများနှင့် ကြွေးမြီများ မရှိရပါ။ ရိုးမဘဏ်တွင် ပျက်ကွက်ခဲ့ဖူးသော ငွေပေးချေမှုမှတ်တမ်းများ မရှိရပါ။
  • (ဂ) ဝန်ထမ်းကြိုတင်လစာသည် ဝန်ထမ်း၏ လစဉ်လစာငွေ၏ အများဆုံး ၂၀% အထိ (သို့မဟုတ်) ၂၀% နှင့်ညီမျှသော ပမာဏကို ရယူနိုင်သည်။
  • (ဃ) ဝန်ထမ်းကြိုတင်လစာလျှောက်ထားပါက ရိုးမဘဏ်သည် ဝန်ထမ်းကြိုတင်လစာနှင့် အပိုဒ်(င) တွင် ဖော်ပြထားသော ဝန်ဆောင်ခများအပါအဝင်ကို ကြိုတင်ထုတ်ယူသည့်လ၏ လုပ်ခလစာရရှိ မည့်နေ့ရက်တွင် ဝန်ထမ်း၏ SMART အကောင့်သို့ လစာငွေထည့်သွင်းပြီးသည်နှင့်တစ်ပြိုင်နက် အဆိုပါ SMART အကောင့်မှ နုတ်ယူမည်ဖြစ်သည်။
  • (င) ဝန်ထမ်းကြိုတင်လစာဝန်ဆောင်ခများကို ရိုးမဘဏ်မှ အခါအားလျော်စွာထုတ်ပြန်ထားသော ရိုးမဘဏ်၏ ဝန်ဆောင်ခစံနှုန်းများအလိုက် ကောက်ခံမည်ဖြစ်သည်။
  • (စ) ဝန်ထမ်းကြိုတင်လစာရယူရန် လျှောက်ထားခြင်းကို ရိုးမဘဏ်အနေဖြင့် အချိန်မရွေး ငြင်းပယ်ရုပ်သိမ်း ပိုင်ခွင့်ရှိသည်။
  • (ဆ) ဝန်ထမ်းကြိုတင်လစာဝန်ဆောင်မှုကို အသုံးပြုရာတွင် သက်ဆိုင်ရာဝန်ထမ်းများကြောင့်ဖြစ်ပေါ်လာသော ပျက်စီး ဆုံးရှုံးမှုအလုံးစုံသည် ရိုးမဘဏ်တွင် တာဝန်မရှိကြောင်း ဝန်ထမ်းမှ သဘောတူ လက်ခံပါသည်။

၁၀.၃။ အထွေထွေစည်းကမ်းချက်များ

  • (က) လစာပေးခြင်းဝန်ဆောင်မှု နှင့်/သို့မဟုတ် ဝန်ထမ်းကြိုတင်လစာ ဝန်ဆောင်မှုများ ပေးခြင်းကို ရိုးမဘဏ်မှ ရပ်တန့်လိုပါက အလုပ်ရှင်သို့ ရက်ပေါင်း ၃၀ ကြိုတင်၍ စာဖြင့်အသိပေးအကြောင်းကြားမည်ဖြစ်သည်။
  • (ခ) ရိုးမဘဏ်သည် လစာပေးခြင်းဝန်ဆောင်မှု၊ ဝန်ထမ်းကြိုတင်လစာ ဝန်ဆောင်မှုများ ပေးခြင်းနှင့် အခြား ဝန်ဆောင်မှုများ (သို့မဟုတ်) ဤစည်းကမ်းချက်များကို အခါအားလျော်စွာ ပြောင်းလဲသတ်မှတ်နိုင်သည်။ ဤစည်းကမ်းချက်များအား ပြောင်းလဲသတ်မှတ်မှုများရှိပါက ရိုးမဘဏ်၏ Website စာမျက်နှာတွင် သော်လည်းကောင်း၊ ဘဏ်ခွဲများတွင်သော်လည်းကောင်း ဖော်ပြအသိပေးသွားမည် ဖြစ်သည်။

၁၁။ ဘဏ်၏လုပ်ပိုင်ခွင့်အာဏာ

၁၁.၁။ ဝန်ဆောင်မှုအား ရပ်ဆိုင်းခြင်း - ဘဏ်၏ဆုံးဖြတ်ပိုင်ခွင့်အာဏာဖြင့် ဘဏ်သည် ဒစ်ဂျစ်တယ်ဘဏ် လုပ်ငန်း ဝန်ဆောင်မှုပေးရန် ငြင်းပယ်ပိုင်ခွင့် (သို့မဟုတ်) ပေးပြီးသောဝန်ဆောင်မှုများအား အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ (သို့မဟုတ်) ဤ စည်းမျဉ်းစည်းကမ်းများအား မထိခိုက်စေဘဲ ရပ်ဆိုင်းနိုင်သည်။ Customer သို့ User သည် စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်ခြင်း၊ ဘဏ်စာရင်းနှင့် ဝန်ဆောင်မှုများ အား မသမာသောနည်းလမ်း (သို့မဟုတ်) တရားမဝင်သော နည်းလမ်းများဖြင့် အသုံးပြုခြင်း၊ Customer ၏ ဘဏ်စာရင်းနှင့် ပတ်သက်၍ ပြဿနာ ပေါ်ပေါက်ခြင်းစသော ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဘဏ် အနေဖြင့် ဝန်ဆောင်မှုများအား ရပ်ဆိုင်းနိုင်သည်။

၁၁.၂။ ဆက်လက်တည်ရှိမှု - ဤသဘောတူညီမှုတွင် ပါဝင်သောစည်းမျဉ်းစည်းကမ်းများမှ အချက်အလက်တစ်စုံတစ်ရာ ပျက်ပြယ်ခဲ့ပါက ကျန်ရှိသော အချက်အလက်များသည် ဆက်လက်တည်ရှိနေမည် ဟု မှတ်ယူရမည်။ ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများတွင် ဥပဒေအရ မဖယ်ထုတ်နိုင်သည့် ဆောင်ရွက်ရမည့် မည်သည့်တာဝန်ရှိမှု တစ်ခုခုမဆို ဖယ်ထုတ် ချန်လှပ်ထားခြင်းမရှိပါ။

၁၁.၃။ ပြောင်းလဲပြင်ဆင်ခြင်း - ဘဏ်သည် ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများ၊ စရိတ်များ၊ ဝန်ဆောင်မှု ကုန်ကျစရိတ်များ၊ အွန်လိုင်းကတ်စနစ်၊ ငွေပေးချေမှုစနစ်များနှင့် သက်ဆိုင်သည့်ကိစ္စရပ်များအား အခါအားလျော်စွာ ပြောင်း လဲမည်ဖြစ်သည်။ လုံခြုံရေးအရသော်လည်းကောင်း (သို့မဟုတ်) စည်းမျဉ်းစည်းကမ်းများနှင့် ဆက်စပ်၍လည်းကောင်း ပြောင်းလဲရန် လိုအပ်ပါက ဘဏ်သည် ဤစည်းမျဉ်းစည်းကမ်းများအား ပြောင်းလဲမည် ဖြစ်သည်။ ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ပြီး နောက်ဆုံးအချက်အလက်များကို ဘဏ်၏ Website တွင်လည်းကောင်း၊ ဘဏ်ခွဲများတွင်လည်းကောင်း ထုတ်ပြန် ကြေညာမည်။ ဘဏ်သည် ၎င်း၏ ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ်၏ဝန်ဆောင်မှုများ သို့မဟုတ် ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများအတွက် အထူးကမ်းလှမ်းကြေညာချက်ကို အချိန်မရွေး စတင်ဆောင်ရွက်နိုင်သည် သို့မဟုတ် ရုတ်သိမ်းနိုင်ပါသည်။

၁၁.၄။ သတင်းအချက်အလက်များအတွက် ဆောင်ရွက်နိုင်ခွင့် - ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုအား အသုံးပြုနေသူများသည် ထိုဝန်ဆောင်မှုများအား အသုံးပြု၍ ဥပဒေချိုးဖောက်ခြင်း၊ ငွေကြေးခဝါချခြင်း၊ ကန့်သတ်ပိတ်ပင် ထားသည့် စာရင်းပိုင်ရှင်၏ စာရင်းအတွင်းသို့ ငွေလွှဲပြောင်းခြင်း ဖြစ်ပေါ်လာပါက အသုံးပြုခဲ့သည့် လိုအပ်သော အချက် အလက်များအား ဘဏ်မှ တောင်းဆိုရယူနိုင်ခွင့် ရှိကြောင်း Customer မှ သဘောတူညီရမည်။

၁၂။ ဘဏ်၏တာဝန်ရှိမှုအား ကန့်သတ်ခြင်း

၁၂.၁။ သဘာဝဘေးအန္တရာယ်များ၊ စစ်ဖြစ်ပွားခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ကုန်သွယ်မှုတားမြစ် ပိတ်ပင်ခြင်း၊ အစိုးရ အမိန့်နှင့် အခြားသော မမျှော်မှန်းနိုင်သော အခြေအနေများကြောင့် ထိန်းချုပ်ရန် ခက်ခဲသော အခြေအနေများတွင် ဤစည်းမျဉ်းစည်းကမ်းများအား အကောင်အထည်ဖော်ရာ၌ ပျက်ကွက်ခြင်း (သို့မဟုတ်) ကြန့်ကြာခြင်းများအတွက် ဘဏ်တွင် တာဝန်မရှိစေရ။

၁၂.၂။ ငွေစာရင်းလွှဲပြောင်းမှုကို ပြီးပြည့်စုံအောင် အချိန်မီ ဆောင်ရွက်မပေးနိုင်ခြင်း (သို့မဟုတ်) ဘဏ်စနစ် ချို့ယွင်းချက် (System Error) ကြောင့် ပမာဏမှန်ကန်မှုမရှိခြင်းများ ရှိခဲ့ပါက အသုံးပြုသူ၏ နစ်နာဆုံးရှုံးမှုအတွက် ဘဏ်မှ တာဝန်ရှိပါသည်။ သို့ရာတွင် အောက်ပါခြွင်းချက်များရှိခဲ့ပါက ဘဏ်မှပေးလျော်ရန် တာဝန်မရှိပါ-

  • (က) ငွေစာရင်းလွှဲပြောင်းပေးရန် အသုံးပြုသူ၏ ငွေစာရင်းတွင် လက်ကျန်လုံလောက်မှုမရှိခြင်း။
  • (ခ) User ၏ စာရင်းမှာ ပိတ်သိမ်းပြီးသောစာရင်း ဖြစ်နေခြင်း။
  • (ဂ) အသုံးပြုသူ၏စာရင်း၌ ငွေလက်ကျန်လုံလောက်မှုရှိသော်လည်း တရားဥပဒေအရ တရားရင်ဆိုင်နေရခြင်း (သို့မဟုတ်) အခြားအတားအဆီးများ ရှိနေခြင်း။
  • (ဃ) ငွေစာရင်းလွှဲပြောင်းမှုမှာ ချေးငွေကန့်သတ်ချက် ကျော်လွန်ခြင်း (သို့မဟုတ်) စာရင်းပိုထုတ်မှုများ ကိုးကား မိစေရန် အခြားအစီအမံများ ရှိနေခြင်း။
  • (င) Customer သို့ User မှ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား စနစ်တကျ မလိုက်နာခြင်း၊
  • (စ) ဘဏ်မှ သတိကြီးစွာ ကြိုတင်ကာကွယ်မှု ပြုလုပ်ထားသော်လည်း ထိန်းချုပ်နိုင်စွမ်းမရှိသည့် အခြေအနေများ (မီးလောင်ခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ စက်ပစ္စည်းများပျက်စီးခြင်း၊ ရေကြီးခြင်းအပြင် အခြားအခြေအနေ များစသည်) ဖြစ်ပေါ်ခြင်းကြောင့် ငွေစာရင်းလွှဲပြောင်းပေးမှုကို အဟန့်အတား ဖြစ်စေခြင်း၊
  • (ဆ) အသုံးပြုသူ၏ ဆက်သွယ်ရေးလိုင်းများ၊ ကိုယ်ပိုင်ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့်ကိရိယာများ ကောင်းစွာ အလုပ်မလုပ်ခြင်း၊
  • (ဇ) အသုံးပြုသူအနေဖြင့် ငွေပေးချေမှုအား မှန်ကန်စွာမပြုလုပ်ခြင်း (သို့မဟုတ်) ဘဏ်အား ငွေလက်ခံသူ၏ အမည်နှင့် ဘဏ်စာရင်း အစရှိသည်တို့ကို မှားယွင်းဖြည့်စွက်ထားခြင်း။

၁၃။ အရေးပေါ်ကိစ္စရပ်များ

၁၃.၁။ စကားဝှက် မေ့ပျောက်ခြင်း/ခိုးယူခံရခြင်း (Forgotten/ Stolen Password) - Customer/User မှ Password ကို မေ့သွားခြင်း (သို့မဟုတ်) ခိုးယူခံရခြင်း (သို့မဟုတ်) ခိုးယူခံရသည်ဟု သံသယဖြစ်ခြင်းများ ရှိခဲ့ပါက ဘဏ်သို့ ချက်ချင်းဆက်သွယ်အကြောင်း ကြားရမည်။ (သို့မဟုတ်) Call Center သို့ ဖုန်းခေါ်ဆိုရမည်။ သက်ဆိုင်ရာဝန်ထမ်းမှ လုံခြုံမှုအတွက် စုံစမ်းမေးမြန်းသည့် မေးမြန်းချက်များအားလုံးကို Customer က မှန်ကန်စွာ ဖြေကြားပေးနိုင်ရမည်။

၁၃.၂။ PIN Code မေ့ပျောက်ခြင်း (Forgotten PIN code) - Customer/User မှ အသုံးပြုလျက်ရှိသည့်ကိရိယာများရှိ Yoma Bank Mobile Banking Application အတွက် PIN Code ကို မေ့ပျောက်သွားပါက Unlink Function ကိုအသုံးပြုပြီး နောက်တစ်ကြိမ် Application ကို Activate ပြန်လည်ပြုလုပ်ရန် လိုအပ်ပါသည်။ Activation ပြုလုပ်နေစဉ် PIN အသစ်ကို ပြန်လည်သတ်မှတ်နိုင်ပါသည်။

၁၃.၃။ မိုဘိုင်းဖုန်းပျောက်ဆုံးခြင်း/ ခိုးယူခံရခြင်း (Mobile phone stolen or lost) - Customer/User မှ Online Channel သို့ ဝင်ရောက်ပြီး ခိုးယူခံရသည့်ကိရိယာ (Device)ကို Unlink ပြုလုပ်နိုင်ပါသည်။

၁၃.၄။ ခွင့်ပြုထားခြင်းမရှိသော လွှဲပြောင်းမှုများ (Unauthorized Transfers) - Customer ၏ ခွင့်ပြုချက်မရှိဘဲ Customer ၏ စာရင်းမှ ငွေလွှဲပြောင်းထုတ်ယူခြင်း သို့မဟုတ် စာရင်းသို့ ငွေလွှဲပြောင်းပေးသွင်းခြင်းများ တွေ့ရှိခဲ့ပါက ဘဏ်၏ Call Center သို့ ချက်ချင်းအကြောင်းကြားရမည်။ ထိုသို့မဟုတ်ပါက ထိုလွှဲပြောင်းမှုများအတွက် ဘဏ်မှ အကာကွယ်ပေးနိုင်မည် မဟုတ်ပါ။

၁၃.၅။ Customer ၏ စာရင်းနှင့်ပတ်သက်သည့် မှားယွင်းမှုများ/သံသယများ (Errors or Questions About Your Account) - Customer ၏ ဘဏ်စာရင်းရှင်းတမ်းမှားယွင်းမှုများ (သို့မဟုတ်) သံသယဖြစ်ဖွယ်ရာများ တွေ့ရှိခဲ့ပါက Customer အမည်၊ စာရင်းအမှတ်၊ မှားယွင်းသော (သို့မဟုတ်) သေချာမှုမရှိသော လွှဲပြောင်းမှုနှင့် ယင်းသို့ဖြစ်ရသည့် အကြောင်းရင်း၊ မှားယွင်းသည်ဟု သံသယဖြစ်သည့် ပမာဏ စသည်တို့ကို ရှင်းလင်းစွာ ဖော်ပြလျှက် တတ်နိုင်သမျှ မြန်မြန် ဘဏ်၏ Call Center သို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရမည်။

၁၄။ အထွေထွေ

၁၄.၁။ ငွေကြေးလွှဲပြောင်းခြင်း - လွှဲပြောင်းနိုင်သည့် ငွေပမာဏ/အကြိမ်ရေသည် ကန့်သတ်ချက်ထက် ကျော်လွန်နေပါက ဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျော်လွန်နေသော ငွေပမာဏအား တားမြစ်ခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းကို ဘဏ်မှ ဆောင်ရွက်နိုင်သည်။

၁၄.၂။ ဝန်ဆောင်မှုအသစ်များ - ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ ဝန်ဆောင်မှုအသစ်များအတွက် ဘဏ်မှ ကြေညာပေးမည်ဖြစ်ပြီး ဝန်ဆောင်မှုအသစ်နှင့် ပတ်သက်သော ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ User Guide များ အား သုံးစွဲသူမှ လိုက်နာရပါမည်။

၁၄.၃။ Product အသစ်နှင့် ဝန်ဆောင်မှုများ ပေးအပ်ခြင်း - Customer သည် ရိုးမဘဏ်၏ Application (သို့မဟုတ်) Email အစရှိသည့် Electronic Channel များမှ တစ်ဆင့် အခါအားလျော်စွာ ပေးပို့သော Product နှင့် ဝန်ဆောင်မှုအသစ်များ မိတ်ဆက်ခြင်းကို သဘောတူညီပါသည်။ Customer သည် ရိုးမဘဏ်၏ Electronic Channel များမှတစ်ဆင့်ပေးပို့သော Product နှင့် ဝန်ဆောင်မှုအသစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း သဘောတူညီချက်များ နှင့် ယင်းသဘောတူညီချက်ပါ အကြောင်းအရာများကို လက်ခံကြောင်း Electronic Channel များမှတစ်ဆင့် လုပ်ဆောင်ရန် သဘောတူညီပါသည်။

အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို လက်ခံခြင်းသည် ဤသဘောတူညီချက်စာချုပ်အတိုင်း Customer က ရိုးမဘဏ်မှ ဝန်ဆောင်မှုရယူရန် နှင့် ရိုးမဘဏ်က Customer အား ဝန်ဆောင်မှုပေးရန်အတွက် Customer နှင့် ရိုးမဘဏ် နှစ်ဦးနှစ်ဖက်အကြား ဥပဒေအရ တရားဝင် ကတိပြုခြင်း ဖြစ်သည်ဟုမှတ်ယူပါသည်။

၁၄.၄။ အခကြေးငွေနှင့် ကောက်ခံသောနှုန်းထားများ - ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းမှ ပေးမည့်ဝန်ဆောင်မှုများအတွက် ဘဏ်မှ အခါအားလျော်စွာ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ကောက်ခံပါမည်။ ဘဏ်သည် ၎င်း၏ ဝန်ဆောင်မှုများအတွက် သတ်မှတ်ထားသော အခကြေးငွေများ သို့မဟုတ် ၎င်းတို့အနက်မှ တစ်ခုခုကို အသိပေးရန် မလိုဘဲ အချိန်မရွေး ပြန်လည်ပြင်ဆင်နိုင်သည်။

၁၄.၅။ ငွေကြေးမလုံလောက်ခြင်း - ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ် သုံးစွဲသူသည် Customer ၏ ဘဏ်စာရင်းမှ ငွေပေးချေမှုပြုလုပ်ရန် ညွှန်ကြားလာသည့်အခါတွင် ထိုသို့ လွှဲပြောင်းပေးချေရန် ဘဏ်စာရင်း၌ ငွေကြေးလုံလောက်စွာ ရှိနေရန် Customer က ဆောင်ရွက်ထားရမည်။ ငွေကြေးလုံလောက်ခြင်းမရှိပါက ငွေပေးချေမှုရနိုင်မည် မဟုတ်သည့်အပြင် လုပ်ဆောင်ရန် ကျန်ရှိနေသေးသော ငွေပေးချေမှုများကိုလည်း ငွေကြေးလုံလောက်သည့် အချိန်အထိ ရပ်ဆိုင်းထားမည် ဖြစ်သည် သို့မဟုတ် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ငွေကြေးလုံလောက်မှု မရှိသည့်အခါ အသုံးပြုသူသည် Warning Message (or) Error Message ကို မြင်တွေ့ရမည် ဖြစ်သည်။

၁၄.၆။ ဆက်သွယ်ရန်လိပ်စာ ပြောင်းလဲခြင်း - ဆက်သွယ်ရန်လိပ်စာသည် Security Code များကို ပေးပို့လက်ခံရာတွင် အသုံးပြုရသည်ဖြစ်ရာ အကြောင်းတစ်စုံတစ်ရာကြောင့် ဆက်သွယ်ရန်လိပ်စာတစ်ခုခု ပြောင်းလဲလိုပါက အသုံးပြုသူသည် ဘဏ်သို့ လူကိုယ်တိုင်လာရောက် ဆက်သွယ်အကြောင်းကြားရမည်။

၁၅။ ဥပဒေအကျိုးသက်ရောက်မှု

ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အငြင်းပွားမှုများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများအရ သက်ဆိုင်ရာတရားရုံးများ၌ တရားရင်ဆိုင်ဖြေရှင်းရမည်။

၁၆။ Appendix_Yoma Bank_ Digital Banking Services

ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ (Digital Banking Services)

၁။ ငွေကြေးလုပ်ဆောင်ချက်များ (Financial Functions)

၁.၁။ Transfer between my Yoma accounts/cards - ဘဏ်တွင်ဖွင့်လှစ်ထားရှိသော ကိုယ်ပိုင်စာရင်းများ၊ ကတ်များ အကြား ငွေစာရင်းလွှဲပြောင်းနိုင်ခြင်း၊

၁.၂။ Transfer to Yoma Bank Account - ဘဏ်တွင်ဖွင့်လှစ်ထားရှိသော အခြားသူများ၏ စာရင်းသို့ ငွေစာရင်း လွှဲပြောင်းနိုင်ခြင်း၊

  • (က) ပြင်ပဘဏ်ငွေလွှဲခြင်း - ရိုးမဘဏ်အကောင့်မှ ပြင်ပအကျိုးခံစားခွင့်ရှိသူများ၏ ပြင်ပဘဏ်အကောင့်များသို့ လွှဲပြောင်းခြင်း (CBM Net ကို လက်ခံခြင်း - ပိုမိုမြန်ဆန်သောငွေပေးချေမှုဆိုင်ရာ ပြင်ပဘဏ်များအတွက်) - ပြင်ပဘဏ်ငွေလွှဲခြင်းအတွက် သတ်မှတ်ချက်ပြည့်မီသော ပြင်ပဘဏ်များစာရင်းကို ရိုးမဘဏ်မှ ထုတ်ဝေပြီး ပြန်လည်ပြင်ဆင်မည် ဖြစ်သည်။

၁.၃။ Transfer to Wave Money - ဘဏ်တွင်ဖွင့်လှစ်ထားရှိသည့် စာရင်းတစ်ခုခုမှ Wave Money၏ MFS Account သို့ ငွေစာရင်းလွှဲပြောင်းပေးပို့နိုင်ခြင်း၊

၁.၄။ Mobile Top-up - ဘဏ်တွင် ဖွင့်လှစ်ထားရှိသည့် စာရင်းတစ်ခုခုမှ မိုဘိုင်းဖုန်း၏ ငွေလက်ကျန်ဖြည့်တင်းနိုင်ခြင်း၊

၁.၅။ Create Fixed Deposit - ဘဏ်တွင် ဖွင့်လှစ်ထားရှိသည့် စာရင်းတစ်ခုခုမှ ငွေစာရင်း လွှဲပြောင်းခြင်းနည်းဖြင့် အသုံးပြုသူကိုယ်တိုင် စာရင်းသေအပ်ငွေ (Fixed Deposit) ထားရှိနိုင်ခြင်း၊

၁.၆။ Terminate Fixed Deposit - စာရင်းသေအပ်ငွေစာရင်းကို အချိန်မစေ့မှီ ရပ်စဲခြင်း

၁.၇။ Recurring Payment - ထပ်တလဲလဲ ပေးချေမှုများအတွက် ဘဏ်က ဆောင်ရွက်ပေးရန် ညွှန်ကြားချက် ပေးထားနိုင်ခြင်း၊

၁.၈။ Bill Payment - WavePay ၏ ကွန်ယှက်အတွင်းရှိ Merchant များကို ငွေပေးချေခြင်း၊

၁.၉။ Bulk Payment - လုပ်ငန်းဆောင်ရွက်ချက်တစ်ခုတည်းဖွင့်၍ တစ်ခုထက်ပိုသော စာရင်းများသို့ ငွေအမြောက်အမြား ပေးချေခြင်း (Enterprise Customer များအတွက်သာ)

၁.၁၀။ Multi-signatures - ပူးတွဲ စာရင်းများနှင့် enterprise account များအတွက် အခွင့်ရ အသုံးပြုသူများက လုပ်ငန်း ဆောင်ရွက်ချက်များအတွက် လက်မှတ်ရေးထိုးခွင့်။

၂။ ငွေကြေးမဟုတ်သောလုပ်ဆောင်ချက်များ (Non-Financial Functions)

၂.၁။ Account Overview / Account Details - (ပူးတွဲ စာရင်းများအပါအဝင်) ငွေသွင်းခြင်းနှင့် ချေးငွေ စာရင်းများကို အသေးစိတ် ကြည့်ရူစစ်ဆေးနိုင်ခြင်း၊

၂.၂။ Account Statements - ဘဏ်တွင် ဖွင့်လှစ်ထားသော ဘဏ်စာရင်းရှင်းတမ်းများ ကြည့်ရှုစစ်ဆေးနိုင်ခြင်း၊ လအလိုက် ဘဏ်စာရင်းရှင်းတမ်းများကို ရယူနိုင်ခြင်း၊

၂.၃။ Card Overview/ Card Details - ဘဏ်မှ ထုတ်ပေးထားသည့် ကတ်များကို အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်ခြင်း၊

၂.၄။ Card Statements - ဘဏ်မှ ထုတ်ပေးထားသည့် ကတ်များ၏ လအလိုက် ဘဏ်ရှင်းတမ်းများကို ကြည့်ရှုရယူနိုင်ခြင်း၊

၂.၅။ Change Card Status - ဘဏ်မှထုတ်ပေးထားသည့် ကတ်အခြေအနေကို ယာယီပြောင်းလဲနိုင်ခြင်း၊

၂.၆။ Transaction History - လွန်ခဲ့သော ငွေကြေးလုပ်ဆောင်ချက်များကို ပြန်လည်ကြည့်ရှုနိုင်ခြင်း၊

၂.၇။ Transaction Status - ဘဏ်လုပ်ငန်း လုပ်ဆောင်ချက်အခြေအနေများကို ကြည့်ရှုနိုင်ခြင်း၊

၂.၈။ Mailbox - ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုသူနှင့် ဘဏ်အကြား အပြန်အလှန် စာများပေးပို့နိုင်ခြင်း၊

၂.၉။ Switch Profiles - User သည် user profile များ အားလုံး၏ စာရင်းကို ကြည့်ရူနိုင်ခြင်း၊ user profile တစ်ခုမှ တစ်ခုသို့ ကူးပြောင်းနိုင်ခြင်း၊ လော့အင် ဝင်ရောက်ရန် default user profile ကို ဖန်တီးခွင့် နှင့် ပြောင်းလဲခွင့် အပါအဝင် personal profile နှင့် enterprise profile အကြားကူးပြောင်း သုံးစွဲနိုင်ခြင်း။

၃။ အခြားလုပ်ဆောင်ချက်များ (Other Functions)

၃.၁။ Unlink Device - Yoma Bank Mobile Banking Application ကို တပ်ဆင်အသုံးပြုနေသော မိုဘိုင်းဖုန်းများ အကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်လိုပါက ပယ်ဖျက်နိုင်ခြင်း၊

၃.၂။ Log In - ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ ဝင်ရောက်ခြင်း၊

၃.၃။ Log Out - ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်မှ ထွက်ခြင်း၊

၃.၄။ Dashboard - ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်၏ ရှေ့မျက်နှာစာ၊

၃.၅။ Menu - ပါဝင်သည့်အကြောင်းအရာ၊

၃.၆။ Tutorial - လုပ်ဆောင်ချက်လမ်းညွှန်/နမူနာ၊

၃.၇။ Change Language - ဘာသာစကားပြောင်းလဲခြင်း၊

၃.၈။ Recipient Management - ငွေစာရင်းလွှဲပြောင်းလက်ခံသူ စီမံခန့်ခွဲခြင်း၊

၃.၉။ Widgets - ဆောင်ရွက်ချက်များ စုစည်းရာနေရာများ (Comfort Zone Widget, Account Widget, Card Widget, Send Money Widget, Mobile Top-up Widget, Transaction History Widget, Transaction Status Widget, Messaging Center Widget)၊

၃.၁၀။ Recurring Payment Overview - ငွေကြေးလွှဲပြောင်းမှုဆောင်ရွက်ပေးရန် ညွှန်ကြားချက်များ ကြည့်ရှုခြင်း၊

၄။ Online Channel ၏ သီးခြားဝန်ဆောင်မှုများ

၄.၁။ Header - လုပ်ဆောင်ချက်တစ်ခုချင်းစီ၏ ခေါင်းစဉ်များကိုအသုံးပြုပြီး ဘဏ်လုပ်ငန်း လုပ်ဆောင်ချက်များကို စတင်နိုင်ခြင်း၊

၄.၂။ Footer - ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစာမျက်နှာ အောက်ခြေတွင် အသုံးပြုသူများအတွက် အသုံးဝင်သော ဘဏ်လုပ်ငန်းဆိုင်ရာ Link များကို တိုက်ရိုက်ချိတ်ဆက်ကြည့်ရှုနိုင်ခြင်း၊

၄.၃။ Preferences Overview - စိတ်ကြိုက်မြင်ကွင်းများကို ဖန်တီးနိုင်ခြင်း။

၄.၄။ Device Management - Yoma Bank Mobile Banking Application ကို တပ်ဆင်အသုံးပြုလျက်ရှိသော ကိရိယာများကို စီမံခန့်ခွဲနိုင်ခြင်း၊

၄.၅။ Modify/Delete Template - ပုံစံများ ပြင်ဆင်/ပယ်ဖျက်ခြင်း၊

၄.၆။ Change Recipient Name/Image - ငွေစာရင်းလွှဲပြောင်းလက်ခံမည့်သူ၏ အမည်/ပုံရိပ်များ ပြောင်းလဲနိုင်ခြင်း၊

၅။ Mobile Channel/ Mobile Bank ၏ သီးခြားဝန်ဆောင်မှုများ

၅.၁။ Settings - သတ်မှတ်ချက်များ၊

၅.၂။ Change Unlock Method – Mobile App ဖွင့်ရန်နည်းလမ်းပြင်ဆင်ခြင်း၊

၅.၃။ Nearest Branches & Wave Shops - အနီးဆုံးရှိ ဘဏ်ခွဲများနှင့် Wave ဆိုင်များ

၅.၄။ Nearest Branches & Wave Shops Widget - အနီးဆုံးရှိ ဘဏ်ခွဲများနှင့် Wave ဆိုင်များကို ပြသသည့် နေရာ၊

၅.၅။ Mobile Token - ဒုတိယအဆင့်အတည်ပြုချက်အတွက် အသုံးပြုသည့် OTP ကို ထုတ်ပေးနိုင်ခြင်း၊

၅.၆။ Mobile Token Widget - Mobile Token ရှိရာနေရာ၊


ကတ်ကိုင်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ

၁။ သဘောတူညီချက်

ဤသဘောတူညီချက်တွင် ဘဏ်မှ ထုတ်ဝေသောကတ်များကို အသုံးပြုရာတွင် ကတ်ကိုင်ဆောင်သူမှ လိုက်နာဆောင်ရွက် ရမည့် စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်။ ဘဏ်၏ကတ်ကို ရရှိရန် လျှောက်ထားခြင်းသည် ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများကို လည်းကောင်း ကတ်ကိုင်ဆောင်သူမှ သိရှိနားလည်ပြီး သဘောတူသည်ဟု ဘဏ်မှ မှတ်ယူမည်။ ထို့ကြောင့် ကတ်ကိုင်ဆောင်အသုံးပြုသူ ဖောက်သည်အနေဖြင့် ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းများအား သေချာစွာ ဖတ်ရှုသိရှိနားလည် ထားရမည်။

၂။ သဘောတူညီချက်အား ပြင်ဆင်ဖြည့်စွက်ခြင်း

ဘဏ်မှ ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများကို မည်သည့်အချိန်တွင်မဆို ပြင်ဆင်ဖြည့်စွက်ပိုင်ခွင့် ရှိသည်။ အရေးပါသောပြင်ဆင်ပြောင်းလဲမှုများရှိပါက ဘဏ်၏ Website တွင်လည်းကောင်း၊ ဘဏ်ခွဲများတွင်လည်းကောင်း အသိပေး ကြေညာမည်ဖြစ်သည်။ ပြင်ဆင်ဖြည့်စွက်ထားသည့် စည်းမျဉ်းစည်းကမ်းများသည် အသိပေးကြေညာသည့်နေ့စွဲမှစ၍ အကျိုးသက်ရောက်မှုရှိပါမည်။ ဤအပိုဒ်အရ “အရေးပါသော ပြင်ဆင်ပြောင်းလဲမှု” ဆိုသည်မှာ ဘဏ်၏ ကတ်ဝန်ဆောင်မှုများ ကို ဖျက်သိမ်းခြင်း၊ အဆုံးသတ်ခြင်း သို့မဟုတ် ဘဏ်၏ကတ်ဝန်ဆောင်မှုများ သို့မဟုတ် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကို လျှော့ချခြင်း၊ ဘဏ်၏ ကတ်ဝန်ဆောင်မှုများနှင့် ဝန်ဆောင်သည့်လုပ်ငန်းများအတွက် ဝန်ဆောင်ခများ တိုးမြှင့်ခြင်း သို့မဟုတ် ဝန်ဆောင်ခနှုန်း အသစ်များ ပြောင်းလဲကောက်ခံခြင်း စသည်တို့ကို ဆိုလိုပါသည်။

၃။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၃.၁။ ဤ စာရွက်စာတမ်းပါ “ဘဏ်” ဆိုသည်မှာ ရိုးမဘဏ်လီမိတက်ကို ဆိုလိုသည်။

၃.၂။ “ကတ်” ဆိုသည်မှာ ဘဏ်မှ ကတ်ကိုင်ဆောင်သူသို့ ထုတ်ပေးထားသော မြီစားကတ်၊ အကြွေးဝယ်ကတ်၊ အေတီအမ်ကတ်၊ ကြိုတင်ပေးကတ် စသည့်အီလက်ထရောနစ် နည်းလမ်းဖြင့် ငွေပေးချေနိုင်သောသော ကတ်ကို ဆိုလိုသည်။

၃.၃။ “မြီစားကတ်” ဆိုသည်မှာ ဘဏ်မှကတ်ကိုင်ဆောင်သူသို့ ထုတ်ပေးထားသော သုံးစွဲခွင့်ပြုသည့်နေရာများနှင့် အေတီအမ်စက်များတွင် အသုံးပြုသည့်ငွေပမာဏကို ကတ်ပိုင်ရှင်၏ငွေစာရင်းမှ နုတ်ယူသည့် ရိုးမဘဏ် မြီစားကတ်ကို ဆိုလိုသည်။

၃.၄။ “အေတီအမ်ကတ်”ဆိုသည်မှာ ဘဏ်မှ ကတ်ကိုင်ဆောင်သူသို့ ထုတ်ပေးထားသော အေတီအမ်တွင် ငွေထုတ်ယူခြင်း၊ ငွေသွင်းခြင်း (သို့မဟုတ်) ဘဏ်ရှိ ကတ်ပိုင်ရှင်၏ အပ်ငွေမှ လွှဲပြောင်းပေးချေခြင်း ပြုလုပ်နိုင်သော ကတ်ကို ဆိုလိုသည်။

၃.၅။ “အကြွေးဝယ်ကတ်” ဆိုသည်မှာ ဘဏ်မှ စာရင်းပိုင်ရှင်/ကတ်ပိုင်ရှင်သို့ ကြိုတင်ခွင့်ပြုထားသည့် ချေးငွေပမာဏ အတွင်း သုံးစွဲခွင့်ပြုသည့်နေရာများတွင် (သို့မဟုတ်) ကတ်သုံးစွဲမှုကို လက်ခံသည့် လက်လီလက်ကားဝယ်ယူခြင်းအတွက် ပေးချေမှုများပြုလုပ်ရာတွင်လည်းကောင်း၊ စာရင်းမှ ငွေသားထုတ်ယူခြင်း၊ ပေးသွင်းခြင်းနှင့် စာရင်းလွှဲပြောင်းမှုများ ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည့်ကတ်ကို ဆိုလိုသည်။

၃.၆။ “ကြိုတင်ပေးကတ်” ဆိုသည်မှာ ကတ်ကိုင်ဆောင်သူသည် တိကျသည့်ငွေပမာဏတစ်ရပ်ကို ဘဏ်၏ ကိုယ်စား လှယ်မှတစ်ဆင့် ဘဏ်သို့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ကြိုတင်ပေးသွင်းထားပြီး ကတ်ကိုင်ဆောင်သူက ငွေပေး ချေမှုများကို ယင်းကတ်အားအသုံးပြု၍ ငွေပေးချေနိုင်သည့်ကတ်ကို ဆိုလိုသည်။ ငွေပေးချေမှုများကို ကတ်အတွင်းရှိ ငွေကြေးတန်ဖိုးမှ နုတ်ယူသည်။

၃.၇။ “ဆင့်ပွားကတ်” ဆိုသည်မှာ ကတ်ကိုင်ဆောင်သူ၏မိသားစုဝင်တစ်ဦးဦး (ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ မိဘ) ကို ကတ်ကိုင်ဆောင်သူ၏ သဘောတူညီချက်ဖြင့် ဘဏ်မှ ထုတ်ပေးထားသည့် ကတ်ကို ဆိုလိုသည်။

၃.၈။ “ကတ်ကိုင်ဆောင်သူ” ဆိုသည်မှာ ဘဏ်မှ ထုတ်ပေးထားသောကတ်ကို တရားဝင်ကိုင်ဆောင် အသုံးပြုခွင့် ရရှိထားသောပုဂ္ဂိုလ် (မည်သည့်နိုင်ငံသူ/နိုင်ငံသားမဆို) ကိုဆိုလိုသည်။ နိုင်ငံခြားသားဖြစ်ပါက အနည်းဆုံး Passport သက်တမ်း (၆) လ ရှိရမည် ဖြစ်သည်။

၃.၉။ “ပင်နံပါတ်/PIN” ဆိုသည်မှာ ကတ်ထုတ်ပေးစဉ်က ဘဏ်မှသီးခြားသတ်မှတ်ပေးထားသော လျှို့ဝှက်နံပါတ် ဖြစ်ပြီး ကတ်ကိုင်ဆောင်သူကိုယ်တိုင် ပြောင်းလဲသတ်မှတ်နိုင်သော ကတ်ကိုင်ဆောင်သူ၏ ကိုယ်ပိုင် လျှို့ဝှက် နံပါတ်/Personal Identification Number (“PIN”) ကို ဆိုလိုသည်။

၃.၁၀။ “ကတ်ဖြင့်ပေးချေမှု” ဆိုသည်မှာ ဘဏ်မှကတ်ကိုင်ဆောင်သူသို့ ထုတ်ပေးထားသော မြီစားကတ်၊ အေတီ အမ်ကတ်၊ အကြွေးဝယ်ကတ်၊ ကြိုတင်ပေးကတ်စသည့် အီလက်ထရောနစ်ကတ်များအသုံးပြု၍ ငွေပေးချေသညနည်းလမ်းကို ဆိုလိုသည်။

၃.၁၁။ “စာရင်း(များ)” ဆိုသည်မှာ ကတ်ဝန်ဆောင်မှုရရှိရန်အတွက် ဖောက်သည်က ဘဏ်တွင် ဖွင့်လှစ်ထားရှိပြီး ယင်းကတ်အသုံးပြုမှုအတွက် စာရင်းရှင်းလင်းရာတွင်လည်းကောင်း၊ ငွေပေးငွေယူကိစ္စရပ်များတွင်လည်းကောင်း အသုံးပြုရန် သဘောတူထားသည့် ဘဏ်ငွေစာရင်း (များ) ကို ဆိုလိုသည်။

၃.၁၂။ “ဘဏ်ရှင်းတမ်း” ဆိုသည်မှာ စာရင်းပိုင်ရှင်/ကတ်ပိုင်ရှင်မှ ကာလအပိုင်းအခြားတစ်ခုအတွင်း လုပ်ဆောင်ထားခဲ့သော လုပ်ဆောင်ချက်များနှင့် ထိုစာရင်း/ကတ်၏ လက်ကျန်များအပါအဝင် ဘဏ်မှ ပါဝင်သင့်သည် ဟု သတ်မှတ်သော အခြား သတင်းအချက်အလက်များပါဝင်သည့် ဘဏ်စာရင်းရှင်းတမ်းကို ဆိုလိုသည်။

၃.၁၃။ “ညွှန်ကြားချက်” ဆိုသည်မှာ ကတ်နှင့်ချိတ်ဆက်ထားသောစာရင်း(များ)ကို အသုံးပြုခွင့်ရှိသူမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကတ်အသုံးပြုရာတွင် ကတ်၏လုပ်ဆောင်ချက်များကို အကျိုးသက်ရောက်မှု ရှိစေရန် ဘဏ်သို့ပေး ထားသော တရားဝင်ညွှန်ကြားချက်ကို ဆိုလိုသည်။

၃.၁၄။ “ဆက်သွယ်ရန်လိပ်စာ” ဆိုသည်မှာ ကတ်လျှောက်ထားသူကို ဘဏ်မှဆက်သွယ်နိုင်မည့် လိပ်စာ (နေရပ်လိပ်စာ၊ Email လိပ်စာ၊ Fax နံပါတ်၊ တယ်လီဖုန်းနံပါတ်များ) ဖြစ်သည်။

၃.၁၅။ “အေတီအမ်/ATM” ဆိုသည်မှာ ဘဏ်၏အပိုင်ဖြစ်စေ၊ အခြားချိတ်ဆက်ထားသော MPU အဖွဲ့ဝင်ဘဏ်များ၏ အပိုင်ဖြစ်စေ ကတ်ကိုင်ဆောင်သူအတွက် ကတ်ကိုအသုံးပြုပြီး ဘဏ်တွင် ဖွင့်လှစ်ထားရှိသော စာရင်းများမှ အလိုအလျောက် ငွေထုတ်ယူခြင်း၊ ငွေလက်ကျန်စစ်ဆေးခြင်း အစရှိသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ရရှိအသုံးပြုနိုင်သောစက်ကို ဆိုလိုသည်။

၃.၁၆။ “သုံးစွဲခွင့်ပြုသည့်နေရာ” ဆိုသည်မှာ အေတီအမ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများဝယ်ယူခြင်းအတွက် ကတ်ဖြင့် ပေးချေမှုများအား လက်ခံသည့်နေရာများကို ဆိုလိုသည်။

၃.၁၇။ “POS/EDC Terminal” ဆိုသည်မှာ ကတ်၏လုပ်ဆောင်ချက်များကို လက်ခံဆောင်ရွက်ပေးနိုင်သော ဘဏ်ခွဲ များတွင်လည်းကောင်း၊ ကုန်သည်များထံတွင်လည်းကောင်း ထားရှိသည့် အီလက်ထရောနစ်ပစ္စည်းကိရိယာကို ဆိုလိုသည်။

၃.၁၈။ “ကုန်သည်” ဆိုသည်မှာ ကတ်အသုံးပြုမှုများကို လက်ခံဆောင်ရွက်ပေးရန် ဘဏ်နှင့်သော်လည်းကောင်း၊ MPU အဖွဲ့ဝင် ဘဏ်များနှင့်သော်လည်းကောင်း သဘောတူစာချုပ်ချုပ်ဆိုထားသည့် ရွှေနှင့် ကျောက်မျက်ရတနာဆိုင်များ၊ စတိုး ဆိုင်များ၊ စားသောက်ဆိုင်များ ၊ လေယာဉ်လိုင်းအဖွဲ့အစည်းများ စသည်တို့ ပါဝင်သည်။

၃.၁၉။ “ကတ်ထုတ်ဝေသူ” ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အီလက်ထရောနစ်ကတ်လုပ်ငန်း ဆောင်ရွက်ခွင့် ပေးထားသော ဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် မြန်မာငွေပေးချေမှုအဖွဲ့တွင် မှတ်ပုံတင်ထားသောလုပ်ငန်း အဖွဲ့ အစည်းကို ဆိုလိုသည်။

၃.၂၀။ “ကတ်အတွက်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသူ” ဆိုသည်မှာ နိုင်ငံတကာကတ်များအတွက် ငွေပေးချေမှု တာဝန်ယူဆောင်ရွက်ပေးသည့် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းကို ဆိုလိုသည်။

၃.၂၁။ “အမ်ပီယူ/MPU” ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် ကတ်ထုတ်ဝေသူများနှင့် ကတ်အတွက် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးသူများ စုပေါင်း၍ဖွဲ့စည်းထားသည့် မြန်မာငွေပေးချေမှုအဖွဲ့ကို ဆိုလိုသည်။

၃.၂၂။ “Website” ဆိုသည်မှာ ဘဏ်၏တရားဝင် အင်တာနက်စာမျက်နှာဖြစ်သည့် www.yomabank.com ကို ဆိုလိုသည်။

၃.၂၃။ “E-Commerce website” ဆိုသည်မှာ MPU E-commerce Online Enrollment စာမျက်နှာ https://www.mpu-ecommerce.com/Payment/MPUOnlineEnrollment.aspx တွင် ကတ်ကိုင်ဆောင်သူကိုယ်တိုင် MPU Card Enrollment Form Submission ပြုလုပ်ပြီး ဘဏ်မှ အတည်ပြုပါက ကတ်များဖြင့် Online မှတစ်ဆင့် Ecommerce Merchant's Website များမှ ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်သည့် အင်တာနက်စာမျက်နှာကို ဆိုလိုသည်။

၃.၂၄။ “Call Center” ဆိုသည်မှာ ဘဏ်၏ Call Center ဖုန်းနံပါတ် “9662” (သို့မဟုတ်) “097 9662 9662” ကို ဆိုလိုသည်။

၃.၂၅။ “ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်” ဆိုသည်မှာ အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုပြီး ဖောက်သည်မှ စတင်၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အစအဆုံး လုံခြုံစိတ်ချလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ပြီး အသုံးဝင်မှု အများဆုံး ရရှိစေနိုင်သည့် နည်းပညာသုံးဘဏ်လုပ်ငန်းစနစ် ဖြစ်သည်။ ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ Online Channel နှင့် Mobile Channel များမှ ဝင်ရောက်အသုံးပြုနိုင်ပါသည်။

၃.၂၆။ “Online Channel” ဆိုသည်မှာ Computer/Laptop/Tablet၏ Web browser များတွင် ဘဏ်၏ URL https://onlinebanking.yomabank.com မှ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူဆောင်ရွက်နိုင်သည့် ဝန်ဆောင် မှုလမ်းကြောင်း ဖြစ်သည်။

၃.၂၇။ “Mobile Channel” ဆိုသည်မှာ ဘဏ်၏ Yoma Bank App ကို ရည်ညွှန်းခြင်းဖြစ်ပြီး Smart Phone, Tablet စသည်တို့မှတစ်ဆင့် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရရှိနိုင်သည့် ဝန်ဆောင်မှုလမ်းကြောင်း ဖြစ်သည်။

၃.၂၈။ “User Guide/User Manual” ဆိုသည်မှာ မည်သည့်စကားလုံးကိုအသုံးပြုသည်ဖြစ်စေ ကတ်ဝန်ဆောင်မှု များကို အသုံးပြုသူမှ စနစ်တကျ အလွယ်တကူ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်ပြီး ဘဏ်ခွဲများတွင်လည်းကောင်း၊ ဘဏ်၏ Website တွင်လည်းကောင်း ဖြန့်ဝေပေးမည့် Card User Guide များကို ဆိုလိုသည်။

၄။ ကတ်ကိုင်ဆောင်သူလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ

၄.၁။ ကတ်သည် ဘဏ်မှ အမြဲတမ်းပိုင်ဆိုင်သည့် ပစ္စည်းဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ဘဏ်မှ ပြန်လည် တောင်းဆိုပါက ဘဏ်သို့ ချက်ချင်းအပ်နှံရမည်။

၄.၂။ ကတ်ကိုင်ဆောင်အသုံးပြုလိုသူသည် ဘဏ်တွင် စာရင်းရှင်စာရင်း (သို့မဟုတ်) ငွေစုဘဏ်စာရင်း (သို့မဟုတ်) ခေါ်ယူအပ်ငွေစာရင်းကို ဖွင့်လှစ်ထားရှိရမည်။ ထို့အပြင် ဘဏ်မှထုတ်ပေးမည့် ကတ်အမျိုးအစားအလိုက် ဘဏ်မှ အခါအား လျော်စွာ ပြင်ဆင်သတ်မှတ် တောင်းဆိုသည့် ဖောက်သည်၏ အချက်အလက်များကို တင်ပြရမည်။

၄.၃။ ကတ်ဝန်ဆောင်မှုစနစ်သည် ကတ်ကိုင်ဆောင်သူစာရင်းမှ ATM များတွင်လည်းကောင်း၊ POS များတွင် သော် လည်းကောင်း၊ E-Commerce Website များတွင်သော်လည်းကောင်း ကတ်အသုံးပြုခြင်းအတွက် ယင်းကတ်နှင့်ချိတ်ဆက် အသုံးပြုသည့်စာရင်းမှ မြီစားပြုထုတ်ယူခြင်း/ ငွေလွှဲပြောင်းပေးချေခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ကတ်ကိုင်ဆောင်သူမှ သဘောတူရမည်။

၄.၄။ ကတ်သည် ကတ်ကိုင်ဆောင်သူတစ်ဦးတည်းသာ သုံးစွဲခွင့်ရှိပြီး အခြားတစ်စုံတစ်ဦးအား လွှဲပြောင်းခြင်း၊ ကိုင်ဆောင် အသုံးပြုစေခြင်း မရှိစေရ။ အကယ်၍ ကတ်ကိုင်ဆောင်သူက အခြားသူတစ်ဦးအား ၎င်း၏ ကတ်ကို အသုံးပြုခွင့်ပေးခဲ့ပါ နောက်ဆက်တွဲဆုံးရှုံးမှုများနှင့် တာဝန်ရှိမှုများအားလုံးကို ထိုကတ်ကိုင်ပိုင်ရှင်မှ လိုက်နာရန် တာဝန်ရှိပါသည်။

၄.၅။ ဘဏ်မှ ကတ်ကိုင်ဆောင်သူအား ပထမဆုံးအကြိမ်အသုံးပြုရမည့် PIN ကို ထုတ်ပေးထားမည်ဖြစ်ပြီး ယင်း PIN နံပါတ်အား ဘဏ်၏ ATM များ၊ POS များတွင် ပြောင်းလဲပြီးမှသာ ကတ်အား ဆက်လက် သုံးစွဲခွင့်ရရှိမည်။

၄.၆။ ကတ်ဖြင့် ပြုလုပ်ခဲ့သော လုပ်ဆောင်ချက်အားလုံးသည် ကတ်ကိုင်ဆောင်သူတွင်သာ တာဝန်ရှိသည်ဖြစ်၍ PIN နံပါတ်ကို ကတ်ကိုင်ဆောင်သူမှတစ်ပါး အခြားသူများသို့ လွှဲပြောင်းပေးအပ်ခြင်း၊ အသိပေးခြင်း၊ ပျောက်ပျက်ခြင်း မရှိစေရန် ကတ်ကိုင်ဆောင်သူမှ တာဝန်ယူရမည်။

၄.၇။ ATM ကို ဘဏ်၏အဆောက်အဦအတွင်း၌သော်လည်းကောင်း၊ အများပြည်သူများ အဆင်ပြေမည့်နေရာတွင်သော် လည်းကောင်း ထားရှိမည်ဖြစ်ပြီး လက်ကျန်ငွေ (သို့မဟုတ်) ကြိုတင်ခွင့်ပြုငွေပမာဏ လုံလောက်မှုရှိပါက ကတ်ကိုင်ဆောင် သူသည် ငွေတစ်ကြိမ်ထုတ်လျှင် အများဆုံးငွေကျပ် ၃၀၀,၀၀၀ (ငွေကျပ် သုံးသိန်းတိတိ)၊ တစ်ရက်လျှင်အများဆုံး ငွေကျပ် ၁,၀၀၀,၀၀၀ (ငွေကျပ်တစ်ဆယ်သိန်းတိတိ) အထိသာ ထုတ်ယူခွင့်ရှိသည်။ ၎င်းသတ်မှတ်ပမာဏကို ဘဏ်မှ အချိန်မရွေး ပြင်ဆင်သတ်မှတ်ခွင့်ရှိသည်။ ဘဏ်သည် ထိုအများဆုံး ထုတ်ယူနိုင်သည့်ငွေပမာဏ ပြောင်းလဲပြင်ဆင်သတ်မှတ်ပါက ၎င်းကို ဘဏ်၏ Website နှင့် ဘဏ်ခွဲများတွင် ခိုင်လုံစွာ ကြိုတင်အသိပေးကြေညာပေးထားမည် ဖြစ်ပါသည်။

၄.၈။ ကုန်သည်များတွင်လည်းကောင်း၊ ဘဏ်ခွဲများတွင်လည်းကောင်း ထားရှိသည့် P.O.S/EDC Terminal တွင် တစ်ရက်လျှင် အများဆုံးသုံးစွဲနိုင်သောပမာဏမှာ ငွေကျပ် ၅,၀၀၀,၀၀၀ (ငွေကျပ်သိန်းငါးဆယ်တိတိ) ဖြစ်ပါသည်။ ၎င်းသတ်မှတ်ပမာဏကို ဘဏ်မှ အချိန်မရွေး ပြင်ဆင်သတ်မှတ်နိုင်သည်။ ဘဏ်သည် ထို အများဆုံး ထုတ်ယူနိုင်သည့် ငွေပမာဏ ပြောင်းလဲပြင်ဆင်သတ်မှတ်ပါက ၎င်းတို့ကို ဘဏ်၏ Website နှင့် ဘဏ်ခွဲများတွင် ခိုင်လုံစွာ ကြိုတင် အသိပေးကြေညာပေးထားမည် ဖြစ်ပါသည်။

၄.၉။ ကတ်ကိုင်ဆောင်သူသည် ကတ်နှင့် ချိတ်ဆက်အသုံးပြုမည့်စာရင်းတွင် လုံလောက်သောငွေပမာဏကို ထည့်သွင်း ထိန်းသိမ်းထားရမည်။ (သို့မဟုတ်) ကြိုတင်ခွင့်ပြုငွေပမာဏ ကျော်လွန်သုံးစွဲမှု မရှိစေရန် သတိပြုရမည်။

၄.၁၀။ ကတ်ပျောက်ဆုံးလျှင်ဖြစ်စေ၊ ခိုးယူခြင်းခံရ၍ဖြစ်စေ၊ ကတ်ကိုင်ဆောင်သူမှ ဘဏ် (သို့မဟုတ်) Call Center သို့ အမြန်ဆုံး ချက်ချင်းအကြောင်းကြားပြီး ကတ်အသုံးပြုမှုအား ယာယီရပ်ဆိုင်းရန် ညွှန်ကြားမှုပြုရမည်။ (သို့မဟုတ်) ကတ်ကိုင်ဆောင်သူသည် ဘဏ်၏ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်ကို ရယူသုံးစွဲသူူဖြစ်ပါက Online Channel/ Mobile Channel များမှ ကတ်ကို ယာယီရပ်ဆိုင်းရမည်။ မည်သည့်နည်းဖြင့်ဖြစ်စေ ကတ်ရပ်ဆိုင်းခြင်းမပြုမီ (သို့မဟုတ်) ကတ်ပျောက်ဆုံးကြောင်း ဘဏ်သို့ အကြောင်းမကြားမီ အချိန်အထိ ဖြစ်ပေါ်ခဲ့သော ငွေထုတ်ယူမှုများ၊ စာရင်းပြောင်းမှုများအား ကတ်ကိုင်ဆောင်သူမှတာဝန်ယူရမည်။ ဘဏ်မှ ကတ်ကိုင်ဆောင်သူနှင့်ပတ်သက်သော အချက်အလက်များအား တောင်းယူ ပိုင်ခွင့်ရှိပြီး စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း သက်ဆိုင်ရာကတ်အား ဘဏ်မှ ခေတ္တရပ်ဆိုင်းထားခွင့်ရှိသည်။

၄.၁၁။ ကတ်ပျောက်ဆုံးကြောင်း ဘဏ်သို့ အကြောင်းကြားထားပြီးမှ ပြန်လည်တွေ့ရှိပါက တွေ့ရှိကြောင်းကို ဘဏ်သို့ ပြန်လည်အကြောင်းကြားရမည်။ ယာယီရပ်ဆိုင်းထားသောကတ်အတွက် ကတ်ကိုင်ဆောင်သူမှ ပြန်လည်အသုံးပြုခွင့် လျှောက်ထားရမည် ဖြစ်ပါသည်။ (သို့မဟုတ်) ကတ်ကိုင်ဆောင်သူသည် ဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်ကို ရယူသုံးစွဲသူူဖြစ်ပါက Online Channel /Mobile Channel များမှ ကတ်ယာယီရပ်ဆိုင်းထားမှုကို ပြန်လည်ပယ်ဖျက်နိုင်သည်။

၄.၁၂။ အောက်ဖော်ပြပါကိစ္စရပ်နှင့်ပတ်သက်၍ ကတ်ကိုင်ဆောင်သူများ၏ နစ်နာမှုများကို ဘဏ်မှ တာဝန်ယူမည် မဟုတ်ပါ-

  • (က) ကတ်ကိုင်ဆောင်သူ၏ လုပ်ဆောင်ချက် မှားယွင်းမှုကြောင့် ကတ်တွင် ထည့်သွင်းထားသော သတင်းအချက် အလက်များ ဖော်ထုတ်၍ မရခြင်း (သို့မဟုတ်) ပျောက်ဆုံးသွားခြင်း၊
  • (ခ) ဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များကြောင် စက်ပစ္စည်းနှင့်ကတ်များ ချို့ယွင်းပျက်စီးခြင်းကို ဘဏ်မှ ဆောင်ရွက်နိုင်စွမ်းမရှိသည့်အပြင် ၎င်းဖြစ်ရပ်များကြောင့် ဘဏ်မှ ဆောင်ရွက်ရမည့် တာဝန်များ နှောင့်နှေးပျက်ကွက်ခြင်းများနှင့် ပတ်သက်၍ ဘဏ်မှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ။
  • (ဂ) အကြောင်းတစ်ခုခုကြောင့် ကတ်ဖြင့်ငွေပေးချေခြင်းကို ကုန်သည်မှ လက်မခံခြင်း၊ ကတ်ဖြင့် ဝယ်ယူခဲ့သည့် ပစ္စည်းများ၊ ပေးချေခဲ့သည့်ဝန်ဆောင်မှုများကို ကတ်ကိုင်ဆောင်သူမှ မရရှိခြင်း (သို့မဟုတ်) ဆောင်ရွက်မပေးခြင်း၊ ရရှိ သည့်ပစ္စည်းများ၊ ဝန်ဆောင်မှုများသည် အရည်အသွေးမမီ ချို့ယွင်းနေခြင်း စသည့်ကိစ္စရပ်များအား ဘဏ်မှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ။

၄.၁၃။ သက်တမ်းကုန်ဆုံးသော ကတ်ကိုသော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားသော ကတ်ကို သော်လည်းကောင်း ကတ်အစားထိုး ထုတ်ပေးရန် ဘဏ်သို့ ပြန်လည်အပ်နံရမည်။

၄.၁၄။ ကတ်ကိုင်ဆောင်သူမှ တင်ပြသော အငြင်းပွားမှုများကို ဖြေရှင်းပေးခြင်းအတွက် ကုန်ကျစရိတ်များနှင့် ဝန်ဆောင်ခများ ရှိခဲ့ပါက ဘဏ်သည် ထိုစရိတ်စကများကို ကတ်ကိုင်ဆောင်သူ၏စာရင်းမှ နုတ်ယူနိုင်သည်ကို ကတ်ကိုင်ဆောင်သူမှ သဘောတူ လက်ခံရပါမည်။ အငြင်းပွားမှု ဖြေရှင်းနေစဉ်ကာလအတွင်း ကတ်သုံးစွဲမှုရပ်ဆိုင်းထားခြင်းခံရမည်ကိုလည်း ကတ် ကိုင်ဆောင် သူမှ သဘောတူရမည်။

၄.၁၅။ ဘဏ်မှ ကတ်ကိုင်ဆောင်သူအား အကြောင်းတစ်စုံတစ်ရာကြောင့် ဆက်သွယ်ရန်ရှိပါက ကတ်လျှောက်ထားစဉ် လျှောက်လွှာတွင် ဖော်ပြထားသော (သို့မဟုတ်) ဘဏ်မှ နောက်ဆုံးသိရှိထားသော ဆက်သွယ်ရန်လိပ်စာသို့ ဘဏ်မှ အကြောင်းကြားမည် ဖြစ်သည်။ ဤသို့ပေးပို့ခြင်းကို ဘဏ်မှ တရားဝင်အကြောင်းကြားပြီး ဖြစ်ကြောင်းနှင့် ကတ်ကိုင်ဆောင် သူကလည်း အောက်ပါရက်များတွင် လက်ခံရရှိပြီးဖြစ်ကြောင်း ဘဏ်မှ မှတ်ယူမည်-

  • (က) စာဖြင့် ပေးပို့ပါက ပေးပို့သည့်ရက်မှ သုံးရက်မြောက်သောနေ့၊
  • (ခ) တယ်လီဖုန်း၊ ဖက်စ်၊ အီးမေးလ် တစ်ခုခုဖြင့်ပေးပို့ပါက ပေးပို့ပြီးလျှင်ပြီးချင်း၊

၅။ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်ပါက ဆောင်ရွက်ရန်များ

၅.၁။ ကတ်ကိုင်ဆောင်သူ၏ ငွေကြေးလုံခြုံမှုအတွက် အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ကတ်ကိုင်ဆောင်သူ သည် ဘဏ်သို့ ချက်ချင်းဆက်သွယ် အကြောင်းကြားရမည်ဖြစ်ပြီး နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်ကာ ဘဏ်မှ သတ်မှတ် သောပုံစံတွင် လိုအပ်သောအချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်လျက် အငြင်းပွားမှုကို ဘဏ်မှ ဖြေရှင်းပေးရန် လျှောက် ထားရမည်။ (သို့မဟုတ်) ဘဏ်၏ Call Center သို့ ဆက်သွယ်ပြီး အငြင်းပွားမှုလုပ်ဆောင်ချက်ဖြစ်ပေါ်ရသည့် အကြောင်းရင်းများကို ဖော်ပြလျက် အငြင်းပွားမှုကို ဖြေရှင်းပေးရန် အကြောင်းကြားရမည်။ ထိုသို့ အကြောင်းကြားရာတွင် Call Center (သို့မဟုတ်) ဘဏ်မှ စစ်ဆေးပေးရန် လိုအပ်သည့်အချက်အလက်များအပြင် ATM/POS လက်ခံဖြတ်ပိုင်းပါ Trace No, Auth Code, Trans Status, Transaction No, Terminal ID များကို ပြည့်စုံစွာ ဖြေကြားပေးရမည်။

၅.၂။ အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည့် သုံးစွဲခွင့်ပြုသည့်နေရာများမှာ ဘဏ်မှ တပ်ဆင်ထားရှိသည့်နေရာများ ဖြစ်ခဲ့ပါက တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းပေးမည် ဖြစ်သော်လည်း အခြား MPU အဖွဲ့ဝင်ဘဏ်များ (သို့မဟုတ်) အခြားကတ်အတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသူ၏ ATM များ၊ POS များတွင် ဖြစ်ပေါ်ခဲ့ပါက ယင်း ATM များ၊ POS များကို တပ်ဆင်ထားရှိသည့်ဘဏ်များ၊ အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ကို ကတ်သုံးစွဲ သူမှ သဘောတူလက်ခံရမည်။

၅.၃။ ထို့အပြင် ကတ်ကိုင်ဆောင်သူမှ တင်ပြအကြောင်းကြားသည့် အငြင်းပွားမှုဆိုင်ရာအချက်လက်များ မှန်ကန်မှု မရှိခဲ့ပါက အငြင်းပွားမှုများဖြေရှင်းဆောင်ရွက်ခြင်းအတွက် ကုန်ကျစရိတ်များကိုလည်းကောင်း၊ ကတ်ကိုင်ဆောင်သူ ရွေးချယ် ခဲ့သည့် အငြင်းပွားမှုဖြေရှင်းခြင်းအတွက် ကောက်ခံသော ဘဏ်၏ ဝန်ဆောင်ခကျသင့်ငွေများကိုလည်းကောင်း ကတ်ကိုင် ဆောင်သူ၏စာရင်းမှ ထုတ်နုတ်ကျခံရမည်ကို သဘောတူရမည်။

၅.၄။ အငြင်းပွားမှုဖြေရှင်းစဉ်ကာလအတွင်း လိုအပ်ပါက ကတ်ကိုင်ဆောင်သူ၏ ကတ် (သို့မဟုတ်) ဒစ်ဂျစ်တယ် ဘဏ် လုပ်ငန်းဝန်ဆောင်မှုများ ပိတ်ထားမည်ကို သဘောတူလက်ခံရမည်။

၅.၅။ ATM ငွေကြေးဝန်ဆောင်မှုဆိုင်ရာ Debit Card နှင့်ပတ်သက်သည့် အငြင်းပွားခဲ့မှုများအတွက် ငွေကြေးလုပ်ငန်း ဆောင်ရွက်သည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်းနှင့် Credit Card နှင့် ပတ်သက်သည့် အငြင်းပွားခဲ့မှုများအတွက် ရက်ပေါင်း (၆၀) အတွင်း ကတ်ကိုင်ဆောင်သူမှ ဘဏ်သို့ သတင်းပို့ တိုင်ကြားရမည်။ POS ငွေကြေးဝန်ဆောင်မှုဆိုင်ရာ Debit Card နှင့် Credit Card နှစ်မျိုးစလုံးနှင့် ပတ်သက်သည့် အငြင်းပွားခဲ့မှုများအတွက် ငွေကြေးလုပ်ငန်းများ ဆောင်ရွက်သည့်နေ့မှစ၍ ရက်ပေါင်း (၁၂၀) အတွင်း ကတ်ကိုင်ဆောင်သူမှ ဘဏ်သို့ သတင်းပို့တိုင်ကြားရမည်။ ဘဏ်သည် အထက်ဖော်ပြပါ သတ်မှတ်ရက်ထက် နောက်ကျပြီးမှ သတင်းပေးတိုင်ကြားလာသော ထိုအငြင်းပွားခဲ့မှုများကို တာဝန်ယူဖြေရှင်းပေးရန် ဘဏ်မှ တာဝန် မရှိကြောင်း ကတ်ကိုင်ဆောင်သူမှ သိရှိလိုက်နာသဘောတူရမည်။

၆။ ဝန်ဆောင်ခများကောက်ခံခြင်း

၆.၁။ ဘဏ်မှ အောက်ဖော်ပြပါ ဝန်ဆောင်မှုများအတွက် အခကြေးငွေများကို အခါအားလျော်စွာ သတ်မှတ်ပြင်ဆင် ကောက်ခံပိုင်ခွင့်ရှိပြီး အဆိုပါအခကြေးငွေများကို ကတ်ကိုင်ဆောင်သူ၏စာရင်းမှ ထုတ်နုတ်ကျခံရမည်ကို သဘောတူရမည်။ ထိုဝန်ဆောင်မှုစရိတ်များတွင် ကန့်သတ်ထားခြင်းမရှိသည့် အခြားအရာများအပြင် အောက်ပါတို့လည်း ပါဝင်ပါသည်-

  • (က) ကတ်အသစ်ထုတ်ပေးခြင်း၊ ကတ်ပျောက်ဆုံးခြင်း (သို့မဟုတ်) ကတ်ပျက်စီးခြင်းကြောင့် ကတ်အသစ် ပြန်လည်ထုတ်ပေးရခြင်းအတွက် ကတ်တန်ဖိုးများ၊
  • (ခ) ကတ်၏လုပ်ဆောင်ချက်များ (ငွေသားထုတ်ယူခြင်း၊ ငွေစာရင်းလွှဲပြောင်းခြင်း စသည်တို့)အတွက် ဝန်ဆောင်ခများ ကောက်ခံခြင်း၊
  • (ဂ) ကတ်၏ နှစ်စဉ်ထိန်းသိမ်းစောင့်ရှောက်ခများ၊ ကတ်ကိုင်ဆောင်သူမှ PIN မေ့လျော့ခြင်းအတွက် ဘဏ်မှ PIN အသစ်ပြန်လည်သတ်မှတ်ပေးရခြင်းများ၊ ကတ်ကို ယာယီရပ်ဆိုင်းခြင်း၊ ပြန်လည်အသုံးပြုနိုင်အောင် ဆောင် ရွက်ပေးခြင်းအတွက် ဝန်ဆောင်ခများ၊
  • (ဃ) နိုင်ငံခြားသုံးငွေဖြင့်ပေးချေမှု၊ စာရင်းရှင်းလင်းမှုများ ရှိခဲ့ပါက ဘဏ်မှ သတ်မှတ်ထားသော ငွေလဲလှယ်နှုန်း ထားအတိုင်း ကောက်ခံခြင်း၊
  • (င) ဘဏ်မှ စာရင်းပိုင်ရှင်/ကတ်ပိုင်ရှင်သို့ ကြိုတင်ခွင့်ပြုထားသည့် ချေးငွေပမာဏအတွင်း သုံးစွဲခွင့်ပြုသည့် ကတ်များဖြစ်ပါက ခွင့်ပြုသုံးစွဲငွေပမာဏအပေါ် အတိုးများကောက်ခံခြင်း၊ ခွင့်ပြုပမာဏ ကျော်လွန်သုံးစွဲခြင်းအတွက် အခကြေးငွေများ၊ နောက်ကျပေးသွင်းခြင်းအတွက် နောက်ကျကြေး များ၊ ဒဏ်ကြေးများ စသည့် အခကြေးငွေများ၊
  • (စ) ဝန်ဆောင်ခ ပြောင်းလဲပြင်ဆင်ခင်းများနှင့် ဝန်ဆောင်ခအသစ်များအတွက် ဘဏ်ခွဲများတွင်လည်းကောင်း ၊ ဘဏ်၏ Website တွင်လည်းကောင်း ကြေညာပေးသွားမည်ဖြစ်သည်။

၇။ ကတ်အသုံးပြုခွင့်ရပ်ဆိုင်းခြင်း

၇.၁။ အောက်ဖော်ပြပါအကြောင်းတစ်ခုခုကြောင့် ကတ်အသုံးပြုခွင့်အား ဘဏ်မှ ရပ်ဆိုင်းမည်ကို ကတ်ကိုင်ဆောင်သူမှ သိရှိလက်ခံသဘောတူရမည်-

  • (က) ကတ်ကိုင်ဆောင်သူမှ အကြောင်းအမျိုးမျိုးကြောင့် ကတ်ကို ဆက်လက် အသုံးမပြုလိုပါက ယင်းကတ်ကို ဘဏ်သို့ ပြန်လည်အပ်နှံပြီး ကတ်သုံးစွဲမှုကို ရပ်ဆိုင်းနိုင်သည်။
  • (ခ) ဘဏ်မှ ကတ်အသုံးပြုမှုအား ရပ်ဆိုင်းခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့ကို ကတ်ကိုင်ဆောင်သူအား ကြိုတင် အသိပေးရန်မလိုဘဲ ဆုံးဖြတ်ပိုင်ခွင့်၊ အတည်ပြုပိုင်ခွင့်ရှိသည်။
  • (ဂ) ကတ်ကိုင်ဆောင်သူသည် တရားရုံးမှ လူမွဲအဖြစ် အမိန့်ချမှတ်ခံရလျှင်ဖြစ်စေ၊ ဘဏ်၏ အခါအားလျော်စွာ ပြင်ဆင်သတ်မှတ် ဖြည့်စွက်ထားသော စည်းမျဉ်းစည်းကမ်းတစ်ခုခုကို ဖောက်ဖျက်လျှင် ဖြစ်စေ၊ ကတ်ကိုင်ဆောင်သူ ကွယ်လွန်လျှင်ဖြစ်စေ၊ ကတ်ကိုင်ဆောင်သူသည် ဘဏ်၏ ဂုဏ်သိဏ္ခာကို ထိခိုက်စေလျှင်ဖြစ်စေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကန့်ကွက်အကြောင်းကြားချက်များ ရရှိလျှင်ဖြစ်စေ စာရင်းများနှင့် ချိတ်ဆက်အသုံးပြုသည့် ကတ်သုံးစွဲခွင့်ကို ဘဏ်မှ ရပ်ဆိုင်းမည်။
  • (ဃ) ကတ်အသုံးပြုမှု ရပ်ဆိုင်းပြီးနောက် ကတ်နှင့် ချိတ်ဆက်အသုံးပြုသည့်စာရင်းအား ဆက်လက် အသုံးပြု နိုင်သည်။ စာရင်းပိတ်လိုပါက ဘဏ်သို့ ဆက်သွယ်အကြောင်းကြားရမည်။ ဘဏ်သို့ ပေးရန် ကြွေးကျန်များရှိနေပါက စာရင်းပိတ်ခြင်း၊ စာရင်းလွှဲပြောင်းခြင်းကို ဘဏ်မှ ခွင့်ပြုမည်မဟုတ်ပါ။

၈။ ဘဏ်၏တာဝန်ရှိမှုအားကန့်သတ်ခြင်း

၈.၁။ သဘာဝဘေးအန္တရာယ်များ၊ စစ်ဖြစ်ပွားခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ကုန်သွယ်မှု တားမြစ်ပိတ်ပင်ခြင်း၊ အစိုးရ အမိန့်နှင့် အခြားသော မမျှော်မှန်းနိုင်သော အခြေအနေများကြောင့် ထိန်းချုပ်ရန်ခက်ခဲသော အခြေအနေများတွင် ဤစည်းမျဉ်း စည်းကမ်းများအား အကောင်အထည်ဖော်ရာ၌ ပျက်ကွက်ခြင်း (သို့မဟုတ်) ကြန့်ကြာခြင်းများအတွက် ဘဏ်တွင် တာဝန် မရှိစေရ။

၈.၂။ ငွေစာရင်းလွှဲပြောင်းမှုကို ပြီးပြည့်စုံအောင် အချိန်မီဆောင်ရွက်မပေးနိုင်ခြင်း (သို့မဟုတ်) ဘဏ်စနစ် ချို့ယွင်းချက် (System Error) ကြောင့် ပမာဏမှန်ကန်မှုမရှိခြင်းများရှိခဲ့ပါက အသုံးပြုသူ၏ နစ်နာဆုံးရှုံးမှုအတွက် ဘဏ်မှ တာဝန်ရှိပါသည်။ သို့ရာတွင် ကတ်ကိုင်ဆောင်သူမှ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန် ကြေညာသည့် ဆောင်ရန်/ ရှောင်ရန်များ၊ ဝန်ဆောင်မှုအသုံးပြုရန် လမ်းညွှန်များကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများကို ဘဏ်မှ တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။

၉။ အထွေထွေ

၉.၁။ ငွေကြေးလွှဲပြောင်းခြင်း - လွှဲပြောင်းနိုင်သည့် ငွေပမာဏ/အကြိမ်ရေသည် ကန့်သတ်ချက်ထက် ကျော်လွန်နေပါက ဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျော်လွန်နေသော ငွေပမာဏအား တားမြစ်ခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းကို ဘဏ်မှ ဆောင်ရွက်နိုင်သည်။

၉.၂။ ဝန်ဆောင်မှုအသစ်များ - ကတ်နှင့်ပတ်သက်၍ ဝန်ဆောင်မှုအသစ်များအတွက် ဘဏ်မှ ကြေညာပေးမည် ဖြစ်ပြီး ဝန်ဆောင်မှုအသစ်နှင့် ပတ်သက်သော ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ User Guide များအား သုံးစွဲသူမှ လိုက် နာရပါမည်။

၉.၃။ အခကြေးငွေနှင့် ကောက်ခံသောနှုန်းထားများ - ကတ်နှင့် ပတ်သက်သော ဝန်ဆောင်မှုများအတွက် ဘဏ်မှ အခါ အားလျော်စွာ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ကောက်ခံပါမည်။

၁၀။ ဥပဒေအကျိုးသက်ရောက်မှု

၁၀.၁။ ကတ်ဝန်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် အထက်ပါ သဘောတူညီချက် စည်းမျဉ်းစည်းကမ်းများနှင့် အခါအား လျော်စွာ ပြင်ဆင်ဖြည့်စွက်ချက်များကိုလည်း လိုက်နာဆောင်ရွက်မည်ဟု မှတ်ယူမည်။ ဘဏ်၏လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာ တို့သည် ပျက်ပြယ်ခြင်းမရှိစေရ။

၁၀.၂။ ဤသဘောတူညီချက်ပါစည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်ခြင်းကြောင့်ဖြစ်ပေါ်လာသော အငြင်းပွားမှု များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏တည်ဆဲဥပဒေများအရ သက်ဆိုင်ရာတရားရုံးများ၌ တရားရင်ဆိုင် ဖြေရှင်းရမည်။

၁၀.၃။ ဆက်လက်တည်ရှိမှု - ဤသဘောတူညီမှုတွင် ပါဝင်သော စည်းမျဉ်းစည်းကမ်းများမှ အချက်အလက် တစ်စုံတစ်ရာပျက်ပြယ်ခဲ့ပါက ဤစည်းမျဉ်းစည်းကမ်းများ၏ အဓိကအရေးပါသော ရည်ရွယ်ချက်များကို ပြောင်းလဲ အကျိုးသက်ရောက်မှု မရှိလျှင် ကျန်ရှိသော အချက်အလက်များသည် ဆက်လက် တရားဝင် အတည်ရှိနေမည်ဟု မှတ်ယူရမည်။

SMART အကောင့်၏ စည်းကမ်းချက်အသစ်များ

Document Information

စာရွက်စာတမ်း အချက်အလက်များ

A few updates for SMART card Terms and conditions which requires to be incorporated into original DC and Card T&Cs.

မူလ DC နှင့် ကတ်၏စည်းကမ်းချက်များနှင့် ကိုက်ညီမူရှိစေရန်အတွက် SMART ကတ်၏ စည်းကမ်းချက်အသစ်များကို ထည့်သွင်းထားသည်။

T&Cs for SMART account:

SMART အကောင့်၏ စည်းကမ်းချက်များ

These are the specific terms and conditions (“Terms”) which apply to Yoma Bank’s (the “Bank”) SMART account. These terms are additional to the “Terms and Conditions for Digital Banking Services” which apply to your use of the Yoma Bank digital channels. By opening a SMART account with the Bank, you (the “Customer”) agree to the following:

ဖော်ပြပါ စည်းကမ်းချက်များ (အသုံးအနှုန်းများ) သည် ရိုးမဘဏ် (ဘဏ်)၏ SMART အကောင့်သို့ အကျုံးဝင်သက်ရောက်မူရှိသည်။ ဖော်ပြပါ စည်းကမ်းချက်များသည် ထပ်တိုးစည်းကမ်းချက်များအနေဖြင့် ရိုးမဘဏ်၏ ဒစ်ဂျစ်တယ်လမ်းကြောင်း မှတဆင့် အသုံးပြုရသော“ Digital banking ဝန်ဆောင်မူ စည်းကမ်းချက်များ” တွင် သက်ရောက်မူရှိမည်။ သင် “Customer” သည် ဘဏ်တွင် SMART အကောင့်ကို ဖွင့်လိုက်သည်နှင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို သဘောတူညီပြီး ဖြစ်သည်။

1. Definitions for this section:

အဓိပ္ပာယ်ဖွင့်ဆိုချက်များ

1.1. A “Digital KYC SMART Customer” is a Customer who has applied for and opened a SMART account solely via the Bank’s digital channels, and has certain limitations set on the SMART account in accordance with the Bank’s KYC policies (as notified to the Customer via SMS and via digital channels). “Digital KYC SMART Customer” ဆိုသည်မှာ SMART အကောင့်ကို ဘဏ်၏ KYC ပေါ်လစီနှင့်အညီ (SMS နှင့် Digital လမ်းကြောင်းမှတစ်ဆင့်) ဘဏ်၏ Digital လမ်းကြောင်းမှ တစ်ဆင့် အသုံးပြုရန် လျှောက်ထားပြီး အကောင့် ဖွင့်လှစ်ထားသူကို ဆိုလိုသည်။

1.2. A “ Full KYC SMART Customer” is a Customer with a SMART account who has visited a Bank branch to complete the Bank’s full customer due diligence process for SMART account opening, and therefore does not have any limits set on their SMART account. “Full KYC SMART Customer” ဆိုသည်မှာ SMART အကောင့်ဖွင့်ရန်အတွက် ဘဏ်ခွဲသို့သွားရောက်၍ ဘဏ်၏ Customer Due Diligence အပြည့်အစုံကို ပြုလုပ်ထားသူ ဖြစ်သည်။ သို့ဖြစ်၍ မိမိတို့၏ SMART အကောင့်တွင် မည်သည့် ကန့်သတ်ချက်မျှ မရှိသူ ဖြစ်သည်။

2. Opening a SMART account with Yoma Bank - new Yoma Bank customers

ရိုးမဘဏ်တွင် SMART အကောင့် ဖွင့်လှစ်ခြင်း - ရိုးမဘဏ်၏ Customer အသစ်များ

2.1. For Customers who do not have any previous accounts or services with the Bank, to apply to open a SMART account with the Bank the Customer must: ရိုးမဘဏ်တွင် ယခင်က မည်သည့်အကောင့်မှ ဖွင့်လှစ်ထားခြင်းမရှိသူ (သို့မဟုတ်) ဝန်ဆောင်မူကိုမျှ အသုံးပြုဖူးခြင်းမရှိသူများသည် SMART အကောင့်ဖွင့်လှစ်ရန်အတွက် Customer အနေနှင့် -

  • (a) be at least 18 years of age or older, have a valid NRC (for Myanmar Nationals) or a valid passport and visa (for foreign nationals); အသက်ဆယ့်ရှစ် (၁၈) နှစ်အထက် ရှိရမည်ဖြစ်ပြီး တရားဝင်မှတ်ပုံတင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။ ( မြန်မာနိုင်ငံသားများအတွက်) (သို့မဟုတ်) တရားဝင် နိုင်ငံကူးလက်မှတ် နှင့် ဗီဇာရှိရမည် ( နိုင်ငံခြားသားများအတွက်)
  • (b) complete all relevant application forms provided by the Bank, and provide all compulsory information and documents required by the Bank in order to open a SMART account; and SMART အကောင့်ဖွင့်လှစ်ရန် အတွက် လိုအပ်သည့် အချက်အလက်များ၊ စာရွက်စာတမ်းများ နှင့် ဘဏ်မှ လိုအပ်သည့်လျှောက်လွှာပုံစံတို့ကို ပြည့်စုံစွာ ဖြည့်စွက်ရမည်။
  • (c) provide on request any additional information required by the Bank. အပိုဆောင်းအချက်လက်များတောင်းဆိုရန် လိုအပ်ပါက ဘဏ်သို့ ပေးအပ်ရမည်။

2.2. The Customer may apply for a SMART account online via the digital banking application. Customer သည် Smart အကောင့်ကို Online အသုံးပြု၍ Digital Banking Application မှတစ်ဆင့် လျှောက်ထားနိုင်သည်။

2.3. Once the Customer has met the requirements above and the Bank has completed customer due diligence to its satisfaction, the Customer will be entitled to open a SMART account and will be a “Digital KYC SMART Customer”. Customer အနေဖြင့် အထက်တွင် ဖော်ပြထားသည့် လိုအပ်ချက်များ ပြည့်မီ၍ ဘဏ်အနေဖြင့်လည်း Customer Due Diligence ပြုလုပ်ပြီးခြင်း အပေါ်တွင် ကျေနပ်မူရှိပါက Customer သည် Smart အကောင့် ဖွင့်နိုင်မည် ဖြစ်ပြီး “ Digital KYC Smart Customer” ဖြစ်လာမည် ဖြစ်သည်။

2.4. The Customer may become a “Full KYC Customer” when they have visited a branch to complete full customer due diligence. Customer အနေဖြင့် ဘဏ်ခွဲ သို့သွားရောက်၍ Customer Due Diligence ပြည့်စုံစွာ ပြုလုပ်ခြင်းဖြင့် “ Full KYC Customer” ဖြစ်လာမည် ဖြစ်သည်။

2.5.

The Bank has the right to decline to open a SMART account for a Customer in its reasonable discretion. ဘဏ်အနေဖြင့် Customer ၏ Smart အကောင့်ဖွင့်ရန် လျှောက်ထားခြင်းကို ကျိုးကြောင်း ဆီလျော်သော ဆုံးဖြတ်ချက်ဖြင့် ငြင်းဆိုပိုင်ခွင့်ရှိပါသည်။

Opening a SMART account with Yoma Bank - existing Yoma Bank customers

ရိုးမဘဏ်တွင် SMART အကောင့် ဖွင့်လှစ်ခြင်း - လက်ရှိ ရိုးမဘဏ်၏ Customer များ

2.6. Any existing Customers who already have accounts or services with the Bank may apply for a SMART account via the digital banking application. လက်ရှိတွင် အကောင့်ရှိပြီးသည့် မည်သည့်Customer မဆို (သို့မဟုတ်) ဝန်ဆောင်မူကို အသုံးပြုနေသူတို့သည် SMART အကောင့်ကို Digital Banking Application မှတစ်ဆင့် လျှောက်ထားနိုင်သည်။

2.7. The Customer must be able to authenticate or activate his/her digital banking application by entering their security credentials into the digital banking application in order to apply for a SMART account via the digital banking application. Digital Banking application မှတစ်ဆင့် SMART အကောင့်ဖွင့်လှစ်ရန် အတွက် Customer သည် Digital Banking Application ထဲသို့ မိမိ၏ မှန်ကန်သော လုံခြုံရေးအထောက်အထားများ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုနိုင်သည်။

2.8. If the Customer wants a SMART card in order to use the SMART account at ATMs and MPU card payment terminals, the Customer must visit a Bank branch to [apply for and] collect a SMART card. အကယ်၍ Customer အနေဖြင့် SMART အကောင့်ကို ATM နှင့် MPU ကတ်ပေးချေမူများတွင် အသုံးပြုလိုပါက ဘဏ်ခွဲသို့ သွားရောက်၍ SMART ကတ်ကို ( လျှောက်ထားရန် နှင့်) ထုတ်ယူရမည် ဖြစ်သည်။

2.9. Customer Dispute များကိုလည်း ATM တွင် Debit Card ဖြစ်ပါက ရက်ပေါင်း (၃၀) အတွင်း၊Credit Card ဖြစ်ပါက ရက်ပေါင်း (၆၀)အတွင်းနှင့် POS တွင် Debit/Credit Card နှစ်မျိုးလုံးအတွက် ရက်ပေါင်း (၁၂၀) အတွင်း Dispute and Chargeback ကိုပြုလုပ်ရန်။

3. Processing application information

လျှောက်လွှာထုတ်ယူခြင်း အချက်အလက်

3.1. The Bank will verify the Customer’s application for a SMART account, which will involve checking the Customer’s information against credit, fraud, anti-money laundering records and verifying the personal information provided to the Bank. ဘဏ်သည် Customer ၏ SMART အကောင့် လျှောက်လွှာများကို စိစစ်ရာတွင် Customer ၏ အကြွေးပေးချေမူအခြေအနေ၊ မသမာမှု၊ ငွေကြေးခဝါချမူ မှတ်တမ်းများ နှင့် အခြားကိုယ်ရေး အချက်အလက်များကို ထည့်သွင်း စိစစ်သွားမည် ဖြစ်သည်။

3.2. The Bank will collect and hold all Customers’ information in its secure database which will be used for ongoing account maintenance and administrative purposes. ဘဏ်သည် Customer ၏အချက်အလက်များကို အကောင့် ပြုပြင်ထိန်းသိမ်းမူနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ရည်ရွယ်ချက်များဖြင့် လုံခြုံသော စနစ်ကို အသုံးပြု၍ ကောက်ခံ သိမ်းဆည်း ထားမည် ဖြစ်သည်။

4. Account operation

အကောင့်၏ လုပ်ဆောင်ချက်များ

4.1. No interest is payable by the Bank on the SMART account. Smart အကောင့်တွင် ငွေအပ်နှံထားရှိခြင်းအတွက် ဘဏ်က အတိုး ပေးအပ်မည် မဟုတ်ပါ။ The Bank is entitled to charge fees, including changing any fees currently payable, in connection with the SMART in accordance with the Bank’s standard fee arrangements as published by the Bank from time to time. ဘဏ်အနေဖြင့် SMART အကောင့်နှင့် ပတ်သက်၍ မည်သည့် ဝန်ဆောင်ခကိုမဆို ဘဏ်မှအခါအားလျော်စွာ သတ်မှတ် ထုတ်ပြန်ထားသည့် နှုန်းထားများအတိုင်း ကောက်ခံခွင့်ရှိသည်။

1. If you have a SMART account, save actively with Yoma Bank, and are an active user of the Yoma Bank mobile banking application, you may be eligible to receive a SMART credit line (a “SMART Credit”).
အကယ်၍သင့်တွင် ရိုးမဘဏ်၏ SMART အကောင့်ရှိပြီး လတ်တလောတွင် ရိုးမဘဏ်၏ “Mobile Banking Application” ကို အသုံးပြုနေသူဖြစ်ပါက ရိုးမဘဏ်၏ SMART Credit ကို အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

2. The amount of the credit available to you through SMART Credit will be assessed by Yoma Bank based on your credit score as assessed by Yoma Bank and your average savings balance with Yoma Bank over the previous 3 months.
သင်၏ SMART Credit စနစ်၏ ရရှိနိုင်မည့် ချေးငွေပမာဏ ကို ရိုးမဘဏ်မှ အကဲဖြတ်ပေးထားသည့် သင်၏ Credit Score နှင့် ရိုးမဘဏ်တွင် လွန်ခဲ့သော သုံးလအတွင်း စုထားခဲ့သည့် ပျမ်းမျှစုငွေပမာဏတို့အပေါ်တွင် မူတည်၍ ရိုးမဘဏ်မှ အကဲဖြတ်ပေးမည် ဖြစ်သည်။

4.2. Opened accounts without any transactional activity within the last one-year period will be considered inactive accounts. Monthly service fees of 1,500 Kyats will be charged for these inactive accounts.
ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ငွေသွင်း/ငွေထုတ်/ငွေပေးချေခြင်း/ငွေလွှဲခြင်း ဆောင်ရွက်ထားခြင်း မရှိသော ဘဏ်စာရင်းများအား (Inactive Account) များအဖြစ် သတ်မှတ်မည် ဖြစ်သည်။ အဆိုပါ အပ်ငွေစာရင်းများအား ဝန်ဆောင်ခအနေဖြင့် (၁,၅၀၀) ကျပ် လစဉ်ကောက်ခံသွားမည်ဖြစ်သည်။

အသုံးမပြုသည့်စာရင်းများ (ခေါ်) Dormant Accounts

What Is a Dormancy Period?

A Dormancy Period is a time frame where an account has been financially inactive with no deposit balance. In Yoma Bank, a dormancy period is defined as 6 consecutive months.

Dormancy Period ဆိုသည်မှာ

Customer မှ ၎င်း၏ ဘဏ် Account နှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ်ပြုလုပ်ခြင်း) မရှိခြင်း နှင့် လက်ကျန်ငွေထားရှိမှု မရှိသော ကာလအပိုင်းအခြား ကိုဆိုလိုသည်။ ရိုးမဘဏ်တွင် ထိုသို့ အသုံးမပြု ဖြစ်သော ကာလ- လဆက်တိုက်ကို Dormancy Period ဟုသတ်မှတ်သည်။


What Is a Dormant Account?

When a Client’s account(s) was opened and with or without credit balance, has not maintained any deposit across all of the account(s) by the same customer, for a period of six consecutive months, except for the posting of interest or cases when withdrawals are prevented by any legal actions or third parties claims, is to be considered as a dormant account.

Dormant Account ဆိုသည်မှာ

Customer တစ်ဦးထဲမှဖွင့်လှစ်ထားသော တစ်ခု (သို့) တစ်ခုထက်ပိုသော ဘဏ် Account များသည် အလိုအလျောက်အတိုးရယူခြင်း၊ ဥပဒေအရ တရားဝင် ငွေထုတ်ခွင့်ပိတ်ပင်ထားခြင်းများမှအပ လဆက်တိုက် လက်ကျန်ငွေထားရှိမှု မရှိပါက Dormancy Account ဟုသတ်မှတ်သည်။


Dormancy policy and termination of dormant accounts

Yoma Bank periodically determines our client’s accounts that are to be treated as dormant. Accordingly, the dormant account holder will be informed for the status of his/her deposit account 3 weeks prior to be suspended for none-activity. When the account balance is zero throughout the period, and continue to be empty on the effective date of termination, the account will be automatically terminated. The documentation of such closed accounts will be kept at the Company’s archive for minimum 3 more years from the time of termination.

ရိုးမဘဏ်၏ Dormancy Policy နှင့် Dormant accounts များကို ရပ်ဆိုင်းပိတ်သိမ်းခြင်း

ရိုးမဘဏ် အနေဖြင့် အခါအားလျော်စွာ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ်ပြုလုပ်ခြင်း) နှင့် လက်ကျန်ငွေထားရှိမှု မရှိသော Customer များ၏ ဘဏ် account များကို dormant အဖြစ်သတ်မှတ်သည်။ ထိုသို့ မသတ်မှတ်မီ ပတ်ခန့်အလိုတွင် account ပိုင်ရှင်များကို account ရပ်ဆိုင်းပိတ်သိမ်းမည့်နေ့နှင့်တကွ ကြိုတင်အသိပေးအကြောင်းကြားသွားမည်။ Account ပိုင်ရှင် customers များအနေဖြင့် ပိတ်သိမ်းရန် သတ်မှတ်ထားသောရက်အထိ အပ်ငွေထားရှိခြင်းမရှိပါက ထို account ကိုအလိုအလျောက် ပိတ်သိမ်း သွားမည်ဖြစ်သည်။ ထိုသို့ ပိတ်သိမ်းလိုက်သော account များကို Company's archive အဖြစ် အနည်းဆုံး နှစ် ထိန်းသိမ်းထားမည်ဖြစ်သည်။

Re-Activation of Dormant accounts

A Dormant account shall be re-activated only after undertaking the proper due-diligence process as for opening of a new account and fulfilling of such conditions as may be deemed fit by the Money Laundering and Compliance Officer of the bank. As a practice for re-activation, deemed by the bank, the client has to deposit any amount back into the dormant account and bank has to appropriately verify the KYC of such clients.

Dormant Account များ ပြန်လည်အသက်သွင်းခြင်း

ရိုးမဘဏ်၏ account အသစ်ဖွင့်လှစ်ခြင်းနှင့် ရိုးမဘဏ်၏ငွေကြေးခဝါချခြင်းဆိုင်ရာ လိုက်နာ ကျင့်သုံးမှုများ နှင့်ကိုက်ညီမှုရှိက Dormant account များကို ပြန်လည်အသက်သွင်းနိုင်သည်။ ပြန်လည် အသက်သွင်းရန် အတွက် ရိုးမဘဏ်အနေခြင့် လိုအပ်သော KYCစစ်ဆေးခြင်းများပြုလုပ်သွားမည်ဖြစ်ပြီး customers များအနေဖြင့် အပ်ငွေပမာဏတစ်ခု (မည်သည့်ပမာဏမဆို) ထည့်သွင်းရမည်ဖြစ်သည်။

SMART Credit Business

1. If you have a Flexi Everyday account, are a member of Anchor Partners, and are an active user of the Yoma Bank mobile banking application, you may be eligible to receive a digital credit line from Yoma Bank (“smart credit business”).
အကယ်၍သင်သည် အဓိကဦးစားပေး မိတ်ဖက်အဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ရိုးမဘဏ်၏ Flexi Everyday အကောင့်နှင့် mobile banking application ကိုအသုံးပြုသူဖြစ်ပါက ရိုးမဘဏ်၏ အထူးဒီဂျစ်တယ် ချေးငွေဝန်ဆောင်မှုဖြစ်သည့် SMART credit business ကို အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

2. The amount of the credit available to you through smart credit businesss will be assessed by Yoma Bank based on the relationship (both financial and non financial) with relevant anchor partner.
သင်၏ SMART credit business ဝန်ဆောင်မှုမှ ရရှိနိုင်မည့် ချေးငွေပမာဏ ကို အဓိက ဦးစားပေးမိတ်ဖက်နှင့် ငွေရေးကြေးရေးအရသာမက ငွေေ ရးကြေးရေးမဟုတ်သည့် လုပ်ငန်းဆိုင်ရာများတွက်ပါ ပတ်သက်မှုရှိသည့် အနေအထားအပေါ်မူတည်၍ ရိုးမဘဏ်မှ SMART credit business ချေးေ ငွ ပမာဏကို သတ်မှတ်မည် ဖြစ်သည်။

3. The tenor of your smart credit business is:

  • (a) For your first smart credit business application, one (1) to three (3) months; and
  • (b) For subsequent smart credit business applications, up to a maximum tenor of twelve (12) months, to be determined in Yoma Bank's discretion and as communicated to you as part of your application for smart credit business.

SMART credit business ၏ ခွင့်ပြုသက်တမ်းသည်-
  • (က) သင်၏ ပထမဆုံး အကြိမ် အသုံးပြုခြင်းအတွက် (၁) လ မှ (၃) လ အထိ နှင့်
  • (ခ) နောက်ဆက်တွဲ အကြိမ်များ အသုံးပြုခြင်းများ အတွက် ခွင့်ပြု သက်တမ်း အများဆုံး (၁၂) လ အထိ- စသည့် ချေးငွေသက်တမ်းကို ရိုးမဘဏ်မှ ဆုံးဖြတ်မည်ဖြစ်ပြီး SMART credit business လျှောက်ထားရာတွင်လည်း ဖော်ပြသွားမည် ဖြစ်သည်။

4. By applying for a smaty credit business , you agree that you will repay the smart credit business installments automatically on the repayment day (“due date”), by authorizing Yoma Bank to automatically debit directly from your Flexi Everyday account for the amount that is due for payment (Principal, Interest, and any applicable fees). If you do not have sufficient funds in your Flexi Everyday account on the due date for a payment, you authorize Yoma Bank to automatically debit directly the amount due (including principal, interest and fees) from any other account you hold with Yoma Bank or Wave Money. If the due date does not fall on a business day, then Yoma Bank will automatically deduct the repayment for the smart credit business on the closest business day to the due date after the due date.
SMART credit business ကိုအသုံးပြုရန် လျှောက်ထားခြင်းအား ဖြင့် သင့်အနေဖြင့် ချေးငွေ ခွင့်ပြုသက်တမ်း၏ နောက်ဆုံးရက် (သက်တမ်းပြည့်သည့်နေ့) တွင် ရိုးမဘဏ်မှ သင်၏ Flexi Everyday အကောင့်မှ အလိုအလျောက်နုတ်ယူခြင်းဖြင့် ပြန်လည်ပေးဆပ်သည်ကိုလက်ခံကြောင်း သဘောတူပါသည်။ အကယ်၍ သက်တမ်းပြည့်သည့်နေ့၌ သင်၏ Flexi Everyday အကောင့်တွင် ပြန်လည်ပေးဆပ်ရန် (မူလချေးငွေ ပမာဏ၊အတိုးနှင့် ဝန်ဆောင်ခများ ပါဝင်သည်) ငွေအလုံအလောက် မရှိပါက ရိုးမဘဏ် (သို့မဟုတ်) Wave Money တွင်ရှိသော သင်၏ အခြားသော အကောင့်မှ နုတ်ယူခွင့်ကို ရိုးမဘဏ်အား ပေးအပ်ပါသည်။ အကယ်၍ သက်တမ်း ပြည့်သည့်နေ့သည် ဘဏ်ပိတ်ရက် ဖြစ်ပါက ရိုးမဘဏ်အနေဖြင့် သက်တမ်းပြည့်သည့်နေ့ကို ကျော်လွန်ပြီး အနီးဆုံး ဘဏ်ဖွင့်ရက်ကို သတ်မှတ်၍ နုတ်ယူမည် ဖြစ်သည်။

5. The interest rate applying to smart credit business is 14.5%, is applied daily and deducted automatically in accordance with section 4 above. The frequency of interest deduction will be determined by Yoma Bank in its discretion and communicated to you as part of your application for smart credit business.
SMART credit business ဝန်ဆောင်မှု၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၄.၅% ဖြင့်နေ့စဉ်တွက်ချက်မည် ဖြစ်ပြီး အထက်ဖော်ပြပါ အပိုဒ် ၄ အရ အလိုက်အလျောက် နုတ်ယူမည် ဖြစ်သည်။အတိုးနှုန်း ဖြတ်တောက်မှု အကြိမ်အရေအတွက်ကို ရိုးမဘဏ်မှ သတ်မှတ် ဆုံးဖြတ်မည် ဖြစ်ပြီး SMART credit business လျှောက်ထားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြအကြောင်းကြားသွားမည် ဖြစ်သည်။

6. You acknowledge that failure to repay an amount of smart credit business (including any accrued fees and/or interest) due and owing to Yoma Bank by the required due date:

  • (a) means Yoma Bank may request immediate repayment of the smart credit business (including any accrued fees and/ or interest) on demand;
  • (b) will negatively affect your credit score as assessed by Yoma Bank, making it harder for you to apply for future loans with Yoma Bank, and your credit score with Yoma Bank may also be shared with the Myanmar Credit Bureau; and
  • (c) means Yoma Bank may take any such legal or other action to protect and enforce its rights under these terms and conditions.

သင့်အနေဖြင့် SMART credit business ပြန်လည်ပေးဆပ်မူ (ပေးရန်ရှိသည့် မည်သည် ဝန်ဆောင်ခ နှင့်/သို့မဟုတ် အတိုး)ကို သက်တမ်းပြည့်သည့်နေ့ တွင် ရိုးမဘဏ်သို့ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက-
  • (က) ရိုးမဘဏ်အနေဖြင့် SMART credit business (ပေးရန်ရှိသည့် မည်သည့် ဝန်ဆောင်ခ နှင့်/ သို့မဟုတ် အတိုး)ကို ချက်ချင်းပြန်လည်ပေးဆပ်ရန် တောင်းခံခွင့် ရှိသည်။
  • (ခ) ရိုးမဘဏ်မှ အကဲဖြတ်ထားသော Credit Score ကို ထိခိုက်မူ ရှိမည်ဖြစ်ပြီး နောင်တွင် ရိုးမဘဏ်မှ ချေးငွေ လျှောက်ထားရာတွင်လည်း အခက်အခဲများ ကြုံတွေ့နိုင်သည်။ သင် ရရှိထားသော Credit Score ကို ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန (Myanmar Credit Bureau) သို့ ပေးပို့မည် ဖြစ်သည်။
  • (ဂ) ဤစည်းမျဉ်းစည်းကမ်းချက်များအရ ရိုးမဘဏ်အနေဖြင့် မည်သည့် ဥပဒေကြောင်းအရ (သို့မဟုတ်) အခြားသော နည်းလမ်းများဖြင့် ကာကွယ်ဆောင်ရွက်နိုင်သည်။

7. Yoma Bank may in its absolute discretion decline to provide you with the smart credit business and is not obligated to provide you with a reason for such decline. Yoma Bank may stop offering smart credit business at any time.
ရိုးမဘဏ်သည် သင့်အား SMART credit business ဝန်ဆောင်မူ ပေးအပ်ရန်အကြောင်းပြချက် ပေးအပ်ရန်မလိုအပ်ဘဲ ငြင်းဆိုပိုင်ခွင့်ရှိသည်။ ရိုးမဘဏ် အနေဖြင့် SMART credit business ကို အချိန်မရွေး ရပ်ဆိုင်းခွင့်ရှိသည်။

8. You agree that Yoma Bank will not be liable to you for any loss or damage arising from your use of the smart credit business service, except for any loss or damage arising from Yoma Bank's gross negligence.
ရိုးမဘဏ်၏ ပေါ့ဆမူကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုမှ အပ အခြားသော သင်၏ SMART credit business ဝန်ဆောင်မှု အသုံးပြုခြင်းကြောင့် ဖြစ်‌ပေါ်လာသည့် မည်သည့် ပျက်စီးဆုံးရှုံးမှုကိုမဆို ရိုးမဘဏ်မှ ဆောင်ရွက်ပေးရန် တာဝန်မရှိပါ။

9. These terms and conditions are governed by Myanmar laws. You agree that if you have any dispute or claim arising under or in respect of smart credit business and/or these terms and conditions, you will first raise your concern or complaint directly with Yoma Bank, and Yoma Bank will attempt to resolve your dispute and/or claim directly with you within a reasonable time period.
ဤစည်းမျဉ်းစည်းကမ်းများသည် မြန်မာနိုင်ငံ၏ ဥပဒေများအတိုင်း သတ်မှတ်ရေးသားထားခြင်း ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် SMART credit business နှင့်/သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းများအရ အငြင်းပွားဖွယ်ရာ (သို့မဟုတ်) တောင်းဆိုမူများ ပေါ်ပေါက်လာပါက သင်၏ ကိစ္စရပ်များ (သို့မဟုတ်) တိုင်ကြားချက်များကို ရိုးမဘဏ်သို့ ပထမဦးစွာ တင်ပြရမည် ဖြစ်ပြီး ရိုးမဘဏ်အနေဖြင့် သင့်လျော်သော အချိန်ကာလ တစ်ခုအတွင်းတွင် သင်နှင့်တိုက်ရိုက် ဖြေရှင်း ဆောင်ရွက်ပေးမည် ဖြစ်သည်။

10. “I hereby voluntarily acknowledge and consent to the collection, access, use, and processing by Yoma Bank of my personal information and any information regarding my business activity, credit data, credit worthiness, default history and banking activities (the “Relevant Information”) for processing my loan application. I further authorize Yoma Bank to disclose and transfer, in whole or in part, the Relevant Information to any government regulatory agencies, any credit reporting bodies, the Myanmar Credit Bureau, the Central Bank of Myanmar for credit worthiness purposes, and to any collection agencies for credit collection purposes. I hereby acknowledge that my credit performance at Yoma Bank may affect my credit worthiness with the Myanmar Credit Bureau”.
ကျွန်တော်/ကျွန်မ၏ ချေးငွေလျှောက်ထားမှုကို သုံးသပ် ဆက်လက်လုပ်ဆောင်နိုင်စေရန် လျှောက်ထားသူ၏ လုပ်ငန်းလည်ပတ်မှု ဆောင်ရွက်ချက်များ၊ ချေးငွေအချက်အလက်များ၊ ချေးငွေလျှောက်ထားရန် ထိုက်တန်မှု၊ ကြွေးမြှီရာဇဝင်၊ ဘဏ်ဝန်ဆောင်မှု အသုံးချ လုပ်ဆောင်ချက်များ (ယင်းနှင့် ပတ်သက်သည့် အချက်အလက်များ) ကို ရယူစုဆောင်းခြင်း ၊ ဝင်ရောက်အသုံးပြုခြင်း နှင့် ရှေ့ဆက်ဆောင်ရွက်ခြင်းကို ရိုးမဘဏ်က လုပ်ဆောင်နိုင်သည်ကို သဘောတူ သိရှိပါသည်။ ထို့အပြင် ကျွန်တော်/ ကျွန်မသည် ချေးငွေရယူခြင်း ထိုက်တန်မှုသုံးသပ်နိုင်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံချေးငွေ သတင်းပို့ဌာန (Myanmar Credit Bureau) အပါအဝင် ချေးငွေဆိုင်ရာ အချက်အလက်များ ထိန်းသိမ်းအစီရင်ခံသည့် အဖွဲ့အစည်းများ၊ ချေးငွေကောက်ခံမှုဆိုင်ရာ လုပ်ဆောင်သော ချေးငွေကောက်ခံ အဖွဲ့အစည်းများနှင့်၊ အစိုးရ အာဏာပိုင်အဖွဲ့အစည်းများသို့ မိမိနှင့် သက်ဆိုင်သည့် အချက်အလက် တစ်ခုလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ကို ထုတ်ဖော်ပြောကြားခြင်း နှင့် လွှဲပြောင်းပေးပို့ခြင်း တို့ကို ရိုးမဘဏ်က လုပ်ဆောင်နိုင်ပြီး မိမိ၏ ရိုးမဘဏ်၌ ချေးငွေပြန်လည်ပေးဆပ်မှု လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံ ချေးငွေသတင်းပို့ဌာန (Myanmar Credit Bureau) တွင် မိမိရရှိနိုင်သည့် ချေးငွေလျှောက်ထားရန် ထိုက်တန်မှုကို ထိခိုက်မှု ရှိနိုင်သည်ကို သိရှိသဘောတူပါသည်။

Fixed Deposit

စာရင်းသေအကောင့်၏ စည်းမျဉ်းစည်းကမ်းများ

1. Introduction

မိတ်ဆက်

1.1. These terms and conditions become effective when you (the person who applies for a Fixed Deposit, or in whose name the Fixed Deposit is opened) open a Fixed Deposit with Yoma Bank (the “Bank”).
သင်သည် ရိုးမဘဏ်(ဘဏ်)တွင် စာရင်းသေ အပ်ငွေစာရင်း( စာရင်းသေအပ်ငွေစာရင်း လျှောက်ထားသူ ( သို့မဟုတ်) စာရင်းသေ အပ်ငွေစာရင်း ဖွင့်ထားသူ) ဖွင့်လှစ်လိုက်သည်နှင့် ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများသည် စတင် အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။

1.2. You agree that you understand and will comply with these terms and conditions at all times whilst you hold a Fixed Deposit with the Bank. These terms and conditions are a binding agreement between you and the Bank.
သင့်အနေဖြင့် ရိုးမဘဏ်၏ စာရင်းသေအပ်ငွေစာရင်းကို ကိုင်ဆောင်အသုံးပြုနေသော ကာလတစ်လျှောက်လုံး စည်းမျဉ်းစည်ကမ်းများကို နားလည်သဘောပေါက်၍ လိုက်နာပါမည်ဟု သဘောတူညီပါသည်။ ထိုစည်းမျဉ်းစည်းကမ်းများသည် သင်နှင့် ဘဏ်အကြား ချုပ်ဆိုထားသော သဘောတူညီချက်ဖြစ်သည်။

2. Opening a Fixed Deposit

စာရင်းသေအပ်ငွေစာရင်း ဖွင့်လှစ်ခြင်း

2.1. You can open a Fixed Deposit, provided you deposit the required minimum deposit amount for a Fixed Deposit, as set by the Bank from time to time.
စာရင်းသေအပ်ငွေစာရင်းကို ဖွင့်လှစ်ရန် ဘဏ်မှအခါအားလျော်စွာ သတ်မှတ်ထားသော အနည်းဆုံးထည့်သွင်းရမည့် ပမာဏကိုထည့်သွင်း၍ စာရင်းဖွင့်လှစ်နိုင်သည်။

2.2. At the time of opening your Fixed Deposit, you can choose the tenor of your Fixed Deposit (the “Term”). The Bank may change the available terms for Fixed Deposits from time to time. The last day of your chosen Term is the “Maturity Date”.
စာရင်းသေအပ်ငွေစာရင်းကို စတင်ဖွင့်လှစ်သည့်အချိန်တွင် သင့်စာရင်းသေအပ်ငွေစာရင်း ၏ သက်တမ်း ( အချိန်) ကိုရွေးချယ်နိုင်သည်။ ဘဏ်သည် သတ်မှတ်ထားသော သက်တမ်းကို အခါအားလျော်စွာ ပြောင်းလဲခွင့်ရှိသည်။ သင်ရွေးချယ်ထားသော သက်တမ်း၏ နောက်ဆုံးနေ့သည် “သက်တမ်းပြည့်သည့်နေ့” ဖြစ်သည်။

3. Interest

အတိုးနှုန်း

3.1. Interest on your Fixed Deposit is paid at a rate determined at the sole discretion of the Bank at the commencement of the Fixed Deposit Term. The interest rate communicated to you at the commencement of your Fixed Deposit applies for the Term of the Fixed Deposit.
စာရင်းသေအပ်ငွေ၏ အတိုးနှုန်းတွက်ချက်ပုံမှာ ဘဏ်၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ပြီး သင်၏ စာရင်းသေအပ်ငွေ သက်တမ်းစတင်သည့်နေ့မှစတင်၍ တွက်ချက်မည်ဖြစ်သည်။ အတိုးနှုန်းမှာ စာရင်းသေအပ်ငွေ စတင်အသက်ဝင်သည့်နေ့တွင် ရှိသော စာရင်းသေအပ်ငွေစာရင်းဆိုင်ရာ စည်းမျဉ်းများအရ ရရှိမည် ဖြစ်သည်။

3.2. Interest is calculated daily and will be paid on the Maturity Date of the Fixed Deposit (subject to the conditions set out in section 6 (“Withdrawals before maturity” below).
အတိုးနှုန်းကို နေ့စဉ်တွက်ချက်မည်ဖြစ်ပြီး စာရင်းသေအပ်ငွေစာရင်း၏ သက်တမ်းပြည့်သည့်နေ့တွင် ပေးအပ်သွားမည် ဖြစ်သည်။   ( အပိုဒ် ၆ တွင် ဖော်ပြ သက်မှတ်ထားသည့် အခြေအနေများအရ (သက်တမ်းမပြည့်မှီ ထုတ်ယူခြင်းများ) ပြောင်းလဲနိုင်သည်)

3.3. If the Fixed Deposit is renewed, interest accrued for the previous Fixed Deposit term will be paid to you on the renewal date (interest cannot be rolled over).
အကယ်၍ စာရင်းသေအပ်ငွေစာရင်း သက်တမ်းတိုးပါက ပြီးခဲ့သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းသည် သက်တမ်းတိုးသည့် နေ့တွင် ရရှိမည်ဖြစ်သည်။ (အတိုးနှုန်း ကြိုတင်ရယူခြင်းများမရရှိပါ)

3.4. The interest rate applying to renewals (including automatic renewals) of Fixed Deposits will be at rates of interest in force by the Bank at the time of the renewal.
စာရင်းသေအပ်ငွေ သက်တမ်းတိုးမူအပေါ် ရရှိသည့် အတိုးနှုန်းမှာ ယင်းသက်တမ်းတိုးချိန်တွင် သတ်မှတ်ထားသော အတိုးနှုန်းဖြင့်သာ ပေးအပ်သွားမည် ဖြစ်သည်။

4. Fees

ဝန်ဆောင်ခ

4.1. The applicable fees and charges in force from time to time for the Fixed Deposit will be available at each Bank branch.
ဘဏ်ခွဲတစ်ခုချင်းစီတွင် စာရင်းသေအပ်ငွေအတွက် အခါးအားလျော်စွာ ထုတ်ပြန်ထားသည့် ဝန်ဆောင်ခနှင့် နှုန်းထားများကို သိရှိနိုင်ပါမည်။

5. Maturity

သက်တမ်းပြည့်မြောက်ခြင်း

5.1. On the Maturity Date of the Fixed Deposit, if you have selected auto-rollover, or you have requested that the Bank renew the Fixed Deposit, the Fixed Deposit will renew for the additional term as agreed between the Bank and you.
စာရင်းသေအပ်ငွေစာရင်း သက်တမ်းပြည့်သည့်နေ့တွင် အကယ်၍ အလိုအလျောက်ဆက်လက် သက်တမ်းတိုးခြင်းကို ရွေးချယ်ခြင်း (သို့မဟုတ်) စာရင်းသေအပ်ငွေ စာရင်း သက်တမ်း တိုးရန် ဘဏ်အား တောင်းဆိုခြင်း ပြုလုပ်ပြီး ဖြစ်ပါက စာရင်းသေအပ်ငွေစာရင်းကို သင်နှင့် ဘဏ်အကြား သဘောတူညီချက်အရ နောက်ထပ်သက်တမ်းအတွက် သက်တမ်းတိုးနိုင်ပါသည်။

5.2. You must instruct the Bank in writing (or any other way you have agreed to provide instructions) at least one (1) business banking day before the Maturity Date:
ဘဏ်သို့ သက်တမ်းမပြည့်မှီ အနည်းဆုံး ဘဏ်ဖွင့်ရက် တစ်ရက်ကြိုတင်၍ စာဖြင့်( သို့မဟုတ် ) သဘောတူညီထားသော ဆက်သွယ်ရန်နည်းလမ်းဖြင့်) အကြောင်းကြားရမည်။

  • (a) If you have not selected auto-rollover, to renew the Fixed Deposit; or
  • (က) အကယ်၍ စာရင်းသေအပ်ငွေစာရင်း သက်တမ်းတိုးခြင်းကို အလိုအလျောက်ပြုလုပ်ရန် မရွေးချယ်ခဲ့ပါက (သို့မဟုတ်)၊
  • (b) If you have selected auto-rollover, not to renew the Fixed Deposit.
  • (ခ) အကယ်၍ စာရင်းသေအပ်ငွေကို သက်တမ်းမတိုးရန် အလိုအလျောက်ပြုလုပ်ရန် ရွေးချယ်ခဲ့ပါက၊

5.3. If the Fixed Deposit is in joint names, in the event of death of any of the joint depositors, the proceeds of the deposit and accrued interest if any, shall be payable to the survivor or survivors subject to the legislation in force from time to time in Myanmar.
အကယ်၍ တွဲဖက်စာရင်းအမည်ဖြင့် စာရင်းသေအပ်ငွေစာရင်းကို ဖွင့်လှစ်ထားပြီး တွဲဖက်စာရင်းဖွင့်ထားသူ သေဆုံးခဲ့လျှင် ကျန်ရှိသော အပ်ငွေနှင့် ရရှိလာသည့် အတိုးတို့ကို ကျန်ရှိသောသူ (သို့မဟုတ်) ဥပဒေကြောင်း အရ ဆက်ခံခွင့်ရှိသူတို့ကို ပေးအပ်သွားမည် ဖြစ်သည်။

6. Withdrawing your Fixed Deposit before maturity

သက်တမ်းပြည့်သည့်နေ့မတိုင်မီ စာရင်းသေအပ်ငွေအား ထုတ်ယူခြင်း

6.1. The Bank reserves the right to determine in its absolute discretion, and/or pursuant to any rules and regulations imposed from time to time by any statutory or regulatory Banking and Financial authority of Myanmar not to allow early withdrawal of the Fixed Deposit (also referred to as Term Deposit).
ဘဏ်သည် အခါအားလျော်စွာ ချမှတ်ထားသော မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေဟုလည်း ခေါ်ဝေါ်သည်)မှ သက်တမ်းမပြည့်မီ ဆောလျင်စွာ အပ်ငွေထုတ်ယူခြင်းမပြုရန် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။

6.2. Upon the Maturity Date of your Term Deposit, you will have a grace period of ten (10) business banking days to renew, change, or transfer the balance from, your Term Deposit.
သင်၏ အချိန်ပိုင်းအပ်ငွေ စာရင်းအား ပြန်လည်သက်တမ်းတိုးခြင်း၊ ပြောင်းလဲခြင်း (သို့) လက်ကျန်ငွေ လွှဲပြောင်းခြင်းတို့အား သက်တမ်းပြည့်သည့်နေ့မှစ၍ စောင့်ဆိုင်းကာလဖြစ်သည့် ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

7. Disclosure

ထုတ်ဖော် ကြေညာချက်များ

7.1 You agree that the Bank (including its officers, employees, agents or any other persons to whom the Bank grants access to its records, correspondence or any material relating to you or the Fixed Deposit) can disclose at any time at the Bank’s sole discretion without notifying you beforehand, any information relating to you, your accounts with the Bank or the Fixed Deposit to any court of competent jurisdiction, law enforcement agency, the Central Bank of Myanmar or other regulatory body, financial institutions, any service providers who provide electronic or other services to the Bank, credit bureaus or any company which is an affiliate or associate of the Bank.
ဘဏ်၏ လုပ်ပိုင်ခွင့်အာဏကို ကျင်သုံး၍ တရားစီရင်ပိုင်ခွင့်ရှိသော မည်သည့် တရားရုံးမဆို၊ ဥပဒေအဖွဲ့အစည်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အခြားဥပဒေ အာဏအပ်နှင်းထားသော အဖွဲ့အစည်း၊ ဘဏ္ဏာရေးအဖွဲ့အစည်းများ၊ ဘဏ်သို့ အီလက်ထရောနစ်(သို့မဟုတ်) အခြား ဝန်ဆောင်မှု ပေးအပ်သူမဆို၊ ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန (သို့မဟုတ်) ဘဏ်နှင့်အဖွဲ့ဝင် မည်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကိုမဆို သင်နှင့်ပတ်သက်သောအချက်အလက်များ၊ ဘဏ်တွင် ဖွင့်လှစ်ထားသော သင့်အကောင့် (သို့မဟုတ်) စာရင်းသေအပ်ငွေနှင့် ပတ်သက်သည့် မည်သည့် အချက်အလက်မဆို ကြိုတင်အကြောင်းကြားရန်မလိုဘဲ ပေးအပ်နိုင်သည်ကို သိရှိသဘောတူပါသည်။

7.2 The Bank will take all such reasonable measures as necessary to protect the confidentiality of your information.
ဘဏ်အနေဖြင့် ကျိုးကြောင်းဆီလျော်သော လုပ်ဆောင်မူများဖြင့် သင်၏ အချက်အလက်များကို လျို့ဝှက်စွာ ထားရှိပေးမည်ဖြစ်သည်။

8. General

အထွေထွေ

8.1. The Bank reserves the right to amend or alter these terms at any time, and if any such amendment or alteration is material, the Bank will use reasonable efforts to provide prior notice to you of such amendment or alteration by publishing such changes at its branches or on its website.
ဘဏ်မှ ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများကို မည်သည့်အချိန်တွင်မဆို ပြင်ဆင်ဖြည့်စွက် ပိုင်ခွင့်ရှိသည်။ အကယ်၍ ပြုပြင်ဖြည့်စွက်များကို ပြုလုပ်ခဲ့ပါက ဘဏ်၏ ဝက်ဘ်ဆိုက် (သို့မဟုတ်) ဘဏ်ခွဲများတွင်လည်းကောင်း အသိပေးကြေညာသွားမည်ဖြစ်သည်။

8.2. The Bank reserves the right to withdraw, suspend or cancel the Fixed Deposit product at any time, and will provide prior notice to you in the event it decides to withdraw, suspend or cancel your Fixed Deposit.
ဘဏ်အနေဖြင့် စာရင်းသေအပ်ငွေစာရင်း ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မည်သည့် အချိန်တွင်မဆို ရပ်ဆိုင်းခြင်း ၊ ရပ်စဲခြင်းများကို ကြိုတင်အကြောင်းကြား၍ ပြုလုပ်နိုင်သည်။

8.3. The Bank will not be liable for any loss you may incur which arises in relation to early withdrawals by you from your Fixed Deposit.
ဘဏ်အနေဖြင့် သင်၏စာရင်းသေအပ်ငွေစာရင်းမှ ဆောလျင်စွာ အပ်ငွေထုတ်မှု ကြောင့် ဖြစ်ပေါ်လာမည့် မည်သည့် ဆုံးရုံးမှုများအတွက် တာဝန်ရှိမည် မဟုတ်ပါ။

8.4. Fixed Deposits are only available to Myanmar citizens. Foreigners are not eligible to open Fixed Deposits.
စာရင်းသေအပ်ငွေ စာရင်း ဝန်ဆောင်မှုသည် မြန်မာနိုင်ငံသားများအတွက်သာ ရရှိမည်ဖြစ်သည်။ နိုင်ငံခြားသားများသည် စာရင်းသေအပ်ငွေ ကို ဖွင့်လှစ်ခွင့်မရရှိပါ။

The Customer undertakes to indemnify and keep indemnified the Bank in full and hold it harmless from and against all losses, actions, suits, proceedings, costs, (including, without limitation, interest, legal fees and expenses) claims, demands, charges expenses, losses obligation damages liabilities and any detriment of whatever nature (whether actual or contingent) suffered or incurred sustained by or threatened against the Bank whatsoever and howsoever arising in consequence of the Bank (a) accepting and acting on any of the Customer’s instructions or (b) in relation to early withdrawals of a Customer’s Fixed Deposit, and the Customer authorises the Bank to debit from any account of the Customer’s all sums, and sum of money payable by the Customer to the Bank in that regard or in the alternate treat as a claim due and owned from the Customer to the Bank.
ရိုးမဘဏ်သည် (က) Customer ၏ ညွှန်ကြားချက်များအရ ဆောင်ရွက်ခြင်းကြောင့် သော်လည်းကောင်း၊ (ခ) Customer မှစာရင်းသေအပ်ငွေစာရင်း သက်တမ်းမပြည့်မီ ငွေထုတ်ယူခြင်းကြောင့်သော်လည်းကောင်း၊ အကျိူးဆက်များဖြစ်သော ဘဏ်မှကြုံတွေ့ရသည့် (သို့မဟုတ်) ကြုံတွေ့ရနိုင်သည့် ဆုံးရှုံးမှုများ၊ အငြင်းပွားမှုများ၊ တရားစွဲဆိုရင်ဆိုင်မှုများ၊ ကန့်သတ်ထားခြင်းမရှိသည့် ဥပဒေဆိုင်ရာအပါအဝင်အလုံးစုံ ကုန်ကျစရိတ်များ၊ တောင်းဆိုမှုများ၊ ဝန်ဆောင်မှု ကုန်ကျစရိတ်များ၊ ပေးရန်ရှိတာဝန်များ စသည့်နစ်နာမှုများအတွက် Customer မှအပြည့်အ၀ တာဝန်ယူ ဖြေရှင်းပေးရန်နှင့် ပြန်လည်ပေးလျော်ရန် သဘောတူ လက်ခံပါသည်။ ဤသဘောတူ ညီချက်နှင့်စပ်လျဉ်း၍ သော်လည်းကောင်း၊ အခြားအကြောင်းတစ်စုံတစ်ရာကြောင့် သော်လည်းကောင်း Customer မှရိုးမဘဏ်သို့ ပေးရန်ရှိသည့်ငွေပမာဏကို Customer ၏ မည်သည့်အပ်ငွေစာရင်းမှမဆို ရိုးမဘဏ်ကထုတ်ယူနိုင်ကြောင်း Customer မှသဘောတူခွင့်ပြုပါသည်။

8.5. These terms and conditions are governed by the laws of the Republic of the Union of Myanmar.
ဤစည်းမျဉ်းစည်းကမ်းများသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဥပဒေများအတိုင်း လွှမ်းမိုးမည်ဖြစ်သည်။

Internet Banking for Business

Internet Banking For Business ဝန်ဆောင်မှု အသုံးပြုခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများ

ရိုးမဘဏ်လီမိတက် (“ဘဏ်”) ၏ Internet Banking for Business (“IBB”) ဝန်ဆောင်မှုအား အသုံးပြုသူသည် (ကိုယ်တိုင်ဖြစ်စေ၊ သုံးစွဲသူကိုယ်စား IBBဝန်ဆောင်မှုအား အသုံးပြုရန်အခွင့်ရပုဂ္ဂိုလ်တစ်ဦးကို ခွင့်ပြုခြင်းဖြင့် ဖြစ်စေ)အောက်ပါပြဌာန်းထားသည့် စည်းမျဉ်းစည်ကမ်းများအား နားလည်သိရှိပြီး သဘောတူသည်ဟု ဘဏ်မှ မှတ်ယူမည်ဖြစ်ပြီး ဘဏ်၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့်အခါအားလျော်စွာ ပြင်ဆင်သည့် စည်းမျဉ်းစည်းကမ်း များကိုလည်း လိုက်နာပါမည်ဟု သဘောတူလက်ခံပါသည်။

၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ 

  • က။ “စာရင်း” ဆိုသည်မှာ IBB ဝန်ဆောင်မှု နှင့်ချိတ်ဆက်ထားသော သုံးစွဲသူ၏ မည်သည့် Company Account စာရင်းကိုမဆို ဆိုလိုခြင်းဖြစ်သည်။
  • ခ။ “သဘောတူညီချက်” ဆိုသည်မှာ ဤစာရွက်စာတမ်း၊ အခြားသောစာရွက်စာတမ်းများအားလုံးနှင့် ဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန်သော စည်းကမ်းသတ်မှတ်ချက်များကို ဆိုလိုပါသည်။
  • ဂ။ “ဝန်ဆောင်မှုကိုအသုံးပြုခွင့်ရှိသူ” ဆိုသည်မှာ သုံးစွဲသူကိုယ်စား IBBဝန်ဆောင်မှုသို့ဝင်ရောက် အသုံးပြုရန် နှင့် လုပ်ငန်းဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရန် အခါအားလျော်စွာ သုံးစွဲသူမှ လုပ်ပိုင်ခွင့် လွှဲအပ်ထား သည့် လူပုဂ္ဂိုလ်ကိုဆိုလိုပါသည်။ “ညွှန်ကြားချက်” ဆိုသည်မှာ သုံးစွဲသူမှဖြစ်စေ သို့မဟုတ် ဝန်ဆောင်မှု အသုံးပြုခွင့်ရရှိသူမှတဆင့်ဖြစ်စေ ညွှန်ကြားသည့်အတိုင်း IBB ဝန်ဆောင်မှုနှင့် ချိတ်ဆက်ထားသော စာရင်းမှ တစ်ဆင့်ပြုလုပ်သည့် တောင်းဆိုခြင်း၊ အခွင့်ပြုခြင်း သို့မဟုတ် ညွှန်ကြားချက်တစ်ခုခုကို ဆိုလိုပါသည်။
  • ဃ။ “ဘဏ်” ဆိုသည်မှာ ရိုးမဘဏ်လီမိတက်ကိုဆိုလိုပါသည်။
  • င။ “သုံးစွဲသူ” ဆိုသည်မှာ ဤသဘောတူညီချက်အား သဘောတူလက်ခံ၍ပြုလုပ်ချုပ်ဆိုသော တရားဝင် အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်ကို ဆိုလိုပါသည်။
  • စ။ “ညွှန်ကြားချက်” ဆိုသည်မှာ IBBဝန်ဆောင်မှုနှင့်ချိတ်ဆက်ထားသော စာရင်းမှတဆင့် သုံးစွဲသူမှ (ကိုယ်တိုင်ဖြစ်စေ၊ အခွင့်ရအသုံးပြုသူတစ်ဦးမှတဆင့်ဖြစ်စေ) ပြုလုပ်သည့် တောင်းဆိုခြင်း၊ အခွင့်ပြုခြင်း သို့မဟုတ် ညွှန်ကြားချက်တစ်ခုခုကိုဆိုလိုပါသည်။
  • ဆ။ “Internet Banking for Business” သို့မဟုတ် “IBB” ဝန်ဆောင်မှု ဆိုသည်မှာ ဘဏ်၏ သုံးစွဲသူများအား ဘဏ်နှင့်အွန်လိုင်းချိတ်ဆက်၍ ၎င်းတို့၏ Company Accounts အခြေအနေနှင့် ထိုစာရင်းရှိ ဆက်သွယ် ဆောင်ရွက်ချက်များ မှတ်တမ်းကိုကြည့်ရှုရန်အပြင် IBB ဝန်ဆောင်မှုတွင် အခါအားလျော်စွာ ရရှိနိုင်သော အခြားလုပ်ဆောင်ချက်များအနက် ငွေလွှဲပြောင်းပေးခြင်းနှင့် ကျသင့်ငွေ တောင်းခံလွှာများပေးချေခြင်းကဲ့သို့ သော ဆက်သွယ်ဆောင်ရွက်မှုအချို့ကို သုံးစွဲသူများ ဆောင်ရွက်နိုင်စေသည့် ကွန်ပျုတာသုံးဝန်ဆောင်မှု portal ကို ဆိုလိုပါသည်။
  • ဇ။ “တစ်ခါသုံးစကားဝှက်” သို့မဟုတ် “OTP” ဆိုသည်မှာ IBBဝန်ဆောင်မှုသို့ဝင်ရောက်ရန် လိုအပ်သော တစ်ခါတည်းသာအသုံးပြုရန်ဖြစ်သည့် လျှို့ဝှက်ဂဏန်းများ/စကားလုံးများကို ဆိုလိုပါသည်။
  •  

၂။ Internet Banking for Business ဝန်ဆောင်မှု၏ လုပ်ဆောင်ချက်များ

IBB ဝန်ဆောင်မှု သည် အခြားအရာများအနက် အောက်ပါတို့ကိုဆောင်ရွက်ရန် သုံးစွဲသူတို့ကို ခွင့်ပြုပါသည် -

  • က။ လက်ကျန်ငွေစာရင်းနှင့် စာရင်း၏ အချက်အလက်များကို စစ်ဆေးခြင်း၊
  • ခ။ သုံးစွဲသူတစ်ဦးတည်းကပိုင်ဆိုင်သော စာရင်းတစ်ခုမှ အခြားစာရင်းတစ်ခုသို့ ငွေလွှဲပြောင်းနိုင်ခြင်း၊
  • ဂ။ သုံးစွဲသူ၏စာရင်းမှဘဏ်နှင့်ချိတ်ဆက်ထားသည့်အခြားသူတစ်ဦး၏စာရင်းသို့ငွေလွှဲပြောင်းနိုင်ခြင်း၊
  • ဃ။ ဆောင်ရွက်ခဲ့ပြီးသော ငွေလွှဲပြောင်းမှုအခြေအနေများ၊ ဆောင်ရွက်ခဲ့ပြီးသော အကြောင်းအရာများနှင့် အသေးစိတ်အချက်အလက်များကို ကြည့်ရှုနိုင်ခြင်း၊

၃။ လိုအပ်ချက်များ

သုံးစွဲသူသည် IBBဝန်ဆောင်မှုသို့ဝင်ရောက်အသုံးပြုနိုင်ရန် လိုအပ်သောစာရွက်စာတမ်းများအပြင် ဆက်သွယ်ရန် လိပ်စာဖြစ်သော အီးမေးလ်နှင့် အမြဲတမ်းဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်တို့ကို ပေးပို့ရမည်။ သုံးစွဲသူ၏ အီးမေးလ်/ ဖုန်းနံပါတ်တို့ကို ဒုတိယအဆင့် အတည်ပြုစစ်ဆေးရန်အသုံးပြုသည့် OTP ကို ပေးပို့ရန်အတွက် အသုံးပြုမည် ဖြစ်သည်။ IBBဝန်ဆောင်မှုအသုံးပြုခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ ကို သုံးစွဲသူမှလက်ခံရန် သဘောတူပါသည်။

၄။ နည်းပညာဆိုင်ရာလိုအပ်ချက်များ

IBBဝန်ဆောင်မှုသို့ ဝင်ရောက်အသုံးပြုနိုင်ရန် သုံးစွဲသူအနေဖြင့် အောက်ဖော်ပြပါတို့ကိုရှိရန် လိုအပ်ပြီး ၎င်းအကြောင်းအရာများသည် အခါအားလျော်စွာ ပြောင်းလဲနိုင်ပါသည်။ IBB ဝန်ဆောင်မှုကို အသုံးပြုရန် Device (Desktop ၊ Tablet ၊ Mobile Phones) အားလုံးအတွက် Google Chrome ၊ Microsoft Edge ၊ Mozilla Firefox နှင့် Safari ၏နောက်ဆုံးဗားရှင်းများ လိုအပ်ပါသည်။ သို့သော် IBB ဝန်ဆောင်မှုကို အသုံးပြုရန် Google Chrome ကိုအသုံးပြုရန်အကြံပြုပါသည်။

၅။ လုံခြုံရေးလိုအပ်ချက်များ

IBB ဝန်ဆောင်မှုသို့ဝင်ရောက်သည့်အခါ ပထမအဆင့် အတည်ပြုစစ်ဆေးရန်အတွက် သုံးစွဲသူသည် အသုံးပြုသူ အမည်နှင့် စကားဝှက်ကို အသုံးပြုရန်လိုအပ်ပါသည်။ ဒုတိယအဆင့် အတည်ပြုစစ်ဆေးရန်အတွက် စာတို သို့မဟုတ် အီးမေးလ် OTP လိုအပ်မည်ဖြစ်ပြီး အဆိုပါ စာတို သို့မဟုတ် အီးမေးလ် OTP ကို မှတ်တမ်း တင်ထားသော ဆက်သွယ်ရန်နံပါတ်/အီးမေးလ်သို့ ပေးပို့ပါမည်။ စကားဝှက်များ မေ့ပျောက်ခြင်း သို့မဟုတ် ခိုးယူခံရခြင်း ဖြစ်ပေါ်ပါက သုံးစွဲသူသည် ထပ်မံလိုအပ်သော အကူအညီများရယူရန် ဘဏ်၏ call center သို့ ချက်ချင်း အကြောင်းကြားရမည်ဖြစ်သည်။
သုံးစွဲသူမှအသုံးပြုသော စကားဝှက်များကို အမြဲပုံမှန်ပြောင်းလဲပေးသင့်သည်ဖြစ်ပြီး ထိုစကားဝှက်များတွင် အနည်းဆုံး စာလုံးကြီး (၁) လုံး၊ စာလုံးသေး (၁) လုံး၊ ဂဏန်း (၁) လုံး၊ အထူးစကားလုံးတစ်လုံး (#@$!%^*?&) တို့ပါရှိသင့်၍ အက္ခရာ (၈) လုံးမှ (၁၆) လုံး ပါဝင်ရမည်။
IBBဝန်ဆောင်မှုသို့ဝင်ရောက်အသုံးပြုခြင်းအတွက် ပထမအဆင့် အတည်ပြုစစ်ဆေးခြင်းလိုအပ်ပါသည်။ စာရင်း လွှဲပြောင်းခြင်းများ၊ အရေးကြီး ကိုယ်ရေးကိုယ်တာအချက်အလက်များ ပြောင်းလဲခြင်း နှင့် အခြားသော အလားတူ လုပ်ဆောင်ချက်များအတွက် ဒုတိယအဆင့် အတည်ပြုစစ်ဆေးခြင်း လိုအပ်ပါသည်။
သုံးစွဲသူသည် IBB သို့ login ဝင်ရောက်ရန် ငါး (၅) ကြိမ် ကြိုးစားခွင့်ရှိသည်။ ထိုငါး(၅)ကြိမ်တွင် မအောင်မြင်ပါက IBB သို့ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဖြစ်ပြီး သုံးစွဲသူသည် ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းကို ပယ်ဖျက်ရန် ဘဏ်၏ call center သို့ဆက်သွယ်နိုင်သည်။
သုံးစွဲသူသည် OTP IBB အားအတည်ပြုရန် ငါး (၅) ကြိမ်ကြိုးစားခွင့်ရှိသည်။ ထိုငါး(၅)ကြိမ်တွင် မအောင်မြင်ပါက IBB သို့ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဖြစ်ပြီး သုံးစွဲသူသည် ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းကို ပယ်ဖျက်ရန် ဘဏ်၏ call center သို့ဆက်သွယ်နိုင်သည်။

၆။ ဝန်ဆောင်မှုအသုံးပြုခွင့်ပေးခြင်း

ညွှန်ကြားချက်သည် သုံးစွဲသူထံမှသော်လည်းကောင်း၊ အသုံးပြုခွင့်ရရှိသူထံမှသော်လည်းကောင်း၊ သုံးစွဲသူ၏ သိရှိချက် သို့မဟုတ် ခွင့်ပြုချက်ဖြင့်ဆောင်ရွက်လျက်ရှိသော အခြားပုဂ္ဂိုလ်ထံမှသော်လည်းကောင်း၊ စာရင်း နှင့်ပတ်သက်၍ အသုံးပြုခွင့်ရရှိသူသည် အဆိုပါညွှန်ကြားချက်တိုင်းစီ (ကိုယ်ပိုင်စာရင်းနှင့်အခြားသူများထံ လွှဲပြောင်းခြင်းများ အပါအဝင်) အတွက်တာဝန်ရှိသည်။

  • က။ ညွန်ကြားချက်တစ်ခုခုပေးသော သို့မဟုတ် ခွင့်ပြုသောပုဂ္ဂိုလ် မည်သူမည်ဝါဖြစ်ကြောင်း သို့မဟုတ် ၎င်း၏လုပ်ပိုင်ခွင့်အား စုံစမ်းမေးမြန်းခြင်းမရှိဘဲ ထိုသို့ပေးပို့ထားပြီး (ထိန်းချုပ်ထားသောညွှန်ကြားချက် များအတွက် လူကြီးမင်း၏ application ထဲတွင်လိုအပ်ပါက) ခွင့်ပြုပေးထားသော ညွှန်ကြားချက် တစ်ခုခု အပေါ် ဘဏ်အနေဖြင့်ယုံကြည်နိုင်ကြောင်း (ထို့ပြင် သုံးစွဲသူမှထိုညွန်ကြားချက်အတိုင်း လုပ်ကိုင်ဆောင်ရွက် ရန် ဘဏ်သို့လုပ်ပိုင်ခွင့်ပေးထားကြောင်း) သုံးစွဲသူမှ သဘောတူညီပါသည်။ အသုံးပြုခွင့်ရသူကို သုံးစွဲသူ၏ အေးဂျင့်အဖြစ်မှတ်ယူမည်ဖြစ်ပြီး အသုံးပြုခွင့်ရသူမှ ပြုလုပ်သောဆောင်ရွက်မှုအားလုံးကို သုံးစွဲသူ၏ လုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မှတ်ယူပါမည်။ သုံးစွဲသူသည် အသုံးပြုခွင့်ရသူ၏ လုပ်ရပ်များ နှင့် ပျက်ကွက်မှုများ အတွက် တာဝန်ရှိပါသည်။
  • ခ။ ဘဏ်အနေဖြင့် အဆိုပါညွှန်ကြားချက်တစ်ရပ်ရပ်အပေါ် ယုံကြည်ခြင်း သို့မဟုတ် ဆောင်ရွက်ခြင်း အတွက် သုံးစွဲသူအပေါ် ပေးရန်တာဝန်ရှိမည်မဟုတ်ကြောင်း သုံးစွဲသူမှ သဘောတူပါသည်။
  • ဂ။ ညွှန်ကြားချက်တစ်ရပ်တွင်ပါဝင်သော သတင်းအချက်အလက်များ အားလုံးသည် ပြည့်စုံ၊ တိကျမှုရှိပြီး မှန်ကန်မှုရှိကြောင်းသေချာစေရန် သုံးစွဲသူထံတွင် တာဝန်ရှိပါသည်။
  • ဃ။ စာရင်းလွှဲပြောင်းခြင်းဆိုင်ရာ ညွှန်ကြားချက်တစ်ရပ်သည် မည်သည့်သတ်မှတ်ချက်အပေါ်မျှ မူတည်ခြင်း မရှိစေရ။ သတ်မှတ်ချက်အပေါ်မူတည်သည့် ညွှန်ကြားချက်တစ်ရပ်ကို ချွင်းချက်မရှိသော ညွှန်ကြားချက် တစ်ရပ်သကဲ့သို့သာ ဘဏ်မှဆောင်ရွက်မည်ဖြစ်သည်။ IBB ကိုထောက်ပံ့ပေးထားသည့်စနစ် များ သို့မဟုတ် ပစ္စည်းကိရိယာများ ချို့ယွင်းမှုကြောင့် အသုံးပြုရန် ဝန်ဆောင်မှု မရရှိခြင်း သို့မဟုတ် သုံးစွဲသူတစ်ဦးမှ မဝင်ရောက်နိုင်ခြင်းတို့ဖြစ်ပေါ်ခဲ့ပါက အချက်အလက်များရရှိရန်၊ ညွှန်ကြားချက်ပေးရန် နှင့် ဆက်သွယ် ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် အခြားနည်းလမ်းကို အသုံးပြုရန်မှာ သုံးစွဲသူ၏ တာဝန် ဖြစ်သည်။
  • င။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းတစ်ခုခုနှင့်စပ်လျဉ်း၍အပါအဝင် မည်သည့် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ အစိုးရ၊ တရားရုံး သို့မဟုတ် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့အစည်း၏ အမိန့်၊ နည်းဥပဒေ သို့မဟုတ် ညွှန်ကြားချက်တို့နှင့် ဆန့်ကျင်သည်ဟု ဘဏ်က ယူဆသော သို့မဟုတ် ဘဏ်ကလိုက်နာဆောင်ရွက်ရန် မသင့်တော်ဟုထင်မြင်သော ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန် ဘဏ်၌ တာဝန်မရှိပါ။
  •   

၇။ စာရင်းများ

IBB ဝန်ဆောင်မှု ကိုအသုံးပြုရန် သုံးစွဲသူ၏ စီးပွားရေးလုပ်ငန်းသည် ဘဏ်နှင့်ချိတ်ဆက်ထားသော စာရင်း တစ်ခုရှိရမည်။ သုံးစွဲသူ၏စာရင်းကိုလည်း အခါအားလျော်စွာပြင်ဆင်နိုင်သည့်အတိုင်း ဤစည်းကမ်းသတ်မှတ် ချက်များ၊ ထုတ်ဖော်ပြောကြားချက်များနှင့် IBB စာရင်းဖွင့်ခြင်းနှင့်စပ်လျဉ်း၍ သုံးစွဲသူထံပေးထားသော အခြားသောစာရွက်စာတမ်းများက လွှမ်းမိုးမှုရှိမည်ဖြစ်သည်။

၈။ အသုံးပြုခွင့်ရှိသူမှအသုံးပြုနိုင်ခွင့်

IBB ဝန်ဆောင်မှုအား အသုံးပြုခွင့်ရှိပြီး ထိုမှတစ်ဆင့် ညွှန်ကြားချက်ပြုလုပ်ခွင့်ရှိသော အသုံးပြုခွင့်ရှိသူ (၁) ဦး ကို သုံးစွဲသူကခန့်အပ်ရမည်။ အသုံးပြုခွင့်ရှိသူပြောင်းလဲခြင်းအတွက် သုံးစွဲသူသည် အလုပ်ဖွင့်ရက် (၇) ရက်အတွင်း ဘဏ်သို့ ကြိုတင်အကြောင်းကြားစာပေးပို့၍ လျှောက်ထားရမည်။
လက်ရှိအသုံးပြုနေသော အသုံးပြုခွင့်ရှိသူသည် သက်ဆိုင်ရာဘဏ်ခွဲသို့လာရောက် လျှောက်ထားနိုင်ခြင်းမရှိပါက ပြောင်းလဲအသုံးပြုမည့် အသုံးပြုခွင့်ရှိသူမှ ပြောင်းလဲအသုံးပြုရခြင်း၏ အကြောင်းအရင်းကိုပြည့်စုံစွာဖော်ပြထားသည့် ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (Meeting Minutes Letter)/လုပ်ငန်းကိုယ်စား IBB ဝန်ဆောင်မှု အသုံးပြုခွင့်ရှိသူအား ပြောင်းလဲပြင်ဆင်ပေးပါရန်လျှောက်လွှာတွင် ပြည့်စုံစွာဖော်ပြပြီး ဘဏ်ခွဲသို့ လာရောက်လျှောက်ထားရမည်ဖြစ်သည်။

၉။ အခကြေးငွေများ၊ ကန့်သတ်မှုများနှင့် ဝန်ဆောင်ခများ

ဘဏ်အနေဖြင့်ဝန်ဆောင်မှုများအတွက် ၎င်းမှအခါအားလျော်စွာ သတ်မှတ်သည့်နှုန်းထားအတိုင်း အခကြေး ငွေများနှင့် ဝန်ဆောင်ခများကောက်ခံမည်ဖြစ်ပြီး IBB ဝန်ဆောင်မှုတွင် ပေးအပ်ထားသည့် ဝန်ဆောင်မှုများ အတွက် နေ့စဉ်ဆက်သွယ်ဆောင်ရွက်မှုများအတွက် ကန့်သတ်ချက်များကို အခါအားလျော်စွာ သတ်မှတ် သွားနိုင်မည်ဖြစ်ပါသည်။

၁၀။ လုပ်ငန်းလည်ပတ်မည့်အချိန်နှင့် ပိတ်ချိန်

ပုံမှန်ပြုပြင်ထိန်းသိမ်းရန်အတွက် လိုအပ်ချိန်မှလွဲ၍ IBB ဝန်ဆောင်မှုကို ၂၄နာရီ ခုနှစ်ရက်ပတ်လုံး ဝင်ရောက် အသုံးပြုနိုင်ပါမည်။

၁၁။ ငွေပမာဏမလုံလောက်ခြင်း

ဝန်ဆောင်မှုအားအသုံးပြုခွင့်ရှိသူမှ ငွေပေးချေမှုပြုလုပ်ရန် ဘဏ်အားညွှန်ကြားလာပြီး ညွှန်ကြားချက်ပေးသည့် နေ့ရက်နှင့်အချိန်တွင် စာရင်းထဲ၌ ငွေပမာဏလုံလောက်စွာမရှိပါက ငွေပေးချေမှုကိုပြုလုပ်မည်မဟုတ်ဘဲ ငွေပေးချေသည့် ဆက်သွယ်ဆောင်ရွက်မှုမှာ အောင်မြင်မည်မဟုတ်ပါ။

၁၂။ ထုတ်ဖော်ကြေညာချက်များ

IBB ဝန်ဆောင်မှုကိုအသုံးပြုခြင်းအားဖြင့် သုံးစွဲသူ သို့မဟုတ် အသုံးပြုခွင့်ရသူသည် -

  • က။ ဘဏ်မှအခါအားလျော်စွာထုတ်ပြန်သည့် စည်းမျည်းစည်းကမ်းများကိုလိုက်နာမည်ဖြစ်ကြောင်း သဘောတူပါသည်။
  • ခ။ (OTP အပါအဝင်) IBBဝန်ဆောင်မှု၏ လုံခြုံရေးလုပ်ဆောင်ချက်များအား မလျော်မကန်အသုံးပြုခြင်း အပါအဝင် ယင်းတို့ချည်းသာမဟုတ်သော (ဤတွင်ဖော်ပြထားသည့်အတိုင်း စကားဝှက်ထားခြင်း အစရှိ သည့်) လုံခြုံရေးလိုအပ်ချက်များနှင့်အညီဆောင်ရွက်မှုမရှိခြင်း၊ သို့မဟုတ် IBB ရှိ စာရင်းသို့ ခွင့်ပြုထားခြင်း မရှိသူအား ဝင်ရောက်ရန်ခွင့်ပြုခြင်းတစ်ခုခုတို့မှ ပေါ်ပေါက်လာသော ဆုံးရှုံးမှုများ အတွက်သုံးစွဲသူတွင် တာဝန်ရှိကြောင်း နားလည်သိရှိ သဘောတူပါသည်။
  • ဂ။ သုံးစွဲသူများ/အသုံးပြုခွင့်ရှိသူများသည် ဤသဘောတူညီချက်နှင့်အညီလိုက်နာခြင်းမရှိသောကြောင့် ဘဏ် တွင်ဖြစ်ပေါ်လာသော ပေးရန်တာဝန်ရှိမှု၊ ပျက်စီးမှုများ၊ တောင်းဆိုမှုများနှင့် တရားရေးဆိုင်ရာ ကုန်ကျစရိတ် များအပါအဝင် ဆုံးရှုံးမှုအားလုံးကို ပေးလျော်ရန် သဘောတူပါသည်။
  • ဃ။ ဤ IBB ဝန်ဆောင်မှုပေးအပ်ခြင်းမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေါ်ပေါက်လာသော တရားရေး ကိစ္စရပ်များကို ဆောင်ရွက်ရန် သို့မဟုတ် ဖြေရှင်းရန် ဘဏ်တွင်တာဝန်မရှိကြောင်း သဘောတူပါသည်။
  • င။ ဝက်ဘ်ဆိုက်များ သို့မဟုတ် အီလက်ထရွန်နစ်ဖိုင်များတွင်ပါဝင်သည့် ဗိုင်းရပ်စ်များကြောင့်ဖြစ်ပေါ်သော ဆုံးရှုံးမှုတစ်ခုခုအတွက်ဘဏ်တွင်တာဝန်မရှိကြောင်းနှင့် ပေးရန်တာဝန်များအားလုံးကို စွန့်လွှတ်ကြောင်း သဘောတူပါသည်။
  • စ။ ဘဏ်၏ဝန်ဆောင်မူမှ တစ်ဆင့် အခြားပြင်ပမှဝန်ဆောင်မှုစနစ်(third party system) ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် နစ်နာဆုံးရှူံးမှုအတွက်မဆို ဘဏ်တွင်တာဝန်မရှိကြောင်း သဘောတူ သိရှိပါသည်။(wave money ပါအပါအ ဝင်ဖြစ်သည်)
  • ဆ။ သုံးစွဲသူ၏မည်သည့်စာရင်းအတွင်းသို့ ( အခြားပြင်ပမှ ဝန်ဆောင်မှု (third party) ၏ error ကြောင့် ဖြစ်ပေါ်လာသည့်) မှားယွင်း၍ ဝင်ရောက်လာသည့် မည်သည့်ငွေပမာဏကိုမဆို ဘဏ်အနေဖြင့်လွှဲပြောင်းနိုင်ခြင်း၊ ငွေပြန်လည်ပေးအပ်ရ ယူခြင်း၊ ထိန်းသိမ်းထားခြင်း၊ ခုနှိမ်ဖြတ်တောက်ခြင်းတို့ကို သုံးစွဲသူ သို့မဟုတ် ဝန်ဆောင်မူအသုံးပြုခွင့် ရှိသူတို့ကို ကြိုတင်အကြောင်းကြားရန်မလိုဘဲ ပြုလုပ်နိုင်ကြောင်း သိရှိပါသည်။
  • ဇ။အထက်ပါစာပိုဒ်တွင် ဖော်ပြထားသည့် မှားယွင်းစွာ ထည့်သွင်းမိသည့် ငွေပမာဏကို သုံးစွဲသူမှ ချက်ချင်း ပြန်လည်ထည့်သွင်းခြင်းမပြုပါက တူညီသည့်ငွေပမာဏကို လွှဲပြောင်းခြင်း၊ ထိန်းသိမ်း ထားခြင်း သို့မဟုတ် သုံးစွဲသူ၏ ဘဏ်စာရင်းမှ အလိုအလျောက်ပြန်လည် ခုနှိမ်ဖြတ်တောက်သွားမည် ဖြစ်သည်။

၁၃။ ပေးရန်တာဝန်ကန့်သတ်ခြင်း

IBB ဝန်ဆောင်မှု၏ ချို့ယွင်းမှုကြောင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ပျက်ကွက်သည့်ကိစ္စရပ်မှ လွဲ၍ သုံးစွဲသူကြောင့်ဖြစ်ပေါ်သည့် ပြီးမြောက်ခြင်းမရှိသော ဆက်သွယ်ဆောင်ရွက်မှု၊ မှားယွင်းသည့် ညွှန်ကြားချက် တစ်ခုခုတို့အတွက် ဘဏ်တွင်တာဝန်မရှိပါ။

၁၄။ မလွန်ဆန်နိုင်သောဖြစ်ရပ်များ

စစ်ဖြစ်ပွားခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ကုန်သွယ်မှုတားမြစ်ပိတ်ပင်ခြင်း၊ အစိုးရအမိန့်များနှင့် အခြားသော မမျှော်မှန်းနိုင်သည့်အခြေအနေများစသည့် ထိန်းချုပ်၍မရသောအကြောင်းရင်းများကြောင့် ဤစည်းကမ်း သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန် ပျက်ကွက်မှုတစ်ခုခုအတွက် ဘဏ်၌ တာဝန်မူရှိစေရ။

၁၅။ အသုံးပြုသူ လျှို့ဝှက်ထားရှိမှု/လုံခြုံမှု

ဘဏ်သည် သုံးစွဲသူများ/ဝန်ဆောင်မှုအသုံးပြုခွင့်ရှိသူများကို ၎င်းတို့၏တစ်ခုတည်းသော အသုံးပြုသူ အမည်နှင့် စကားဝှက်တို့ဖြင့် ခွဲခြားပါသည်။ သုံးစွဲသူ/ဝန်ဆောင်မှုအသုံးပြုခွင့်ရသူ၏ အသုံးပြုသူအမည်နှင့် စကားဝှက်တို့ ဖြင့် လုပ်ဆောင်သော ဆက်သွယ်ဆောင်ရွက်မှုများအားလုံးကို ၎င်းတို့က ပြုလုပ်သည်ဟု မှတ်ယူထားပါမည်။ သုံးစွဲသူ/ဝန်ဆောင်မှုအသုံးပြုခွင့်ရသူသည် ဘဏ်ကိုကိုယ်စားပြုသည်ဟု ပြောဆိုလာသူ မည်သူ မဆိုအပါအဝင် အခြားသောတစ်ဦးတစ်ယောက်ထံ အသုံးပြုသူအမည်နှင့် စကားဝှက်တို့ပေးခြင်း သို့မဟုတ် ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့မပြုရန် သဘောတူပါသည်။ ဘဏ်သည် စကားဝှက် သို့မဟုတ် လုံခြုံမှုရေးဆိုင်ရာ မေးခွန်းများ၏အဖြေကို သုံးစွဲသူ/ဝန်ဆောင်မှုအသုံးပြုခွင့်ရသူထံမှ မည်သည့်အခါတွင်မျှ တောင်းဆိုမည်မဟုတ် ကြောင်းနှင့် သုံးစွဲသူ/ဝန်ဆောင်မှုအသုံးပြုခွင့်ရသူ၏ စကားဝှက် သို့မဟုတ် လုံခြုံရေးဆိုင်ရာ မေးခွန်းများ၏ အဖြေကို ဘဏ်ဝန်ထမ်းများသည် မည်သည့်အကြောင်းကြောင့်မျှ လိုအပ်မည်မဟုတ်ကြောင်း သုံးစွဲသူ/ ဝန်ဆောင်မှုအသုံးပြုခွင့်ရသူ အနေဖြင့်သိရှိပါသည်။ သို့ရာတွင် သုံးစွဲသူ/ဝန်ဆောင်မှုအသုံးပြုခွင့်ရသူသည် IBB ဝန်ဆောင်မှုအသုံးပြုရာတွင် အခက်အခဲတစ်ရပ်တွေ့ကြုံရသည့် အခါမှသာ ဘဏ်အနေဖြင့် လုံခြုံရေးဆိုင်ရာ မေးခွန်းကို တောင်းခံပါမည်။ သုံးစွဲသူ/ဝန်ဆောင်မှုအသုံး ပြုခွင့်ရသူသည် ဤဘဏ်လုပ်ငန်းဝန်ဆောင်မှုတွင် လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်ထံဆက်သွယ် နိုင်ပါသည်။ သုံးစွဲသူ/ဝန်ဆောင်မှုအသုံးပြုခွင့်ရသူအား လိမ်လည်ခံရခြင်းမှ အကာအကွယ်ပြုရန် သုံးစွဲသူ/ဝန်ဆောင်မှုအသုံးပြု ခွင့်ရသူအနေဖြင့် အောက်ပါ လမ်းညွှန်ချက်များကို လိုက်နာရန်လိုအပ်ပါသည် -

  • က။ စာရင်း၏အချက်အလက်များ၊ အသုံးပြုသူအမည်၊ စကားဝှက်၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ် သို့မဟုတ် အမျိုးသားမှတ်ပုံတင်အမှတ် သို့မဟုတ် အခြားသောကိုယ်ရေးကိုယ်တာအချက်အလက်များကို ပေးခြင်း မပြုလုပ်ရန်၊
  • ခ။ သုံးစွဲသူ/အခွင့်ရအသုံးပြုသူမှ IBB ဝန်ဆောင်မှုအသုံးပြုနေစဉ်အတွင်း မိမိ၏ ကွန်ပျုတာ သို့မဟုတ် မိုဘိုင်း ကိရိယာများကို ပိုင်ရှင်မဲ့ထားခဲ့ခြင်းမျိုး မပြုလုပ်ရန်၊
  • ဂ။ အခြားသူများလက်လှမ်းမီသောနေရာများတွင်စာရင်း၏ အချက်အလက်များကိုထားရစ်ခဲ့ခြင်း မပြုရန်၊နှင့်
  • ဃ။ တစ်ဦးတည်းသိရှိရမည်ဖြစ်သော စာရင်းပါအချက်အလက်များ (စာရင်းအမှတ်၊ အသုံးပြုသူအမည်၊ စကားဝှက်အစရှိသည်) ကို အများသုံး သို့မဟုတ် အထွေထွေသုံး အီးမေးလ်စနစ်တွင် ပေးပို့ခြင်း မပြုလုပ်ရန်။

၁၆။ သီးခြားတည်ရှိခြင်း

ဤစာချုပ်ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် ပျက်ပျယ်ခြင်း သို့မဟုတ် တရားမဝင်ဖြစ်ခြင်းဖြစ်ပေါ်ပါက ဤစည်းကမ်း သတ်မှတ်ချက်များ၏ ကျန်ရှိသောအချက်အလက်များတွင် အာဏာသက်ရောက်မှု အပြည့်အဝကျန်ရှိမည် ဖြစ်သည်။

၁၇။ စည်းကမ်းသတ်မှတ်ချက်များအား ပြင်ဆင်ခြင်း

ဘဏ်သည် IBB ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် အခကြေးငွေများ/ ဝန်ဆောင်ခ များကို မည်သည့်အချိန်တွင်မဆို ပြင်ဆင်ခွင့်/ဖြည့်စွက်ခွင့်ရှိသည်။ အဓိကကျသောပြင်ဆင်ချက်/ဖြည့်စွက်ချက် ပြုလုပ်သည့်ကိစ္စမျိုးတွင် အဆိုပါပြင်ဆင်ချက်/ဖြည့်စွက်ချက်များကို ဘဏ်၏ ဝက်ဘ်ဆိုက် သို့မဟုတ် ဘဏ်ခွဲများတွင် အကြောင်းကြားစာပေးပို့ရမည်။ ထိုပြင်ဆင်ချက်/ဖြည့်စွက်ချက်သည် အကြောင်းကြားသည့် နေ့မှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ ဤစာပိုဒ်၏ ရည်ရွယ်ချက်အရ အဓိကကျသော ပြင်ဆင်ချက်/ဖြည့်စွက်ချက်ဆိုသည်မှာ ဝန်ဆောင်မှုများ သို့မဟုတ် ဝန်ဆောင်မှုပေးသော လုပ်ငန်းကို ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း သို့မဟုတ် လျှော့ချခြင်း၊ ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှုပေးသော လုပ်ငန်းများအတွက် အခကြေးငွေများမြှင့်တင်ခြင်း သို့မဟုတ် ဝန်ဆောင်မှုများကို နှုန်းထားအသစ်များဖြင့် ဝန်ဆောင်ခကောက်ခံခြင်း တို့ ကိုဆိုလိုပါသည်။

၁၈။ ရပ်စဲခြင်း

ဘဏ်သည် မည်သည့်အကြောင်းပြချက်မျှမပေးဘဲ သို့မဟုတ် ဤစည်းကမ်းသတ်မှတ်ချက်များကို ထိခိုက်မှု မရှိစေဘဲ IBB ဝန်ဆောင်မှုများကို ပေးရန်ငြင်းဆိုနိုင်သည် သို့မဟုတ် ရပ်စဲနိုင်သည်။ စည်းမျဉ်းများကို ချိုးဖောက်ပြီး သုံးစွဲသူမှ ဘဏ်စာရင်းနှင့်ဝန်ဆောင်မှုများကို တရားမဝင်အသုံးပြုသည့် ကိစ္စရပ်မျိုးတွင်ဘဏ် မှဝန်ဆောင်မှုများကို ရပ်စဲနိုင်သည်။

၁၉။ မိုဘိုင်းနံပါတ်နှင့်လိပ်စာများ

ခွင့်ပြုထားခြင်းမရှိသော အီလက်ထရွန်နစ်စနစ်ဖြင့်ငွေလွှဲခြင်း ပြုလုပ်ခဲ့သည်ဟု သို့မဟုတ် ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သုံးစွဲသူမှ သိရှိသည့်အခါ ဘဏ်အား အကြောင်းကြားရာတွင် အသုံးပြုရမည့် မိုဘိုင်းနံပါတ်နှင့် အီးမေးလ်လိပ်စာများမှာ - သုံးစွဲသူဝန်ဆောင်မှုအတွက် (+၉၅၉၉၇၉၉၆၆၂၉၆၆၂) သို့ဖြစ်စေ ([email protected]) သို့ဖြစ်စေ သုံးစွဲသူသည် ဘဏ်သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။

၂၀။ လွှမ်းမိုးသည့်ဥပဒေ

ဤစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဥပဒေများနှင့်စည်းမျဉ်းများမှလွှမ်းမိုးမှုရှိ မည်ဖြစ်ပြီး၎င်းတို့နှင့်အညီအဓိပ္ပာယ်ကောက်ယူရမည်ဖြစ်သည်။ဤစည်းကမ်းသတ်မှတ်ချက်များမှ ပေါ်ပေါက် လာသည့် အငြင်းပွားမှုတစ်ခုခုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ ပေးပို့တင်ပြမည် ဖြစ်သည်။



Internet Banking for Business

The Customer, by using Yoma Bank Limited’s (the “Bank”) Internet Banking for Business (“IBB”) portal (whether by himself/herself or by permitting an authorized person to use the IBB on the Customer’s behalf), is deemed by the Bank to have understood and agreed to comply with the Terms and Conditions contained herein, which Terms and Conditions the Bank may amend from time to time in its sole discretion.

1. Definitions

  • a. “Account” means any enterprise account of the Customer with the Bank linked to the IBB.
  • b. “Agreement” means this document and all other documents and terms and conditions issued by Bank from time to time.
  • c. “Authorized User” means the person authorized by the Customer from time to time to access and use the IBB and transact business on behalf of the Customer.
  • d. “Bank" means Yoma Bank Limited.
  • e. “Customer” means any legal entity or person who accepts and enters into this Agreement.
  • f. “Instruction” means any request, authorization, or instruction by the Customer (whether by himself/herself or through an Authorized User) through the IBB linked Account.
  • g. “Internet Banking for Business” or “IBB” means the computerized service portal that allows the Bank’s Customers to get online with the Bank to view the details of their business Account(s) and such Account’s transaction history, as well as allowing Customers to perform certain transactions such as allowing them to transfer funds and pay bills, among other functionalities as may be made available from time to time on the IBB.
  • h. “One Time Password” or “OTP” means the secret numbers/words used for one time only which are required to access the IBB.

2. Functionalities of the Internet Banking for Business

The IBB allows the User to do, among others, the following:

  • a. Check Account balance and Account information
  • b. Transfer funds from one Account to another Account belonging to the same Customer
  • c. Transfer funds from a Customer’s Account to a third party’s account with the Bank
  • d. View past transaction statuses, histories, and details

3. Requirements

The Customer shall provide an email and primary phone number for contact in addition to the required documents in order to access the IBB. The Customer’s email/phone number shall be used to send OTP for second stage authentication. The Customer agrees to accept the potential risks that may occur as a consequence of using the IBB

4. Technical Requirements

In order to access the IBB, the Customer is required to have the following, which may be modified from time to time. Latest versions of Google Chrome, Microsoft Edge, Mozilla Firefox, and Safari are required for all devices (Desktop, Tablet, Mobile Phones) to access the IBB. However, Google Chrome is the recommended browser to access the IBB.

5. Security Requirements

When accessing the IBB, the Customer is required to use the username and password for the first level authentication. SMS or email OTP for second level authentication and such SMS or email OTP shall be sent to the registered contact number/email. In case the passwords are lost or stolen, the Customer is required to contact the Bank’s call center immediately for further assistance.

Passwords used by the Customer should be changed regularly and should contain at least one (1) upper case letter, one (1) lower case letter, one (1) number, one special character (#@$!%^*?&) and should consist of eight (8) to sixteen (16) characters.

First level authentication is necessary for accessing the IBB. Second level authentication is necessary for account transfers, change of important personal data, and other similar functions.

The Customer is allowed five (5) attempts to login to the IBB and in case of five (5) failed attempts, access to the IBB may be blocked and the Customer may contact the Bank’s call center to unblock access.

The Customer is allowed five (5) attempts to verify OTP and in case of five (5) failed attempts, access to the IBB may be blocked and the Customer may contact the Bank’s call center to unblock access.

6. Authorization

The Authorized User is responsible for every Instruction (including own Account and third party transfers) in relation to the Account, regardless of whether that Instruction is from the Customer, an Authorized User, or another person who is acting with the Customer’s knowledge or consent.

  • a. The Customer agrees that the Bank may rely on (and the Customer hereby authorizes the Bank to act upon) any Instruction given and authorized, without any enquiry as to the identity or authority of the person giving or authorizing that Instruction. The Authorized User is treated as an agent of the Customer and all activities carried out by the Authorized User shall be deemed to have been carried out with the authorization of the Customer. The Customer is responsible for acts or omissions of the Authorized User.
  • b. The Customer agrees that Bank will not in any way be liable to the Customer for relying or acting on any such Instruction.
  • c. The Customer is responsible to ensure that all information included in an Instruction is complete, accurate and correct.
  • d. An Account transfer Instruction must not be subject to any conditions. The Bank will act on a conditional Instruction as if it were an unconditional Instruction. It is the Customer’s responsibility to use other means of obtaining information, giving Instructions and effecting transactions if for any reason the service is unavailable for use or cannot be accessed by a Customer due to any malfunctioning of any systems or equipment supporting the IBB.
  • e. The Bank shall not be obliged to act upon any Instruction, which appears, in the Bank's opinion, to be contrary to any applicable law, regulation, government, court or regulatory body's order, rule, or direction, or in circumstances in which the Bank deems it legally inadvisable to act upon such Instruction, including with respect to any regulations of the Central Bank of Myanmar.

7. Accounts

The Customer’s business must have an Account with the Bank to use the IBB. The Customer account will also be governed by this terms and conditions, disclosures and other documents provided to the Customer in connection with the opening of the IBB account, as may be amended from time to time.

8. Authorized User Access

The Customer shall appoint one (1) Authorized User who shall have the right to access and provide Instructions via the IBB. For changing the Authorized User, the Customer shall submit the application to the Bank with seven (7) working days’ prior notice.
If the current authorized user cannot reach the branch office to apply the authorized user change process, the applied authorized user must provide the completed change meeting minutes/modification letter to the branch office.

9. Fees, Limits, and Charges

The Bank shall collect the fees and charges for the services at the rate it prescribes from time to time, and may from time to time set daily transaction limits for the services provided in the IBB.

10. Hours of Operation and Cut off Times

Other than time required for regular maintenance, the IBB can be accessed 24 hours a day, seven days a week.

11. Insufficient Funds

If the Authorized User has instructed the Bank to make a payment for which there are insufficient available funds in the account on the date and time of the instruction, the payment may not be made and payment transaction status will fail.

12. Declarations

By using the IBB, the Customer and/or the Authorized User:

  • a. agrees to comply with the rules and regulations issued by the Bank from time to time;
  • b. acknowledges and agrees that the Customer is responsible for any losses resulting from, including, but not limited to, improper use of the security features of the IBB (including OTP), failure to comply with security requirements (such as password composition as described herein), or allowing unauthorized persons access the Account on the IBB. The Customer / Authorized User agrees and acknowledges that the Bank shall bear no responsibility arising from such losses.
  • c. agrees to indemnify the Bank against all losses incurred by the Bank due to non-compliance of the Customer / Authorized User with this Agreement, including any liability, damages, claims, and legal costs.
  • d. agrees that the Bank does not represent or take responsibility to resolve legal matters arising directly or indirectly out of the provision of the services on this IBB.
  • e. agrees that the Bank is not responsible for any losses caused by viruses contained in web sites or electronic files and waives the claim for all liabilities.
  • f. agrees and acknowledges that the Bank shall not be liable for any loss or damage due to technical errors by using the third party system in connection with Bank services (including, but not limited to Wave Money).
  • g. agrees and acknowledges that the Bank is entitled to transfer from any of the Customer’s accounts or to otherwise procure the repayment or to retain or set off any amounts which are wrongfully credited (as a result of system or third party error) to the balances of a Customer account without need prior notice to the Customer or Authorized User.
  • h. agrees and acknowledges that such wrongfully credit amounts mentioned in the immediately preceding paragraph, if not immediately repaid by the Customer, an equivalent amount may be transferred, retained, or otherwise set off against the Customer’s funds with the Bank in full payment of the such wrongfully credited amounts.

13. Limitation of Liability

Except for a failure in performing a transaction due to an error of the IBB, the Bank shall not be liable for any unsuccessful transaction, wrongful instruction caused by the Customer.

14. Force Majeure

Bank shall not be liable for any failure to perform in accordance with these terms and conditions which due to causes beyond the control such as war, riot, trade embargo, governments orders and other unpredictable situations.

15. User Confidentiality/Security

The Bank identifies the Customers / Authorized Users by their unique username and password. All transactions initiated with your username and password will be attributed to the Customer / Authorized User. The Customer / Authorized User agrees not to give or make available your username and password to any other individuals, including anyone claiming to represent the Bank. The Customer / Authorized User a acknowledges that the Bank will never ask the Customer / Authorized User for your password or the answer to any security questions, and that the Bank’s employees do not need the Customer / Authorized User password or security question answers for any reason. However, the Bank has the right to ask the security question only when the Customer / Authorized User encounters an issue in using the IBB. The Customer / Authorized User can contact the person who authorize in this banking service. In order to protect the Customer / Authorized User against fraud, the Customer / Authorized User needs to adhere to the following guidelines:

  • a. Do not give out the account information, username, password, email address, mobile number or National Registration Card Number or other identification;
  • b. Do not leave your PC or mobile device unattended while the Customer / Authorized User is using the IBB;
  • c. Never leave the account information within range of others; and
  • d. Do not send privileged account information (account number, username, password, etc.) in any public or general e-mail system.

16. Severability

If any provision of this Agreement is determined to be void or invalid, the rest of this terms and conditions will remain in full force and effect.

17. Amendments to Terms and Conditions

The Bank, any time, has the right to amend/supplement the Terms and Conditions and fees/charges relating to the IBB. In case of material amendment/supplement, such amendment/supplement shall be notified on the Bank’s website or at branches. Such amendment/supplement shall take effect from the day of notification. For purposes of this paragraph, material amendment/supplement means cancelling, termination or reducing the services or servicing business, increase fees for services and service businesses or charging the services at new rates.

18. Termination

The Bank may decline to provide the IBB services or terminate the same without providing any reason or without prejudicing these terms and conditions. The Bank may terminate the services in case of violating the regulations and using bank account and services in unlawful ways by the Customer.

19. Mobile Number and Addresses

The mobile number and email address to be used to notify the Bank when the Customer identified that an unauthorized Electronic Fund Transfer has been or may be made are:

Customer Service at (+959796629662) or the Customer may write to the Bank ([email protected])

20. Governing Law

This terms and conditions are governed by and shall be construed in accordance with the laws and regulations of the Republic of the Union of Myanmar. Any disputes arising from this terms and conditions shall be submitted to a competent court of the Republic of the Union of Myanmar.

Flexi အပ်ငွေစာရင်း (Flexi Account)

စည်းကမ်းသတ်မှတ်ချက်များ (T&Cs)

၂၀၂၁ ခုနှစ်၊ မေလ (၁၉) ရက်


(၁) Flexi အပ်ငွေစာရင်း (Flexi Account) နှင့် သက်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ

ဤစည်းကမ်းသတ်မှတ်ချက်များသည် သင်၏ရိုးမဘဏ် အပ်ငွေစာရင်းများနှင့် သက်ဆိုင်မည်ဖြစ်ပြီး သင်နှင့် ရိုးမဘဏ်အကြားရှိ သဘောတူညီချက်တစ်ရပ် ဖြစ်ပါသည်။
ဘဏ်စာရင်းဖွင့်ခြင်းဖြင့် အောက်ဖော်ပြပါ ယင်းစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမည်ဟု သဘောတူခြင်းပင် ဖြစ်သည်။

  • “Flexi အပ်ငွေစာရင်း” ဟူသည် Flexi Account စာရင်းကိုဆိုလိုသည်။
  • “သဘောတူညီချက်” ဟူသည် သင်နှင့် ရိုးမဘဏ်အကြားရှိ ယင်းစည်းကမ်းသတ်မှတ်ချက်များကို ဆိုလိုသည်။
  • “ကုန်ပစ္စည်း၏အသေးစိတ်ဖော်ပြချက်များ” ဟူသည် ဘဏ်စာရင်း၏ သီးသန့်အင်္ဂါရပ်များ (သို့မဟုတ်) စည်းမျဉ်းများကို ဆိုလိုသည်။
  • “Customer” ဟူသည် ရိုးမဘဏ်စာရင်းကိုကိုင်ဆောင်ထားသူကို ရည်ညွှန်းသည်။
  • “ကျွန်ုပ်တို့သည်/ကျွန်ုပ်တို့ကို/ကျွန်ုပ်တို့၏/ရိုးမ/ဘဏ်” ဟူသည် ရိုးမဘဏ်ကို ရည်ညွှန်းသည်။

(၂) Flexi အပ်ငွေစာရင်း (Flexi Account) နှင့် ၎င်း၏ ဝိသေသများ။

Flexi Cash အပ်ငွေစာရင်း တွင် အောက်ပါ ဝိသေသများ ပါဝင်ပါသည်။

  • (က) ရိုးမဘဏ် ဘဏ်ခွဲများတွင် ၂၀၂၁ ခုနှစ်၊ မေလ၊ (၃) ရက်နေ့မှ စတင်၍ Flexi Cash အပ်ငွေစာရင်းကို ကနဦးအပ်နှံငွေ သတ်မှတ်ချက်မရှိဘဲ အသစ်ဖွင့်လှစ်နိုင်ပြီး ငွေသား (မြန်မာကျပ်ဖြင့်သာ) အပ်နှံ ထည့်သွင်းနိုင်ခြင်း၊
  • (ခ) ထိုစာရင်းသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက ဘဏ်ခွဲနှင့် ကြိုတင်၍ Appointment ယူရန်မလိုဘဲ အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုခြင်း၊
  • (ဂ) Flexi အပ်ငွေစာရင်းထဲရှိ ပထမ အပ်ငွေကျပ်သိန်း ၁၀,၀၀၀ အထိ ၆.၅% p.a. ရရှိပြီး၊ သိန်း ၁၀,၀၀၀ အထက် ကျော်လွန်သော ၎င်းအပ်ငွေပမာဏအတွက် အပိုဆောင်း ၁% p.a. ရရှိမည်ဖြစ်ပြီး နေ့စဉ် အတိုး တွက်ပေးကာ တစ်လတစ်ခါအတိုး ထည့်ပေးခြင်း၊
  • (ဃ) Customerမှ တောင်းဆိုပါက ငွေစုစာအုပ်ထုတ်ပေးခြင်း၊
  • (င) Flexi Account အနေဖြင့် Customer များအတွက် MPU Debit Card, SMS Alert Service နှင့် ချက်လက်မှတ်စာအုပ်(Cheque Book) အား မရယူနိုင်ပါ။
  • (စ) Flexi အပ်ငွေစာရင်းမှ အခြားစာရင်းများသို့ ငွေလွှဲ (Account to Account Transfer Out) ပြုလုပ်နိုင်ခြင်း၊ Mobile Top-up နှင့် Bill Payment များပြုလုပ်နိုင်ခြင်း၊ Flexi Everyday နှင့် Flexi အပ်ငွေစာရင်း မှ Flexi အပ်ငွေစာရင်းသို့ ငွေလွှဲခြင်း (Account to Account Transfer In) ကို ပြုလုပ်နိုင်ခြင်း၊ သို့သော် အခြားစာရင်းများ မှ Flexi အပ်ငွေစာရင်းသို့ ငွေလွှဲခြင်း (Account to Account Transfer In) ကို မပြုလုပ်နိုင်ပါ။
  • (ဆ) အခြားဘဏ်များသို့ CBM Net ဖြင့် ငွေလွှဲခြင်း နှင့် Standing Order/ Balance Order များ စသည်တို့ကို (Outbound သီးသန့်) လုပ်ဆောင်နိုင်ခြင်း၊ Payment Order (PO)/ Gift Cheque များလုပ်ဆောင်နိုင်ခြင်း။
  • (ဇ) Customer ၏ သက်ဆိုင်သော အကြောင်းအရာနှင့်ပတ်သက်၍ အထူးလျှို့ဝှက်ထားရန် တာဝန်ယူထားခြင်း။
  • (ဈ) မလိုလားအပ်သော Customer တစ်ဦးကို ဘဏ်အနေနှင့် ဆက်လက်ထားရှိခြင်း မပြုပါက၊ သင့်တင့်လျောက်ပတ်သော အကြောင်းကြားချက်ကို ပေးပါမည်ဟု တာဝန်ယူထားခြင်း။

(၃) Flexi အပ်ငွေ (Flexi Account) ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ။

အဆိုပါ စည်းကမ်းသတ်မှတ်ချက်များသည် Flexi အပ်ငွေ သက်ဆိုင်သည့် စည်းကမ်းသတ်မှတ်ချက်များ ဖြစ်သည်။ www.yomabank.com တွင်ဖော်ပြထားသည့် ရိုးမဘဏ်၏ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် ပူးတွဲ၍ ဖတ်ရှုပါ။

  • Flexi အပ်ငွေ (Flexi Deposit) စာရင်းဖွင့်သည့်ပုံစံသည် ဘဏ်နှင့် စာရင်းပိုင်ရှင်တို့၏ သဘောတူညီချက်ပါရှိသော ကတိစာချုပ်တစ်ခု ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စာရင်းဖွင့်မည့်ပုဂ္ဂိုလ်၊ လုပ်ငန်းရှင်များသည် ပုံစံဖြည့်ခြင်း၊ ငွေသွင်း/ငွေထုတ်ကိစ္စ အတွက် လက်မှတ်နမူနာပေးခြင်း၊ စာရင်း၏ ငွေသွင်း/ငွေထုတ်ခြင်းအတွက် အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း ပေးခြင်း၊ ကနဦးအပ်ငွေ ထည့်သွင်းခြင်းနှင့် Passbook/ Certificate ရယူခြင်းတို့အတွက် ဘဏ်သို့ကိုယ်တိုင် လာရောက်ရပါမည်။
  • ဘဏ်စာရင်းမဖွင့်မီ ဘဏ်အနေဖြင့် သင်၏အထောက်အထား၊ အိမ်လိပ်စာအပြင် ဘဏ်စာရင်း ကိုင်ဆောင်ထားသူတစ်ဦးအဖြစ် သင့်အနေနှင့် ကိုက်ညီသင့်လျော်မှုတို့ကို မှန်ကန်ကြောင်း အတည်ပြုရမည် ဖြစ်သည်။ ဘဏ်အနေဖြင့် ဘဏ်စာရင်းဖွင့်ခြင်းကို ငြင်းပယ်နိုင်သည့် အခွင့်အရေး သို့မဟုတ် အပ်နှံငွေ လက်ခံခြင်းကို ငြင်းပယ်နိုင်သည့် အခွင့်အရေးရှိသည်။

(၃.၁) ဖွင့်လှစ်ပေးနိုင်သည့် Flexi အပ်ငွေ (Flexi Account) များ။

(၃.၁.၁) လူပုဂ္ဂိုလ်စာရင်း (Personal Account) ။

  • (က) ပုဂ္ဂိုလ်တစ်ဦးချင်းစာရင်း (Individual Account)
  • (ခ) ရိုးမဘဏ်ဝန်ထမ်းစာရင်း (Yoma Bank Staff)
  • (ဂ) ပူးတွဲစာရင်း (Joint Account)

အထက်ပါ (၃.၁.၁) ပါ လူပုဂ္ဂိုလ် (Personal) အတွက် Flexi အပ်ငွေ (Flexi Account) ဖွင့်လှစ်ပါက စာရင်းဖွင့်မည့်သူ (Customer) ၏ လိုအပ်ချက်များ

  • (က) အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • (ခ) နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) ဧည့်နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) Passport တစ်ခုခုကို တင်ပြရမည်။
  • (ဂ) ရူးသွပ်သူ၊ အရက်အလွန်အကျွံသောက်သူ၊ ဒေဝါလီခံထားရသူများ မဖြစ်စေရ။
  • (ဃ) ဘဏ်စာရင်းဖွင့်ပုံစံတွင် ပါဝင်သည့်အချက်များကို သဘောတူကြောင်း လက်မှတ် ရေးထိုးပြီး၊ မိမိအမြဲတမ်း ငွေသွင်း/ငွေထုတ် ပြုလုပ်မည့် လက်မှတ်နမူနာများအား ရေးထိုး‌‌‌ပေးခဲ့ရပါမည်။
  • (င) အသုံးပြုရမည့် စာရင်းဖွင့်လျှောက်လွှာ/ ကိုယ်ရေးအချက်အလက်ပုံစံများမှာ ငွေစုဘဏ်အပ်ငွေ ဖွင့်ရန်လျှောက်လွှာ/ ခေါ်ယူအပ်ငွေစာရင်း ဖွင့်ရန်လျှောက်လွှာ (လူပုဂ္ဂိုလ်အတွက်) အသုံးပြုရန် ဖြစ်ပါသည်။
  • (စ) Customer Information Form မှ Customer ၏ ကိုယ်ရေးအချက်အလက်ပုံစံ (လူပုဂ္ဂိုလ်အတွက်) တို့ တွင်ပါရှိသော အချက်အလက်များ နှင့် Document Check List ပါ အထောက်အထားများ အားလုံးကို ပြည့်စုံမှန်ကန်စွာ ပေးအပ်ရပါမည်။

(၃.၁.၂) အရွယ်မရောက်သေးသူ သက်ငယ်စာရင်း (Minor Account) စာရင်းဖွင့်လှစ်ခြင်း။

  • (က) အရွယ်မရောက်သေးသူ သက်ငယ်စာရင်း (Minor Account) အား အရွယ်မရောက်သေးသူ သက်ငယ်၏ အုပ်ထိန်း သူများဖြစ်ကြသော ဖခင် (သို့မဟုတ်) မိခင် တစ်ဦးဦးက လက်မှတ်ရေးထိုးရပါမည်။ ၎င်းအပြင် အခွင့်အာဏာရ တရားရုံးတော် တစ်ခုခုမှ ခန့်အပ်ထားသော အုပ်ထိန်းသူရှိပါက ထိုသူက လက်မှတ်ရေးထိုးရပါမည်။
  • (ခ) သက်ငယ်အရွယ် (၁၈) နှစ်ပြည့်ပြီးပါက ယင်း၏လက်မှတ်ရေးထိုးခွင့်ကိုစီစဉ်ပေးရမည်။
  • (ဂ) သက်ငယ်အရွယ် (၁၈) နှစ် မပြည့်ခင် အုပ်ထိန်းသူက စာရင်းတွင် ‌‌ငွေသွင်း/ထုတ်လုပ်ခွင့်ရှိသည်။
  • (ဃ) သက်ငယ်၏ပစ္စည်း (ငွေစာရင်း) ကိုသက်ငယ်၏အကျိုးအတွက်သာ ထုတ်ယူသုံးစွဲခွင့် ရှိမည် ဖြစ်သောကြောင့် ငွေထုတ်ယူသောအခါ (သက်ငယ်၏ စားသောက်နေထိုင်စရိတ်၊ ကျောင်းစရိတ်အတွက်) ထုတ်ယူကြောင်း ငွေထုတ်လွှာတွင် ဖော်ပြစေခြင်းဖြင့် ဥပဒေအကာအကွယ် ရယူနိုင်ပါသည်။
  • (င) သက်ငယ်စာရင်းဖွင့်ရန်အတွက် သက်ငယ်၏ မွေးစာရင်းမိတ္တူကို ရယူထားရန် လိုအပ်ပါသည်။ မွေးစာရင်းမရှိလျှင် မွေးသက္ကရာဇ်ကို ရယူထားရပါမည်။

(၃.၁.၃) ကုမ္မဏီ / လုပ်ငန်းစာရင်း (Enterprise Account) ။

  • (က) Private Company Limited by Shares
  • (ခ) Public Company Limited by Shares
  • (ဂ) Unlimited Company
  • (ဃ) Company Limited by Guarantees
  • (င) Business Association (Including Societies and NGOs)
  • (စ) Overseas Corporation
  • (ဆ) Sole Proprietor
  • (ဇ) Partnership
  • (ဈ) Embassy

ကုမ္မဏီ/လုပ်ငန်းစာရင်း (Enterprise Account) အတွက် ပူးတွဲစာရင်း (Joint Account) မဖွင့်လှစ်နိုင်ပါ။

အထက်အပိုဒ် (၃.၁.၃) (က) မှ (ဈ) အထိ ကုမ္မဏီ/လုပ်ငန်း (Enterprise) အတွက် Flexi အပ်ငွေ (Flexi Deposit) ဖွင့်လှစ်ပါက စာရင်းဖွင့်မည့်သူ (Customer) ၏ လိုအပ်ချက်များ

  • (က) အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • (ခ) နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) ဧည့်နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) Passport တစ်ခုခုကို တင်ပြရမည်။
  • (ဂ) ရူးသွပ်သူ၊ အရက်အလွန်အကျွံသောက်သူ၊ ဒေဝါလီခံထားရသူများ မဖြစ်စေရ။
  • (ဃ) ဘဏ်စာရင်းဖွင့်ပုံစံတွင် ပါဝင်သည့်အချက်များကို သဘောတူကြောင်း လက်မှတ် ရေးထိုးပြီး၊ မိမိအမြဲတမ်း ငွေသွင်း/ငွေထုတ် ပြုလုပ်မည့် လက်မှတ်နမူနာများအား ရေးထိုး‌ပေးခဲ့ရပါမည်။
  • အသုံးပြုရမည့် စာရင်းဖွင့်လျှောက်လွှာ / ကိုယ်ရေးအချက် အလက်ပုံစံများ။
    (င) Account Opening Form
    Flexi အပ်ငွေ (Flexi Account) စာရင်းဖွင့်ရန်လျှောက်လွှာ (ကုမ္မဏီ/လုပ်ငန်း) အတွက် အသုံးပြုရန်ဖြစ်ပါသည်။
  • (စ) Customer ၏ ကိုယ်ရေးအချက်အလက်ပုံစံ (Customer Information Form - For Enterprise) တွင် ပါရှိသော အချက်အလက်များနှင့် Document Check List ပါ အထောက်အထားများ အားလုံးကို ပြည့်စုံမှန်ကန်စွာ ပေးအပ်ရပါမည်။

ဝန်ဆောင်ခနှင့် နှုန်းထားများ

  • Flexi Cash Deposit Account သည် စာရင်းထိန်းသိမ်းခ ပေးဆောင်ရန် မလိုအပ်ပါ။
  • ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ငွေသွင်း/ငွေထုတ်/ငွေပေးချေခြင်း/ငွေလွှဲခြင်း ဆောင်ရွက်ထားခြင်း မရှိသော ဘဏ်စာရင်းများအား (Inactive Account) များအဖြစ်သတ်မှတ်မည်ဖြစ်သည်။ အဆိုပါ အပ်ငွေစာရင်းများအား ဝန်ဆောင်ခအနေဖြင့် (၁,၅၀၀) ကျပ် လစဉ်ကောက်ခံသွားမည်ဖြစ်သည်။

ဘဏ်စာရင်း ရှင်းတမ်းများ

  • ငွေကြေးလုပ်ဆောင်ချက်များ (Financial Functions) နှင့် ပတ်သက်သော ဘဏ်စာရင်းရှင်းတမ်းများကို (Minor Account အတွက်မှလွဲ၍) ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (Digital Banking Services) မှ တဆင့် အသေးစိတ် လေ့လာကြည့်ရှု နိုင်ပါသည်။
  • ရှင်းတမ်းများကို လက်ခံရရှိသည်နှင့် တိကျမှုကို စစ်ဆေးသင့်ပါသည်။ မည်သည့် ချို့ယွင်းချက်ကိုမဆို ရိုးမဘဏ်သို့ ရက်ပေါင်း (၃၀) အတွင်း အကြောင်းကြားရမည်ဖြစ်သည် ယူဆမည်ဖြစ်သည်။
  • ရှင်းတမ်းတွင်ပေါ်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အငြင်း ပွားမှုဖြစ်ပွားပါက၊ ကျွန်ပ်တို့၏ မှတ်တမ်းများသည် အထောက်အထားဆိုင်ရာ အတည်ဖြစ်မည်ဖြစ်သည်။

Customer အချက်အလက်များအား လျှို့ဝှက်ထားရှိမှု

သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်တို့ကို လျှို့ဝှက်အဖြစ် မှတ်ယူမည်ဖြစ်ပြီး၊ အောက်ပါ အခြေအနေများမှ လွဲ၍ ဖွင့်ဟထုတ်ဖော်မည် မဟုတ်ပါ။

  • ဥပဒေရေးရာအကြောင်းပြချက်များဖြင့် ယင်းသို့ပြုလုပ်ရန် မဖြစ်မနေလိုအပ်သောအခါ။
  • အများပြည်သူအကျိုးစီးပွားအတွက် ဖွင့်ဟထုတ်ဖော်ရန် လိုအပ်သောအခါ။
  • ကျွန်ုပ်တို့၏အကျိုးအမြတ်အတွက် ဖွင့်ဟထုတ်ဖော်ရန် လိုအပ်သည့်အခါ။
  • သင့်အနေဖြင့် သဘောတူညီချက်ပေးသည့်အခါ။

ဘဏ်နှင့်အဆက်သွယ်ပြုလုပ်ခြင်း

  • သမာရိုးကျဥပဒေရေးရာသတိပေးစာများနှင့် ဆင့်ခေါ်စာများကို နောက်ဆုံးသိထားသည့် သင့်နေရပ်လိပ်စာသို့ ပေးပို့မည်ဖြစ်သည်။
  • သင့်အား ဆက်သွယ်ရမည့် အသေးစိတ်အချက်အလက်တို့ ပြောင်းလဲမှုကို ရိုးမဘဏ် ဘဏ်ခွဲများ မှတစ်ဆင့် အကြောင်းကြားရန် လိုအပ်သည်။ ထို ပြောင်းလဲမှုကို မှတ်ပုံတင်ရန်အချိန်ကာလ (၇) ရက်အထိ ကြာမြင့်နိုင်ပါသည်။
  • စာတိုက်မှတစ်ဆင့် သင့်ထံသို့ ကျွန်ုပ်တို့ပေးပို့သည့် မည်သည့်စာကိုမဆို စာတိုက်မှ ပေးပို့ပြီး (၁၄) ရက်အတွင်း Customer အနေဖြင့် ရရှိပြီးဖြစ်သည်ဟု ဘဏ်မှ သတ်မှတ်မည်။

ဘဏ်မှ စည်းကမ်းသတ်မှတ်ချက်များကို ပြုပြင်ခြင်း

  • ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏လုပ်ပိုင်ခွင့်ဖြင့် မည်သည့် စည်းကမ်းသတ်မှတ်ချက် ကိုမဆို (သို့မဟုတ်) ဘဏ်စာရင်း၏ အသေးစိတ်အချက်အလက်များ၊ အင်္ဂါရပ်များ (သို့မဟုတ်) အခြားသော အကြောင်းအရာတို့ကို ပြုပြင် ပြောင်းလဲနိုင်ပါသည်။ ထိုပြုပြင်ပြောင်းလဲမှုတို့ကို ရိုးမဘဏ်၏ ဘဏ်ခွဲများ ၊ website တို့တွင် ကြည့်ရှုနိုင်ရန် ဖော်ပြထားမည် ဖြစ်သည်။
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ညွှန်ကြားချက်တစ်ရပ်၏ ရလဒ်တစ်ခုအပါအဝင် မည်သည့် အကြောင်းပြချက်အတွက်မဆို ကျွန်ုပ်တို့အနေဖြင့် ဤဘဏ်စာရင်းကို (သို့မဟုတ်) ဤဘဏ်စာရင်း နှင့်စပ်လျဉ်းသည့် အခြားသောအင်္ဂါရပ်များ (သို့မဟုတ်) ဘဏ်စာရင်း ဆိုင်ရာ လိုအပ်သည့် မည်သည့်ပြောင်းလဲမှုမဆိုနှင့် အင်္ဂါရပ်များကို ကမ်းလှမ်းခြင်းအား မည်သည့် အချိန်၌မဆို ရပ်ဆိုင်း (သို့မဟုတ်) ဖျက်သိမ်းနိုင်သည်။ သင့်အနေဖြင့် ကျွန်ုပ်တို့ဘက်မှ ဘဏ်စာရင်းအား ရပ်ဆိုင်းမှု (သို့မဟုတ်) ရုပ်သိမ်းမှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုခွင့်ရှိမည် မဟုတ်ပါ။

ဘဏ်၏ စီရင်ပိုင်ခွင့်

  • ဤသဘောတူညီချက် နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများနှင့် မည်သည့် ဖြစ်ရပ်အတွက်ကိုမဆို တရားစီရင်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တရားရုံးတွင် တရားစွဲဆိုနိုင်သည်ဟု သင့်အနေဖြင့် သဘောတူပါသည်။
  • ကျွန်ုပ်တို့အား ပေးရန်ကျန်ရှိသည့် မည်သည့် ပမာဏကိုမဆို ပြန်လည်တောင်းခံရာတွင် ဥပဒေရေးရာ ကုန်ကျစရိတ်များအပါအဝင် ဘဏ်၏ ကုန်ကျစရိတ်အားလုံးကို ပေးရန် သင့်အနေဖြင့် သဘောတူညီပါသည်။

အခြား‌သော အကြောင်းအရာများ

  • ဤလျှောက်ထားမှုကို ဆောင်ရွက်ရာတွင် ဘဏ်အနေဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မဆို မှတ်တမ်း ယူထားသည့် သင်၏ မည်သည့်သတင်းအချက်အလက်ကိုမဆို ရယူနိုင်ကြောင်း သင့်အနေဖြင့် အသိအမှတ်ပြုပါသည်။
  • ဘဏ်နှင့် သင်၏ဆက်ဆံရေးအခြေအနေ၊ ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်းသည့် မည်သည့်သတင်း အချက်အလက်ကိုမဆို ဘဏ်၏ အခြားမည်သည့်ဌာနအပြင် ချေးငွေသတင်းပေးပို့ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်း (Credit Bureau) သို့မဟုတ် အလားသဏ္ဍာန်တူ အေဂျင်စီတို့မှ အသုံးပြုနိုင်ကြောင်းနှင့် ယင်းတို့ကို ဖွင့်ဟနိုင်ကြောင်း သင့်အနေဖြင့် အတည်ပြုပါသည်။
  • သင်သည် စီမံခန့်ခွဲရေးအမိန့် (administrative order) အောက်တွင်ရှိပါက၊ သင်၏ ပစ္စည်းတို့ကို သိမ်းယူထားပါက၊ သို့မဟုတ် အခြားသော မည်သည့်ပုံစံနှင့်မဆို ဥပဒေရေးရာအရ ချို့ယွင်းနေမှု ရှိပါက ဘဏ်အား ချက်ချင်းအကြောင်းကြားရမည်။
  • ဤစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများဖြင့် လွှမ်းမိုးထားပါသည်။

အသုံးမပြုသည့်စာရင်းများ (ခေါ်) Dormant Accounts

Dormancy Period ဆိုသည်မှာ

  • Customer မှ ၎င်း၏ ဘဏ် Account နှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ်ပြုလုပ်ခြင်း) မရှိခြင်း နှင့် လက်ကျန်ငွေထားရှိမှု မရှိသော ကာလအပိုင်းအခြား ကိုဆိုလိုသည်။ ရိုးမဘဏ်တွင် ထိုသို့ အသုံးမပြု ဖြစ်သော ကာလ- ၆ လဆက်တိုက်ကို Dormancy Period ဟုသတ်မှတ်သည်။

Dormant Account ဆိုသည်မှာ

  • Customer တစ်ဦးထဲမှဖွင့်လှစ်ထားသော တစ်ခု (သို့) တစ်ခုထက်ပိုသော ဘဏ် Account များသည် အလိုအလျောက်အတိုးရယူခြင်း၊ ဥပဒေအရ တရားဝင် ငွေထုတ်ခွင့်ပိတ်ပင်ထားခြင်းများမှအပ ၆ လဆက်တိုက် လက်ကျန်ငွေထားရှိမှု မရှိပါက Dormancy Account ဟုသတ်မှတ်သည်။

ရိုးမဘဏ်၏ Dormancy Policy နှင့် Dormant accounts များကို ရပ်ဆိုင်းပိတ်သိမ်းခြင်း

  • ရိုးမဘဏ် အနေဖြင့် အခါအားလျော်စွာ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ်ပြုလုပ်ခြင်း) နှင့် လက်ကျန်ငွေထားရှိမှု မရှိသော Customer များ၏ ဘဏ် account များကို dormant အဖြစ်သတ်မှတ်သည်။ ထိုသို့ မသတ်မှတ်မီ ၃ ပတ်ခန့်အလိုတွင် account ပိုင်ရှင်များကို account ရပ်ဆိုင်းပိတ်သိမ်းမည့်နေ့နှင့်တကွ ကြိုတင်အသိပေးအကြောင်းကြားသွားမည်။ Account ပိုင်ရှင် customers များအနေဖြင့် ပိတ်သိမ်းရန် သတ်မှတ်ထားသောရက်အထိ အပ်ငွေထားရှိခြင်းမရှိပါက ထို account ကိုအလိုအလျောက် ပိတ်သိမ်း သွားမည်ဖြစ်သည်။ ထိုသို့ ပိတ်သိမ်းလိုက်သော account များကို Company's archive အဖြစ် အနည်းဆုံး ၃ နှစ် ထိန်းသိမ်းထားမည်ဖြစ်သည်။

Dormant Account များ ပြန်လည်အသက်သွင်းခြင်း

  • ရိုးမဘဏ်၏ account အသစ်ဖွင့်လှစ်ခြင်းနှင့် ရိုးမဘဏ်၏ငွေကြေးခဝါချခြင်းဆိုင်ရာ လိုက်နာ ကျင့်သုံးမှုများ နှင့်ကိုက်ညီမှုရှိက Dormant account များကို ပြန်လည်အသက်သွင်းနိုင်သည်။ ပြန်လည် အသက်သွင်းရန် အတွက် ရိုးမဘဏ်အနေခြင့် လိုအပ်သော KYCစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး customers များအနေဖြင့် အပ်ငွေပမာဏတစ်ခု (မည်သည့်ပမာဏမဆို) ထည့်သွင်းရမည်ဖြစ်သည်။

Flexi Everyday အပ်ငွေစာရင်း (Flexi Everyday Deposit Account)

စည်းကမ်းသတ်မှတ်ချက်များ (T&Cs)

၂၀၂၂ ခုနှစ်၊ ဧပြီလ (၇) ရက်


(၁) Flexi Everyday အပ်ငွေစာရင်း (Flexi Everyday Deposit Account) နှင့် သက်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ

ဤစည်းကမ်းသတ်မှတ်ချက်များသည် သင်၏ရိုးမဘဏ် အပ်ငွေစာရင်းများနှင့် သက်ဆိုင်မည်ဖြစ်ပြီး သင်နှင့် ရိုးမဘဏ်အကြားရှိ သဘောတူညီချက်တစ်ရပ် ဖြစ်ပါသည်။ ဘဏ်စာရင်းဖွင့်ခြင်းဖြင့် အောက်ဖော်ပြပါ ယင်းစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမည်ဟု သဘောတူခြင်းပင် ဖြစ်သည်။

  • “Flexi Everyday အပ်ငွေစာရင်း” ဟူသည် Flexi Everyday Deposit Account စာရင်းကိုဆိုလိုသည်။
  • “သဘောတူညီချက်” ဟူသည် သင်နှင့် ရိုးမဘဏ်အကြားရှိ ယင်းစည်းကမ်းသတ်မှတ်ချက်များကို ဆိုလိုသည်။
  • “ကုန်ပစ္စည်း၏အသေးစိတ်ဖော်ပြချက်များ” ဟူသည် ဘဏ်စာရင်း၏ သီးသန့်အင်္ဂါရပ်များ (သို့မဟုတ်) စည်းမျဉ်းများကို ဆိုလိုသည်။
  • “Customer” ဟူသည် ရိုးမဘဏ်စာရင်းကိုကိုင်ဆောင်ထားသူကို ရည်ညွှန်းသည်။
  • “ကျွန်ုပ်တို့သည်/ကျွန်ုပ်တို့ကို/ကျွန်ုပ်တို့၏/ရိုးမ/ဘဏ်” ဟူသည် ရိုးမဘဏ်ကို ရည်ညွှန်းသည်။

(၂) Flexi Everyday အပ်ငွေစာရင်း (Flexi Everyday Deposit Account) နှင့် ၎င်း၏ ဝိသေသများ။

Flexi Everyday အပ်ငွေစာရင်း တွင် အောက်ပါ ဝိသေသများ ပါဝင်ပါသည်။

  • (က) ရိုးမဘဏ် ဘဏ်ခွဲများတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ (၇) ရက်နေ့မှ စတင်၍ Flexi Everyday အပ်ငွေစာရင်းကို ကနဦးအပ်နှံငွေ သတ်မှတ်ချက်မရှိဘဲ အသစ်ဖွင့်လှစ်နိုင်ပြီး ငွေသား (မြန်မာကျပ်ဖြင့်သာ)အပ်နှံ ထည့်သွင်းနိုင်ခြင်း၊
  • (ခ) ထိုစာရင်းသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက -
    • (၁) ဘဏ်ခွဲနှင့် ကြိုတင်၍ Appointment ယူရန်မလိုဘဲ အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုခြင်း၊
    • (၂) ATM မှ ထုတ်ယူလိုပါက ရိုးမဘဏ်မှ နောက်ဆုံးသတ်မှတ်ထားသော ပမာဏအတိုင်း ထုတ်ယူနိုင်ခြင်း၊
  • (ဂ) Flexi Everyday အပ်ငွေစာရင်း တွင် ငွေအပ်နှံထားရှိခြင်းအတွက် ဘဏ်က အတိုး ပေးအပ်မည် မဟုတ်ပါ။
  • (ဃ) ATM ကတ် နှင့်ချက်လက်မှတ်စာအုပ် ထုတ်ပေးခြင်း၊ Enterprise Accounts အတွက် အကောင့်တစ်ခုလျှင် ATM ကတ်တစ်ခုသာ ထုတ်ပေးခြင်း၊ မှတ်ချက်။ ကုမ္ပဏီ ၁ ခုကို ထို ကုမ္ပဏီ နာမည်ဖြင့် လင့်ခ်ချိတ်၍ ATM ကတ် တစ်ကတ်သာ ထုတ်ပေးမည် ဖြစ်ပါသည်။ ATM ကတ်လျှောက်ထားရန် Meeting Minute လိုအပ်ပြီး အဆိုပါ Meeting Minute တွင် ATM ကတ် အသုံးပြုမည့် သူ၏ အမည်နှင့် မှတ်ပုံတင်အား တစ်ပါတည်းဖော်ပြပေးရန် လိုအပ်မည်ဖြစ်ပြီး ဘဏ်သို့ ကိုယ်တိုင်လာရောက်ထုတ်ယူရမည် ဖြစ်သည်။ ထိုကတ်အား ထိန်းသိမ်းခြင်းနှင့် ကတ်၏ လျှို့ဝှက်နံပါတ်ကို ကုမ္ပဏီဘက်မှ တာဝန်လွှဲအပ်ပေးထားသောသူမှ ထိန်းသိမ်းရမည် ဖြစ်ပါသည်။ ကတ်၏ ပျက်စီးဆုံးရှုံးမှုနှင့် ပျောက်ဆုံးမှုများကိုလည်း ကုမ္ပဏီဘက်မှ တာဝန်ယူရမည်ဖြစ်ပါသည်။ Joint Account အတွက် ATM ကတ်မထုတ်ပေးပါ။ Minor Account အတွက် ATM ကတ် နှင့် ချက်လက်မှတ်စာအုပ် မထုတ်ပေးပါ။) အဆိုပါ ATM ကတ်ဖြင့် POS နှင့် E-commerce ငွေပေးချေမှုများကိုလုပ်ဆောင်နိုင်ပါသည်။
  • (င) Flexi Everyday Account အနေဖြင့် Customer များအတွက် SMS Alert Service အားရယူနိုင်ခြင်း၊
  • (စ) Flexi Everyday အပ်ငွေစာရင်းမှ အခြားစာရင်းများသို့ ငွေလွှဲ (Account to Account Transfer Out) ပြုလုပ်နိုင်ခြင်း၊ Mobile Top-up နှင့် Bill Payment များပြုလုပ်နိုင်ခြင်း၊ Flexi Everyday နှင့် Flexi အပ်ငွေစာရင်း မှ Flexi Everyday အပ်ငွေစာရင်းသို့ ငွေလွှဲခြင်း (Account to Account Transfer In) ကို ပြုလုပ်နိုင်ခြင်း၊ သို့သော် အခြား Flexi အမျိုးအစားမဟုတ်သော စာရင်းများမှ Flexi Everyday အပ်ငွေစာရင်းသို့ ငွေလွှဲခြင်း (Account to Account Transfer In) ကို မပြုလုပ်နိုင်ပါ။
  • (ဆ) အခြားဘဏ်များသို့ CBM Net ဖြင့် ငွေလွှဲခြင်း၊ အခြားဘဏ်များနှင့် Cheque Clearing ပြုလုပ်ခြင်း နှင့် Standing Order/ Balance Order များ၊ Payment Order (PO)/ Gift Cheque များ စသည်တို့ကို (Outbound သီးသန့်) လုပ်ဆောင်နိုင်ခြင်း၊ လုပ်ဆောင်နိုင်ခြင်း၊ Inboundအတွက် Flexi သို့မဟုတ် Flexi Everyday အပ်ငွေစာရင်းမှလာလျှင် လုပ်ဆောင်နိုင်ခြင်း (မှတ်ချက်။ Balance Order အတွက် transactionတစ်ကြောင်းလျှင် ၂၀၀၀ကျပ် ကောက်ခံမည်ဖြစ်သည်။)
  • (ဇ) Customer ၏ သက်ဆိုင်သော အကြောင်းအရာနှင့်ပတ်သက်၍ အထူးလျှို့ဝှက်ထားရန် တာဝန်ယူထားခြင်း၊
  • (ဈ) မလိုလားအပ်သော Customer တစ်ဦးကို ဘဏ်အနေနှင့် ဆက်လက်ထားရှိခြင်း မပြုပါက၊ သင့်တင့်လျောက်ပတ်သော အကြောင်းကြားချက်ကို ပေးပါမည်ဟု တာဝန်ယူထားခြင်း။

(၃) Flexi Everyday အပ်ငွေ (Flexi Everyday Deposit) ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ။

အဆိုပါ စည်းကမ်းသတ်မှတ်ချက်များသည် Flexi Everyday အပ်ငွေနှင့် သက်ဆိုင်သည့် စည်းကမ်းသတ်မှတ်ချက်များ ဖြစ်သည်။ www.yomabank.com တွင်ဖော်ပြထားသည့် ရိုးမဘဏ်၏ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် ပူးတွဲ၍ ဖတ်ရှုပါ။

  • Flexi Everyday အပ်ငွေ (Flexi Everyday Deposit) စာရင်းဖွင့်သည့်ပုံစံသည် ဘဏ်နှင့် စာရင်းပိုင်ရှင်တို့၏ သဘောတူညီချက်ပါရှိသော ကတိစာချုပ်တစ်ခု ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စာရင်းဖွင့်မည့်ပုဂ္ဂိုလ်၊ လုပ်ငန်းရှင်များသည် ပုံစံဖြည့်ခြင်း၊ ငွေသွင်း/ငွေထုတ်ကိစ္စ အတွက် လက်မှတ်နမူနာပေးခြင်း၊ စာရင်း၏ ငွေသွင်း/ငွေထုတ်ခြင်းအတွက် အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း ပေးခြင်း၊ ကနဦးအပ်ငွေ ထည့်သွင်းခြင်းတို့အတွက် ဘဏ်သို့ကိုယ်တိုင် လာရောက်ရပါမည်။
  • ဘဏ်စာရင်းမဖွင့်မီ ဘဏ်အနေဖြင့် သင်၏အထောက်အထား၊ အိမ်လိပ်စာအပြင် ဘဏ်စာရင်း ကိုင်ဆောင်ထားသူတစ်ဦးအဖြစ် သင့်အနေနှင့် ကိုက်ညီသင့်လျော်မှုတို့ကို မှန်ကန်ကြောင်း အတည်ပြုရမည် ဖြစ်သည်။ ဘဏ်အနေဖြင့် ဘဏ်စာရင်းဖွင့်ခြင်းကို ငြင်းပယ်နိုင်သည့် အခွင့်အရေး သို့မဟုတ် အပ်နှံငွေ လက်ခံခြင်းကို ငြင်းပယ်နိုင်သည့် အခွင့်အရေးရှိသည်။

(၃.၁) ဖွင့်လှစ်ပေးနိုင်သည့် Flexi Everyday အပ်ငွေ (Flexi Everyday Deposit) များ။

(၃.၁.၁) လူပုဂ္ဂိုလ်စာရင်း (Personal Account) ။

  • (က) ပုဂ္ဂိုလ်တစ်ဦးချင်းစာရင်း (Individual Account)
  • (ခ) ရိုးမဘဏ်ဝန်ထမ်းစာရင်း (Yoma Bank Staff)
  • (ဂ) ပူးတွဲစာရင်း (Joint Account)

အထက်ပါ (၃.၁.၁) ပါ လူပုဂ္ဂိုလ် (Personal) အတွက် Flexi Everyday အပ်ငွေ (Flexi Everyday Deposit) ဖွင့်လှစ်ပါက စာရင်းဖွင့်မည့်သူ (Customer) ၏ လိုအပ်ချက်များ

  • (က) အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • (ခ) နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) ဧည့်နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) Passport တစ်ခုခုကို တင်ပြရမည်။
  • (ဂ) ရူးသွပ်သူ၊ အရက်အလွန်အကျွံသောက်သူ၊ ဒေဝါလီခံထားရသူများ မဖြစ်စေရ။
  • (ဃ) ဘဏ်စာရင်းဖွင့်ပုံစံတွင် ပါဝင်သည့်အချက်များကို သဘောတူကြောင်း လက်မှတ် ရေးထိုးပြီး၊ မိမိအမြဲတမ်း ငွေသွင်း/ငွေထုတ် ပြုလုပ်မည့် လက်မှတ်နမူနာများအား ရေးထိုး‌‌‌ပေးခဲ့ရပါမည်။
  • (င) အသုံးပြုရမည့် စာရင်းဖွင့်လျှောက်လွှာ/ ကိုယ်ရေးအချက်အလက်ပုံစံများမှာ ငွေစုဘဏ်အပ်ငွေ ဖွင့်ရန်လျှောက်လွှာ/ ခေါ်ယူအပ်ငွေစာရင်း ဖွင့်ရန်လျှောက်လွှာ (လူပုဂ္ဂိုလ်အတွက်) အသုံးပြုရန် ဖြစ်ပါသည်။
  • (စ) Customer Information Form မှ Customer ၏ ကိုယ်ရေးအချက်အလက်ပုံစံ (လူပုဂ္ဂိုလ်အတွက်) တို့ တွင်ပါရှိသော အချက်အလက်များ နှင့် Document Check List ပါ အထောက်အထားများ အားလုံးကို ပြည့်စုံမှန်ကန်စွာ ပေးအပ်ရပါမည်။

(၃.၁.၂) ကုမ္မဏီ / လုပ်ငန်းစာရင်း (Enterprise Account) ။

  • (က) Private Company Limited by Shares
  • (ခ) Public Company Limited by Shares
  • (ဂ) Unlimited Company
  • (ဃ) Company Limited by Guarantees
  • (င) Business Association (Including Societies and NGOs)
  • (စ) Overseas Corporation
  • (ဆ) Sole Proprietor
  • (ဇ) Partnership
  • (ဈ) Embassy

ကုမ္မဏီ/လုပ်ငန်းစာရင်း (Enterprise Account) အတွက် ပူးတွဲစာရင်း (Joint Account) မဖွင့်လှစ်နိုင်ပါ။

အထက်အပိုဒ် (၃.၁.၂) (က) မှ (ဈ) အထိ ကုမ္မဏီ/လုပ်ငန်း (Enterprise) အတွက် Flexi Everyday အပ်ငွေ (Flexi Everyday Deposit) ဖွင့်လှစ်ပါက စာရင်းဖွင့်မည့်သူ (Customer) ၏ လိုအပ်ချက်များ

  • (က) အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • (ခ) နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) ဧည့်နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) Passport တစ်ခုခုကို တင်ပြရမည်။
  • (ဂ) ရူးသွပ်သူ၊ အရက်အလွန်အကျွံသောက်သူ၊ ဒေဝါလီခံထားရသူများ မဖြစ်စေရ။
  • (ဃ) ဘဏ်စာရင်းဖွင့်ပုံစံတွင် ပါဝင်သည့်အချက်များကို သဘောတူကြောင်း လက်မှတ် ရေးထိုးပြီး၊ မိမိအမြဲတမ်း ငွေသွင်း/ငွေထုတ် ပြုလုပ်မည့် လက်မှတ်နမူနာများအား ရေးထိုး‌ပေးခဲ့ရပါမည်။
အသုံးပြုရမည့် စာရင်းဖွင့်လျှောက်လွှာ / ကိုယ်ရေးအချက် အလက်ပုံစံများ။
  • (င) Account Opening Form Flexi Everyday အပ်ငွေ (Flexi Everyday Deposit) စာရင်းဖွင့်ရန်လျှောက်လွှာ (ကုမ္မဏီ/လုပ်ငန်း) အတွက် အသုံးပြုရန်ဖြစ်ပါသည်။
  • (စ) Customer ၏ ကိုယ်ရေးအချက်အလက်ပုံစံ (Customer Information Form - For Enterprise) တွင် ပါရှိသော အချက်အလက်များနှင့် Document Check List ပါ အထောက်အထားများ အားလုံးကို ပြည့်စုံမှန်ကန်စွာ ပေးအပ်ရပါမည်။


ဝန်ဆောင်ခနှင့် နှုန်းထားများ

  • Flexi Everyday Deposit Account သည် စာရင်းထိန်းသိမ်းခ ပေးဆောင်ရန် မလိုအပ်ပါ။
  • ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ငွေသွင်း/ငွေထုတ်/ငွေပေးချေခြင်း/ငွေလွှဲခြင်း ဆောင်ရွက်ထားခြင်း မရှိသော ဘဏ်စာရင်းများအား (Inactive Account) များအဖြစ်သတ်မှတ်မည်ဖြစ်သည်။ အဆိုပါ အပ်ငွေစာရင်းများအား ဝန်ဆောင်ခအနေဖြင့် (၁,၅၀၀) ကျပ် လစဉ်ကောက်ခံသွားမည်ဖြစ်သည်။

ဘဏ်စာရင်း ရှင်းတမ်းများ

  • ငွေကြေးလုပ်ဆောင်ချက်များ (Financial Functions) နှင့် ပတ်သက်သော ဘဏ်စာရင်းရှင်းတမ်းများကို ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (Digital Banking Services) မှ တဆင့် အသေးစိတ် လေ့လာကြည့်ရှု နိုင်ပါသည်။
  • ရှင်းတမ်းများကို လက်ခံရရှိသည်နှင့် တိကျမှုကို စစ်ဆေးသင့်ပါသည်။ မည်သည့် ချို့ယွင်းချက်ကိုမဆို ရိုးမဘဏ်သို့ ရက်ပေါင်း (၃၀) အတွင်း အကြောင်းကြားရမည်ဖြစ်သည် ယူဆမည်ဖြစ်သည်။
  • ရှင်းတမ်းတွင်ပေါ်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အငြင်း ပွားမှုဖြစ်ပွားပါက၊ ကျွန်ပ်တို့၏ မှတ်တမ်းများသည် အထောက်အထားဆိုင်ရာ အတည်ဖြစ်မည်ဖြစ်သည်။

Customer အချက်အလက်များအား လျှိ့ဝှက်ထားရှိမှု

သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်တို့ကို လျှို့ဝှက်အဖြစ် မှတ်ယူမည်ဖြစ်ပြီး၊ အောက်ပါ အခြေအနေများမှ လွဲ၍ ဖွင့်ဟထုတ်ဖော်မည် မဟုတ်ပါ။

  • ဥပဒေရေးရာအကြောင်းပြချက်များဖြင့် ယင်းသို့ပြုလုပ်ရန် မဖြစ်မနေလိုအပ်သောအခါ။
  • အများပြည်သူအကျိုးစီးပွားအတွက် ဖွင့်ဟထုတ်ဖော်ရန် လိုအပ်သောအခါ။
  • ကျွန်ုပ်တို့၏အကျိုးအမြတ်အတွက် ဖွင့်ဟထုတ်ဖော်ရန် လိုအပ်သည့်အခါ။
  • သင့်အနေဖြင့် သဘောတူညီချက်ပေးသည့်အခါ။

ဘဏ်နှင့်အဆက်သွယ်ပြုလုပ်ခြင်း

  • သမာရိုးကျဥပဒေရေးရာသတိပေးစာများနှင့် ဆင့်ခေါ်စာများကို နောက်ဆုံးသိထားသည့် သင့်နေရပ်လိပ်စာသို့ ပေးပို့မည်ဖြစ်သည်။
  • သင့်အား ဆက်သွယ်ရမည့် အသေးစိတ်အချက်အလက်တို့ ပြောင်းလဲမှုကို ရိုးမဘဏ် ဘဏ်ခွဲများ မှတစ်ဆင့် အကြောင်းကြားရန် လိုအပ်သည်။ ထို ပြောင်းလဲမှုကို မှတ်ပုံတင်ရန်အချိန်ကာလ (၇) ရက်အထိ ကြာမြင့်နိုင်ပါသည်။
  • စာတိုက်မှတစ်ဆင့် သင့်ထံသို့ ကျွန်ုပ်တို့ပေးပို့သည့် မည်သည့်စာကိုမဆို စာတိုက်မှ ပေးပို့ပြီး (၁၄) ရက်အတွင်း Customer အနေဖြင့် ရရှိပြီးဖြစ်သည်ဟု ဘဏ်မှ သတ်မှတ်မည်။

ဘဏ်မှ စည်းကမ်းသတ်မှတ်ချက်များကို ပြုပြင်ခြင်း

  • ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏လုပ်ပိုင်ခွင့်ဖြင့် မည်သည့် စည်းကမ်းသတ်မှတ်ချက် ကိုမဆို (သို့မဟုတ်) ဘဏ်စာရင်း၏ အသေးစိတ်အချက်အလက်များ၊ အင်္ဂါရပ်များ (သို့မဟုတ်) အခြားသော အကြောင်းအရာတို့ကို ပြုပြင် ပြောင်းလဲနိုင်ပါသည်။ ထိုပြုပြင်ပြောင်းလဲမှုတို့ကို ရိုးမဘဏ်၏ ဘဏ်ခွဲများ ၊ website တို့တွင် ကြည့်ရှုနိုင်ရန် ဖော်ပြထားမည် ဖြစ်သည်။
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ညွှန်ကြားချက်တစ်ရပ်၏ ရလဒ်တစ်ခုအပါအဝင် မည်သည့် အကြောင်းပြချက်အတွက်မဆို ကျွန်ုပ်တို့အနေဖြင့် ဤဘဏ်စာရင်းကို (သို့မဟုတ်) ဤဘဏ်စာရင်း နှင့်စပ်လျဉ်းသည့် အခြားသောအင်္ဂါရပ်များ (သို့မဟုတ်) ဘဏ်စာရင်း ဆိုင်ရာ လိုအပ်သည့် မည်သည့်ပြောင်းလဲမှုမဆိုနှင့် အင်္ဂါရပ်များကို ကမ်းလှမ်းခြင်းအား မည်သည့် အချိန်၌မဆို ရပ်ဆိုင်း (သို့မဟုတ်) ဖျက်သိမ်းနိုင်သည်။ သင့်အနေဖြင့် ကျွန်ုပ်တို့ဘက်မှ ဘဏ်စာရင်းအား ရပ်ဆိုင်းမှု (သို့မဟုတ်) ရုပ်သိမ်းမှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုခွင့်ရှိမည် မဟုတ်ပါ။

ဘဏ်၏ စီရင်ပိုင်ခွင့်

  • ဤသဘောတူညီချက် နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများနှင့် မည်သည့် ဖြစ်ရပ်အတွက်ကိုမဆို တရားစီရင်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တရားရုံးတွင် တရားစွဲဆိုနိုင်သည်ဟု သင့်အနေဖြင့် သဘောတူပါသည်။
  • ကျွန်ုပ်တို့အား ပေးရန်ကျန်ရှိသည့် မည်သည့် ပမာဏကိုမဆို ပြန်လည်တောင်းခံရာတွင် ဥပဒေရေးရာ ကုန်ကျစရိတ်များအပါအဝင် ဘဏ်၏ ကုန်ကျစရိတ်အားလုံးကို ပေးရန် သင့်အနေဖြင့် သဘောတူညီပါသည်။

အခြား‌သော အကြောင်းအရာများ

  • ဤလျှောက်ထားမှုကို ဆောင်ရွက်ရာတွင် ဘဏ်အနေဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မဆို မှတ်တမ်း ယူထားသည့် သင်၏ မည်သည့်သတင်းအချက်အလက်ကိုမဆို ရယူနိုင်ကြောင်း သင့်အနေဖြင့် အသိအမှတ်ပြုပါသည်။
  • ဘဏ်နှင့် သင်၏ဆက်ဆံရေးအခြေအနေ၊ ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်းသည့် မည်သည့်သတင်း အချက်အလက်ကိုမဆို ဘဏ်၏ အခြားမည်သည့်ဌာနအပြင် ချေးငွေသတင်းပေးပို့ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်း (Credit Bureau) သို့မဟုတ် အလားသဏ္ဍာန်တူ အေဂျင်စီတို့မှ အသုံးပြုနိုင်ကြောင်းနှင့် ယင်းတို့ကို ဖွင့်ဟနိုင်ကြောင်း သင့်အနေဖြင့် အတည်ပြုပါသည်။
  • သင်သည် စီမံခန့်ခွဲရေးအမိန့် (administrative order) အောက်တွင်ရှိပါက၊ သင်၏ ပစ္စည်းတို့ကို သိမ်းယူထားပါက၊ သို့မဟုတ် အခြားသော မည်သည့်ပုံစံနှင့်မဆို ဥပဒေရေးရာအရ ချို့ယွင်းနေမှု ရှိပါက ဘဏ်အား ချက်ချင်းအကြောင်းကြားရမည်။
  • ဤစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများဖြင့် လွှမ်းမိုးထားပါသည်။

အသုံးမပြုသည့်စာရင်းများ (ခေါ်) Dormant Accounts

Dormancy Period ဆိုသည်မှာ

  • Customer မှ ၎င်း၏ ဘဏ် Account နှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ်ပြုလုပ်ခြင်း) မရှိခြင်း နှင့် လက်ကျန်ငွေထားရှိမှု မရှိသော ကာလအပိုင်းအခြား ကိုဆိုလိုသည်။ ရိုးမဘဏ်တွင် ထိုသို့ အသုံးမပြု ဖြစ်သော ကာလ- ၆ လဆက်တိုက်ကို Dormancy Period ဟုသတ်မှတ်သည်။

Dormant Account ဆိုသည်မှာ

  • Customer တစ်ဦးထဲမှဖွင့်လှစ်ထားသော တစ်ခု (သို့) တစ်ခုထက်ပိုသော ဘဏ် Account များသည် အလိုအလျောက်အတိုးရယူခြင်း၊ ဥပဒေအရ တရားဝင် ငွေထုတ်ခွင့်ပိတ်ပင်ထားခြင်းများမှအပ ၆ လဆက်တိုက် လက်ကျန်ငွေထားရှိမှု မရှိပါက Dormancy Account ဟုသတ်မှတ်သည်။

ရိုးမဘဏ်၏ Dormancy Policy နှင့် Dormant accounts များကို ရပ်ဆိုင်းပိတ်သိမ်းခြင်း

  • ရိုးမဘဏ် အနေဖြင့် အခါအားလျော်စွာ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ်ပြုလုပ်ခြင်း) နှင့် လက်ကျန်ငွေထားရှိမှု မရှိသော Customer များ၏ ဘဏ် account များကို dormant အဖြစ်သတ်မှတ်သည်။ ထိုသို့ မသတ်မှတ်မီ ၃ ပတ်ခန့်အလိုတွင် account ပိုင်ရှင်များကို account ရပ်ဆိုင်းပိတ်သိမ်းမည့်နေ့နှင့်တကွ ကြိုတင်အသိပေးအကြောင်းကြားသွားမည်။ Account ပိုင်ရှင် customers များအနေဖြင့် ပိတ်သိမ်းရန် သတ်မှတ်ထားသောရက်အထိ အပ်ငွေထားရှိခြင်းမရှိပါက ထို account ကိုအလိုအလျောက် ပိတ်သိမ်း သွားမည်ဖြစ်သည်။ ထိုသို့ ပိတ်သိမ်းလိုက်သော account များကို Company's archive အဖြစ် အနည်းဆုံး ၃ နှစ် ထိန်းသိမ်းထားမည်ဖြစ်သည်။


Dormant Account များ ပြန်လည်အသက်သွင်းခြင်း

  • ရိုးမဘဏ်၏ account အသစ်ဖွင့်လှစ်ခြင်းနှင့် ရိုးမဘဏ်၏ငွေကြေးခဝါချခြင်းဆိုင်ရာ လိုက်နာ ကျင့်သုံးမှုများ နှင့်ကိုက်ညီမှုရှိက Dormant account များကို ပြန်လည်အသက်သွင်းနိုင်သည်။ ပြန်လည် အသက်သွင်းရန် အတွက် ရိုးမဘဏ်အနေခြင့် လိုအပ်သော KYCစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး customers များအနေဖြင့် အပ်ငွေပမာဏတစ်ခု (မည်သည့်ပမာဏမဆို) ထည့်သွင်းရမည်ဖြစ်သည်။

Saving Account, Call Account and Current Account

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက် မှစ၍ အကျုံးဝင်ပါသည်။

 

(၁) အောက်ပါ အပ်ငွေစာရင်း (Deposit Account) အမျိုးအစားများ နှင့်သက်ဆိုင်သော စည်းကမ်းသတ်မှတ်ချက်များ

(က) ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account)

(ခ) စာရင်းရှင်အပ်ငွေစာရင်း (Current Account)

(ဂ) ငွေစုဘဏ်အပ်ငွေစာရင်း (Saving Deposit Account)

အဓိပ္ပာယ်ဖွင့်ဆိုချက်များ

ဤစည်းကမ်းသတ်မှတ်ချက်များသည် သင်၏ရိုးမဘဏ် အပ်ငွေစာရင်းများ နှင့်သက်ဆိုင်မည်ဖြစ်ပြီး သင်နှင့် ရိုးမဘဏ်အကြားရှိ သဘောတူညီချက်တစ်ရပ် ဖြစ်ပါသည်။

ဘဏ်စာရင်းဖွင့်ခြင်းဖြင့် ဖော်ပြပါ ယင်းစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမည်ဟု သဘောတူခြင်း ပင်ဖြစ်သည်။

”ခေါ်ယူအပ်ငွေစာရင်း” ဟူသည် Call Deposit Account စာရင်းကိုဆိုလိုသည်။

” စာရင်းရှင်အပ်ငွေစာရင်း ” ဟူသည် Current Account စာရင်းကိုဆိုလိုသည်။

” ငွေစုဘဏ်အပ်ငွေစာရင်း ” ဟူသည် Saving Deposit Account စာရင်းကိုဆိုလိုသည်။

“သဘောတူညီချက်“ ဟူသည် သင်နှင့် ရိုးမဘဏ်အကြားရှိ ယင်းစည်းကမ်းသတ်မှတ်ချက်များ ကိုဆိုလိုသည်။

“ကုန်ပစ္စည်း၏အသေးစိတ်ဖော်ပြချက်များ“ ဟူသည် ဘဏ်စာရင်း၏ သီးသန့်အင်္ဂါရပ်များ သို့မဟုတ် စည်းမျဉ်းများကို ဆိုလိုသည်။

“Customer” ဟူသည် ရိုးမဘဏ်စာရင်းကိုကိုင်ဆောင်ထားသူကို ရည်ညွှန်းသည်။

“ကျွန်ပ်တို့သည်/ကျွန်ပ်တို့ကို/ကျွန်ပ်တို့၏/ရိုးမ/ဘဏ်” ဟူသည် ရိုးမဘဏ်ကို ရည်ညွှန်းသည်။

 

ငွေစုဘဏ်အပ်ငွေစာရင်း (Saving Deposit Account) နှင့် ၎င်း၏ ဝိသေသများ။

 

ငွေစုဘဏ်အပ်ငွေစာရင်း တွင် အောက်ပါ ဝိသေသများ ပါဝင်ပါသည်။

(က) တောင်းဆိုလျှင် ချက်ချင်းပေးရမည့် အပ်ငွေဖြစ်ခြင်း၊

(ခ) တစ်နှစ်လျှင် အတိုးနှုန်း ၅.% ဖြင့် လစဉ် အတိုး တွက်ပေးခြင်း၊

(ဂ) သုံးလတစ်ခါအတိုး ထည့်ပေးခြင်း၊

(ဃ) လတစ်လ၏ ၁ရက်နေ့မှ ၅ ရက်နေ့အတွင်း ငွေသွင်းနိုင်ခြင်း၊

(င) အတိုးကို လတစ်လ၏ ၅ရက်နေ့မှ လကုန်ရက်အထိ သင့်အကောင့်ထဲရှိ အနည်းဆုံးစာရင်းလက်ကျန်ငွေပေါ် မူတည်၍ တွက်ချက်ပေးခြင်း

(စ) Customer ၏ သက်ဆိုင်သောအကြောင်းအရာနှင့်ပတ်သက်၍ အထူးလျှို့ဝှက်ထားရန် တာဝန်ယူ ထားခြင်း၊

(ဆ) မလိုလားအပ်သော Customer တစ်ဦးကိုဘဏ်အနေနှင့် အဆက်ဖြတ်မည်ဆိုပါက၊ သင့်တင့် လျောက်ပတ်သော အကြောင်းကြားချက်ကို ပေးပါမည်ဟုတာဝန်ယူထားခြင်း။

 

ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) နှင့် ၎င်း၏ ဝိသေသများ။

 

(က) Customers တောင်းဆိုလျှင် ချက်ချင်းပေးရမည့် အပ်ငွေဖြစ်ခြင်း၊

(ခ) တစ်နှစ်လျှင် အတိုးနှုန်း ၅% ဖြင့် နေ့စဉ် အတိုး တွက်ပေးခြင်း၊

(ဂ) တစ်လတစ်ခါအတိုး ထည့်ပေးခြင်း၊

(ဃ) အတိုးကို သင့်အကောင့်ထဲရှိ နေ့စဉ်စာရင်းလက်ကျန်ငွေပေါ် မူတည်၍ တွက်ချက်ပေးခြင်း၊

(င) လုပ်ငန်းလုပ်ကိုင်ရာတွင် အသွင်း၊ အထုတ် လုပ်သော စာရင်းဖြစ်ခြင်း၊

(စ) ချက်လက်မှတ် (Cheque) အသုံးပြုနိုင်ခြင်း၊

(ဆ) စာရင်းပိုထုတ်ချေးငွေ (Overdraft) ထုတ်ချေးခွင့်ရရှိခြင်း (CRD ဌာနမှ ခွင့်ပြုချက် လိုအပ်ပါသည်။)

(ဇ) ငွေတောင်းခံခြင်း (သို့မဟုတ်) ငွေပေးချေခြင်းများအတွက် Standing Instruction နှင့် Standing order များ ပြုလုပ်နိုင်ခြင်း။

(ဈ) ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ဒေသများတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှတစ်ဆင့် အခြားဘဏ်များနှင့် စာရင်းရှင်းလင်းဆောင်ရွက်ခြင်းများ (Clearing) ပြုလုပ်နိုင်ခြင်း။ ဘဏ်တွင် ပုဂ္ဂိုလ်တစ်ဦးအား စာရင်းဖွင့်ခွင့်ပြုခြင်းသည် ဘဏ်အနေဖြင့် ၎င်းအား Customer ဟု သတ်မှတ်ပြီးလျှင်အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပေးပါမည်။

 

(၂) ငွေစုဘဏ်အပ်ငွေ (Saving Deposit)၊ ခေါ်ယူအပ်ငွေ (Call Deposit) ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ။

အဆိုပါ စည်းကမ်သတ်မှတ်ချက်များသည် ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစုဘဏ်အပ်ငွေ သက်ဆိုင်သည့် စည်းကမ်းသတ်မှတ်ချက်များဖြစ်သည်။ www.yomabank.com တွင်ဖော်ပြထားသည့် ရိုးမဘဏ်၏ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များနှင့်ပူးတွဲ၍ ဖတ်ရှုပါ။

ငွေစုဘဏ်အပ်ငွေ (Saving Deposit)၊ ခေါ်ယူအပ်ငွေ (Call Deposit) စာရင်းဖွင့်သည့်ပုံစံသည် ဘဏ်နှင့်စာရင်းပိုင်ရှင်တို့၏ သဘောတူညီချက်ပါရှိသော ကတိစာချုပ်တစ်ခု ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စာရင်းဖွင့်မည့်ပုဂ္ဂိုလ်၊ လုပ်ငန်းရှင်များသည် ပုံစံဖြည့်ခြင်း၊ ငွေသွင်း/ငွေထုတ်ကိစ္စ အတွက် လက်မှတ်နမူနာပေးခြင်း၊ စာရင်း၏ ငွေသွင်း/ငွေထုတ်ခြင်းအတွက် အစည်းအဝေးဆုံးဖြတ်ချက်ပေးခြင်း၊ ကနဦးအပ်ငွေ ထည့်သွင်းခြင်းတို့အတွက် ဘဏ်သို့ကိုယ်တိုင် လာရောက်ရပါမည်။

ဘဏ်စာရင်းမဖွင့်ခင် ဘဏ်အနေဖြင့် သင်၏အထောက်အထား၊ အိမ်လိပ်စာအပြင် ဘဏ်စာရင်း ကိုင်ဆောင်ထားသူတစ်ဦးအဖြစ် သင့်အနေနှင့်ကိုက်ညီသင့်လျော်မှုတို့ကို မှန်ကန်ကြောင်း အတည်ပြုရမည်ဖြစ်သည်။ ဘဏ်အနေဖြင့် ဘဏ်စာရင်းဖွင့်ခြင်းကို ငြင်းပယ်နိုင် သည့်အခွင့်အရေး သို့မဟုတ် အပ်နှံငွေ လက်ခံခြင်းကို ငြင်းပယ်နိုင်သည့်အခွင့်အရေးရှိသည်။

စာရင်းဖွင့်လိုသည့်customerများအနေဖြင့် ရိုးမဘဏ်၏ Smart account ရှိထားရပါမည်။

 

(.) ဖွင့်လှစ်ပေးနိုင်သည့် ငွေစုဘဏ်အပ်ငွေ (Saving Deposit)/ခေါ်ယူအပ်ငွေ (Call Deposit) များ။

 

(..)လူပုဂ္ဂိုလ်စာရင်း (Personal Account)

 

(က) ပုဂ္ဂိုလ်တစ်ဦးချင်းစာရင်း (Individual Account)

(ခ) ရိုးမဘဏ်ဝန်ထမ်းစာရင်း (Yoma Bank Staff)

(ဂ) နိုင်ငံခြားသားစာရင်း (Foreigner Account)

(ဃ) ပူးတွဲစာရင်း (Joint Account)

 

အထက်ပါ (၂.၁.၁) ပါလူပုဂ္ဂိုလ် (Personal) အတွက် ငွေစုဘဏ်အပ်ငွေ ( Saving Deposit )

/ခေါ်ယူအပ်ငွေ ( Call Deposit ) ဖွင့်လှစ်ပါက စာရင်းဖွင့်မည့်သူ(Customer)၏ လိုအပ်ချက်များ

 

(က) အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(ခ) နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့) ဧည့်နိုင်ငံသားစိစစ်ရေးကဒ်ပြား(သို့) Passport တစ်ခုခု

ကိုတင်ပြရမည်။

(ဂ) ရူးသွပ်သူ၊ အရက်အလွန်အကျွံသောက်သူ၊ ဒေဝါလီခံထားရသူများ မဖြစ်စေရ။

(ဃ) ဘဏ်စာရင်းဖွင့်ပုံစံတွင် ပါဝင်သည့်အချက်များကို သဘောတူကြောင်း လက်မှတ် ရေးထိုးပြီး၊ မိမိအမြဲတမ်း ငွေသွင်း/ငွေထုတ် ပြုလုပ်မည့် လက်မှတ်နမူနာများအား ရေးထိုး‌‌‌ပေးခဲ့ရပါမည်။

(င) အသုံးပြုရမည့် စာရင်းဖွင့်လျှောက်လွှာ/ ကိုယ်ရေးအချက်အလက်ပုံစံများမှာ ငွေစုဘဏ်အပ်ငွေ ဖွင့်ရန်လျှောက်လွှာ/ ခေါ်ယူအပ်ငွေစာရင်း ဖွင့်ရန်လျှောက်လွှာ (လူပုဂ္ဂိုလ်အတွက်) အသုံးပြုရန် ဖြစ်ပါသည်။

(စ) Customer Information Form မှ Customer ၏ ကိုယ်ရေးအချက်အလက်ပုံစံ (လူပုဂ္ဂိုလ်အတွက်) တို့တွင်ပါရှိသော အချက်အလက်များ နှင့် Document Check List ပါ အထောက်အထား များအားလုံးကိုပြည့်စုံ မှန်ကန်စွာမေးအပ်ရပါမည်။

 

(..) အရွယ်မရောက်သေးသူ သက်ငယ်စာရင်း (Minor Account) စာရင်းဖွင့်လှစ်ခြင်း။

 

(က) အရွယ်မရောက်သေးသူ သက်ငယ်စာရင်း (Minor Account) အား အရွယ်မရောက်သေးသူ

သက်ငယ်၏ အမည်ဖြင့် စာရင်းရှင်စာရင်း ဖွင့်ခွင့်မရှိပါ။ ငွေစုဘဏ် စာရင်းဖွင့်ပေးနိုင်ပါသည်။

၎င်း၏သဘာဝအုပ်ထိန်း သူများဖြစ်ကြသော ဖခင်(သို့မဟုတ်) မိခင် တစ်ဦးဦးက လက်မှတ်

ရေးထိုးရပါမည်။ ၎င်းအပြင်အခွင့်အာဏာရ တရားရုံးတော် တစ်ခုခုမှ ခန့်အပ်ထားသော

အုပ်ထိန်းသူရှိပါက ထိုသူကလက်မှတ်ရေးထိုးရပါမည်။

(ခ) သက်ငယ်အရွယ် ၁၈ နှစ်ပြည့်ပြီးပါက ယင်း၏လက်မှတ်ရေးထိုးခွင့်ကိုစီစဉ်ပေးရမည်။

(ဂ) သက်ငယ်အရွယ် ၁၈ နှစ် မပြည့်ခင် အုပ်ထိန်းသူက စာရင်းတွင်သွင်း/ထုတ်လုပ်ခွင့်ရှိသည်။

(ဃ) သက်ငယ်၏ပစ္စည်း (ငွေစာရင်း) ကိုသက်ငယ်၏အကျိုးအတွက်သာ ထုတ်ယူသုံးစွဲခွင့်

ရှိမည်ဖြစ်သောကြောင့် ငွေထုတ်ယူသောအခါ (သက်ငယ်၏စားသောက်နေထိုင်စရိတ်၊

ကျောင်းစရိတ်အတွက်) ထုတ်ယူကြောင်း ငွေထုတ်လွှာတွင်ဖော်ပြစေခြင်းဖြင့် ဥပဒေ

အကာအကွယ် ရယူနိုင် ပါသည်။

(င) သက်ငယ်စာရင်းဖွင့်ရန်အတွက် သက်ငယ်၏မွေးစာရင်းမိတ္တူကို သိမ်းဆည်းထားရပါမည်။

မွေးစာရင်းမရှိလျှင် မွေးသက္ကရာဇ်ကို ရေးမှတ်ထားရပါမည်။

 

(၂.၁.၃) ကုမ္မဏီ / လုပ်ငန်းစာရင်း (Enterprise Account) ။

 

(က) Sole Proprietor

(ခ) Partnership

(ဂ) Joint Venture

(ဃ) Foreign Company Branches & Offices

(င) Public Company Limited

(စ) Private Company Limited

(ဆ) Associations & Societies including NGO

(ဇ) Cooperative Societies

 

အထက်အပိုဒ် (၂.၁.၃) (က) မှ (ည) အထိ ကုမ္မဏီ/လုပ်ငန်း ( Enterprise )အတွက် ငွေစုဘဏ်အပ်ငွေ (Saving Deposit )/ခေါ်ယူအပ်ငွေ ( Call Deposit ) ဖွင့်လှစ်ပါက စာရင်းဖွင့်မည့်သူ (Customer)၏ လိုအပ်ချက်များ

 

(က) အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(ခ) နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့) ဧည့်နိုင်ငံသားစိစစ်ရေးကဒ်ပြား(သို့) Passport တစ်ခု ခု

ကိုတင်ပြရမည်။

(ဂ) ရူးသွပ်သူ၊ အရက်အလွန်အကျွံသောက်သူ၊ ဒေဝါလီခံထားရသူများ မဖြစ်စေရ။

(ဃ) ဘဏ်စာရင်းဖွင့်ပုံစံတွင် ပါဝင်သည့်အချက်များကို သဘောတူကြောင်း လက်မှတ် ရေးထိုးပြီး၊

မိမိအမြဲတမ်း ငွေသွင်း/ငွေထုတ် ပြုလုပ်မည့် လက်မှတ်နမူနာများအား ရေးထိုး‌ပေးခဲ့ရပါမည်။

 

အသုံးပြုရမည့် စာရင်းဖွင့်လျှောက်လွှာ / ကိုယ်ရေးအချက် အလက်ပုံစံများ။

(င) Application Form

ငွေစုဘဏ်အပ်ငွေ (Saving Deposit)/ခေါ်ယူအပ်ငွေ (Call Deposit)/ စာရင်းသေအပ်ငွေ

(Fixed Deposit) စာရင်းဖွင့်ရန်လျှောက်လွှာ (ကုမ္မဏီ/လုပ်ငန်း) အတွက် အသုံးပြု

ရန်ဖြစ်ပါသည်။

(စ) Customer ၏ ကိုယ်ရေးအချက်အလက်ပုံစံ (Customer Information Form - For

Enterprise) တွင် ပါရှိသော အချက်အလက်များနှင့် Document Check List ပါ

အထောက်အထားများ အားလုံး ကိုပြည့်စုံမှန်ကန်စွာ ပေးအပ်ရပါမည်။

 

 

(၂) စာရင်းရှင်အပ်ငွေစာရင်း (Current Account) နှင့် ၎င်း၏ ဝိသေသများ။

စာရင်းရှင်အပ်ငွေ စာရင်းတွင် အောက်ပါ ဝိသေသများ ပါဝင်ပါသည်။

(က) တောင်းဆိုလျှင် ချက်ချင်းပေးရမည့် အပ်ငွေဖြစ်ခြင်း၊

(ခ) အတိုးမပေးခြင်း၊

(ဂ) လုပ်ငန်းလုပ်ကိုင်ရာတွင် အသွင်း၊အထုတ်လုပ်သော ပင်မစာရင်းဖြစ်ခြင်း၊

(ဃ) ချက်လက်မှတ် (Cheque) အသုံးပြုနိုင်ခြင်း၊

(င) စာရင်းပိုထုတ်ချေးငွေ (Overdraft) ထုတ်ချေးခွင့်ရရှိခြင်း (CRD ဌာနမှခွင့်ပြုချက်

လိုအပ်ပါသည်။)

(စ) ငွေတောင်းခံခြင်း သိမု ဟုတ် ငွေပေးချေခြင်းများအတွက် Standing Instruction နှင့် Standing

order များ ပြုလုပ်နိုင်ခြင်း။

(ဆ) ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ဒေသများတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်ဆင့်

အခြားဘဏ် များနှင့် စာရင်းရှင်းလင်းဆောင်ရွက်ခြင်းများ (Clearing) ပြုလုပ် နိုင်ခြင်း။

ဘဏ်တွင်ပုဂ္ဂိုလ်တစ်ဦးအား စာရင်းဖွင့်ခွင့်ပြုခြင်းသည် ဘဏ်အနေဖြင့် ၎င်းအား Customer ဟု

ခေါ်ဝေါ်သမှု ကိုပြုပြီးလျှင်အောက်ပါ လုပ်ငန်းများကိုဆောင်ရွက်ပေးပါမည်ဟု စာချုပ်

ချုပ်ဆိုထားခြင်း ဖြစ်ပါသည်။

 

ဝန်ဆောင်ခနှင့် နှုန်းထားများ

Saving account သည် စာရင်းထိန်းသိမ်းခ ပေးဆောင်ရန် မလိုအပ်ပါ။

Call account ဘဏ်စာရင်းများသည် စာရင်းထိန်းသိမ်းခ တစ်လလျှင် ၁၀၀၀ ကျပ် အကောင့်စဖွင့်သည့်နေ့မှစတင်၍ ကောက်ခံမည်ဖြစ်သည်။

လက်ကျန်ငွေမှာ ၁၀၀၀ကျပ်ငွေထက်နည်းမှသာလျှင် ကောက်ခံမှုကိုရပ်နားမည်ဖြစ်သည်။

ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ငွေသွင်း/ငွေထုတ်/ငွေပေးချေခြင်း/ငွေလွှဲခြင်း ဆောင်ရွက်ထားခြင်း မရှိသော ဘဏ်စာရင်းများအား (Inactive Account) များအဖြစ် သတ်မှတ်မည် ဖြစ်သည်။ အဆိုပါ အပ်ငွေစာရင်းများအား ဝန်ဆောင်ခအနေဖြင့် (၁,၅၀၀) ကျပ် လစဉ်ကောက်ခံသွားမည်ဖြစ်သည်။

 

ဘဏ်စာရင်း ရှင်းတမ်းများ

ငွေကြေးလုပ်ဆောင်ချက်များ (Financial Functions) နှင့်ပတ်သပ်သော ဘဏ်စာရင်းရှင်းတမ်းများကို ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (Digital Banking Services) မှ တဆင့် အသေးစိတ် လေ့လာကြည့်ရှု နိုင်ပါသည်။

ရှင်းတမ်းများကို လက်ခံရရှိသည်နှင့် တိကျမှုကို စစ်ဆေးသင့်ပါသည်။ မည်သည့် ချို့ယွင်းချက်မဆိုကို ရိုးမဘဏ်သို့ ရက်ပေါင်း (၃၀) အတွင်း အကြောင်းကြားရမည်ဖြစ်သည် ယူဆမည်ဖြစ်သည်။

ရှင်းတမ်းတွင်ပေါ်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အငြင်း ပွားမှုဖြစ်ပွားပါက၊ ကျွန်ပ်တို့၏ မှတ်တမ်းများသည် အထောက်အထားဆိုင်ရ ိ အတည်ဖြစ်မည်ဖြစ်သည်။

Customer အချက်အလက်များအား လျှို့ဝှက်ထားရှိမှု

သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်တို့ကို လျှို့ဝှက်အဖြစ် မှတ်ယူမည်ဖြစ်ပြီး၊ အောက်ပါအခြေအနေများမှလွဲ၍ ဖွင့်ဟထုတ်ဖော်မည်မဟုတ်ပါ။

ဥပဒေရေးရာအကြောင်းပြချက်များဖြင့် ယင်းသို့ပြုလုပ်ရန် မဖြစ်မနေလိုအပ်သောအခါ။

အများပြည်သူအကျိုးစီးပွားအတွက်ဖွင့်ဟထုတ်ဖော်ရန် လိုအပ်သောအခါတွင်။

ကျွန်ပ်တို့၏အကျိုးအမြတ်အတွက် ဖွင့်ဟထုတ်ဖော်ရန်လိုအပ်သည့်အခါတွင်။

သင့်အနေဖြင့် သဘောတူညီချက်ပေးသည့်အခါတွင်။

ဘဏ်နှင့်အဆက်သွယ်ပြုလုပ်ခြင်း

မည်သည့်ဆက်သွယ်မှုကိုမဆို (စာများ၊ ရှင်းတမ်းများ၊ စသည်တို့ကို)့ သင့်အိမ်လိပ်စာသို့ ပို့ပေးမည်ဖြစ်သည်။

သမာရိုးကျဥပဒေရေးရာသတိပေးစာများနှင့် ဆင့်ခေါ်စာများကို နောက်ဆုံးသိထားသည့် သင့်နေရပ်လိပ်စာသို့ ပေးပို့မည်ဖြစ်သည်။

သင့်အား ဆက်သွယ်ရမည့်အသေးစိတ်အချက်အလက်တို့ပြောင်းလဲမှုကိုရိုးမဘဏ် ဘဏ်ခွဲများ၌ သို့မဟုတ် Yoma Bank Call Center မှတစ်ဆင့်အား အကြောင်းရန်လိုအပ်သည်/ထို ပြောင်းလဲမှုကို မှတ်ပုံတင်ရန်အချိန်ကာလ (၇) ရက်အထိ ကြာမြင့်နိုင်ပါသည်။

စာတိုက်မှတစ်ဆင့် သင့်ထံသို့ ကျွန်ပ်တို့ပေးပို့သည့် မည်သည့်စာကိုမဆို စာတိုက်မှ ပေးပို့သည့် (၁၄) ရက်အတွင်း သင့်အနေဖြင့်ရရှိပြီးဖြစ်သည်ဟု ဘဏ်မှ သတ်မှတ်မည်။

ဘဏ်မှ စည်းကမ်းသတ်မှတ်ချက်များကို ပြုပြင်ခြင်း

ကျွန်ပ်တို့အနေဖြင့် ကျွန်ပ်တို့၏လုပ်ပိုင်ခွင့်ဖြင့် မည်သည့်စည်းကမ်းသတ်မှတ်ချက်မဆို နှင့်/သို့မဟုတ် ဘဏ်စာရင်း၏ အသေးစိတ်အချက်အလက်များ၊ အင်္ဂါရပ်များ သို့မဟုတ် အခြားသောရှုထောင့်အမြင် အကြောင်းအရာတို့ ကို ပြုပြင် ပြောင်းလဲနိုင်ပါသည်။ ထိုပြုပြင်းပြောင်းလဲမှုတို့ရိုးမဘဏ်၏ ဘဏ်ခွဲများ ၊ website တို့တွင် ကြည့်ရူနိုင်ရန် ဖော်ပြထားမည် ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ညွှန်ကြားချက်တစ်ရပ်၏ရလဒ်တစ်ခုအပါအဝင် မည် သည့် အကြောင်းပြချက်အတွက်မဆို ကျွန်ပ်တို့အနေဖြင့် ဤ ဘဏ်စာရင်းကို သို့မဟုတ် ဤဘဏ်စာရင်း နှင့်စပ်လျဉ်းသည့် အခြားသောအင်္ဂါရုပ်များ သို့မဟုတ် ဘဏ်စာရင်း ဆိုင်ရာ လိုအပ်သည့် မည်သည့်ပြောင်းလဲမှုမဆိုနှင့်/သို့မဟုတ် အင်္ဂါရုပ်များကို ကမ်း လှမ်းခြင်းအား မည်သည့် အချိန်၌မဆို ရပ်ဆိုင်း (သို့မဟုတ်) ဖျက်သိမ်းနိုင်သည်။ သင့်အနေဖြင့် ကျွန်ပ်တို့ဘက် မှဘဏ်စာရင်းအား ရပ်ဆိုင်းမှု၊ ရုပ်သိမ်းမှု သို့မဟုတ် ဆက်မသွားမှုတို့နှင့် စပ်လျဉ်း၍ တရားစွဲဆိုခွင့်ရှိမည်မဟုတ်ပါ။

 

ဘဏ်၏ စီရင်ပိုင်ခွင့်

ဤသဘောတူညီချက်နှင့်စပ်လျဉ်း၍ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများ နှင့် မည်သည့်ဖြစ်ရပ်အတွက်ကိုမဆို တရားစီရင်ရာတွင် ိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တရားရုံးတွင် တရားစွဲဆိုနိုင်သည်ဟု သင့်အနေဖြင့် သဘောတူပါသည်။

ကျွန်ပ်တို့အားပေးရန်ရှိသည့် မည်သည့် ပမာဏကိုမဆို ပြန်လည် တောင်းခံရာတွင် ဥပဒေရေးရာကုန်ကျစရိတ်များအပါအဝင် ဘဏ်၏ ကုန်ကျ စရိတ်အားလုံးကို ပေးရန် သင့်အနေဖြင့် သဘောတူညီပါသည်။

 

အခြား‌သော အကြောင်းအရာများ

ဤလျှောက်ထားမှုကို ဆောင်ရွက်ရာတွင် ဘဏ်အနေဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မဆို မှတ်တမ်း ယူထားသည့် သင်၏ မည်သည့်သတင်းအချက်အလက်ကိုမဆို ရယူနိုင်ကြောင်း သင့်အနေဖြင့် အသိအမှတ်ပြုပါသည်။

ဘဏ်နှင့်သင်၏ဆက်ဆံရေးအခြေအနေနှင့် ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်းသည့် မည်သည့်သတင်း အချက်အလက်မဆိုကို ဘဏ်၏အခြားမည်သည့်ဌာနမဆိုအပြင်၊ ချေးငွေသတင်းပေးပို့ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်း(Credit Bureau) သို့မဟုတ် အလားသဏ္ဍာန်တူအေဂျင်စီတို့မှ အသုံးပြုနိုင်ကြောင်းနှင့် ယင်းတို့ကို ဖွင့်ဟနိုင်ကြောင်း သင့်အနေဖြင့် အတည်ပြုပါသည်။

သင်သည် စီမံခန့်ခွဲရေးအမိန့် (administrative order) အောက်တွင်ရှိပါက၊ သင်၏ ပစ္စည်းတို့ကို သိမ်းယူထားပါက၊ သို့မဟုတ် အခြားသော မည်သည့်ပုံစံနှင့်မဆို ဥပဒေ ရေးရာအရ ချို့ယွင်းနေမှု ရှိပါက ဘဏ်အား ချက်ချင်းအကြောင်းကြားရမည်။

ဤစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများဖြင့် လွှမ်းမိုးထားပါသည်။

အသုံးမပြုသည့်စာရင်းများ (ခေါ်) Dormant Accounts

Dormancy Period ဆိုသည်မှာ

Customer မှ ၎င်း၏ ဘဏ် Account နှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ်ပြုလုပ်ခြင်း) မရှိခြင်း နှင့် လက်ကျန်ငွေထားရှိမှု မရှိသော ကာလအပိုင်းအခြား ကိုဆိုလိုသည်။ ရိုးမဘဏ်တွင် ထိုသို့ အသုံးမပြု ဖြစ်သော ကာလ- ၆ လဆက်တိုက်ကို Dormancy Period ဟုသတ်မှတ်သည်။

Dormant Account ဆိုသည်မှာ

Customer တစ်ဦးထဲမှဖွင့်လှစ်ထားသော တစ်ခု (သို့) တစ်ခုထက်ပိုသော ဘဏ် Account များသည် အလိုအလျောက်အတိုးရယူခြင်း၊ ဥပဒေအရ တရားဝင် ငွေထုတ်ခွင့်ပိတ်ပင်ထားခြင်းများမှအပ ၆ လဆက်တိုက် လက်ကျန်ငွေထားရှိမှု မရှိပါက Dormancy Account ဟုသတ်မှတ်သည်။

ရိုးမဘဏ်၏ Dormancy Policy နှင့် Dormant accounts များကို ရပ်ဆိုင်းပိတ်သိမ်းခြင်း

ရိုးမဘဏ် အနေဖြင့် အခါအားလျော်စွာ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ်ပြုလုပ်ခြင်း) နှင့် လက်ကျန်ငွေထားရှိမှု မရှိသော Customer များ၏ ဘဏ် account များကို dormant အဖြစ်သတ်မှတ်သည်။ ထိုသို့ မသတ်မှတ်မီ ၃ ပတ်ခန့်အလိုတွင် account ပိုင်ရှင်များကို account ရပ်ဆိုင်းပိတ်သိမ်းမည့်နေ့နှင့်တကွ ကြိုတင်အသိပေးအကြောင်းကြားသွားမည်။ Account ပိုင်ရှင် customers များအနေဖြင့် ပိတ်သိမ်းရန် သတ်မှတ်ထားသောရက်အထိ အပ်ငွေထားရှိခြင်းမရှိပါက ထို account ကိုအလိုအလျောက် ပိတ်သိမ်း သွားမည်ဖြစ်သည်။ ထိုသို့ ပိတ်သိမ်းလိုက်သော account များကို Company's archive အဖြစ် အနည်းဆုံး ၃ နှစ် ထိန်းသိမ်းထားမည်ဖြစ်သည်။

 

Dormant Account များ ပြန်လည်အသက်သွင်းခြင်း

ရိုးမဘဏ်၏ account အသစ်ဖွင့်လှစ်ခြင်းနှင့် ရိုးမဘဏ်၏ငွေကြေးခဝါချခြင်းဆိုင်ရာ လိုက်နာ ကျင့်သုံးမှုများ နှင့်ကိုက်ညီမှုရှိက Dormant account များကို ပြန်လည်အသက်သွင်းနိုင်သည်။ ပြန်လည် အသက်သွင်းရန် အတွက် ရိုးမဘဏ်အနေခြင့် လိုအပ်သော KYCစစ်ဆေးခြင်းများပြုလုပ်သွားမည်ဖြစ်ပြီး customers များအနေဖြင့် အပ်ငွေပမာဏတစ်ခု (မည်သည့်ပမာဏမဆို) ထည့်သွင်းရမည်ဖြစ်သည်။

ရိုးမဘဏ်အိမ်ရာချေးငွေဖြင့် မြေနှင့်အဆောက်အဦ/ကွန်ဒို/မီနီကွန်ဒို/တိုက်ခန်း ၀ယ်ယူရာတွင် ငွေချေးယူသူများ လိုက်နာရမည့် ရိုးမဘဏ်၏ ငွေကြေးထုတ်ချေးခြင်းဆိုင်ရာစည်းကမ်းချက်များ

၂၀၁----ခုနှစ်၊ လ၊ ( )ရက်

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----/---------------(နိုင်)------------- ကိုင်ဆောင်သူ ဦး / ဒေါ် --------------------- နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် --------/---------------- (နိုင်) -------------- ကိုင်ဆောင်သူ ဦး / ဒေါ် --------------(ငွေချေးယူသူများ) သည်အောက်ဖော်ပြပါမြေနှင့် အဆောက်အဦ/ ကွန်ဒို/ မီနီကွန်ဒို/ တိုက်ခန်းဝယ်ယူရန်အတွက် အိမ်ရာချေးငွေ ကျပ် -----------------/- (ကျပ်တိတိ) ကို ရိုးမဘဏ်မှချေးယူ၍ အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့ ပါသည်။ ထိုသို့အိမ်ရာချေးငွေ ချေးယူရာတွင် အောက်ပါငွေကြေးထုတ်ချေး ခြင်း ဆိုင်ရာစည်းကမ်းချက်များအတိုင်း ငွေချေးယူသူ(များ)မှ လိုက်နာဆောင်ရွက်ရန်၀န်ခံကတိ ပြုပါသည်။

အထက်ဖော်ပြပါငွေချေးယူသူ(များ) ဟုဆိုရာတွင် ၄င်းတို့သာမက ၄င်းတို့၏ အမွေစား၊ အမွေခံများ ၊ တရား၀င်ကိုယ်စားလှယ်များ၊ ပစ္စည်းထိန်းများ၊ အမွေထိန်းများ၊ တနည်းနည်းဖြင့်လွှဲပြောင်းဆက်ခံသူများ အစရှိသူတို့ပါဝင်ရမည်ဟုမှတ်ယူရပေသည်။

(၁) အာမခံ(များ)

မြေနှင့်အဆောက်အဦ

----------------တိုင်းဒေသကြီး၊ ------------မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ( )၊ မြေကွက်အမှတ် ( )၊ ဧရိယာ ( )/ဧက/ ( )စတုရန်းပေ ရှိ နှစ် ( ) မြေငှားဂရန်မြေ/ ဘိုးဘပိုင်မြေနှင့် ယင်းမြေပေါ်ရှိ RC/BN ( )ထပ် အဆောက်အဦ၏ တပ်ဆင်ပြီးပစ္စည်းအစိတ်အပိုင်းများအားလုံးနှင့် အကျိုးခံစားခွင့်အားလုံး (ဦး/ ဒေါ် ----------- အမည်ပေါက်) အရပ်လိပ်စာ --------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------ပါဝင်သည်။

တိုက်ခန်း/ ကွန်ဒို/ မီနီကွန်ဒို

----------------တိုင်းဒေသကြီး၊ ------------မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ( )၊ မြေကွက်အမှတ် ( )၊ ဧရိယာ ( )/ဧက/ ( )စတုရန်းပေ ရှိ နှစ် ( ) မြေငှားဂရန်မြေ/ ဘိုးဘပိုင်မြေ (ဦး/ ဒေါ် ----------- အမည်ပေါက်) အရပ်လိပ်စာ ---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------RC ( )ထပ်တိုက်၏ စတုရန်းပေ ၁၂၀၀ ကျယ်ဝန်းသော ပထမထပ် ခေါင်းရင်းတိုက်ခန်းတစ်ခန်း။ ငွေချေးယူသူ (များ) သည် အထက်ပါအာမခံပစ္စည်းအား ရိုးမဘဏ်ချေးငွေဖြင့် လက်ရောက်ဝယ်ယူရရှိခဲ့သော ပစ္စည်းဖြစ်သည်။ အဆိုပါအာမခံ၏ အကျိုးခံစားခွင့်အရပ်ရပ်နှင့် အောက်ပါပိုင်ဆိုင်မှု စာချုပ်စာတမ်းမူရင်းများအား ဘဏ်သို့မပျက်မကွက်လက်ရောက်ပေးအပ်ပါမည်။

(၂) ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ

ငွေချေးယူသူ (များ)သည် ပိုင်ဆိုင်မှုအမည်ပေါက်ပြောင်းလဲခြင်းကို ၄င်းအမည်ပေါက်ရရှိသည်အထိ ဘဏ်နှင့်အတူအမြန်ဆုံး ပူးပေါင်းဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး အမည်ပေါက်ပိုင်ဆိုင်မှု စာရွက်စာတမ်း များနှင့် မြို့တော်စည်ပင်မှထုတ်ပေးသော လူနေထိုင်ခွင့်ပါမစ်(BCC)ကို ဘဏ်သို့အာမခံပစ္စည်းအဖြစ် မပျက် မကွက်လက်ရောက်ပေးအပ်ပါမည်။ ထိုသို့တရားဝင်ပိုင်ဆိုင်မှုရရှိပြီးသောအခါတွင် ပြန်လည်ရုတ်သိမ်းခွင့် မရှိသော အထူးကိုယ်စားလှယ်လွှဲစာ (သို့မဟုတ်) အထွေထွေကိုယ်စားလှယ်လွှဲစာကို ရိုးမဘဏ်မှာချေးငွေရယူစဥ်ကာလ အတွင်း မပျက်မကွက်ပေးအပ်ပါမည်။

(၃) ချေးငွေပမာဏ

မြန်မာငွေကျပ် ----------/ (ကျပ် တိတိ) ဖြစ်ပါသည်။

(၄) ချေးငွေသက်တမ်း

စတင်ထုတ်ချေးသည့် ( . . ) နေ့မှစ၍ (၃)နှစ်အထိ။ လစဥ်ပေးဆပ်ရေးမှန်ကန်ပြီး ချမှတ်ထားသောစည်းကမ်းချက်များနှင့် ကိုက်ညီပါက စတင်ထုတ်ချေးသည့် အချိန်မှ သုံးနှစ်ပြည့်မြောက်သည့်အခါတိုင်းတွင် ပူးတွဲပါလစဥ်တူညီသော အရင်းနှင့်အတိုးပေးဆပ်ရေး အစီ အစဥ်အတိုင်းဆက်လက်သက်တမ်းတိုး လျှောက်ထားချေးယူနိုင်ကြောင်းသိရှိနားလည်ပါသည်။ ထိုသို့ သက်တမ်းတိုးသည့်အခါတိုင်း ရိုးမဘဏ်၏ငွေကြေးထုတ်ချေးခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ Promissory Noteနှင့်(L12-Guarantee)ကိုထပ်မံလက်မှတ်ရေးထိုးပေးပါမည်။
စတင်ထုတ်ချေးသည့်အချိန်မှ ချေးငွေအပြေအကြေ ပေးဆပ်ရမည့်ကာလ (ချေးငွေသက်တမ်း) အတွင်း ငွေကြေး ထုတ်ချေးခြင်းဆိုင်ရာစည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲမှုရှိပါက ရိုးမဘဏ်မှ (၇)ရက်ကြိုတင် အကြောင်း ကြားမည်ဖြစ်ပြီး ရိုးမဘဏ်၏ ငွေကြေးထုတ်ချေးခြင်းဆိုင်ရာ စည်းကမ်းချက်များ Promissory Note နှင့် (L12-Guarantee)ကိုလိုအပ်သလိုထပ်မံလက်မှတ်ရေးထိုးပေးပါမည်။

(၅) အတိုးနှုန်း

တစ်နှစ်လျှင် (၁၀%) (ဗဟိုဘဏ်၏ အတိုးနှုန်းထားအရ သို့မဟုတ် ဘဏ်၏ဆုံးဖြတ်ချက်အရ ပြောင်းလဲမှုရှိနိုင် ပါသည်။) ကနဦးပေးချေငွေ ၅၀% မှ စတင်ပေးသူများအတွက် တစ်နှစ်အတိုးနှုန်း ၈% ဖြင့်တွက်ချက်ပေးသွားမည်ဖြစ်သည်။

(၆) ဒဏ်ကြေးနှင့်စရိတ်များ

ပူးတွဲပါ (က) မှ (ယ) အထိ ဖတ်ရှုသိရှိပြီး ထိုစားရိတ်များအတိုင်း ပေးဆောင်ရန်သဘောတူပါသည်။ အခါအားလျော်စွာ ဘဏ်မှ ဒဏ်ကြေးနှင့် စရိတ်ပြောင်းလဲသတ်မှတ်မှုကို နားလည်သဘောတူလက်ခံပါသည်။ အပြောင်းအလဲတစ်စုံတစ်ရာရှိပါက ဘဏ်မှငွေချေးယူသူ(များ) ကို (၇)ရက်ကြိုတင်အသိပေးမည် ဖြစ်ကြောင်း ကို သဘောတူပါသည်။

(၇) လစဥ်အရင်းအတိုး ပြန်လည်ပေးဆပ်ခြင်း စည်းကမ်းချက်များ

  • (က) လစဥ်အရင်းနှင့်အတိုး အရစ်ကျပြန်လည်ပေးဆပ်ငွေကို ပူးတွဲပါပြန်လည်ပေးဆပ်ရေးအစီအစဥ် (Amortization Schedule) တွင် ဖော်ပြထားသည့်အတိုင်း မပျက်မကွက်ပေးဆပ်ပါမည်။ အကယ်၍လစဥ်ပေးဆပ်ရေးနောက်ကျပါက ဒဏ်ကြေးကို ပူးတွဲပါ (ခ)အတိုင်းတွက်ချက်မည်ဖြစ်ကြေင်းကို သိရှိပါသည်။ လစဥ်ပေးဆပ်ရမည့်ချေးငွေအတွက် သက်မှတ်ရက်မတိုင်မှီ စာရင်းရှင်စာရင်း (Current Account) တွင် ငွေအလုံအလောက်လစဥ်ထည့်သွင်းပေးထားပါမည်။ လစဥ်အရစ်ကျငွေပေးဆပ်ရမည့် နေ့သည် ဘဏ်ပိတ်ရက်ကျရောက်ပါက နောက်ဆုံးဘဏ်ဖွင့်ရက်တွင် ကြိုတင်ထည့်သွင်းပေးထားပါမည်။
  • (ခ) ငွေချေးယူသူ(များ) သည် ခွင့်ပြုထားသည့်ချေးငွေပြန်လည်ပေးဆပ်ခြင်း ကာလမပြည့်မှီ အပြေအကြေ ပေးဆပ်လိုပါက ရိုးမဘဏ်မှရရန်ရှိသော ကျသင့်သောစရိတ်၊ လက်ကျန်အရင်းနှင့် အတိုးအလုံးစုံတို့ကို အပြေအကြေပေးဆပ်နိုင်ကြေင်းနှင့် ချေးငွေရယူသည့်နေ့မှစတင်၍ (၃)နှစ်မပြည့်မှီ အပြေအကြေပေးဆပ် လိုပါကပူးတွဲပါ(ဂ)တွင်ဖော်ပြထားသည့်အတိုင်းပေးဆောင်ပါမည်။
  • (ဂ) ဘဏ်သို့ပေးရန်ရှိသည့် လက်ကျန်ငွေအားလုံးကို အပြေအကြေပေးဆပ်ပြီးမှသာလျှင် အာမခံပစ္စည်း၏ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများအား လက်ရောက်ပြန်လည်ပေးအပ်မည်ကို ငွေချေးယူသူ (များ) မှသိရှိလိုက်နာပါမည်။

(၈) ချေးငွေပြန်လည်ပေးဆပ်မှုပျက်ကွက်ခြင်း

(က) စီမံခန့်ခွဲရေးဆိုင်ရာစည်းကမ်းချက်များ
  • (၁) လစဥ်ပေးဆပ်ရမည့်ငွေပမဏကို (၃)လတိတိပေးဆပ်ရန် ပျက်ကွက်နေပြီး ဆက်လက်ပေးဆပ် နိုင်ရန် အလားအလာမရှိတော့ပါက ဘဏ်မှရောင်းချရန်အတွက် အဆိုပါပစ္စည်းအား လူနေမဲ့ (Vacant Possession) အနေအထားဖြင့်အပြီးအပိုင် လက်ရောက်လွှဲပြောင်းပေးအပ်ခြင်း စာချုပ်နှင့်အတူ အထူး ကိုယ်စားလှယ်လွှဲစာ (သို့မဟုတ်) အထွေထွေကိုယ်စားလှယ်လွှဲစာဖြင့် လွှဲပြောင်းပေးအပ်ရပါမည်။
  • (၂) ရိုးမဘဏ်အာမခံပစ္စည်းကို ထုခွဲရောင်းချခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလုပ်ရာတွင် အာမခံပစ္စည်းရောင်းချရငွေသည် ဘဏ်သို့အပြေအကြေပေးဆပ်ရန် တာဝန်ရှိသောချေးငွေကြွေးမည်အောက် လျော့နည်းနေပါက ထပ်ဆောင်းပေးဆပ်ရန်ကို သဘောတူလိုက်နာပါမည်။
(ခ) တရားဥပဒေဆိုင်ရာစည်းကမ်းချက်များ
  • (၁) ငွေချေးယူသူ(များ)သည် ရိုးမဘဏ်မှသတ်မှတ်ထားသော ငွေကြေးထုတ်ချေးခြင်းဆိုင်ရာ စည်းကမ်း တစ်ရပ်ရပ်ကို ဖောက်ပျက်ခြင်း(သို့မဟုတ်)ပျက်ကွက်ခြင်းကြောင့် ရိုးမဘဏ်တွင် ထိခိုက် နစ်နာမှု တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက ရိုးမဘဏ်မှပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေတရားစွဲဆိုမှုကိုခံယူရန်သဘောတူလိုက်နာပါမည်။
  • (၂) ရိုးမဘဏ်ချေးငွေအားပြန်လည်မပေးဆပ်နိုင်သဖြင့် ဥပဒေအကြေင်းအရ အရေးယူသည့်အခါ တရားမစွဲ ဆိုမီနှင့် တရားစွဲဆိုသည့်အချိန်မှစ၍ ကုန်ကျမည့်ရှေ့နေစရိတ်၊ ရုံးခွန်နှင့် အထွေထွေကုန်ကျစရိတ် များအပြင် တရားရုံးကုန်ကျစရိတ်နှင့် ရိုးမဘဏ်မှအမှန်ကုန်ကျစရိတ်များကို ငွေချေးယူသူ(များ)မှ မပျက်မကွက်ပေး ဆောင်ရန်တာဝန်ရှိသည်ကိုနားလည်သဘောတူပါသည်။
  • (၃) တရားရုံးအမိန့်အရ အာမခံပစ္စည်းကို လေလံတင်ရောင်းချရာတွင် ရိုးမဘဏ်သို့ပေးရန်ရှိသော ကြွေးမြီ၊ အတိုး၊ ဒဏ်ကြေးနှင့် ကုန်ကျစရိတ်များပြည့်မှီလုံလောက်မှုမရှိပါက လိုအပ်သောပမာဏကို ထပ်မံဖြည့်စွက်ပေးဆပ်ရန်နှင့် ထိုသို့ဆောင်ရွက်ရန်ပျက်ကွက်ပါက ရိုးမဘဏ်မှဥပဒေအရ ခွင့်ပြုထား သည့်အတိုင်း သက်ဆိုင်ရာရုံးများတွင်ပုဂ္ဂလိက ဒီကရီထပ်မံလျှောက်ထားတောင်းဆိုနိုင်ပြီး တရားရုံး အမိန့်အရလိုအပ်သောပမာဏကို ငွေချေးယူသူ(များ)မှ ထပ်မံဖြည့်စွက်ပေးဆပ်ရမည်ကို သိရှိ နားလည်သဘောတူညီပါသည်။
  • (၄) ဘဏ်သို့ချေးငွေအတွက်အာမခံအဖြစ် တင်သွင်းထားသည့် မြေနှင့်အဆောက်အဦ/ ကွန်ဒို/ မီနီကွန်ဒိုတိုက်ခန်းများသည် အကြောင်းတစုံတစ်ရာကြောင့်ရောင်းချသူမှဖြစ်စေ ငွေချေးယူသူ(များ)မှ ဖြစ်စေ အာမခံပစ္စည်း၏ပိုင်ဆိုင်မှုအငြင်းပွားခြင်း၊ အမွေပစ္စည်းအဖြစ် တရားစွဲဆိုခံရခြင်း ၊ ဝရမ်းကပ်ခံရခြင်း၊ အစိုးရဌာနများမှ ချိတ်ပိတ်ခြင်းစသည့် ပြဿနာအရှုပ်အရှင်းတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင်သော် လည်းကောင်း၊ ချေးငွေရယူသူများမှချေးငွေလျှောက်လွှာတွင် အချက်အလက် များအားမမှန်မကန်ဖြစ်စေ၊ ထိန်ချန်၍ဖြစ်စေ၊ လိမ်လည်ရန်ဖြစ်စေ တင်ပြခဲ့လျှင်သော်လည်းကောင်း၊ ငွေချေးယူသူ(များ)မှ ‌ချေးငွေ ဆိုင်ရာစည်းကမ်းချက်များ ဖောက်ဖျက်သည်ဟုမှတ်ယူပြီး ရိုးမဘဏ်မှချေးငွေသက်တမ်းကို ရပ်ဆိုင်း၍ ချေးငွေအပြေအကြေ ပြန်လည်ပေးဆပ်စေခြင်း၊ အာမခံပစ္စည်းကိုပြန်လည်သိမ်းယူခြင်း၊ တရားဥပဒေနှင့်အညီ တရားစွဲဆိုခြင်းခံရမည်ကိုသိရှိ နားလည် သဘောတူပါသည်။ (ချေးငွေလျှောက်လွှာပါ အချက်အလက်များဆိုသည်မှာ အာမခံနှင်သက်ဆိုင်သည့် အချက်အလက် များ၊ ဘရေးစာရင်းရှင်တမ်းများ၊ ကိုယ်ရေးရာဇဝင်အချက်အလက်များနှင့် ချေးငွေသုံးသပ်ရန် တင်ပြခဲ့သော အချက်အလက်များအပါအဝင် ဘဏ်၏ အကျိုးစီးပွားကို တနည်းနည်းဖြင့် ထိခိုက်နစ်နာ စေနိုင်သည့် အခြားသောမည်သည့်အချက်အလက်များကိုမဆို သက်ရောက်အကျုံးဝင်သည်။)
  • (၅) ငွေချေးယူသူ(များ) နှင့် ရောင်းချသူတို့မှအာမခံအဖြစ် တင်သွင်းပေးအပ်ထားသည့် မြေနှင့်အဆောက်အဦ/ ကွန်ဒို/ မီနီကွန်ဒို/ တိုက်ခန်းများနှင့်ပတ်သက်၍ မသမာမှု၊ လိမ်လည်မှု အရှုပ်အရှင်း များဖြစ်ပေါ်လာပါက (သို့မဟုတ်) မမှန်မကန်တင်ပြရန်ပူးပေါင်းကြံစည်ထားကြောင်း ရိုးမဘဏ်မှသိရှိပါက ထိုမသမာမှု၊ လိမ်လည်မှု ၊ ထိန်ချန်မှုအရှုပ်အရှင်း ၊ ပူးပေါင်းကြံစည်မှုနှင့် ပက်သက်၍ငွေချေးယူသူ(များ)မှ အလုံးစုံတာဝန်ယူမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။ ရိုးမဘဏ်မှအာမခံများအား လက်ရောက်လွှဲပြောင်းရယူခြင်းကို ခုခံငြင်းဆိုခြင်းမရှိဘဲ သဘောတူ လိုက်နာမည့်အပြင် တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုခြင်းများကိုလည်း ရင်ဆိုင်မည်ကိုသိရှိ နားလည်ပါသည်။
  • (၆) အထက်ပါအပိုဒ်(၇)အရ ပေးဆပ်ရေးအစီအစဥ်ကိုဖြစ်စေ၊ အပိုဒ်(၁၂)ပါ စည်းကမ်းချက် များကို ဖြစ်စေ၊ နိုင်ငံတော်၏ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာချက်များဖြစ်စေ၊ တနည်းနည်း ဖြင့်ပေါ်ပေါက်လာသော အကြောင်းအရာ တစ်ခုခုကြောင့်ဖြစ်စေ၊ ငွေကြေးယူသူ(များ)၏ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်နှင့်စည်းကမ်း ချက်များ ဖောက်ဖျက်ခြင်း (သို့မဟုတ်) ဖောက်ဖျက်ခြင်း အတွက် ဤချေးငွေကို ဘဏ်မှ ပြန်လည်တောင်းခံရာတွင် ငွေချေးယူသူ(များ)မှ သတ်မှတ်ကာလ အတွင်း အပြေအကြေ ပေးချေရမည်ဖြစ်ကြောင်း သဘောတူသိရှိပါသည်။ ထိုသို့သတ်မှတ်ကာလ အတွင်း ချေးငွေပြန်လည် ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ဘဏ်မှတရားစွဲဆို မည်ကို သိရှိနားလည် သဘောတူ၍ခုခံ၊ ဟန့်တား၊ ကန့်ကွက်မှုတစ်စုံတစ်ရာ ပြုလုပ်မည်မဟုတ် ကြောင်း သဘောတူ သိရှိပါသည်။

(၉) ပေးဆောင်ရမည့်အခွန်အခများနှင့် အခြားစရိတ်များ

  • (က) ငွေချေးယူသူ(များ) ဝယ်ယူခဲ့သော အာမခံပစ္စည်းပေါ်တွင် ပေးဆောင်ရန်ရှိသည့် သက် ဆိုင်ရာဌာနအသီးသီးမှကောက်ခံသောဝန်ဆောင်ခ၊ အခွန်အခများအားလုံးကို ငွေချေးယူသူ(များ)မှ မပျက် မကွက် ပေးဆောင်ပါမည်ဟု ဝန်ခံကတိပြုသည့်အပြင် ၄င်းအာမခံပစ္စည်းကို အမည်ပေါက်ရရှိရန် ဆောက်ရွက် ရာတွင် ကုန်ကျရန်ရှိသည့်အခွန်အခများအားလုံးနှင့် စရိတ်များအားလုံးကို ငွေချေးယူသူ(များ)မှ ကျခံပါမည်။
  • (ခ) ငွေချေးယူသူ(များ)၏ စီပွားရေးလုပ်ငန်းဝင်ငွေနှင့် အခြားဝင်ငွေများမှပေးဆောင်ရန် အခွန်အခ များကိုမပျက်မကွက်ပေးဆောင်ပါမည်။

(၁၀) မီးဘေးနှင့် ငလျင်အန္တရာယ်အတွက်အာမခံကြေး

ငွေချေးယူသူ(များ)သည် မီးဘေးနှင့် ငလျင်အန္တရာယ်အာမခံထားရှိရမည်ဖြစ်ပြီး ၄င်းအာမခံများ၏ နှစ်စဥ် ချေးငွေသက်တမ်း (၁၁)လပြည့်သည့်အချိန်တိုင်းတွင် အာမခံသက်တမ်းတိုးခြင်းများကိုပြုလုပ်ပါမည်။ အကယ်၍အာမခံပစ္စည်းပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါက အာမခံလျော်ကြေးငွေသည် ပေးဆပ်ရန်ရှိသည့် ချေးငွေလက်ကျန်ပမာဏအောက် လျော့နည်းမှုရှိခဲ့လျှ် ငွေချေးယူသူ(များ)မှ ၄င်းကွာဟနေသောပမာဏကို ပေးသွင်းပါမည်။

(၁၁) ပိုင်ဆိုင်မှုကိုထိန်းသိမ်းခြင်း

ငွေချေးယူသူ(များ)သည် အာမခံပစ္စည်းကိုကောင်းမွန်စွာထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး ပျက်စီးမှု၊ ထိခိုက်မှု၊ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်နှင့် အကယ်၍သကဆိုင်ရာအိမ်ရာပိုင်ဆိုင်သူများအသင်း/ အဖွဲ့ အစည်း (သို့မဟုတ်) အိမ်ရာနေထိုင်သူများလိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများရှိပါက အဆိုပါစည်းမျဥ်းစည်းကမ်း များအတိုင်း မပျက်မကွက်လိုက်နာရမည်ဖြစ်ပြီး ၊ အာမခံမြေနှင့်အဆောက်အဦ၏ တစိတ်တပိုင်းကိုဖြစ်စေ တစ်ခုလုံးကိုဖြစ်စေ အကြီးစားပြင်ဆင်ခြင်းဆ၊ ဖြိုချဖျက်စီးခြင်း၊ အဆောက်အဦးအသစ်ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းများအား ရိုးမဘဏ်၏ခွင့်ပြုချက်မရဘဲ ပြုလုပ်၍ရမည်မဟုတ်ကြေင်းကို သိရှိနားလည်သဘောတူ ပါသည်။ ယခုစည်းကမ်းချက်အားချိုးဖောက်ခဲ့ပါက အဆောက်အဦတန်ဖိုးနှင့်ညီမျှသောပမာဏကို ပြန်လည် ပေးသွင်းစေခြင်း၊ ချေးငွေအလုံးစုံ ပြန်လည် ပေးဆပ်စေခြင်း စသည့် ဘဏ်မှစီစဥ်လမ်းညွှန်သည့်အတိုင်း ငွေချေးယူသူ(များ) မှလိုက်နာပါမည်။

(၁၂) အခြားစည်းကမ်းချက်များ

  • (က) ဤငွေကြေးထုတ်ချေးခြင်းဆိုင်ရာစည်းကမ်းချက်များအရ ငွေချေးယူသူ(များ)မှ ဘဏ်သို့ပေး အပ်ထားသော အာမခံပစ္စည်း(များ)သည် ဘဏ်နှင့်ငွေချေးယူသူ(များ)တို့အကြားချုပ်ဆိုထားသော (သို့မဟုတ်) ချုပ်ဆိုမည့်အခြားသဘောတူညီချက်များနှင့် ငွေကြေးထုတ်ချေးခြင်းဆိုင်ရာစည်းကမ်းချက်များအရ လက်တ လော (သို့မဟုတ်) နောင်တွင်ပေးချေရမည့် မည်သည့်တာဝန်ဝတ္တရား(များ)အတွက်မဆို သက်ရောက် အကျုံးဝင်သည်ကိုသိရှိနားလည်သဘောတူပါသည်။
  • (ခ) အလားတူစွာပင် အခြားသဘောတူညီချက်များနှင့် ငွေကြေးထုတ်ချေးခြင်းဆိုင် ရာ စည်းကမ်းချက်များအတွက် ပေးအပ်ထားသော (သို့မဟုတ်) ပေးအပ်မည့်အာမခံပစ္စည်း(များ)သည်လည်း ဤငွေကြေးထုတ်ချေးခြင်းဆိုင်ရာစည်းကမ်းချက်များအရ လတ်တလော(သို့မဟုတ်) နောင်တွင်ပေးချေရမည့် မည့်သည့်တာဝန်ဝတ္တရား(များ) အတွက်မဆို အပြန်အလှန်အကျုံးဝင်သည်ကို သိရှိနားလည်သဘောတူပါသည်။
  • (ဂ) ငွေချေးယူသူ(များ)သည် ဤငွေကြေးထုတ်ချေးခြင်းဆိုင်ရာစည်းကမ်းချက်များအရ ပေးရန်ရှိသောဒဏ်ကြေး၊ ဝန်ဆောင်ခ၊ အတိုးနှင့်အရင်းကို အလုံးစုံအပြေအကြေပေးဆပ်ပြီးဖြစ်သော်လည်း အခြားသဘောတူညီချက်များနှင့် ငွေကြေးထုတ်ချေးခြင်းဆိုင်ရာစည်းကမ်းချက်များတွင်ပါဝင်သော ရိုးမဘဏ်သို့ပြန်လည်ပေးဆပ်ရန် တာဝန်ဝတ္တရားများကျန်ရှိနေပါက ဤချေးငွေအတွက်ပေးအပ်ထားသည့် အာမခံပစ္စည်း(များ)ကို ဆက်လက်ရယူထားရန် ရိုးမဘဏ်မှအပြည့်အဝဆုံးဖြတ်ပိုင်ခွင့်ရှိသည်ကိုသိရှိနားလည်သဘောတူပါသည်။
  • (ဃ) အခြားဘဏ် (သို့မဟုတ်) အခြားငွေကြေးအဖွဲ့စည်းများမှ ရယူထားသောချေးငွေများကို ပြန်လည်ရုတ်သိမ်းပါက ရိုးမဘဏ်သို့ ချက်ချင်းအသိပေးအကြောင်းကြားပါမည်။
  • (င) ရိုးမဘဏ်၏ငွေကြေးထုတ်ချေးခြင်း ဆိုင်ရာစည်းကမ်းချက်များကို ငွေချေးယူသူ(များ)မှ တစ်စုံတစ်ရာချိုးဖောက်ခဲ့လျှင် ချေးငွေများကိုပးဆပ်ရေးအစီအစဥ် ပြေင်းလဲကောက်ခံခြင်းနှင့် အလုံးစုံ ပြန်လည်ပေးဆပ်စေခြင်းအတွက်ဘဏ်မှလမ်းညွှန်မှုအတိုင်းလိုက်နာပါမည်။
  • (စ) ငွေချေးယူသူ(များ)သည် ရိုးမဘဏ်ချေးငွေကို အတိုးနှင့်တကွ အပြေအကြေပေးဆပ်နိုင်ခြင်းမရှိ သေးမီကာလအတွင်း အာမခံပစ္စည်းနှင့်ပတ်သက်သော ပိုင်ဆိုင်သောစာချုပ်စာတမ်းများသည် အာမခံပစ္စည်း အဖြစ်ရိုးမဘဏ်လက်ဝယ်တွင်ရှိပါသည်။ အဆိုပါအာမခံပစ္စည်းနှင့်ပတ်သက်သောအကျိုးခံစားခွင့်တစ်စုံတစ်ရာအား ရိုးမဘဏ်၏ခွင့်ပြုချက်မရရှိဘဲ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ထပ်ဆင့်အာမခံတင်သွင်းခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်း၊ လှူဒါန်းခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ တစ်ခြားနည်းလည်းတစ်စုံတစ်ရာဖြင့် လွှဲပြောင်းခြင်းများမပြုလုပ်ရန် တားမြစ်ချက်ကိုလိုက်နာပါမည်။
  • (ဆ) အာမခံပစ္စည်းအမည်ပေါက် ပိုင်ရှင်ကွယ်လွန်ခဲ့ပါက ရက်(၃၀)အတွင်း အမွေဆက်ခံသူများမှ ရိုးမ ဘဏ်အားအကြောင်းကြားရမည်ဖြစ်ပြီး ချေးငွေလက်ကျန်ပမာဏကို ရက်(၉၀)အတွင်း အပြေအကြေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရှိပါသည်။ ထိုသို့အပြေအကြေပေးဆပ်ခြင်းမပြုလုပ်နိုင်ပါက အမွေစားအမွေခံများမှ ပေးဆပ်ရန်ကျန်ရှိသော ချေးငွေပမာဏအတွက် ရိုးမဘဏ်ချေးငွေ လုပ်ထုံးလုပ်နည်း များနှင့်အညီ အိမ်ရာချေးငွေပြန်လည်လျှောက် ထားရမည်ဖြစ်ကြေင်း သိရှိပါသည်။

အထက်ဖော်ပြပါချေးငွေစည်းကမ်းချက်များကို ငွေချေးယူသူ(များ)မှ သေချာစွာဖတ်ရှုနားလည်သဘောပေါက် ပြီး တိကျစွာလိုက်နာဆောင်ရွက်ရန် မိမိတို့၏လွတ်လပ်သော သဘောက်ဆန္ဒအလျောက် လက်မှတ်ရေးထိုး သဘောတူဝန်ခံကတိပြုကြပါသည်။

ငွေချေးယူသူ လက်မှတ် -----------------------------
ဦး/ဒေါ် ----------------------------
နိုင်ငံသားစီစစ်ရေး-------------------------
ကတ်ပြားအမှတ်
နေရပ်လိပ်စာ ------------------------------------

ပူးတွဲပါ
(က) ကနဦးဝန်ဆောင်စရိတ် (Credit Facility Establishment Fees)

ချေးငွေအတွက်ကနဦးဝန်ဆောင်စရိတ် (၁.၅%) ကို ခွင့်ပြု ချေးငွေအပေါ်တွင် ကောက်ခံမည်။


(ခ) ဒဏ်ကြေး (Penalty Fees)
ပျက်ကွက်သည့်ကာလအပိုင်းအခြား ဒဏ်ကြေးတွက်ချက်ရန်အတွက် ပျက်ကွက်ခဲ့သော ချေးငွေအရင်းပေါ်တွင်ကောက်ခံရန်
အဆင့် (၁)။ (၁)ရက်မှရက်ပေါင်း(၃၀)အတွင်း လစဥ် ၃.၅%
အဆင့်(၂)။ ရက်ပေါင်း(၃၁)ရက်မှ (၆၀)အတွင်း လစဥ် ၃.၅%
အဆင့်(၃)။ ရက်ပေါင်း(၆၁)ရက်မှ (၉၀)အတွင်း လစဥ် ၃.၅%
အဆင့် (၄)။ (၉၁)ရက်မှရက်ပေါင်း(၁၈၀)အတွင်း လစဥ် ၃.၅%
အဆင့်(၅)။ ရက်ပေါင်း(၁၈၀)အထက် လစဥ် ၃.၅%
အဆင့်(၆)။ ချေးငွေသက်တမ်းကျော်ပါက လစဥ် ၃.၅%

တွက်ချက်ရာတွင် ပေးဆပ်ရန်ပျက်ကွက်သောချေးငွေ အရင်းပမာဏဏ (Monthly Repayment Amount)အပေါ်၌ ပျက်ကွက်ရက်အလိုက် ၃.၅%နှုန်းထားဖြင့် တပြေးညီကောက်ခံမည်။ ပျက်ကွက်ရက် အလိုက်ကာလအပိုင်းခြား အဆင့်သတ်မှတ်ရာတွင် အောက်ပါဇယားအတိုင်း အဆင့်သတ်မှတ်သည်။


(ဂ) ချေးငွေလက်ကျန်တစ်ချို့တစ်ဝက်(သို့မဟုတ်)အလုံးစုံအားဆောလျင်စွာပေးဆပ်ခြင်း (Early Settlement Fees)

ချေးငွေရယူသည့်နေ့မှစတင်၍ (၃)နှစ်ကာလမပြည့်မီ ချေးငွေလက်ကျန်တစ်ချို့တစ်ဝက်ကိုဖြစ်စေ၊ အလုံးစုံ ကိုဖြစ်စေပြန်လည်ပေးဆပ်လိုပါက ယင်းချေးငွေလက်ကျန်အရင်းပမာဏပေါ်တွင် သုံးရာခိုင်နှုန်း (၃%) အား ဆောလျင်စွာပေးဆပ်ခြင်းစရိတ် (Early Settlement Fees) ပေးဆောင်ရမည်။


(ဃ) ချေးငွေပြန်လည်ပေးဆပ်ရေးအတွက်အတွက်ဦးစားပေးအစီအစဥ် (Settlement Ranking)

မည်သည့်အခြေအနေတွင်ဖြစ်စေ ချေးငွေပြန်လည်ပေးဆပ်သည့်အခါတိုင်းတွင် ဦးစားပေးအစီအစဥ်အနေဖြင့် (၁)စရိတ်နှင့်ဒဏ်ကြေးများ၊ (၂)အတိုး၊ (၃)အရင်းတို့ကိုသာအစဥ်အလိုက်တွက်ချက်ဖြတ်တောက်ပြီး ပေးဆပ်ရေး ကိုဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့လအလိုက်တွက်ချက်ဖြတ်တောက်ရာတွင် အစောဆုံးပျက်ကွက်ခဲ့သော လအား ဦးစွာတွက်ချက်ပြီးနောက် ထိုကာလ၏နောက်ဆက်တွဲ ပျက်ကွက်သည့်လများရှိပါက အစဥ်လိုက်အတိုင်း သာတွက်ချက်ပြီး ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
သတ်မှတ်ထားသည့်အတိုင်း လစဥ်ပေးဆပ်ရာတွင် အကြောင်းတစ်စုံတ်ရာကြောင့် ပေးဆပ်သည့်ရက်နောက်ကျ ခဲ့ပါက နောက်ဆက်တွဲပေးဆပ်မှုပမာဏတွင်အပြောင်းအလဲရှိနိုင်ပါသည်။


ရိုးမဘဏ် အငှားဝယ်ယူခြင်း အခွင့်ရကုန်စည်ရောင်းချသူသဘောတူစာချုပ်

(အာမခံပေးထားသည့် ကုန်စည်ရောင်းချသူ)

အခွင့်ရကုန်စည်ရောင်းချသူ အမည် …………
ကုမ္ပဏီအမည် ………………
ကုမ္ပဏီ မှတ်ပုံတင် အမှတ် ……………
ကုမ္ပဏီလိပ်စာ ……………………………

("အခွင့်ရကုန်စည်ရောင်းချသူ")

စာချုပ်ပါရက်စွဲမှာ ………………………………. ရက်နေ့ ဖြစ်ပါသည်။

နောက်ခံအကြောင်းအရာ

  • (က) ရိုးမဘဏ်လီမိတက် ("ရိုးမဘဏ်") သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ဘဏ်ဝန်ဆောင်မှုကို ရယူသူများအား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသည့် ဘဏ်ဖြစ်သည်။ ရိုးမဘဏ် က ငွေချေးယူရန် ခွင့်ပြုချက်ရရှိသူများ (''အငှားဝယ်ယူသူများ") အား အခွင့်ရကုန်စည်ရောင်းချသူထံမှ တစ်ဆင့် အချို့သော ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ချေးငွေများထုတ်ချေးမည် ဖြစ်သည်။
  • (ခ) အခွင့်ရကုန်စည်ရောင်းချသူသည် ပစ္စည်းများကို ရိုးမဘဏ်၏ အငှားဝယ်ယူမှု အစီအစဉ်ဖြင့် အငှားဝယ်ယူ သူများကို ရောင်းချပေးရန် ဆနရ္ဒ ှိသည်။
  • (ဂ) ရိုးမဘဏ်ကလည်း အခွင့်ရကုန်စည်ရောင်းချသူကို အငှားဝယ်ယူသူများ၏ ချေးငွေလျှောက်ထားလာမှုအား Yoma Bank Online Portal ("Yoma Bank Dealer Portal") ကို အသုံးပြု၍ ဒီဂျစ်တယ်နည်းဖြင့် ဆောင်ရွက်ပေးရန် ရည်ရွယ်သည်။ Yoma Bank Dealer Portal ဖြင့် ချေးငွေ လျှောက်ထားမှု တို့သည် ဒစ်ဂျစ်တယ် လျှောက်ထားမှုများ ဖြစ်ပြီး ရိုးမဘဏ်၏ ဘဏ်ခွဲများတွင် ချေးငွေ လျှောက်ထားမှုတို့ကို ဘဏ်ခွဲတွင် ချေးငွေ လျှောက်ထားမှုများ ဟု ဤ သဘောတူစာချုပ်တွင် ခေါ်ဆိုမည် ဖြစ်သည်။
  • (ဃ) ရိုးမဘဏ် နှင့် အခွင့်ရကုန်စည်ရောင်းချသူတို့သည် အငှားဝယ်ယူသူတို့က ပစ္စည်းများ ဝယ်ယူနိုင်ရန် အောက်ဖော်ပြပါ စည်းကမ်း သတ်မှတ်ချက်တို့နှင့်အညီ အငှားဝယ်စနစ်ဖြင့် ရောင်းချပေးရန် သဘောတူညီကြသည် ("သဘောတူစာချုပ်")။

ရိုးမဘဏ် နှင့် အခွင့်ရကုန်စည်ရောင်းချသူတို့က အောက်ပါအတိုင်း သဘောတူညီကြသည်။

၁။ သဘောတူညီချက်

  • ၁.၁ ဤ သဘောတူစာချုပတွင် သဘောတူညီမှု စာချုပ်တစ်ရပ်လုံးနှင့် ရိုးမဘဏ် နှင့် အခွင့်ရကုန်စည်ရောင်းချ သူတို့ (ဤမှ နောင်တွင် "စာချုပ်ဝင်များ" ဟု ရည်ညွှန်းမည်) အကြား နားလည်မှုတို့ ပါဝင်သည့်အပြင် ဤ သဘောတူစာချုပ်သည် ရိုးမဘဏ်၏ ပုံမှန် အငှားဝယ်ယူမှု အစီအစဉ် နှင့် စပ်လျဉ်း၍ စာချုပ်ဝင်တို့ အကြား တည်ဆဲဖြစ်သော သို့မဟုတ် ယခင်က ထားရှိခဲ့သော သဘောတူညီမှုများကို လွှမ်းမိုးပယ်ဖျက်သည်။
  • ၁.၂ ရိုးမဘဏ်၏ အငှားဝယ်စနစ်နှင့် စပ်လျဉ်း၍ စာချုပ်ဝင်များအကြား တည်ဆဲ လယ်ယာလုပ်ငန်းဆိုင်ရာ ချေးငွေအစီအစဉ် အတွက် သဘောတူညီမှု တစ်ရပ်ရပ်သည် ဆက်လက်တည်ရှိနေပြီး ဤ သဘောတူစာချုပ် ကြောင့် တစ်စုံတစ်ရာ အကျိုးသက်ရောက်နိုင်မည် မဟုတ်ပါ။

၂။ ခွင့်ပြု ချေးငွေများ၊ အခွင့်ရကုန်စည် ရောင်းချသူနှင့် သက်ဆိုင်သည့် ကန့်သတ်ချေးငွေ နှင့် စာချုပ်သက်တမ်း

  • ၂.၁ အခွင့်ရကုန်စည်ရောင်းချသူသည် အောက်ပါအချက်များပါရှိသည့် ချေးငွေတို့ကိုသာ ဤ သဘောတူစာချုပ် အရ ခွင့်ပြုပေးမည် ("ခွင့်ပြု ချေးငွေများ" "Eligible Loan") ကို နားလည် သဘောတူ ပါသည် -
    • (က) အငှားဝယ်ယူသူသည် ချေးငွေအား နောက်ဆက်တွဲ (က)တွင် ဖော်ပြထားသော ပစ္စည်းများကို ဝယ်ယူရန်အ တွက်သာ အသုံးပြုရမည် ဖြစ်သည်။
    • (ခ) အငှားဝယ်ယူသူသည် ချေးငွေနှင့် သက်ဆိုင်သော ပစ္စည်း("အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်း") တန်ဖိုး၏ အနည်းဆုံး၃၀% (ဘဏ်၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုထားသည်မှလွဲ၍) ကို လက်ငင်းပေးချေရမည် ("လက်ငင်းပေးချေသောငွေ")။
  • ၂.၂ ရိုးမဘဏ်သည် အခွင့်ရကုန်စည်ရောင်းချသူကို အငှားဝယ်စနစ်ဖြင့် စက်ပစ္စည်းကိရိယာများ ရောင်းချနိုင်ရန် ကန့်သတ်ချေးငွေ မြန်မာကျပ် ( ) ဘီလျံ အထိ ခွင့်ပြုပေးမည်။ ဤ သဘောတူစာချုပ် သက်တမ်း အတွင်း မည်သည့်အချိန်တွင်မဆို အခွင့်ရကုန်စည်ရောင်းချသူက ရရှိထားသော ကန့်သတ်ချေးငွေ ပမာဏ ထက် ကျော်လွန်၍ ရောင်းချခွင့်မရှိကြောင်း အခွင့်ရကုန်စည်ရောင်းချသူက သဘောတူသည်။
  • ၂.၃ ဤ သဘောတူစာချုပ်၏ သက်တမ်းမှာ စာချုပ်ချုပ်ဆိုသည့်နေ့မှ (၁) နှစ် ဖြစ်သည်။ ဤ သဘောတူစာချုပ်နငှ့် အခွင့်ရကုန်စည် ရောင်းချသူ၏ ကန့်သတ်ချေးငွေသည် ရိုးမဘဏ်၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် နှစ်စဉ် သက်တမ်း တိုးနိုင်သည်။

၃။ အငှားဝယ်ယူသူအတွက် ကန့်သတ်ချက်များ

၃.၁ အောက်ပါ ကန့်သတ်ချက်များသည် အခွင့်ရကုန်စည်ရောင်းချသူထံမှ ပစ္စည်းများ ဝယ်ယူရန်အတွက် ရိုးမ ဘဏ်က ခွင့်ပြုထားသော ချေးငွေများကို အသုံးပြုလိုသည့် အငှားဝယ်ယူသူ တစ်ဦးချင်းစီ နှင့် သက်ဆိုင်ပါသည်-

  • (က) အောက်တွင်ဖော်ပြထားသော အပိုဒ် (ဂ) နှင့် အညီဖြစ်စေလျက် အငှားဝယ်ယူသူက အခွင့်ရ ကုန်စည်ရောင်းချသူထံမှ ပစ္စည်း နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ပစ္စည်းများ အတွက် ဘဏ်ချေးငွေရယူလိုလျှင်သော်လည်းကောင်း (သို့မဟုတ်) အငှားဝယ်ယူသူက လက်ရှိတွင် ဘဏ် မှ ချေးငွေရယူထားပြီးလျှင်သော်လည်းကောင်း ဘဏ်သည် နောက်ထပ် ကြွေးမြီအကဲဖြတ်မှု နှင့် စစ်ဆေး အတည်ပြုမှုတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည့်အပြင်
  • (ခ) ဘဏ်သည် ၎င်း၏ ကျိုးကြောင်းဆီလျော်သော ကိုယပ် ိုင်ဆင်ခြင်ဆုံးဖြတ်ခွင့်ဖြင့ အငှားဝယ်ယူသူ တစ်ဦးချင်းအလိုက် ချေးယူနိုင်သည့် စုစုပေါင်း ချေးငွေပမာဏ (အငှားဝယ်ယူသူ တစ်ဦးချင်း အလိုက် ချေးယူနိုင်သည့် ချေးငွေပမာဏ) သတ်မှတ်နိုင်သည်။ ဆိုလိုသည်မှာ အငှားဝယ်ယူသူက ဘဏ်မှရရှိသည့် ချေးငွေများအားလုံး၏ စုစုပေါင်းသည် ဤချေးငွေ ကန့်သတ်ချက်ကို ကျော်လွန် ရမည် မဟုတ်ပေ။
  • (ဂ) ဘဏ်က အခွင့်ရကုန်စည်ရောင်းချသူအား အငှားဝယ်ယူသူ တစ်ဦးချင်းအတွက် ချေးငွေကန့် သတ်ချက်ကို ခွင့်ပြုထားပြီးဖြစ်သည့်အပြင် အငှားဝယ်ယူသူရယူထားသည့် အငှားဝယ်ယူမှုဆိုင်ရာ ခွင့်ပြုချေးငွေများ အားလုံး၏ စုစုပေါင်း (ထပ်မေံ လျှာက်ထားသော ချေးငွေပမာဏ အပါအဝင်) သည် အငှားဝယ်ယူသူ တစ်ဦးချင်း အလိုက် ချေးယူနိုင်သည့် ချေးငွေပမာဏ မကျော်လွန်လျှင် ဘဏ်သည် ထပ်မံလျှောက်ထား သော ချေးငွေအတွက် ကြွေးမြီလေ့လာသုံးသပ်မှု နှင့် စစ်ဆေးအတည်ပြုမှုတို့ကို ထပ်မံပြုလုပ်မည် မဟုတ်ပေ။


၄။ ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ

၄.၁. အခွင့်ရကုန်စည်ရောင်းချသူထံမှ စက်ပစ္စည်းကိရိယာကို အငှား ဝယ်ယူသူက ခွင့်ပြုချေးငွေဖြင့် ဝယ်ယူခြင်းကို အောက်ပါ သတ်မှတ်ချက်များ အတိုင်း ဆောင်ရွက်ရန် အခွင့်ရကုန်စည်ရောင်းချသူက သဘောတူသည် -

  • (က) စုစုပေါင်း ချေးငွေပမာဏ ("ချေးငွေပမာဏ") သည် အငှားဝယ်ယူစနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်းတန်ဖိုးမှ လက်ငင်းပေးချေသည့် ငွေပမာဏကို နုတ်ယူထားသည့် တန်ဖိုးနှင့် ညီမျှသည်။
  • (ခ) ရိုးမဘဏ်၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုထားခြင်း မရှိ လျှင် ခွင့်ပြုချေးငွေ တစ်ခုစီ၏ အမြင့်ဆုံး သက်တမ်းမှာ ပစ္စည်းအမျိုးအစားအပေါ် မူတည်၍ (၁) နှစ်မှ (၃) နှစ် အထိ ဖြစ်ပါသည်။
  • (ဂ) အငှားဝယ်ယူသူ နှင့် ရိုးမဘဏ်တို့အကြား အခြားနည်းဖြင့် သဘောတူညီထားသည်မှလွဲ၍ အငှား ဝယ်ယူသူသည် ချေးငွေအရစ်ကျ ပေးဆပ်ခြင်းကို လစဉ် အရစ်ကျပေးဆပ်ရန် ခွင့်ပြုနိုင်သည်။
  • (ဃ) ခွင့်ပြုချေးငွေ၏ အတိုးနှုန်းကို အခါအားလျော်စွာ သတ်မှတ်သည့် တည်ဆဲ စည်းမျဉ်းဥပဒေများ နှင့်အညီ ရိုးမဘဏ်က သတ်မှတ်မည် ဖြစ်ပြီး ရိုးမဘဏ်သည် အငှားဝယ်ယူသူထံ ကျိုးကြောင်းဆီလျော်စွာဖြင့် ကြိုတင်အကြောင်းကြား၍ သက်ဆိုင်ရာ အတိုးနှုန်းကို ပြောင်းလဲခွင့် ရှိသည်။


၅။ အခွင့်ရကုန်စည်ရောင်းချသူ၏ တာဝန်ဝတ္တရားများ

၅.၁ အခွင့်ရကုန်စည်ရောင်းချသူသည် ရိုးမဘဏ်က တောင်းဆိုလာလျှင် ၎င်း ရောင်းချမည့် ပစ္စည်းများ၏ တရား ဝင် ဈေးနှုန်းစာရင်းကို ပေးအပ်ရမည် ဖြစ်သည်။ အခွင့်ရကုန်စည်ရောင်းချသူသည် တရားဝင်ဈေးနှုန်းတွင် ချေးငွေဖြင့် ဝယ်ယူသော ပစ္စည်းများအတွက် ဖော်ပြထားသော ဈေးနှုန်းထက်ပို၍ အငှားဝယယ်ူသူ များအား တောင်းခံခြင်းမပြုရ။

၅.၂ ခွင့်ပြုချေးငွေတို့အတွက် လျောက်လွှာစိစစ်ရာတွင် အငှားဝယ်ယူရန် လျှောက်ထားသူ နှင့် စပ်လျဉ်း၍ စိစစ်အတည်ပြုရန်မှာ အခွင့်ရကုန်စည်ရောင်းချသူ၏ တာဝန် ဖြစ်သည်။ အခွင့်ရကုန်စည်ရောင်းချသူသည် အငှားဝယ်ယူသူများက ခွင့်ပြုချေးငွေများအား လျှောက်ထားမှုအတွက် နောက်ဆက်တွဲ (ခ) ပါ ချေးငွေ လျှောက်ထားမှုဆိုင်ရာ စာရွက်စာတမ်းများတွင် အတိအကျဖော်ပြထားသည့် အသေးစိတ် အချက်အလက် များကို မှန်ကန်စွာ ကောက်ယူရမည်။ အငှားဝယ်ယူသူထံမှ ရရှိသည့် အချက်အလက်များ မှန်ကန်မှုမရှိခဲ့လျှင် အခွင့်ရကုန်စည်ရောင်းချသူက အပြည့်အဝ တာဝန်ခံရမည်ဖြစ်ပြီး အချက်အလက်များ မှန်ကန်မှုအတွက် အာမခံသူ အဖြစ်ဆောင်ရွက်ပေးရန် နားလည် သဘောတူပါသည်။ အခွင့်ရရောင်းချသူက ပေးပို့လာသည့် ချေးငွေလျှောက်ထားမှုဆိုင်ရာ စာရွက်စာတမ်းပါ အချက်အလက်များ တိကျမှန်ကန်မှု ရ၊ှိ မရှိ ကို ရိုးမဘဏ်က စစ်ဆေးအတည်ပြုပိုင်ခွင့်ရှိပြီး ယင်းသို့စစ်ဆေးရာတွင် အခွင့်ရကုန်စည် ရောင်းချသူက ပူးပေါင်း ဆောင်ရွက်ရမည်။ ခွင့်ပြုချေးငွေ လျှောက်ထားမှုဆိုင်ရာ စာရွက်စာတမ်းများကို ရိုးမဘဏ်သို့ တင်ပြရာတွင် အငှားဝယ်ယူရန် လျှောက်ထားသူနှင့် စပ်လျဉ်းသည့် အချက်အလက်များ မပြည့်စုံမှု (သို့မဟုတ်) မှန်ကန်မှု မရှိပါက ရိုးမဘဏ်၏ ဆုံးဖြတ်ချက်အတိုင်း ဤသဘောတူစာချုပ်ကို ချက်ချင်း ရပ်စဲနိုင်ကြောင်း (သို့မဟုတ်) အခွင့်ရကုန်စည်ရောင်းချသူ၏ ကန့်သတ်ချေးငွေ ပမာဏကို လျှော့ချနိုင်ကြောင်းကို အခွင့်ရကုန်စည်ရောင်းချသူက နားလည်သဘောတူပါသည်။

၅.၃ အငှားဝယ်စနစ်ဖြင့် ဝယ်ယူထားသည့် ပစ္စည်းများအတွက် အခွင့်ရကုန်စည်ရောင်းချသူသည် လက်ငင်း ပေးချေမှု ငွေပမာဏအား လျှော့ယူ၍ အငှားဝယ်ယူသူများကို ဈေးပိုတင်ခြင်း မပြုရ။

၅.၄ အခွင့်ရကုန်စည်ရောင်းချသူသည် ရိုးမဘဏ်ခွဲတွင် စာရင်းရှင် ငွေစာရင်း (၂) ခု ဖွင့်ရမည်။ စာရင်းတစ်ခုမှာ အပိုဒ် ၉ ("အာမခံ စာရင်းရှင်ငွေစာရင်း") အရ ခွင့်ပြုချေးငွေများ နှင့်သက်ဆိုင်သော အာမခံငွေကို အပ်နှံရန် ဖြစ်ပြီး နောက်ငွေစာရင်းတစ်ခုမှာ ခွင့်ပြု ချေးငွေများကို အပိုဒ် ၆.၁ နှင့်အညီ ရိုးမဘဏ် မှ ထုတ်ပေးရန် ဖြစ်သည် ("အငှားဝယ်ယူမှုဆိုင်ရာ ချေးငွေ ပံ့ပိုးမှု ငွေစာရင်း")။

၅.၅ ဒစ်ဂျစ်တယ် လျှောက်ထားမှုများအတွက် အခွင့်ရကုန်စည်ရောင်းချသူသည် လက်ငင်းပေးချေသောငွေ နှင့် အငှားဝယ်ယူသူက ပေးဆောင်ရန် အကျုံးဝင်သည့် အဖိုးအခများ (ပေးရန်ရှိသည့် ဝန်ဆောင်ခနှင့် အာမခံ ပရီမီယံ ကြေးများ နှင့် ကြိုတင်ပေးသွင်းရမည့် အတိုးများအပါအဝင်) ကို အငှားဝယ်ယူသူများထံမှ တိုက်ရိုက် ကောကခ် ံမည်ဖြစ်သည်။ အငှားဝယ်ယူသူ၏ ဝန်ဆောင်ခ နှင့် အခွင့်ရကုန်စည်ရောင်းချသ၏ူ ကော်မရှင်ခများကို အခွင့်ရကုန်စည်ရောင်းချသူ၏ စာရင်းရှင် ငွေစာ ရင်းတွင် အပ်နှံထားရမည်။ အခွင့်ရ ကုန်စည်ရောင်းချသူအား အငှားဝယ်ယူသူက လက်ငင်းပေးချေသောငွေကို ထိန်းသိမ်းထားရန် ခွင့်ပြုထား သည်။ အငှားဝယ်ယူသူ၏ ခွင့်ပြုချေးငွေ လျှောက်ထားမှုကို ရိုးမဘဏ်က ခွင့်မပြုခဲ့လျှင် အခွင့်ရကုန်စည် ရောင်းချသူသည် လက်ငင်းပေးချေထားသောငွေ၊ ဝန်ဆောင်ခနှင့် အခြားသော အကျုံးဝင်သည့် အဖိုးအခများကို အငှားဝယ်ယူ သူအား ပြန်လည်ထုတ်ပေးရမည်။

၅.၆ ဘဏ်ခွဲတွင် ချေးငွေလျှောက်ထားမှုများအတွက် အငှားဝယ်ယူသူများသည် လက်ငင်းပေးချေသောငေ၊ွ ဝန်ဆောင်ခများ နှင့် အငှားဝယ်ယူသူက ပေးဆောင်ရန် အကျုံးဝင်သည့် အဖိုးအခများ (ပေးရန်ရှိသည့် ဝန်ဆောင်ခနှင့် အာမခံ ပရီမယီံကြေးများ နှင့် ကြိုတင်ပေးသွင်းရမည့် အတိုးများအပါအဝင်) ကို အငှားဝယ်ယူ ၏ စာရင်းရှင်တွင် ငွေစာရင်းသို့ တိုက်ရိုက်အပ်နှံရမည်။ အငှားဝယ်ယူသူက ခွင့်ပြုချေးငွေ လျှောက်ထားမှုကို ရိုးမဘဏ်က ခွင့်မပြုခဲ့လျှင် အငှားဝယ်ယူသူသည် လက်ငင်းပေးချေထားသော ငွေ၊ ဝန်ဆောင်ခ နှင့် အခြားသော အကျုံးဝင်သည့် အဖိုးအခများကို ၎င်းတို့၏ စာရင်းရှင် ငွေစာရင်းမှ ပြန်လည်ထုတ်ယူခွင့်ရှိသည်။

၅.၇ ခွင့်ပြုချေးငွေတစ်ခုစီအတွက် လက်မှတ်ရေးထိုးထားသည့် ငွေပေးချေရန် ကတိစာချုပ်ကို အငှားဝယ်ယူ သူထံ မှ သိမ်းယူ၍ လက်မှတ်ရေးထိုးထားသည့် ငွေပေးချေရန်ကတိစာချုပ်မူရင်းကို ဘဏ်သို့ မြန်နိုင်သမျှ အမြန်ဆုံးပေးပို့ရမည်။ ခွင့်ပြုချေးငွေအတွက် လက်မှတ်ရေးထိုးထားသည့် ငွေပေးချေရန် ကတိစာချုပ်မူရင်း ကို ဘဏ်မှ လက်ခံရရှိခြင်း မရှိ၍ အခွင့်ရကုန်စည်ရောင်းချသူအား ထပ်မံတောင်းဆိုထားသည့်တိုင် အခွင့်ရ ကုန်စည်ရောင်းချသူက လက်မှတ်ရေးထိုးထားသည့် ငွေပေးချေရန် ကတိစာချုပ်မူရင်းအား ဘဏ်သို့ မပေးပို လျှင် ယင်းသို့ ပေးပို့ရန် ပျက်ကွက်မှုကို အကြောင်းပြု၍သော်လည်းကောင်း သို့မဟုတ် ထိုသို့ပေးပို့ရန် ပျက်ကွက်မှု နှင့် ဆက်စပ်၍သော်လည်းကောင်း ဘဏ်ကနစ်နာခဲ့ရသည့် သို့မဟုတ် ကျခံခဲ့ရသည့် ဆုံးရှုံး မှုများ၊ ကုန်ကျစရိတ်များ၊ တောင်းဆိုပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ နစ်နာကြေးများ၊ တောင်းဆိုမှုများနှင့် စရိတ်စကများအား ကာလတစ်ခုမှ တစ်ခုအကြား တောင်းဆိုခြင်းနှင့် ချက်ချင်းတောင်းဆိုမှုများအတွက် အခွင့်ရကုန်စည်ရောင်းချသူသည် ရိုးမဘဏ်အား အပြည့်အဝ ပေးလျော်ရန်ဖြစ်စေ၊ အပြည့်အဝလျော်ကြေး ရအောင် ဆောင်ရွက်ပေးရန်ဖြစ်စေ သဘောတူသည်။

၅.၈ အငှားဝယ်ယူသူများက ခွင့်ပြုချေးငွေနှင့် စပ်လျဉ်း၍ အရစ်ကျပြန်လည်ပေးဆပ်ငွေများ (ကျသင့်သည့် အတိုး နှင့်/သို့မဟုတ် ဒဏ်ကြေးအပါအဝင်) ကို အခွင့်ရကုန်စည်ရောင်းချသူထံသို့ တိုက်ရိုက်ပေးဆပ်ခဲ့လျှင် ယင်း ပေးဆပ်ငွေများအားလုံးကို ရိုးမဘဏ်သို့ အမြန်ဆုံးလွှဲအပ်ရမည်ဖြစ်ပြီး ယင်းသို့လွှဲအပ်ခြင်းမပြုမီ အချိန်အထိ အခွင့်ရကုန်စည်ရောင်းချသူသည် ရိုးမဘဏ်အတွက် ယုံမှတ်အပ်နှံမှုအား လက်ဝယ်ထားရှိခြင်း ဖြစ်သည်။

၅.၉ အငှားဝယ်စနစ်ဖြင့် ရောင်းချမည့် ပစ္စည်းအားလုံးအတွက် -

  • (က) အခွင့်ရကုန်စည်ရောင်းချသူသည် ဥပဒေအရ အငှားဝယ်စနစ်ဖြင့် ရောင်းချမည့် ပစ္စည်းများကို ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း ပြုလုပ်နိုင်သည့် အခွင့်အရေးရှိသူဖြစ်ရမည်။ အငှားဝယ်စနစ်ဖြင့် ရောင်းချမည့် ပစ္စည်းကို အငှားဝယ်ယူသူမှလွဲ၍ အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ ရောင်းချထားခြင်း၊ ပေါင်နှံထားခြင်း (သို့မဟုတ်) အခြားပုဂ္ဂိုလ်တစ်ဦးဦးက အခြားနည်းဖြင့် ထန်းချုပ်ထားခြင်း မရှိကြောင်း တာဝန်ခံရပါမည်။
  • (ခ) အခွင့်ရကုန်စည်ရောင်းချသူသည် အငှား ဝယ်စနစ်ဖြင့် ရောင်းချမညပ့် စ္စည်းကို ရိုးမဘဏ်က အတည်ပြုခွင့်ပြုထားသော အာမခံကုမ္ပဏီထံတွင် အာမခံ ထားရှိရမည်ဖြစ်ပြီး ရိုးမဘဏ်အား အာမခံ စာချုပ်အရ အကျိုးခံစားခွင့်ရှိသူအဖြစ် ထားရှိပေးရမည်။

၅.၁၀ အငှားဝယ်စနစ်ဖြင့် ရောင်းချမည့် စက်ပစ္စည်းယူနစ်တိုင်းအတွက် အခွင့်ရကုန်စည်ရောင်းချသူသည် စုစု ပေါင်း ချေးငွေပမာဏ၏ ၁% နှင့်ညီမျှသည့် ကော်မရှင်ခအား ရိုးမဘဏ်သို့ ပေးရမည် ("ကော်မရှင်ခ")။ အငှားဝယ်ယူသူမှလည်း စုစုပေါင်း ချေးငွေပမာဏ၏ အနည်းဆုံး ၁% မှ အများဆုံး ၃% နှင့် ညီမျှသည့် ဝန်ဆောင်ခကို ခွင့်ပြုချေးငေအွတွက် စည်းမျဉ်းစည်းကမ်းများအတိုင်း ရိုးမဘဏ်သို့ ပေးရမည် ("ဝန်ဆောင်ခ")။

၅.၁၁ အတည်ပြုစစ်ဆေးခြင်းနှင့် ခွင့်ပြုချေးငွေတစ်ခုချင်းစီအတွက် အခွင့်ရကုန်စည်ရောင်းချသူသည် အငှားဝယ် စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်းနှင့် အငှားဝယ်ယူသူအား သဲကွဲစွာ ဖော်ပြထားသော ဓာတ်ပုံကို ရိုးမဘဏ် ၏ သတ်မှတ်ချက်များနှင့် အညီပေးရမည်။


၆။ ရိုးမဘဏ်၏ တာဝန်ဝတ္တရားများ

၆.၁ ဤသဘောတူစာချုပ်အရ ခွင့်ပြုချေးငွေတိုင်းနှင့် အငှားဝယ်ယူမှုတိုင်းအတွက် ရိုးမဘဏ်သည် အောက်ပါ အတိုင်း ငွေထုတ်ပေးမည်ဖြစ်သည် -

  • (က) ဒစ်ဂျစ်တယ်လျှောက်ထားမှုအတွက် အပိုဒ် ၄.၁ (က) တွင် ဖွင့်ဆိုထားသော ချေးငွေ ပမာဏ
  • (ခ) ဘဏ်ခွဲတွင် လျှောက်ထားမှုများအတွက် ဝယ်ယူသည့် ပစ္စည်းတန်ဖိုးထဲ မှ ငွေချေး အာမခံအား နုတ်ထားသော ပမာဏ (အပိုဒ် ၉.၂ နှင့် အညီ တွက်ချက်မည်ဖြစ်သည်)
    ဤ ငွေထုတ်ပေးခြင်းသည် အပိုဒ် ၆.၃ ပါ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ထားမှု အပေါ်တွင် မူတည်သည်။

၆.၂ ငွေထုတ်ပေးမှုမတိုင်မီ အခွင့်ရကုန်စည်ရောင်းချသူက အပိုဒ် (၇) အရ လိုအပ်သည့် ပိုင်ဆိုင်မှုဆိုင်ရာ စာအုပ်များကို ပေးအပ်ခြင်းမရှိပါက ဘဏ်သည် အပိုဒ် ၆.၁ တွင် ဖော်ပြထားသော အခွင့်ရကုန်စည် ရောင်းချသူအား ထုတ်ပေးရမည့် ငွေ၏ ၉၀ ရာခိုင်နှုန်းကိုသာ ထုတ်ပေးမည်ဖြစ်သည်။ ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်းအား ပိုင်ဆိုင်မှုဆိုင်ရာ စာအုပ်များကို ဘဏ်ကလက်ခံရရှိသည့် အချိန်တွင် အခွင့်ရကုန်စည် ရောင်းချသူအား ထုတ်ပေးမည်ဖြစ်သည်။

၆.၃ ဤသဘောတူ စာချုပ်အရ ရိုးမဘဏ်၏ ဝတ္တရားသည် ငွေထုတ်ပေးသည့်နေ့တွင် အငှားဝယ်ယူသူအား ရိုးမဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချေးငွေအား ခွင့်ပြုထားခြင်းနှင့် အခွင့်ရကုန်စည်ရောင်း ချသူ (သို့မဟုတ် အငှားဝယ်ယူသူ ဖော်ပြပါရှိလျှင်) သည် အောက်ပါ တာဝန်ဝတ္တရားများကို လိုက်နာ ဆောင်ရွက်ပြီးစီးထားရမည် -

  • (က) ခွင့်ပြုချေးငွေများ နှင့်သက်ဆိုင်သော အာမခံငွေ (Security Deposit) - ဒစ်ဂျစ်တယ် လျှောက်ထားမှု များနှင့် ဘဏ်ခွဲတွင် ချေးငွေ လျှောက်ထားမှုများအတွက် ရိုးမဘဏ်သည် သက်ဆိုင်ရာ အာမခံငွေ ကို အပိုဒ် ၉.၁ နှင့် ၉.၂ နှင့် အညီ ခွဲဝေသတ်မှတ်ပြီးဖြစ်သည်။
  • (ခ) ကော်မရှင်ခ ပေးချေမ - ှု ကော်မရှင်ပေးရန် သတ်မှတ်ထားလျှင် အခွင့်ရကုန်စည်ရောင်းချသူသည် ရိုးမဘဏ် သို့ ကော်မရှင်ခကို ပေးချေခဲ့ပြီးဖြစ်သည်။
  • (ဂ) လက်ငင်းပေးချေမ၊ှု ဝန်ဆောင်ခ နှင့် အခြားသော အကျုံးဝင်သည့် အဖိုးအခများ -
    • (၁) ဒစ်ဂျစ်တယ်လျှောက်ထားမှုများအတွက် လိုအပ်သော လက်ငင်းပေးချေသောငွေ၊ ဝန်ဆောင်ခ နှင့် အခြားသော အကျုံးဝင်သည့် အဖိုးအခများ (အာမခံပရီမီယံကြေး နှင့်/သို့မဟုတ် ကြိုတင်ပေးသွင်းရမည့် အတိုးများအပါအဝင်) ကို အခွင့်ရကုန်စည် ရောင်းချသူက အငှားဝယ်ယူသူထံမှ ကောက်ယူပြီးဖြစ်သညအ့်ပြင် အခွင့်ရကုန်စည် ရောင်းချသူသည် လက်ငင်းပေးချေသည့် ငွေပမာဏ နှင့်ညီမျှသော ငွေပမာဏကို ၎င်း၏ အငှားဝယ်ယူမှုဆိုင်ရာ ချေးငွေ ပံ့ပိုးမှု ငွေစာရင်းသ့ို ပေးသွင်း ပြီးဖြစသ်ည့်အပြင်
    • (၂) ဘဏ်ခွဲတွင် လျှောက်ထားမှုများအတွက် လက်ငင်းပေးချေသောငွေ၊ ဝန်ဆောင်ခ နှင့် အခြားသော အကျုံးဝင်သည့် အဖိုးအခများ (အာမခံပရီမီယံကြေး နှင့်/သို့မဟုတ် ကြိုတင်ပေးသွင်းရမည့် အတိုးများအပါအဝင်) ကို အငှားဝယ်ယူသူက ရိုးမဘဏ်၌ ဖွင့်ထားသည့် ၎င်းတို့၏ စာရင်းရှင်ငွေစာရင်းသို့ ပေးသွင်း ပြီးဖြစ်သည်။
  • (ဃ) အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်းပိုင်ဆိုင်မ-ှု အငှားဝယ်စနစ်ဖြင့် ဝယ်ယူသော ပစ္စည်း ပိုင်ဆိုင်မှုအား ရိုးမဘဏ်သို့ လွှဲပြောင်းခြင်းနှင့် စပ်လျဉ်းသည့် အပိုဒ် ၇.၁ ပါ အခွင့်ရကုန်စည် ရောင်းချသူ၏ တာဝန်ဝတ္တရားများကို အခွင့်ရကုန်စည်ရောင်းချသူက လိုက်နာဆောင်ရွက်ပြီးဖြစ် သည် ။


၇။ အငှားဝယ်စနစ်ဖြင့် သက်ဆိုင်သော စက်ပစ္စည်း ပိုင်ဆိုင်မှု

၇.၁ အခွင့်ရကုန်စည်ရောင်းချသူက အငှားဝ ယ်ယူသူများမှ အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများအား ရောင်းချရာတွင် ၎င်း ပစ္စည်းများ၏အခွင့်အရေး၊ ပိုင်ဆိုင်ခွင့် နှင့် အကျိုးစီးပွားအားလုံးကို ရိုးမဘဏ်သို့ လွှဲပြောင်းပေးအပ်ရန် နားလည်သဘောတူသည်။ ဤ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းအား ပြီးမြောက်စေရန်အတွက် ခွင့်ပြုချေးငွေများကို အပိုဒ် ၆.၁ နှင့်အညီ ထုတ်ပေးမှု မတိုင်မီ အခွင့်ရကုန်စည်ရောင်းချသူသည် အောက်ပါ စာရွက်စာတမ်းအားလုံးကို မူရင်း (သို့မဟုတ်) မိတ္တူ ရိုးမ ဘဏ်သို့ပေးအပ်ရမည် -

  • (က) အငှားစနစ်ဖြင့် ဝယ်ယူသော ပစ္စည်းအတွက်အခွင့်ရကုန်စည်ရောင်းချသူနှင့် အငှားဝယ်ယူသူ တို့အကြား ချုပ်ဆိုထားသော အရောင်းစာချုပ်မူရင်း အပြင်။
  • (ခ) အငှားစနစ်ဖြင့် ဝယ်ယူထားသော ပစ္စည်း ပိုင်ဆိုင်မှုအား အခိုင်အမာ သက်သေထူရန် ဘဏ်က သတ် မှတ်ထားသည့် အခြားသော တိကျသည့် စာရွက်စာတမ်းများ

၇.၂ အခွင့်ရကုန်စည်ရောင်းချသူသည် မော်တော်ယာဉ်များ ရောင်းချရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးသည့် ယာဉ်မှတ်ပုံတင်စာအုပ် မူရင်းနှင့် မြန်မာ့ အာမခံလုပ်ငန်းက ထုတ်ပေးသည့် အာမခံစာအုပ် မူရင်း (ပိုင်ဆိုင်မှုဆိုင်ရာ စာအုပ်များ) တို့ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးရမည့် အပြင် ရိုးမဘဏ်သို့ ၎င်းစာရွက်များကို ပေးအပ်ရမည်။

၇.၃ အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်း၏၏ ပိုင်ဆိုင်မှုကို အပိုဒ် ၇.၁ နှင့် အညီ ရိုးမဘဏ်သို့ လွှဲပြောင်းရာတွင် လိုအပ်သည့် ဆောင်ရွက်မှုများအားလုံးနှင့် အကူအညီအားလုံးကို အခွင့်ရ ကုန်စည်ရောင်းချသူက ဆောင်ရွက်ပေးရမည်။

၇.၄ ရိုးမဘဏ် သည် အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်းကို အောက်ပါအချိန်ကာလများ မတိုင်မီအထိ ပိုင်ဆိုင်မှုကို ဆက်လက်ထမိ ်းသိမ်းထားမည် ဖြစ်သည် -

  • (က) အငှားဝယ်ယူသူသည် (ကျသင့်သော အတိုးနှင့် ဒဏ်ကြေးများ၊ အခကြေးငွေများအပါအဝင်) ရိုးမဘဏ်သို့ ပေးဆောင်ရမည့် ချေးငွေပမာဏအား အပြည့်အဝပေးဆောင်ခြင်း
  • (ခ) အခွင့်ရကုန်စည်ရောင်းချသူက ချေးငွေဖြင့် ဝယ်ယူသည့် ပစ္စည်းအား ပြန်လညသိမ်ဆည်းပြီး ရိုးမဘဏ် ၏ ခွင့်ပြုချက်ဖြင့် အပိုဒ၁် ဝ.၂ နှင့်အညီ အခြားသူတစ်ဦးဦးအား ပြန်လည်ရောင်းချခြင်း

၇.၅ အငှားဝယ်ယူသူက ပိုဒ် ၇.၄ (က) နှင့် အညီ ချေးငွေပမာဏတစ်ခုလုံးအား ရိုးမဘဏ်သို့ ပြန်လည်ပေးဆပ်ပြီး ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ပြီးလျှင် ရိုးမဘဏ်က အငှားဝယ်စနစ်ဖြင့် ဝယ်ယူထား သော ပစ္စည်းနှင့်စပ်လျဉ်းသည့် အခွင့်အရေး၊ ပိုင်ဆိုင်ခွင့်နှင့် အကျိုးစီးပွားများကို အငှားဝယ်ယူသူအား လွှဲအပ်မည် ဖြစ်သည်။


၈ အခွင့်ရကုန်စည်ရောင်းချသူ၏ အငှားဝယ်ယူသူများ အပေါ်အာမခံမှု

၈.၁ အငှားဝယ်ယူသူများက ရိုးမဘဏ်၏ အငှားဝယ်ယူမှုစနစ်ဖြင့် ရယူထားသော ချေးငွေများနှင့် စပ်လျဉ်း၍ ချေးငွေဆုံးရှုံးမှုဖြစ်ပေါ်လာပါက အခွင့်ရကုန်စည်ရောင်းချသူက ပေးလျော်ရန် အာမခံထားသည့် ပမာဏ၏ ၁၀၀% ကိုကျခံရမည်။

၈.၂ ခွင့်ပြုချေးငွေအတွက် အငှားဝယ်ယူသူက ပေးဆပ်ရန်ရှိသည့် ငွေပမာဏ တစ်စုံတစ်ရာအား ပေးဆပ်မှုမရှိ သည်မှာ ရက်ပေါင်း (၁၈၀) ဖြစ်လာလျှင် သို့မဟုတ် ပေးဆပ်ရန် ဆက်လက် နှောင့်နှေးနေလျှင် ရိုးမဘဏ် သည် ချေးငွေဆုံးရှုံးပြီဟု စာချုပ်ဝင်တို့က အသိအမှတ်ပြု သဘောတူကြသည့်အပြင် ရိုးမဘဏ်သည် အပိုဒ် ၈.၁ ပါ အာမခံ အား ၎င်း၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တောင်းဆိုခွင့်ရှိကြောင်းကိုလည်း အသိအမှတ်ပြု သဘောတူကြသည်။

၈.၃ အာမခံရမည့် ဆုံးရှုံးငွေပမာဏ ဆိုသည်မှာ အငှားဝယ်ယူသူမှ ရိုးမဘဏ်သို့ -

  • (က) သက်ဆိုင်ရာ အငှားဝယ်ယူသူက ပေးရန်ကျန်ရှိသော ချေးငွေ ပမာဏ နှင့်
  • (ခ) (ဒဏ်ကြေးအတိုးအပါအဝင်) အငှားဝယ်ယူသူက ရိုးမဘဏ်သို့ ပေးရန်ကျန်ရှိသော အတိုး

၈.၄ အခွင့်ရကုန်စည်ရောင်းချသူသည် အပိုဒ် ၈.၁ တွင် ဖော်ပြပါရှိသည့် အာမခံရမည့် ဆုံးရှုံးငွေပမာဏနှင့် စပ်လျဉ်း၍ ရိုးမဘဏ်မှ ပထမအကြိမ်ပေးပို့သည့် ငွေတောင်းခံစာ ("ငွေပေးချေရန် အကြောင်းကြားစာ") ကို လက်ခံရရှိသည်နှင့် ကန့်ကွက်မှု၊ ခုခံချေပမှု၊ တန်ပြန်တောင်းဆိုမှု၊ ခုနှိမ်မှု အခွင့်အရေး တစ်စုံတစ်ရာ ကျင့်သုံး ဆောင်ရွက်ခြင်းမပြုဘဲ ငွေရင်းကိုသော်လည်းကောင်း၊ အာမခံရမည့် ဆုံးရှံးငွေပမာဏကိုသော် လည်းကောင်း အလုံးစုံ ပြန်လည်ပေးဆပ်ရန် ခြွင်းချက်မရှိ သဘောတူသည်။ အခွင့်ရကုန်စည်ရောင်းချ သူသည် ငွေပေးချေရန် အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ (၁၀) ရက်အတွင်း ယင်း တောင်းဆိုစာတွင် ပါဝင်သည့် ငွေစာရင်းသို့ ပေးဆပ်ရန် ကျန်ရှိသည့် ငွေပမာဏကို လွှဲပြောင်းပေးရမည်ဖြစ်ပြီး ယင်းသို့ ငွေလွှဲပြောင်းရာတွင် ပေးရမည့် မည်သည့်ဘဏ်စရိတ်ကိုမဆို ပေးဆောင်ရမည်။

၈.၅ အပိုဒ် ၈.၁ ပါ အာမခံ ပျက်ပြယ်ခြင်း သို့မဟုတ် ပျက်ပြယ်လာခြင်း၊ ပျက်ပြယ်စေနိုင်ခြင်း၊ တရားမဝင်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်း သို့မဟုတ် အငှားဝယ်ယူသူက ခွင့်ပြုချေးငွေနှင့် စပ်လျဉ်း သည့် ၎င်း၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် ၎င်း၏ တာဝန်ဝတ္တရားများ အား ကင်းလွတ်ခွင့်ပြုမှုတို့ကို အကြောင်းပြု၍သော်လည်းကောင်း သို့မဟုတ် ဆက်စပ်၍ သော်လည်းကောင်း ရိုးမဘဏ်က နစ်နာခဲ့ရသည့် သို့မဟုတ် ကျခံခဲ့ရသည့် ဆုံးရှုံးမှုများ၊ ကုန်ကျစရိတ်များ၊ တောင်းဆိုပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ နစ်နာကြေးများ၊ တောင်းဆိုမှုများနှင့် စရိတ်စကများအား ကာလတစ်ခုမှ တစ်ခုအကြား တောင်းဆိုခြင်းနှင့် ချက်ချင်းတောင်းဆိုမှုများအတွက် အခွင့်ရ ကုန်စည် ရောင်းချသူသည် စာချုပ်အရ အဓိက တာဝန်ရှိသူ အနေဖြင့်သော် လည်းကောင်း၊ အထက်ပါ အပိုဒ် ၈.၁ နှင့် ၈.၅. တွင် ဖော်ပြ ထားသည့် ၎င်း၏ တာဝန်ဝတ္တရားများနှင့် ဆက်နွယ်မှုမရှိသည့် သီးခြား တာဝန်ဝတ္တရားနှင့် ပေးရန်တာဝန်အရသော်လည်းကောင်း ရိုးမဘဏ်အား အပြည့်အဝ ပေးလျော်ရန်ဖြစ်စေ အပြည့်အဝ လျော်ကြေးရအောင် ဆောင်ရွက်ပေးရန် ဖြစ်စေ သဘောတူသည်။

၈.၆ အခွင့်ရကုန်စည်ရောင်းချသူက ၎င်းတွင် အပိုဒ် ၈.၁ တွင် ဖော်ပြပါရှိသည့် အာမခံကို ရုတ်သိမ်းနိုင်သည့် အခွင့်အရေးများကို စွန့်လွှတရ် မည်ဖြစ်သည်။ ထို့အပြင် အခွင့်ရကုန်စည်ရောင်းချသူက ခွင့်ပြုချေးငွေ တစ်ခုစီနှင့် စပ်လျဉ်းပြီး

  • (က) အငှားဝယ်ယူသူက ခွင့်ပြုချေးငွေကို အပြည့်အဝ ပြန်လည်ပေးချေ ပြီးသည်အထိ
  • (ခ) ငွေပေးချေရန် တောင်းဆိုစာပါ ပမာဏကို ပေးချေပြီးသည်အထိ အခွင့်ရကုန်စည် ရောင်းချသူက အာမခံ နှင့်ပတ်သက်သည့် ၎င်း၏ တာဝန်ဝတ္တရားတို့ကို ဆက်လက်ထားရှိမည်ကို သဘောတပူ ါသည်။

၈.၇ အခွင့်ရကုန်စည်ရောင်းချသူက အပိုဒ် ၈.၁ တွင် ဖော်ပြပါရှိသည့် အာမခံသည် အောက်ပါတို့နှင့် အကျုံးဝင် သည် -

  • (က) ဒစ်ဂျစ်တယ် လျှောက်ထားမှုများအတွက် ရိုးမဘဏ်၏ Yoma Bank Dealer Portal ဖြင့်လျှောက် ထားသော၊ သိမ်းဆည်းထားသော ခွင့်ပြု ချေးငွေများ နှင့်
  • (ခ) ဘဏ်ခွဲတွင် ချေးငွေလျှောက်ထားမှုများအတွက် Schedule 1 တွင် ဖော်ပြထားသည့် အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်ထားသော ခွင့်ပြုချေးငွေများ


၉ ခွင့်ပြုချေးငွေများ နှင့်သက်ဆိုင်သော အာမခံငွေ ထားရှိခြင်း

၉.၁ ဤသဘောတူ စာချုပ်တွငပ် ါရှိသော ဒစ်ဂျစ်တယ် လျှောက်ထားမှု ခွင့်ပြု ချေးငွေ တစ်ခုခြင်းစီအတွက် ရိုးမဘဏ်က ၎င်း၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် ချေးငွေပမာဏ ၏ အများဆုံးပမာဏ ၁၀% အထိ ခွင့်ပြု ချေးငွေအတွက် အာမခံ စာရင်းရှင် ငွေစာရင်းတွင် ထည့်သွင်းထားရန် သတ်မှတ် မည်ဖြစ်သည်။

၉.၂ ဤသဘောတူစာချုပ်တွင် ပါရှိသော ဘဏ်ခွဲတွင် ချေးငွေလျှောက်ထားမှု ခွင့်ပြုချေးငွေ တစ်ခုခြင်းစီအတကွ် ရိုးမဘဏ်က ၎င်း၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် စက်ပစ္စည်းတန်ဘိုး၏ အများဆုံးပမာဏ ၁၀% အထိ ခွင့်ပြု ချေးငွေအတွက် အာမခံ စာရင်းရှင် ငွေစာရင်း တွင် ထည့်သွင်းထားရန် သတ်မှတ်မည် ဖြစ်သည်။ ဤ သဘောတူစာချုပ် ရည်ရွယ်ချက်အတွက် အပိုဒ် ၉.၁ နှင့် ၉.၂ တို့တွင် ရည်ညွှန်းသည့် ငေပွ မာဏမှာ "ခွင့်ပြုချေးငွေနှင့် သက်ဆိုင်သော အာမခံငွေများ" ဖြစ်ကြသည်။

၉.၃ အပိုဒ် ၉.၅ နှင့် အညီ အခွင့်ရကုန်စည်ရောင်းချသူသည် အာမခံ စာရင်းရှင် ငွေစာရင်းမှ ခွင့်ပြုချေးငွေ နှင့်သက်ဆိုင်သော အာမခံငွေ (Security Deposit) အား အငှားဝယ်ယူသူက ရိုးမဘဏ်သို့ ပေးအပ်ရမည့် ခွင့်ပြု ချေးငွေ လက်ကျန် ချေးငွေပမာဏနှင့် ပေးရန်ကျန်ရှိသော အတိုး (ဒဏ်ကြေး နှင့် ဘဏ်စရိတ်များ အပါ အဝင်) တို့အား ပြည့်စုံစွာ ပေးဆောင်ပြီးမှသာ ထုတ်ယူခွင့်ရရှိမည်ဖြစ်သည်။

၉.၄ ရိုးမဘဏ်သို့ အငှားဝယ်ယူသူများမှ ဤသဘောတူစာချုပတ်ွင် ပါရှိသော ခွင့်ပြု ချေးငွေများအတွက် ပေးရန် ကျန်ရှိသော ချေးငွေပမာဏ၊ ပေးရန်ကျ န်ရှိသော အတိုး (ဒဏ်ကြေးနှင့် ဘဏ်စရိတ်များ အပါအဝင်) အားလုံးတို့အတွက် အာမခံအဖြစ် ထားရှိသည့် ချေးငွေအာမခံ အပ်နှံငွေအားလုံးကို အခွင့်ရကုန်စည် ရောင်းချသူ၏ အာမခံ စာရင်းရှင် ငွေစာရင်းတွင် ထိန်းချုပ်ထားမည် ဖြစ်သည်။

၉.၅ အပိုဒ် ၉.၃ က မည်သို့ပင်ဆိုစေကာမူ ရိုးမဘဏ်သည် အငှားဝယ်ယူသူက ၎င်းအား ခွင့်ပြု ချေးငွေ အတွက် ပေးရန်ကျန်ရှိသော ချေးငွေပမာဏ၊ ပေးရန်ကျန်ရှိသော အတိုး (ဒဏ်ကြေးနှင့် ဘဏ်စရိတ်များ အပါအဝင်) ပြန်လည်ပေးဆပ်ပြီးသည် အထိ ခွင့်ပြု ချေးငွေ နှင့် သက်ဆိုင်သော အာမခံငွေကို ထန်းသိမ်းထား ခွင့်ရှိသည်။ ယင်းသို့ ထိန်းသိမ်းရာတွင် ရိုးမဘဏ်က အခွင့်ရကုန်စည်ရောင်းချသူ၏ အခြားအငှားဝယ်ယူသူ များ၏ ပျက်ကွက်မှုကြောင့် ဆုံးရှုံးနိုင်ခြေ (သို့မဟုတ်) အမှန်တကယ် ဆုံးရှုံးမှုကို ခွင့်ပြုချေးငွေနှင့် သက်ဆိုင်သော အာမခံငွေဖြင့် လုံလောက်စွာ အကာအကွယ်ပေးသည့် (သို့မဟုတ်) ပေးနိုင်သည့် အခြေအနေတွင် ကျိုးကြောင်း ဆီလျော်စွာ ဆောင်ရွက်ပြီး လိုအပ်သည့် အချိန်တ့ိုတွင် ထိန်းသိမ်းရန် ဆုံးဖြတ်မည် ဖြစ်သည်။

၉.၆ အပိုဒ် ၁၀.၁(ခ) အရ ရိုးမဘဏ်က အငှားဝယ်ယူသူ၏ ပျက်ကွက်မှုကြောင့် အပ်နှံထားသည့် အာမခံ ငွေစာရင်းမှ ငွေပမာဏ တစ်ခုကို ခုနှိမ်လျှင် အခွင့်ရကုန်စည်ရောင်းချသူသည် ရိုးမဘဏ်က ခုနှိမ်သည့် ငွေပမာဏကို ခုနှိမ်သည့်နေ့မှ အလုပ်လုပ်ရက် (၁၀) ရက်အတွင်း ပြန်လည် ဖြည့်သွင်းရမည် ဖြစ်သည်။ အခွင့်ရကုန်စည် ရောင်းချသူသည် ဤအပိုဒ်က သတ်မှတ်ထားသည့်အတိုင်း ပြန်လည် အပ်နှံရန် ပျက်ကွက်လျှင် ရိုးမဘဏ်က ယခသုဘောတူစာချုပ်ကို ရပ်စဲနိုင်သည် (သို့မဟုတ်) အခွင့်ရကုန်စည် ရောင်းချသူအား အငှားချေးငွေ နှင့် ရောင်းချပိုင်ခွင့် အခွင့်အရေးကို ရပ်ဆိုင်းထားနိုင်သည်။ ယင်းသို့ ရပ်ဆိုင်းမှုကို အခွင့်ရကုန်စည်ရောင်းချသူ က သတ်မှတ်ထားသည့်အတိုင်း ပြန်လည် အပ်နှံသည့် အချိန်အထိ ပြုလပု ်နိုင်ပြီး ရိုးမဘဏ် ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ အခွင့်ရကုန်စည်ရောင်းချသူအား အငှားချေးငွေနှင့် ရောင်းချပိုင်ခွင့် အခွင့်အရေးကို ပြန်လည် စတင်မည် ဖြစ်သည်။


၁၀ ပေးဆပ်ရန်ပျက်ကွက်မှု

၁၀.၁ ခွင့်ပြု ချေးငွေနှင့် စပ်လျဉ်း၍ ပေးဆပ်ရန် ကျန်ရှိသည့် ငွေပမာတစ်ခုကို ရက်ပေါင်း (၆၀) သို့မဟုတ် ယင်း ကာလထက် ပိုပြီး ပေးဆပ်ရန် ပျက်ကွက်လျှင် သို့မဟုတ် ခွင့်ပြု ချေးငွေ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ရန် ပျက်ကွက်လျှင် ရိုးမဘဏ်သည် အောက်ပါတို့ကို တစ်ပြိုင်နက် ပြုလုပ်နိုင်သည်-

  • (က) အခွင့်ရကုန်စည်ရောင်းချသူကို ချေးငွေဖြင့် ဝယ်ယူသောပစ္စည်း အား အငှားဝယ်ယူသူထံမှ ပြန်လည် သိမ်းဆည်းပြီး အပိုဒ် ၁၀.၂ နှင့် ၁၀.၃ နှင့်အညီ ရိုးမဘဏ် ၏ ကိုယ်စားလှယ် အဖြစ် ပြန်လည် ရောင်းချရန် ခွင့်ပြုမည် ဖြစ်သည်။
  • (ခ) ခွင့်ပြုချေးငွေနှင့် စပ်လျဉ်းပြီး ရိုးမဘဏ်ကို ပေးရန်ကျန်ရှိသည့် အရစ်ကျပေးငွေနှင့် ညီမျှသည့် ပမာဏ (သက်ဆိုင်ရာ ဒဏ်ကြေးများအပါအဝင်) ကို အခွင့်ရကုန်စည်ရောင်းချသူ၏ အာမခံ စာရင်းရှင် ငွေစာရင်းမှ ခုနှိမ်နိုင်သည်။

၁၀.၂ အခွင့်ရကုန်စည်ရောင်းချသူသည် သက်ဆိုင်ရာ ခွင့်ပြု ချေးငွေ အတွက် ပေးရန် ကျန်ငွေသည် ရက်ပေါင်း (၁၈၀) ရှိလာသည် အထိ အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်းကို ရောင်းချရန် သင့်လျော်သော အားထုတ်မှု ပြုရမည် ဖြစ်သည်။ ယင်းသို့ အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်း ရောင်းချမှု အခြေ အနေနှင့် ရောင်းချရန် အားထုတ်မှု အသေးစိတ်အား ရိုးမဘဏ်သို့ အလုပ်လုပ်ရက် (၁၀) ရကလ်ျှင်တစ်ကြိမ် တင်ပြရမည်။ အခွင့်ရကုန်စည်ရောင်းချသူက ချေးငွေဖြင့် ဝယ်ယူသည့် ပစ္စည်းအား အခြားပုဂ္ဂိုလ်တစ်ဦးအား အပြီးအပြတ် မရောင်းချမီ ရိုးမဘဏ်၏ သဘောတူညီချက်ကို ရယူရမည် ဖြစ်သည်။

၁၀.၃ အခွင့်ရကုန်စည်ရောင်းချသူသည် သက်ဆိုင်ရာ ခွင့်ပြု ချေးငွေ အတွက် ပေးရန် ကျန်ငွေသည် ရက်ပေါင်း (၁၈၀)ရှိလာသည် အထိ အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်း ရောင်းချရန် သင့်လျော်သော အားထုတ်မှုဖြင့် မရောင်းချနိုင်ပါက ရိုးမဘဏ် က အရှုံး အဖြစ် သတ်မှတ်ကာ အပိုဒ် ၇.၁ နှင့်အညီ အကြွေး စာရင်းမှ ပယ်ဖျက်မည့်အပြင် အပိုဒ် ၈.၁ ပါ အာမခံအား အပိုဒ် ၈ နှင့်အညီ တောင်းဆိုမည်ဖြစ်သည်။ ဤ အပိုဒ်သည် အခွင့်ရကုန်စည်ရောင်းချသူက အငှားဝယ်ယူသူမှ အငှားချေးငွေဖြင့် ဝယ်ယူသည့် ပစ္စည်း အား ရိုးမဘဏ်က အရှုံး အဖြစ် သတ်မှတ်ကာ အကြွေးစာရင်းမှ ပယ်ဖျက်ပြီးသော်လည်းကောင်း ဆက်လက်ရောင်းချရန် ကြိုးစားခွင့်ကို တားမြစ်ခွင့် မရှိပေ။


၁၁ Dealer Portal နှင့် Tablet များ

၁၁.၁ ရိုးမဘဏ်က အခွင့်ရကုန်စည်ရောင်းချသူကို အငှားချေးငွေ လျှောက်ထားသူတို့အား Online အသုံးပြု၍ ချေးငွေ လျှောက်ထားမှု ဆောင်ရွက်နိုင်ရန်အတွက် ဒစ်ဂျစ်တယ် Portal ကို ဝင်ရောက် အသုံးပြုခွင့်ပေးထား မည် ဖြစ်သည် ("Yoma Bank Dealer Portal")။

၁၁.၂ ရိုးမဘဏ်က အခွင့်ရကုန်စည်ရောင်းချသူကို ကွန်ပျူတာ Tablet များကို Yoma Bank Dealer Portal ကို ဝင်ရောက်အသုံးပြုနိုင်ရန်အတွက် ပေးအပ်ထားနိုင်သည်။

၁၁.၃ အခွင့်ရကုန်စည်ရောင်းချသူသည် အောက်ပါတို့ကို အသိအမှတ်ပြု သဘောတူညီသည် -

  • (က) Yoma Bank Dealer Portal ကို အသုံးပြုရန် ပေးအပ်ထားသည့် ကွန်ပြူတာ Tablet တို့ကို Yoma Bank Dealer Portal ကိုဝင်ရောက် အသုံးပြုရန်မှတစ်ပါး အခြားကိစ္စရပ်များအတွက် အသုံးမပြုပါ။
  • (ခ) ကွန်ပြူတာ Tablet များကို ပိုင်ဆိုင်သူမှာ ရိုးမဘဏ်ပင်ဖြစ်သည်။
  • (ဂ) ကွန်ပြူတာ tablet များကို ရိုးမဘဏ် က တောင်းဆိုလာလျှင် ချက်ချင်း ပြန်လည် ပေးအပ်ရမည် ဖြစ်သည်။
  • (ဃ) အကျိုးအကြောင်းဆီလျော်သည့် သာမန် ဟောင်းနွမ်းချို့ယွင်းမှုထက်ပိုလွန်ပြီး ပျက်ဆီးမှုရှိခဲ့လျှင် အခွင့်ရကုန်စည်ရောင်းချသူက ရိုးမဘဏ် ကို အစားထိုးပေးလျော်ရမည် သို့မဟုတ် တောင်း ဆိုလာလျှင် ရိုးမဘဏ် ကိ ပြင်ဆင်မှု ကုန်ကျစရိတ် နှင့်/သို့မဟုတ် အသစ်အစားထိုးရန် ကုန်ကျစရိတ်ကို ပေးလျော်ရမည်။
  • (င) ကွန်ပျူတာ Tablet တို့တွင် အခွင့်ရကုန်စည်ရောင်းချသူအင်တာနက် Data အသုံးပြုနိုင်ရန် အတွက် သတ်မှတ်ထားသည့် ပမာဏတစ်ခုကို ကြိုတင်ငွေပေးချေထားမည် ဖြစ်သည်။ သို့ရာတွင် သတ်မှတ် ထားသည့် Data တန်ဖိုးထက်ပိုမို အသုံးပြုသည့် ကုန်ကျမှုတို့အတွက် အခွင့်ရကုန်စည်ရောင်းချသူ ကသာ ကျခံစေရမည်။


၁၂ စာရင်းစစ်ဆေးခြင်း

အကျိုးအကြောင်း ဆီလျော်စွာ စာရေးသား၍ ကြိုတင် အကြောင်းကြားပြီး အခွင့်ရကုန်စည်ရောင်းချသူ၏ အလုပ်ချိန်အတွင်း သင့်လျော်သည့် အချိန်တွင် စာရင်းစစ်နိုင်သည့်အပြင် ဤသဘောတူညီမှု စာချုပ်၊ ခွင့်ပြု ချေးငွေများ၊ ချေးငွေဖြင့် ဝယ်ယူသည့် ပစ္စည်း နှင့်/သို့မဟုတ် အငှားဝယ်ယူသူတို့နှင့် စပ်လျဉ်းသည့် စာချုပ်စာတမ်းများ၊ မှတ်တမ်း မှတ်ရာများ၊ စာပေးစာယူ ဆက်သွယ်မှုများ၊ မှတ်တမ်းစာအုပ်များ၊ စာရင်း စာအုပ်များနှင့် မှတ်တမ်းများ၊ အခြားသော အထောက်အထားစာရွက်စာတမ်းများကို ရိုးမဘဏ်က စစ်ဆေး ခွင့်ရှိသည်။ ယခုအပိုဒ်ပါ စာရင်းစစ်ဆေးမှုအတွက် ရိုးမဘဏ်က အခွင့်ရကုန်စည်ရောင်းချသူအား ဤ သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်မှု၊ လုပ်ထုံးလုပ်နည်းတို့ကို အထောက်အထား နှင့် တကွ ရှင်းလင်းတင်ပြစေရန် တောင်းဆိုခွင့်ရှိသည်။ ရိုးမဘဏ်က တရားဝင် အခွင့်အာဏာအပ်နှင်းထား သည့် ကိုယ်စားလှယ် က ရိုးမဘဏ် ကိုယ်စား စာရင်းစစ်ဆေးခွင့်ရှိသည်။


၁၃ သဘောတူစာချုပ် ရပ်စဲခြင်း

  • (က) အခွင့်ရကုန်စည်ရောင်းချသူကို တစ်လ ကြိုတင်၍ အကြောင်းကြားစာပေးပို့ပြီး ရိုးမဘဏ်က ၎င်း တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် မည်သည့်အချိန်တွင်မဆို မည်သည့်အကြောင်းကြောင့်မဆို ဤ သဘောတူစာချုပ်ကို ရပ်စဲခွင့်ရှိသည်။
  • (ခ) ဤ သဘောတူစာချုပ်ကို ထိခိုက်သည့် ချိုးဖောက်မှုကို အခွင့်ရကုန်စည်ရောင်းချသူက ပြုလုပ်ပြီး (ယင်းချိုးဖောက်မှုက ပြန်လည်ကုစားနိုင်သည်ဟု ရိုးမဘဏ်က ကျိုးကြောင်းဆီလျော်စွာ ယူဆ သော်လည်း) အခွင့်ရကုန်စည်ရောင်းချသူက ယင်းချိုးဖောက်မှုကို (၁၄) ရက်အတွင်း ကုစားမှု ပြုလုပ်ရန် အကြောင်းကြားလာသည်ကို လိုက်နာဆောင်ရွက်ခြင်း မရှိလျှင် ရိုးမဘဏ်က သဘော တူစာချုပ်ကို ချက်ချင်း ရပ်စဲနိုင်သည်။
  • (ဂ) ဤသဘောတူစာချုပ် (သို့မဟုတ် ဤ စာချုပ်ပါ အင်္ဂါရပ်တစ်ခုခု) မရပ်စဲမီက ရရှိထားသည့် စာချုပ် ဝင်များ၏ အခွင့်အရေးများ၊ တာဝန်ဝတ္တရားများ သို့မဟုတ် ပေးရန် တာဝန်များ သို့မဟုတ် စာချုပ်ရပ် စဲပြီးသည့်နောက်တွင် ဆက်လက် အသက်ဝင်ရန် ရည်ရွယ်ထားသည့် စာချုပ်ဝင်များ၏ အခွင့်အရေး များ၊ တာဝန်ဝတ္တရားများ သို့မဟုတ် ပေးရန်တာဝန်များသည် စာချုပ်အဆုံးသတ်ခြင်းကြောင့် တစ်စုံ တစ်ရာ ထိခိုက်မည် မဟုတ်ပေ။


၁၄ အထွေထွေ

၁၄.၁ ဤ သဘောတူစာချုပ်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးပြီး ယင်းဥပဒေများ နှင့်အညီ အနက်အဓိပ္ပာယ်ကောက်ယူရမည်ဖြစ်ကာ စာချုပ်ဝင်များကလည်း မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရား ရုံးများ၏ သီးခြား စီရင်ပိုင်ခွင့်ကို အကြွင်းမဲ့လက်ခံကြသည်။

၁၄.၂ ဤ အပိုဒ်သည် ရိုးမဘဏ် အတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။ အပိုဒ် ၁၄.၁ က မည်သို့ပင်ဆိုစေကာမူ ရိုးမဘဏ် သည် ဤ သဘောတူစာချုပ်မှ ပေါ်ပေါက်လာသည့် သို့မဟုတ် ဆက်စပ်သော မည်သည့် အငြင်းပွားမှု သို့မဟုတ် တောင်းဆိုမှုများကို လက်ရှိအချိန်တွင် တရားဝင် ကျင့်သုံးနေသည့် the Arbitration Rules of the Singapore International Arbitration Centre ("SIAC Rules") နှင့်အညီ အနုညာတ စီရင်ဆုံးဖြတ်မှုနှင့် စင်္ကာပူနိုင်ငံတွင် စရီ င်ဆုံးဖြတ်မှုကို (ယင်းသို့ခံယူရန် သတ်မှတ်ထားခြင်း မရှိသော်လည်း) ခံယူနိုင်သည်။ အဆိုပါ SIAC စည်းမျဉ်များကိုလည်း ဤ အပိုဒ်တွင် ရည်ညွှန်းချက်အနေဖြင့် ထည့်သွင်းဖော် ပြပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ရိုးမဘဏ်က အနုညာတစီရင်ဆုံးဖြတ်ချက်ဖြင့် အငြင်းပွားမှု သို့မဟုတ် တောင်းဆိုမှုတို့ကို ဖြေရှင်းရန် ရွေးချယ်ခဲ့လျှင် ခုံသမာဓိလူကြီးတစ်ဦးသာ ခန့်ထားမည် ဖြစ်ပြီး ရိုးမဘဏ် က ခန့်အပ်မည် ဖြစ်သည်။ အနုညာတ စီရင်ထုံးဆုံးဖြတ်မည့် နိုင်ငံနှင့် နေရာဌာနသည် စင်္ကာပူနိုင်ငံဖြစ်ပြီး စီရင်ဆုံးဖြတ်မှုကို အင်္ဂလိပ်ဘာသာဖြင့် ဆောင်ရွက်မည် ဖြစ်သည်။ အနုညာတစီရင်ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး ရိုးမဘဏ် နှင့် အခွင့်ရကုန်စည်ရောင်းချသူတို့ အပေါ်တွင် စည်းနှောင်မှု ရှိသည်။

၁၄.၃ ဤ သဘောတူစာချုပ်အရ ဘဏ်က ရရှိထားသည့် အခွင့်အရေး ၊ အခွင့်အာဏာ သို့မဟုတ် ကုစားမှု တစ်ရပ်ရပ်အား ကျင့်သုံးရန် နှောင့်နှေးကြန့်ကြာခြင်း သို့မဟုတ် ရယူကျင့်သုံးရန် ပျက်ကွက်ခြင်း၊ ယင်း အခွင့်အရေး၊ အခွင့်အာဏာ သို့မဟုတ် ကုစားမှု တစ်ရပ်ရပ်အား ထိခိုက်စေခြင်း သို့မဟုတ် ယင်း အခွင့်အရေး၊ အခွင့်အာဏာ သို့မဟုတ် ကုစားမှု တစ်ရပ်ရပ်အား စွန့်လွှတ်ခြင်း သို့မဟုတ် ယင်းသို့ အခွင့်အရေး၊ အခွင့်အာဏာ သို့မဟုတ် ကုစားမှု တစ်ရပ်ရပ်အား ကျင့်သုံးဆောင်ရွက်မှု မပြုခြင်းသည် ယင်း အခွင့်အရေး၊ အခွင့်အာဏာ သို့မဟုတ် ကုစားမှု တစ်ရပ်ရပ်အား ထိခိုက်နစ်နာမှုကို အလျှော့ပေး လက်ခံ သည်ဟု မှတ်ယူခြင်းမပြုရမည့် အပြင် ချိုးဖောက်မှု တစ်ခုခုနှင့် စပ်လျဉ်း၍ သို့မဟုတ် ချိုးဖောက်မှုကို

၁၄.၄ အထက်ဖော်ပြပါ ပြဌာန်းချက်များနှင့် အညီဖြစ်ပြီး ဤ သဘောတူ စာချုပ်က စာချုပ်ဝင်များနှင့် ၎င်းတို့ကို ဆက်ခံကြသူများ၊ လွှဲအပ်ခံရသူများ အပေါ်တွင် စည်းနှောင်မှု ရှိပြီး အကျိုးခံစားခွင့်တို့ကို အာမခံပေးမည် ဖြစ်သည်။

၁၄.၅ ဤ သဘောတူ စာချုပ်ကို အင်္ဂလိပ်ဘာသာ ဖြင့်ရေးသားထားပြီး ဥပဒေအရ ဆောင်ရွက်ရန် ကိစ္စရပ်များ တွက် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ဦးစားပေး အသုံးပြုမည် ဖြစ်သည်။


အလျှော့ပေးလက်ခံခြင်းပြုရာတွင် အရေးယူခြင်း သို့မဟုတ် အရေးယူမှုမပြုခြင်းတို့သည် အခြားချိုးဖောက်မှု တစ်စုံတစ်ရာနှင့်စပ်လျဉ်းပြီး ဘဏ်၏ အခွင့်အရေး၊ အခွင့်အာဏာ သို့မဟုတ် ကုစားမှုတို့ကို ထိခိုက်စေမည် မဟုတ်ပေ။

အခွင့်ရကုန်စည်ရောင်းချသူ၊ ၎င်းကိုကိုယ်စားပြုရန်

ကိုယ်စားပြုရန်

အခွင့်အာဏာအပ်နှင်းထားသူက
လက်မှတ်ရေးထိုးသည်
လက်မှတ်
အမည်
မှတ်ပုံတင်အမှတ်
လိပ်စာ

အခွင့်အာဏာအပ်နှင်းထားသူက
လက်မှတ်ရေးထိုးသည်
လက်မှတ်
အမည်
မှတ်ပုံတင်အမှတ်
လိပ်စာ

သက်သေ
လက်မှတ်
အမည်
ဦး/ဒေါ်
မှတ်ပုံတင်အမှတ်
လိပ်စာ

သက်သေ
လက်မှတ်
အမည်
ဦး/ဒေါ်
/ မှတ်ပုံတင်အမှတ်
လိပ်စာ


နောက်ဆက်တွဲ (က) ခွင့်ပြုထားသည့် ပစ္စည်းများ -

နောက်ဆက်တွဲ (ခ) ချေးငွေလျှောက်ထားမှုဆိုင်ရာ သတင်းအချက်အလက်များ

ဇယား (၁) - ဘဏ်ခွဲတွင်လျှောက်ထားသည့် ခွင့်ပြုချေးငွေ
စဉ် အငှားဝယ်ယူသူအမည် အငှားဝယ်ယူသူ၏ မှတ်ပုံတင်အမှတ် ချေးငွေတန်ဖိုး အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်း
       
       
       
       
       

အခွင့်ရကုန်စည်ရောင်းချသူက သဘောတူပါသည်

လက်မှတ်
အမည်
ရာထူး
မှတ်ပုံတင်အမှတ်
( ) နေ့တွင် လက်မှတ်ရေးထိုးသည်။


Super စာရင်းသေအပ်ငွေစာရင်း

စည်းကမ်းသတ်မှတ်ချက်များ (T&Cs)

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၇) ရက်


Super စာရင်းသေအပ်ငွေစာရင်း - စည်းကမ်းသတ်မှတ်ချက်များ

၁။ မိတ်ဆက်

၁.၁။ လူကြီးမင်းသည် ရိုးမဘဏ်(ဘဏ်)တွင် Super စာရင်းသေ အပ်ငွေစာရင်း လျှောက်ထားသူ ( သို့မဟုတ်) အပ်ငွေစာရင်း ဖွင့်ထားသူ ဖွင့်လှစ်လိုက်သည်နှင့် ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများစတင် အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။

၁.၂။ လူကြီးမင်း အနေဖြင့် ရိုးမဘဏ်၏ Super စာရင်းသေအပ်ငွေစာရင်းကို အသုံးပြုနေသော ကာလတစ်လျှောက်လုံး စည်းမျဉ်းစည်ကမ်းများကို နားလည်သဘောပေါက်၍ လိုက်နာပါမည်ဟု သဘောတူညီပါသည်။ ထိုစည်းမျဉ်းစည်းကမ်းများသည် လူကြီးမင်းနှင့် ဘဏ်အကြား ချုပ်ဆိုထားသော သဘောတူညီချက်ဖြစ်သည်။


၂။ Super စာရင်းသေအပ်ငွေစာရင်းဖွင့်လှစ်ခြင်း

၂.၁။ Super စာရင်းသေအပ်ငွေစာရင်းကို ဖွင့်လှစ်ရန် ဘဏ်မှအခါအားလျော်စွာ သတ်မှတ်ထားသည့် အနည်းဆုံး ထည့်သွင်းရမည့် ငွေပမာဏကိုထည့်သွင်း၍ စာရင်းဖွင့်လှစ်နိုင်သည်။

၂.၂။ Super စာရင်းသေအပ်ငွေစာရင်းကို စတင်ဖွင့်လှစ်သည့်အချိန်တွင် လူကြီးမင်း Super စာရင်းသေအပ်ငွေစာရင်း ၏ သက်တမ်း (အချိန်) ကိုရွေးချယ်နိုင်သည်။ ဘဏ်သည် သတ်မှတ်ထားသော သက်တမ်းကို အခါအားလျော်စွာ ပြောင်းလဲခွင့်ရှိသည်။ သင်ရွေးချယ်ထားသော သက်တမ်း၏ နောက်ဆုံးနေ့သည် “သက်တမ်းပြည့်သည့်နေ့” ဖြစ်သည်။


၃။ အတိုးနှုန်း

၃.၁။ Super စာရင်းသေအပ်ငွေ၏ အတိုးနှုန်းတွက်ချက်ပုံမှာ ဘဏ်၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ပြီး လူကြီးမင်း၏ Super စာရင်းသေအပ်ငွေ သက်တမ်းစတင်သည့်နေ့မှစတင်၍ တွက်ချက်မည်ဖြစ်သည်။ အတိုးနှုန်းမှာ Super စာရင်းသေအပ်ငွေ စတင်အသက်ဝင်သည့်နေ့တွင် ရှိသော Super စာရင်းသေအပ်ငွေစာရင်းဆိုင်ရာ စည်းမျဉ်းများအရ ရရှိမည် ဖြစ်သည်။

၃.၂။ အတိုးနှုန်းကို နေ့စဉ်တွက်ချက်မည်ဖြစ်ပြီး Super စာရင်းသေအပ်ငွေစာရင်း၏ သက်တမ်းပြည့်သည့်နေ့တွင် ပေးအပ်သွားမည် ဖြစ်သည်။ ( အပိုဒ် ၆ တွင် ဖော်ပြ သက်မှတ်ထားသည့် အခြေအနေများအရ (သက်တမ်းမပြည့်မှီ ထုတ်ယူခြင်းများ) ပြောင်းလဲနိုင်သည်)


၄။ ဝန်ဆောင်ခ

၄.၁။ ဘဏ်ခွဲတစ်ခုချင်းစီတွင် Super စာရင်းသေအပ်ငွေအတွက် အခါးအားလျော်စွာ ထုတ်ပြန်ထားသည့် ဝန်ဆောင်ခနှင့် နှုန်းထားများကို သိရှိနိုင်ပါမည်။


၅။ သက်တမ်းပြည့်မြောက်ခြင်း

၅.၁။ Super စာရင်းသေအပ်ငွေစာရင်း သက်တမ်းပြည့်သည့်နေ့တွင် နောက်ထပ်သက်တမ်း တိုးရန် ဘဏ်အား တောင်းဆိုခြင်း ပြုလုပ်ပြီးပါက Super စာရင်းသေအပ်ငွေစာရင်းကို လူကြီးမင်းနှင့် ဘဏ်အကြား သဘောတူညီချက်ဖြင့် နောက်ထပ် သက်တမ်းတိုးနိုင်ပါသည်။

၅.၂။ အကယ်၍ တွဲဖက်စာရင်းအမည်ဖြင့် Super စာရင်းသေအပ်ငွေစာရင်းကို ဖွင့်လှစ်ထားပြီး တွဲဖက်စာရင်းဖွင့်ထားသူ သေဆုံးခဲ့လျှင် ကျန်ရှိသော အပ်ငွေနှင့် ရရှိလာသည့် အတိုးတို့ကို ကျန်ရှိသောသူ (သို့မဟုတ်) ဥပဒေကြောင်း အရ ဆက်ခံခွင့်ရှိသူတို့ကို ပေးအပ်သွားမည် ဖြစ်သည်။


၆။ သက်တမ်းမပြည့်မီ ဆောလျင်စွာ အပ်ငွေထုတ်ယူခြင်း

၆.၁။ လူကြီးမင်းသည် မည်သည့်ဘဏ်ခွဲတွင်မဆို Super စာရင်းသေအပ်ငွေမှ သက်တမ်းမပြည့်မီ ဆောလျင်စွာ အပ်ငွေထုတ်ယူခြင်းကို ပြုလုပ်ပါက ဘဏ်အနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆောလျင်စွာ ထုတ်ယူမှုအတွက် ကျသင့်သည့် အခကြေးငွေ၊ ဝန်ဆောင်ခတို့ကို တောင်းဆိုပိုင်ခွင့်ရှိသည်။

၆.၂။ လူကြီးမင်း၏ Super စာရင်းသေအပ်ငွေစာရင်းကို မူလသဘောတူထားသည့် သက်တမ်းပြည့်သည့်နေ့ မတိုင်မီ ထုတ်ယူပါက အတိုးခံစားခွင့်ရှိမည်မဟုတ်ပါ။


၇။ ထုတ်ဖော်ကြေညာချက်များ

၇.၁။ ဘဏ်၏ လုပ်ပိုင်အခွင့်အာဏာကို ကျင်သုံး၍ တရားစီရင်ပိုင်ခွင့်ရှိသော မည်သည့် တရားရုံးမဆို၊ ဥပဒေအဖွဲ့အစည်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အခြားဥပဒေ အာဏာအပ်နှင်းထားသော အဖွဲ့အစည်း၊ ဘဏ္ဏာရေးအဖွဲ့အစည်းများ၊ ဘဏ်သို့ အီလက်ထရောနစ်(သို့မဟုတ်) အခြား ဝန်ဆောင်မှု ပေးအပ်သူမဆို၊ ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန (သို့မဟုတ်) ဘဏ်နှင့်အဖွဲ့ဝင် မည်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကိုမဆို လူကြီးမင်းနှင့်ပတ်သက်သောအချက်အလက်များ၊ ဘဏ်တွင် ဖွင့်လှစ်ထားသော လူကြီးမင်းအကောင့် (သို့မဟုတ်) စာရင်းသေအပ်ငွေနှင့် ပတ်သက်သည့် မည်သည့် အချက်အလက်မဆို ကြိုတင်အကြောင်းကြားရန်မလိုဘဲ ပေးအပ်နိုင်သည်ကို သိရှိသဘောတူပါသည်။

၇.၂။ ဘဏ်အနေဖြင့် ကျိုးကြောင်းဆီလျော်သော လုပ်ဆောင်မှုများဖြင့် လူကြီးမင်း၏ အချက်အလက်များကို လျှို့ဝှက် ထားရှိပေးမည်ဖြစ်သည်။


၈။ အထွေထွေ

၈.၁။ ဘဏ်မှ ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများကို မည်သည့်အချိန်တွင်မဆို ပြင်ဆင်ဖြည့်စွက် ပိုင်ခွင့်ရှိသည်။ အကယ်၍ ပြုပြင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ပါက ဘဏ်၏ ဝက်ဘ်ဆိုက် (သို့မဟုတ်) ဘဏ်ခွဲများတွင် အသိပေးကြေညာသွားမည်ဖြစ်သည်။

၈.၂။ ဘဏ်အနေဖြင့် Super စာရင်းသေအပ်ငွေစာရင်း ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မည်သည့် အချိန်တွင်မဆို ရပ်ဆိုင်းခြင်း ၊ ကြိုတင်အကြောင်းကြား၍ ပြုလုပ်နိုင်သည်။

၈.၃။ ဘဏ်အနေဖြင့် လူကြီးမင်း၏ Super စာရင်းသေအပ်ငွေစာရင်းမှ ဆောလျင်စွာ အပ်ငွေထုတ်မှု ကြောင့် ဖြစ်ပေါ်လာမည့် မည်သည့် ဆုံးရှုံးမှုများအတွက် တာဝန်ရှိမည် မဟုတ်ပါ။

၈.၄။ Super စာရင်းသေအပ်ငွေ စာရင်း ဝန်ဆောင်မှုသည် မြန်မာနိုင်ငံသားများအတွက်သာ ဖြစ်ပြီး နိုင်ငံခြားသားများသည် Super စာရင်းသေအပ်ငွေစာရင်း ကို ဖွင့်လှစ်ခွင့်မရှိပါ။
ရိုးမဘဏ်သည်

  • (က) Customer ၏ ညွှန်ကြားချက်များအရ ဆောင်ရွက်ခြင်းကြောင့် သော်လည်းကောင်း၊
  • (ခ) Customer မှ Super စာရင်းသေအပ်ငွေစာရင်း သက်တမ်းမပြည့်မီ ငွေထုတ်ယူခြင်းကြောင့်သော်လည်းကောင်း၊ အကျိုးဆက်များဖြစ်သော ဘဏ်မှကြုံတွေ့ရသည့် (သို့မဟုတ်) ကြုံတွေ့ရနိုင်သည့် ဆုံးရှုံးမှုများ၊ အငြင်းပွားမှုများ၊ တရားစွဲဆိုရင်ဆိုင်မှုများ၊ ကန့်သတ်ထားခြင်းမရှိသည့် ဥပဒေဆိုင်ရာအပါအဝင်အလုံးစုံ ကုန်ကျစရိတ်များ၊ တောင်းဆိုမှုများ၊ ဝန်ဆောင်မှု ကုန်ကျစရိတ်များ၊ ပေးရန်ရှိတာဝန်များ စသည့်နစ်နာမှုများအတွက် Customer မှအပြည့်အ၀ တာဝန်ယူ ဖြေရှင်းပေးရန်နှင့် ပြန်လည်ပေးလျော်ရန် သဘောတူ လက်ခံပါသည်။ ဤသဘောတူ ညီချက်နှင့်စပ်လျဉ်း၍ သော်လည်းကောင်း၊ အခြားအကြောင်းတစ်စုံတစ်ရာကြောင့် သော်လည်းကောင်း Customer မှရိုးမဘဏ်သို့ ပေးရန်ရှိသည့်ငွေပမာဏကို Customer ၏ မည်သည့်အပ်ငွေစာရင်းမှမဆို ရိုးမဘဏ် ကထုတ်ယူနိုင်ကြောင်း Customer မှသဘောတူခွင့်ပြုပါသည်။

၈.၅။ ဤစည်းမျဉ်းစည်းကမ်းများသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဥပဒေများအတိုင်း လွှမ်းမိုးမည် ဖြစ်သည်။

အသုံးမပြုသည့်စာရင်းများ/စာရင်းသေ (ခေါ်) Dormant Accounts Policy


ရိုးမဘဏ်မှ လူကြီးမင်း၏ လွန်ခဲ့သော (၃၆) လ အတွင်း အသုံးပြုခြင်းမရှိသော (သို့) လက်ကျန်ငွေထားရှိခြင်းမရှိသော ရိုးမဘဏ် ဘဏ်စာရင်းဆိုင်ရာ အသိပေးချက် SMS စာတိုကို ၂၀၂၃ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ပေးပို့အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် အဆိုပါဘဏ်စာရင်းများအား ဆက်လက်အသုံးပြုမည်ဆိုပါက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက် မတိုင်မီ Yoma Bank Mobile Banking Application မှလည်းကောင်း၊ ဘဏ်ခွဲများ၌လည်းကောင်း ငွေသွင်းခြင်း၊ ငွေထုတ်ယူခြင်း၊ ငွေပေးချေခြင်း၊ ငွေလွှဲခြင်း တို့ကို အနည်းဆုံး (၁) ကြိမ် ပြုလုပ်‌ပေးပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

မှတ်ချက်။ ။ မိမိ၏ မည်သည့် ရိုးမဘဏ် ဘဏ်စာရင်းအတွက် အသိပေးချက်ပေးပို့ခြင်းကို မသိရှိပါက ရိုးမဘဏ်၏ Customer Care Center ဖုန်းနံပါတ် 9662 (သို့) 097-9662-9662 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Dormant Account ဆိုသည်မှာ

မည်သည့်ဘဏ်စာရင်းမဆို လွန်ခဲ့သော (၃၆) လအတွင်း လက်ကျန်ငွေ (၁၀,၀၀၀) ကျပ်ထက်နည်းပြီး ဘဏ္ဍာရေး ဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်း အထုတ်ပြုလုပ်ခြင်း) လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါက (ဥပဒေအရ တရားဝင် ငွေထုတ်ခွင့်ပိတ်ပင်ထားခြင်းများမှအပ) အသုံးမပြုသည့် ငွေစာရင်းအကောင့်/စာရင်းသေ (Dormant Account) ဟု သတ်မှတ်သည်။

Dormancy Period ဆိုသည်မှာ

ဘဏ်စာရင်းတစ်ခုသည် Dormant Account အဖြစ် သတ်မှတ်ပြီးခြင်းခံရလျှင် Dormancy Period ကာလအတွင်း ရောက်ရှိမည် ဖြစ်သည်။ Dormancy Period ကာလသည် ၆လတာ ကြာမြင့်ပြီး ထိုကာလအတောအတွင်း Fee ကောက်ခံခြင်း၊ အတိုးတွက်ချက်ခြင်း နဲ့ အခြားသော လုပ်ဆောင်ချက်များကို ဆိုင်းငံ့ထားမည် ဖြစ်ပါသည်။

ရိုးမဘဏ်၏ Dormancy Policy နှင့် Dormant accounts များကို ရပ်ဆိုင်းပိတ်သိမ်းခြင်း

ရိုးမဘဏ်အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ် ပြုလုပ်ခြင်း) မရှိသော Customer များ၏ ဘဏ်စာရင်းများကို dormant အဖြစ် အခါအားလျော်စွာ သတ်မှတ်သည်။ ထိုသို့ မသတ်မှတ်မီ (၃) ပတ်ခန့်အလိုတွင် account ပိုင်ရှင်များကို account ရပ်ဆိုင်းပိတ်သိမ်းမည့်နေ့ နှင့်တကွ ကြိုတင်အသိပေး အကြောင်းကြားသွားမည် ဖြစ်ပြီး Dormancy Period ကာလအတွင်း Account ပိုင်ရှင်များမှ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငွေအသွင်းအထုတ်ပြုလုပ်ခြင်းနှင့် လွဲပြောင်းခြင်းများ) ပြန်လည်ပြုလုပ်ပါက ဘဏ်စာရင်းမှာ အလိုအလျောက် ပြန်လည်အသက်ဝင်မည် ("Active") ဖြစ်ပါသည်။ ထိုကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်မရှိ (သို့) စာရင်းပိုင်ရှင်မှ တစုံတရာညွန်ကြားမှု မရှိပါက ရိုးမဘဏ်၏ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။ လက်ကျန်ငွေ အပါအဝင် ဆက်စပ်စာရွက်စာတမ်းများကို ဘဏ်မှ ရပ်စဲသည့်နေ့မှစ၍ အနည်းဆုံး (၄) နှစ်အထိ ဘဏ်စာရင်းတွင် သိမ်းဆည်းထားမည် ဖြစ်သည်။

ဝန်ဆောင်မှု ရယူသူများ၏ ငွေကြေးဆုံးရှုံးမှုကာကွယ်ခြင်း

Account ပိုင်ရှင်များသည် Dormancy Policy ကြောင့် ပိတ်သိမ်းလိုက်သော Account များရှိ လက်ကျန်ငွေကြေးများကို ရိုးမဘဏ် ဘဏ်ခွဲများတွင် ပြန်လည် လျှောက်ထားရယူနိုင်ပါမည်။ (ဥပဒေအရ တရားဝင် ငွေထုတ်ခွင့် ပိတ်ပင်ထားခြင်းများမှအပ)