အဓိကကျသော ဆုံးရှုံးနိုင်ခြေများ

Who we are > Governance

အဓိကကျသော ဆုံးရှုံးနိုင်ခြေများ

Who we are > Governance

အဓိကကျသော ဆုံးရှုံးနိုင်ခြေများ

အဓိကကျသော ဆုံးရှုံးနိုင်ခြေအဓိပ္ပာယ်ဖွင့်ဆိုချက်ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲမှု
ဥပဒေရေးရာနှင့် လိုက်နာကျင့်သုံးမှု ဆိုင်ရာ ဆုံးရှုံးနိုင်ခြေဥပဒေရေးရာနှင့် လိုက်နာကျင့်သုံးမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေဆိုသည်မှာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ စံနှုန်းများနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ရာမှ ပေါ်ပေါက်လာနိုင်သော ဆုံးရှုံးနိုင်ခြေကို ဆိုလိုပါသည်။စာရင်းစစ်ကော်မတီမှတစ်ဆင့် ဒါရိုက်တာအဖွဲ့ သည် ဘဏ်အနေဖြင့် သက်ဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေများကို လိုက်နာ ဆောင်ရွက်နေကြောင်း သေချာစေရန် တာဝန်ရှိပါသည်။ လိုက်နာဆောင်ရွက်ရေးဆိုင်ရာအရာရှိချုပ်သည် ဘဏ်၏ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များနှင့် ဝန်ထမ်းအားလုံးက ဘဏ်၏ သတ်မှတ်ထားသော စံနှုန်းများနှင့် မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်နေကြောင်း သေချာစေရန် တာဝန်ယူဆောင်ရွက်ပါသည်။
လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ ဆိုသည်မှာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုများသည် ဘဏ်၏ မဟာဗျူဟာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လိုအပ်ချက်များကို ပြည့်မီနိုင်ခြင်း မရှိသည်ကို ဆိုလိုသည်။ အဖွဲ့အစည်း၏ လုပ်ငန်းခွင်ယဉ်ကျေးမှု အားနည်းခြင်း၊ အဓိကဝန်ထမ်းများ ဆုံးရှုံးခြင်း၊ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအတွက် ဆက်ခံသူ လျာထားပြင်ဆင်မှု အစီအစဉ် (Succession Planning) မလုံလောက်ခြင်း၊ ဝန်ထမ်းများ၏ တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု မလုံလောက်ခြင်း၊ စွမ်းဆောင်ရည်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ အားနည်းခြင်း၊ ဝန်ထမ်းများ၏ ပါဝင်ဆောင်ရွက်မှုနှင့် တန်ဖိုးစံနှုန်း (Employee Engagement and Value Proposition) နိမ့်ကျခြင်းတို့မှ ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် အလုပ်သမားဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများနှင့် ကျင့်ဝတ်မညီသော အလုပ်ခန့်ထားမှု အလေ့အကျင့်များကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ဒါရိုက်တာအဖွဲ့သည် ဝန်ထမ်း၊ အခကြေးငွေနှင့် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ကော်မတီမှတစ်ဆင့် ဘဏ်၏ ကျင့်ဝတ်စည်းကမ်း (Code of Conduct) ကို အကောင်အထည်ဖော်ခြင်းဖြင့် အဖွဲ့အစည်း၏ တန်ဖိုးများကို မြှင့်တင်ရန်နှင့် ကောင်းမွန်သော ကော်ပိုရိတ်ယဉ်ကျေးမှုကို ဖန်တီးပေးရန် တာဝန်ရှိပါသည်။ လူ့စွမ်းအားအရင်းအမြစ်ဌာန သည် လုပ်ငန်းခွင်ပတ်ဝန်းကျင် တိုးတက် ကောင်းမွန်စေရန်၊ လုပ်ငန်း၏ ပုံရိပ်ကို မြှင့်တင်ရန်နှင့် ဝန်ထမ်းများအတွက် တိုးတက်မှုရှိသော အလုပ်အကိုင် အခွင့်အလမ်းများကို  ပံ့ပိုးပေးရန် ဆောင်ရွက်လျက်ရှိပါသည်။

လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေကို အရည်အချင်းအပေါ် အခြေခံသည့် ဝန်ထမ်း ရွေးချယ်ခန့်အပ်မှု လုပ်ငန်းစဉ်များ၊ ဝန်ထမ်း၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် နောက်ကြောင်း ရာဇဝင်စိစစ်မှုများ၊ မဖြစ်မနေ တက်ရောက်ရမည့် လိုက်နာဆောင်ရွက်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ သင်တန်းများ၊ ဝန်ထမ်းများ၏ မကျေနပ်ချက်များ တိုင်ကြားနိုင်သည့် Speak-Up အစီအစဉ်များ၊ ဆက်ခံသူ လျာထားပြင်ဆင်ခြင်း၊ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်မှု အစီအစဉ်များနှင့် Compliance ဌာန၊ စာရင်းစစ်ဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုများမှတစ်ဆင့် စီမံခန့်ခွဲလျက်ရှိပါသည်။

ထို့ပြင် ဘဏ်သည် ကုန်ပစ္စည်းပေးသွင်းသူများ၊ ကန်ထရိုက်တာများနှင့် စီးပွားရေး ပါတနာများအနေဖြင့် သက်ဆိုင်ရာ ဥပဒေများနှင့် လူ့အခွင့်အရေး စံချိန်စံညွှန်းများကို လေးစားလိုက်နာရန် မျှော်မှန်းထားပါသည်။ ရိုးမဘဏ်သည် ကလေးအလုပ်သမား ခိုင်းစေမှုနှင့် အဓမ္မစေခိုင်းမှုတို့ကို အပေါ် လုံးဝသည်းမခံသည့် မူဝါဒ (Zero-Tolerance Approach) ကို ကျင့်သုံးလျက်ရှိသည်။

ချေးငွေရေးရာ ဆုံးရှုံးနိုင်ခြေချေးငွေရေးရာ ဆုံးရှုံးနိုင်ခြေဆိုသည်မှာ ဘဏ်မှ ချေးငွေရယူသူ (သို့) အခြားတစ်ဖက်မှ ၎င်းလိုက်နာရမည့် သဘောတူညီချက်ပါအတိုင်း ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း (သို့) ချေးငွေ အရည်အသွေးလျော့ကျခြင်းကြောင့် ပေါ်ပေါက်လာနိုင်သော ဆုံးရှုံးနိုင်ခြေများကို ဆိုလိုပါသည်။ချေးငွေရေးရာ ဆုံးရှုံးနိုင်ခြေများအား လေ့လာစောင့်ကြည့်၍ ချမှတ်ထားသော အဓိကကျသည့် မူဝါဒများနှင့်ကန့်သတ်ချက်များ အား ဒါရိုက်တာအဖွဲ့မှ ခွင့်ပြုထားပါသည်။ ဤသို့ ချေးငွေထုတ်ပေးရာတွင် တစ်ဦးတစ်ယောက်အ‌ပေါ်တွင်လည်းကောင်း၊ အဖွဲ့စုတစ်စု အ‌ပေါ်တွင်လည်းကောင်း၊ လုပ်ငန်းနယ်ပယ်တစ်ခု အ‌ပေါ်တွင်လည်းကောင်း သတ်မှတ်ထားသော ကန့်သတ်ချက်များအလိုက် လက်ခံနိုင်သောဆုံးရှုံးနိုင်ခြေများကို အဆင့်လိုက် ခွဲခြားထားပါသည်။
ဈေးကွက်ရေးရာ ဆုံးရှုံးနိုင်ခြေဈေးကွက်ရေးရာ ဆုံးရှုံးနိုင်ခြေသည် ဈေးကွက်အတွင်း နှုန်းထားများ (အတိုးနှုန်း၊ ငွေလဲလှယ်မှုနှုန်း စသည်တို့) မတည်ငြိမ်ခြင်းကြောင့် ဘဏ်၏ ဘဏ္ဍာတိုက်နှင့် လက်ကျန်ရှင်းတမ်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် ငွေကြေးအရ ဆုံးရှုံးခြင်းကို ဆိုလိုသည်။ဒါရိုက်တာအဖွဲ့ဝင်များသည် လုပ်ငန်းဆုံးရှုံးနိုင်ခြေဆိုင်ရာ စီမံခန့်ခွဲမှုမူဝါဒကို အတည်ပြုပြီး စျေးကွက်ရေးရာ ဆုံးရှုံးနိုင်ခြေကို သတ်မှတ်သည်။ ဈေးကွက်ရေးရာ ဆုံးရှုံးနိုင်ခြေအဖွဲ့သည် ဒါရိုက်တာအဖွဲ့မှ ခွင့်ပြုထားသော NOP ကန့်သတ်ချက်နှင့် Value-at-Risk (VaR) ကန့်သတ်ချက်များကို အသုံးပြု၍ စျေးကွက်ရေးရာဆုံးရှုံးနိုင်ခြေကို စောင့်ကြည့်စစ်ဆေးသည်။
နည်းပညာပိုင်းနှင့် စီမံကိန်း ဆိုင်ရာ ဆုံးရှုံးနိုင်ခြေနည်းပညာနှင့် စီမံကိန်းဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေသည် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပိုင်ဆိုင်မှုများ (အရေးကြီး အချက်အလက်များ ထိန်းသိမ်းထားမှု၊ သမာသမတ်ရှိမှုနှင့် ရရှိနိုင်မှု စသည်တို့) လုံလောက်မှုမရှိခြင်း သို့မဟုတ် ဆုံးရှုံးမှုကြောင့်ဖြစ်သော ထိခိုက်ဆုံးရှုံးနိုင်ခြေကို ဆိုလိုသည်။ အရေးပါသော စီမံကိန်းများ စီမံခန့်ခွဲမှုစွမ်းရည်နှင့် နည်းဗျူဟာကျသော ဦးတည်ချက်များ ပြည့်မီရန်အတွက် လိုအပ်သောစီမံခန့်ခွဲမှုကို ပြောင်းလဲခြင်း သည်လည်း ထိခိုက်ဆုံးရှုံးနိုင်ခြေတွင် ပါဝင်သည်။ရိုးမဘဏ်သည် ဝန်‌ဆောင်မှုရယူသူများ၏ အတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန် နည်းပညာပစ္စည်းပိုင်ဆိုင်မှုနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
ငွေဖြစ်လွယ်မှုနှင့် ဘဏ္ဍာရေးရာ ဆုံးရှုံးနိုင်ခြေငွေဖြစ်လွယ်မှုနှင့် ဘဏ္ဍာရေးရာ ဆုံးရှုံးနိုင်ခြေဆိုသည်မှာ ရိုးမဘဏ်အနေဖြင့် ပိုင်ဆိုင်မှုများကို တိုးမြှင့်ရန် ရန်ပုံငွေမလုံလောက်ခြင်း၊ အပ်ငွေအပ်နှံသူများကို ပြန်လည်ပေးဆပ်ရန်နှင့် အခြားပေးရန်ရှိသည်များကို ပြန်လည်ပေးဆပ်ရန် မလုံလောက်ခြင်းတို့ ဖြစ်ပါသည်။ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေးမူဝါဒ (Asset-Liability Management Policy) ကို ဒါရိုက်တာအဖွဲ့မှ  ခွင့်ပြုထားပါသည်။ ရိုးမဘဏ်သာမက မည်သည့်ဘဏ္ဍာရေး အဖွဲ့အစည်းမဆို သက်‌ရောက်နိုင်သည့် ငွေဖြစ်လွယ်မှုရေးရာ ဆုံးရှုံးနိုင်ခြေများအား ဖြေရင်းရန် ငွေဖြစ်လွယ်မှုရေးရာ ကန့်သတ်ချက်များ ထားရှိခြင်းအားဖြင့် ကာကွယ်ထားပါသည်။ ထို့ပြင် အရေးပေါ် ရန်ပုံငွေ အစီအစဉ်များ (Contingent Funding Plan)လည်း ပြင်ဆင်ထားပါသည်။  ဒါရိုက်တာအဖွဲ့ ၏ ခွင့်ပြုထားသော မူဝါဒရှိ သတ်မှတ်ချက်များနှင့် ဗဟိုဘဏ်မှ လိုအပ်ချက်များနှင့်လည်း ကိုက်ညီအောင် အထူးသတိပြု  စောင့်ကြည့် လေ့လာလျက်ရှိပါသည်။
လုပ်ငန်းလည်ပတ် မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေလုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေဆိုသည်မှာ မဟာဗျူဟာရေးရာ ဆုံးရှုံးနိုင်ခြေ၊ လိုက်နာကျင့်သုံးမှု၊ ဥပဒေ၊ နည်းပညာ၊ ရောင်းချသူ၊ စဉ်ဆက်မပြတ်စီးပွားရေးလုပ်ငန်း၊ ဂုဏ်သိက္ခာ၊ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှု၊ ကျင့်ဝတ်၊ မှားယွင်းစွာပြောဆိုရောင်းချမှု၊ ချေးငွေတာဝန်ခံမှု၊ လိမ်လည်မှုနှင့် လုပ်ငန်းစဉ်မအောင်မြင်မှု စသည်တို့ ပါဝင်သော ဆုံးရှုံးနိုင်ခြေ အမျိုးအစားများစွာ ပါဝင်ပါသည်။ကြီးမားသောဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုတွင် လိုအပ်သော အကြောင်းအားလျော်စွာ ချင့်ချိန်စီမံခန့်ခွဲနိုင်ခြင်းနှင့်  ဘဏ်၏ သိရှိပြီး လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေ သတ်မှတ်ချက်များအတွင်းတွင် ကုန်ကျစရိတ်များနှင့် ဆုံးရှုံးနိုင်ခြေများကို မျှတစွာ ဆောင်ရွက်ရပါသည်။
ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေဆိုသည်မှာ လက်ရှိ စီးပွားရေးမိတ်ဖက်များအား ထိန်းသိမ်းထားနိုင်ခြင်း၊ စီးပွားရေးမိတ်ဖက်အသစ်များ ရှာဖွေလုပ်ဆောင်နိုင်ခြင်းနှင့် ရန်ပုံငွေအရင်းအမြစ်များ ဆက်လက်ရရှိရန် ဆောင်ရွက်ရာတို့တွင် ရိုးမဘဏ်၏ စွမ်းဆောင်ရည်ကို ဆိုးရွားစွာ သက်ရောက်မှုရှိနိုင်သော ရှယ်ယာဝင်များ၏ အမြင်များမှ တစ်ဆင့် ပေါ်ပေါက်လာနိုင်သော ဆုံးရှုံးနိုင်ခြေများကိုဆိုလိုပါသည်။ရိုးမဘဏ်၏ ဒါရိုက်တာအဖွဲ့သည် ကျင့်ဝတ်စည်းကမ်းများအား အခါအားလျော်စွာ အတည်ပြုပြီး ပြန်လည်သုံးသပ်သည်။ ဝန်ထမ်းအသစ်များအားလုံးသည် ကျင့်ဝတ်စည်းကမ်းနှင့် ၎င်းတို့၏ တာဝန်များကို နားလည်ရန် လေ့ကျင့်သင်ကြားထားပါသည်။ ငွေကြေးထောက်ပံ့နေသော စီမံကိန်းများနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မှုဆိုင်ရာအရာရှိချုပ်သည် ရိုးမဘဏ်မှ Anti-Money Laundering & Counter Financing of Terrorism (AML/ CFT) Policy နှင့်အညီ လုပ်ဆောင်မှု ရှိမရှိကို သေချာပြန်လည်သုံးသပ်သည်။
မတည်ငွေရင်း ဆုံးရှုံးနိုင်ခြေမတည်ငွေရင်းဆုံးရှုံးနိုင်ခြေဆိုသည်မှာ အာဏာပိုင်များ (သို့မဟုတ်) အခြားသော အဓိကစီးပွားရေး သက်ဆိုင်သူများ (ရှယ်ယာဝင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်၌ငွေအပ်နှံသူများ စသည်)က ဘဏ်လုပ်ငန်း လည်ပတ်မှုများနှင့် ဘဏ်အနေဖြင့် လက်ခံနိုင်သော ဆုံးရှုံးနိုင်ခြေ (Risk Appetite) ရှိမှုတို့ကို ထောက်ပံ့ပေးရန် လိုအပ်သည့် မတည်ရင်းနှီးငွေ ပမာဏကို ရိုးမဘဏ်အနေဖြင့် ထိန်းသိမ်းရန် ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေကို ဆိုလိုပါသည်။ဒါရိုက်တာအဖွဲ့သည် ဘဏ်၏ မတည်ငွေရင်းလုံလောက်မှုကို စီမံခန့်ခွဲရန် တာဝန်ရှိသည်။ ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ စီမံခန့်ခွဲရေးကော်မတီသည် မတည်ငွေရင်း လုံလောက်မှုအခြေအနေများကို ထိန်းထားနိုင်ခြင်းနှင့် အနည်းဆုံးထားရှိရန် သတ်မှတ်ထားသည့်ပမာဏထက် လုံလောက်သော အရင်းအနှီး ထားရှိနိုင်ခြင်းများကို သေချာစေရန်အတွက် ၎င်း၏ပေးရန်တာဝန်များနှင့် ရပိုင်ခွင့်များကို စောင့်ကြည့်သည်။ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအဖွဲ့သည် ဖြစ်နိုင်ချေရှိသော ဆုံးရှုံးနိုင်ခြေများအတွက် လုံလောက်သော မတည်ငွေရင်းလုံလောက်မှုကို အတည်ပြုရန်အတွက် နှစ်စဉ် Stress Testing ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိပါသည်။
လူမှုရေးနှင့်ပတ်၀န်းကျင်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေများလူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေများဆိုသည်မှာ လုပ်ငန်းဆောင်ရွက်မှုများကြောင့် လူပုဂ္ဂိုလ်များ၊ လူမှုအသိုင်းအဝိုင်းများနှင့်  သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေကို ဆိုလိုသည်။ဘဏ်သည် ဝန်ဆောင်မှုရယူသူများ၊ စီမံကိန်းများနှင့် ငွေကြေးပံ့ပိုးမှုဆိုင်ရာ လုပ်ငန်းများနှင့် သက်ဆိုင်သည့် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ  ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းအတွက် မူဘောင်တစ်ရပ် သတ်မှတ်ပေးထားသော (ESG) Guideline အရ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲလျက်ရှိသည်။
မဟာဗျူဟာဆိုင်ရာ ဆုံးရှုံးနိုင်ခြေမဟာဗျူဟာဆိုင်ရာ ဆုံးရှုံးနိုင်ခြေ  ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ ရေရှည်ဦးတည်ချက်၊ ဆုံးဖြတ်ချက်များ သို့မဟုတ် လုပ်ငန်းပုံစံ (Business Model) သည် အဖွဲ့အစည်းအတွင်းပိုင်း သို့မဟုတ် ပြင်ပပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကြောင့် ရည်မှန်းထားသော ရလဒ်များနှင့် ရည်ရွယ်ချက်များကို အောင်မြင်စွာ မရရှိနိုင်သည့် ဆုံးရှုံးနိုင်ခြေကို ဆိုလိုသည်။ဘဏ်၏ မဟာဗျူဟာဆိုင်ရာ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသည် သတ်မှတ်ထားသော ဆုံးရှုံးနိုင်ခြေလက်ခံနိုင်မှု မူဘောင်များနှင့် ကိုက်ညီစေရန် ဘဏ်၏ နှစ်ရှည် မဟာဗျူဟာစီမံကိန်းများကို ကြိုတင်သုံးသပ်ညှိနှိုင်းကာ စဉ်ဆက်မပြတ် ပြင်ဆင်ဆောင်ရွက်ခြင်း ပါဝင်သည်။ မက္ကရိုစီးပွားရေး လမ်းကြောင်းများကို အဆက်မပြတ် စောင့်ကြည့်ခြင်း၊ ရေရှည်မျှော်မှန်းချက်များ ပါဝင်သော အဓိက ဆုံးရှုံးနိုင်ခြေညွှန်ကိန်းများ (Forward-looking Key Risk Indicators) ကို ထည့်သွင်းအသုံးချခြင်းနှင့် စီမံကိန်းဆိုင်ရာ အုပ်ချုပ်မှုစနစ်အား ခိုင်မာစွာ ကျင့်သုံးခြင်းတို့မှတစ်ဆင့် ဒါရိုက်တာအဖွဲ့နှင့် စီမံခန့်ခွဲမှုအဖွဲ့သည် မဟာဗျူဟာ အကောင်အထည်ဖော်မှုများကို စနစ်တကျ၊ ကြံ့ခံနိုင်စွမ်းရှိစေရန်နှင့် ဘဏ်၏ မတည်ရင်းနှီးငွေနှင့် ငွေကြေးလည်ပတ်နိုင်မှု အခြေအနေတို့နှင့်အညီ ကိုက်ညီစွာ သေချာဆောင်ရွက်လျက်ရှိပါသည်။

 

ဆက်စပ် အကြောင်းအရာများ