မြန်မာနိုင်ငံ ဘဏ္ဍာရေး လုပ်ငန်း ကဏ္ဍတွင် သမိုင်းမှတ်တမ်း ဝင်မည့် ပထမဆုံး နိုင်ငံခြားငွေကြေးရင်းနှီးမြှုပ်နှံမှုတစ်ခုကို IFC နှင့် ရိုးမဘဏ် တို့ ပူးပေါင်းဆောင်ရွက်

New & Activities > သတင်းများ

မြန်မာနိုင်ငံ ဘဏ္ဍာရေး လုပ်ငန်း ကဏ္ဍတွင် သမိုင်းမှတ်တမ်း ဝင်မည့် ပထမဆုံး နိုင်ငံခြားငွေကြေးရင်းနှီးမြှုပ်နှံမှုတစ်ခုကို IFC နှင့် ရိုးမဘဏ် တို့ ပူးပေါင်းဆောင်ရွက်

New & Activities > သတင်းများ

မြန်မာနိုင်ငံ ဘဏ္ဍာရေး လုပ်ငန်း ကဏ္ဍတွင် သမိုင်းမှတ်တမ်း ဝင်မည့် ပထမဆုံး နိုင်ငံခြားငွေကြေးရင်းနှီးမြှုပ်နှံမှုတစ်ခုကို IFC နှင့် ရိုးမဘဏ် တို့ ပူးပေါင်းဆောင်ရွက်

17 June 2019သတင်းများ

1 Min Read

ရန်ကုန်၊ မြန်မာ။    ။ ဇွန်လ (၁၇) ရက်၊ ၂၀၁၉ ခုနှစ် —ကမ္ဘာ့ဘဏ်အဖွဲ့အစည်း (World Bank Group) ၏ တစ်ခုဖြစ်သော နိုင်ငံတကာငွေကြေးအဖွဲ့အစည်း International Finance Corporation (IFC) သည် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်များထဲမှ တစ်ခုဖြစ်သည့် ရိုးမဘဏ် လီမိတက်တွင် ၂၀၁၄ ခုနှစ်က ရင်းနှီးမြှုပ်နှံထည့်ဝင်ခဲ့သော ချေးငွေကို ရိုးမဘဏ်၏ ၅% ရာခိုင်နှုန်းပိုင်ဆိုင်မှု အဖြစ် ပြောင်းလဲထည့်ဝင်ခဲ့သည်။ ယခုပြောင်းလဲထည့်ဝင်မှုနှင့်အတူ IFC သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တွင်  ထည့်ဝင် ရင်းနှီးမြှုပ်နှံသည့် ပထမဆုံး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။ ယင်း ရင်းနှီးမြှုပ်နှံမူသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို မြင့်တင်ခြင်း သဘောဆောင်သည့်အပြင် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ တွင် အရေးပါသည့် သမိုင်းမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်လိုက်ခြင်းလည်း ဖြစ်သည်။

အသေးစားအလတ်စား လုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ လုပ်ငန်းများ ချဲ့ထွင်  ဆောင်ရွက်နိုင်စေရန်   ၂၀၁၄ ခုနှစ်တွင် IFC သည် ရိုးမဘဏ်သို့ ချေးငွေအပြင် အခြားသော  နည်းပညာဆိုင်ရာကူညီ  ဆောင်ရွက်ပေးမှုများ ပါဝင်သည့်  ချေးငွေအမျိုးအစားကို  ပံ့ပိုးပေးခဲ့သည်။  အသေးစားအလတ်စား လုပ်ငန်းများသည်  မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။  မြန်မာနိုင်ငံတွင် အကြမ်းဖျင်း ၉၉.၄ ရာခိုင်နှုန်းသော  လုပ်ငန်းများသည် အသေးစားအလတ်စား လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း  ၅၀ရာခိုင်နှုန်းကို  ဖန်တီးပေးသည်။ မြန်မာနိုင်ငံ၏ အသေးစားအလတ်စား  လုပ်ငန်းကဏ္ဍတွင်  လုပ်ငန်းများ  တိုးချဲ့လုပ်ကိုင် ကြီးထွားလာစေရန်အတွက် ငွေကြေးပံ့ပိုးမှုများ အဓိက လိုအပ်လျက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်း များ ပိုမို ဖန်တီးရန် လည်း လိုအပ်လျက်ရှိနေသေးသည်။ ယင်းငွေကြေးပံ့ပိုးမှုလိုအပ်ချက်သည်   ထုတ်လုပ်ရေးလုပ်ငန်း  ၊ လက်လီလုပ်ငန်း နှင့် ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် မြန်မာနိုင်ငံ၏ အဓိက ကဏ္ဍခွဲ လုပ်ငန်းများကို အကျိုး သက်ရောက်စေသည်။

ရိုးမဘဏ်နှင့် စတင်ခဲ့သည့် ကနဦး သဘောတူညီမှုဖြင့် IFC သည် Product Development ၊ Treasury ၊ Finance ၊ Credit Risk Management နှင့် Corporate governance များ အစရှိသည့်လုပ်ဆောင်မှုများကို  ရိုးမဘဏ်အတွက် ကူညီပံ့ပိုး အကြံပေး လုပ်ဆောင်ပေးခဲ့သည်။ ထို့အပြင် IFC သည် ရိုးမဘဏ် ၏ Core banking system အသစ် အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်လည်း ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့သည်။  ယင်းသည် မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းနှင့်အလှမ်းဝေးသည့် လူမှု့အသိုက်အဝန်းကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်  အတွက် ကမ္တာ့အဆင့်မှီ အကောင်းဆုံး လုပ်ထုံးလုပ်နည်းများနှင့် အညီ ယှဉ်ပြိုင်နိုင်သည့်  ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းအဖွဲအစည်းတစ်ခုအဖြစ် ဘဏ်ကို အသွင်းကူးပြောင်းနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ IFC ၏ ရင်းနှီးမြှုပ်နှံမှု နှင့် ကနဦး အကြံပေးလုပ်ဆောင်သည့် ကာလအတွင်းတွင် ရိုးမဘဏ်သည် ဘဏ်ခွဲ ၅၂ ခုမှ ၇၄ ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်နိုင်စေခဲ့ပြီး မြန်မာနိုင်ငံ၏ အသေးစားအလတ်စား လုပ်ငန်း ကဏ္ဍတွင်လည်း အမေရိကန်ဒေါ်လာ ခန့်မှန်းခြေ သန်း ၈၀၀ တန်ဖိုးရှိ ချေးငွေပေါင်း ခန့်မှန်းခြေ ၇,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနိုင်အောင် ကူညီပံ့ပိုးခဲ့သည်။

“နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို လက်ခံရရှိတဲ့ ပထမဆုံး  ပြည်တွင်းဘဏ်တစ်ခုဖြစ်ရတဲ့အတွက် ရိုးမဘဏ်အနေနဲ့ ကျွန်တော်တို့ များစွာ ကျေနပ် ဂုဏ်ယူမိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ရိုးမဘဏ်က IFC နဲ့ မိတ်ဖက် အဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဘဏ်ရဲ့ Risk Management ၊ Corporate Governance နဲ့  Audit Capabilities  တွေ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရိုးမဘဏ်မှာ  IFC က Board of Director အဖွဲ့ဝင် ဖြစ်လာမှာကိုလည်း  ကျွန်တော်တို့က  လက်ကမ်း ကြိုဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပံ့ပိုးမှုတွေ IFC နဲ့အတူ လက်တွဲပြီး  ရှေ့ဆက်လုပ်ဆောင်နိုင်မယ်လို့ လည်း မျှော်မှန်းထားပါတယ်။” ဟု ရိုးမဘဏ်၏ အမှုဆောင် ဥက္ကဋ္ဌ ဖြစ်သူ ဦးသိမ်းဝေ @ Mr.Serge Pun က ပြောသည်။

 “တကယ့်ကို စံထားရတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရိုးမဘဏ်နဲ့ အတူ IFC က လက်တွဲခွင့် ရတဲ့အတွက်  ရိုးမဘဏ်ကို IFC   ကကျေးဇူးတင်ပါတယ်။ ရိုးမဘဏ်ဟာ ကမ္ဘာ့အဆင့်တန်းနှင့် ကိုက်ညီမှုရှိတဲ့ အဖွဲ့အစည်းအတွင်း တိကျသေချာတဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။” ဟု IFC Country Manager for Myanmar and Thailand ဖြစ်သူ Mr.Vikram Kumar က ပြောသည်။ ” ရိုးမဘဏ်မှာ IFC   ရဲ့ ရင်းနှီးမြှုပ်နှံမှု နှင့် အကြံပေး ကူညီပေးမှုတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေကို ပိုမိုကြီးထွားလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရိုးမဘဏ်မှာ ထည့်ဝင်ထားတဲ့ IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ရေရှည်လက်တွဲလုပ်ဆောင်မှုတွေက ရိုးမဘဏ်ရဲ့ Product တွေ တိုးချဲ့ ဝန်ဆောင်မှုပေးနိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငွေကြေးလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။””  ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

IFC ၏ ရိုးမဘဏ်တွင် ထည့်ဝင်သည့် ချေးငွေမှ ရင်းနှီးမြှုပ်နှံမှု သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ  လွန်ခဲ့သည့် နှစ်  အောက်တိုဘာတွင်တရားဝင် ခွင့်ပြုခဲ့သည်။ စွန့်ဦးတီထွင်သူများ၏ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန် အတွက် ကူညီပေးရာတွင်ဘဏ်များသည်အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး  နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ  ပြုသည့်အတွက်  မြန်မာ နိုင်ငံတော်အစိုရ၏ ကြိုးစားအားထုတ်မှုနှင့်  အတူ IFC နှင့် ရိုးမဘဏ် သည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကူညီသည်။

IFC အကြောင်း
အိုင်အက်ဖ်စီသည် ကမ္ဘာ့ဘဏ်၏ ညီအမ အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့ဘဏ် အုပ်စုဝင် အဖွဲ့အစည်း တစ်ခုဖြစ်ကာ ထွန်းသစ်စ ဈေးကွက် စီးပွားရေး နိုင်ငံများတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အဓိက ဦးတည် ဆောင်ရွက်နေသာ ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ကြီးဖြစ်ပါသည်။ ကမ္ဘာ့အဝှန်း စီးပွားရေး  အဖွဲ့အစည်းပေါင်း ၂၀၀၀ ကျော်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး  ကမ္ဘာ့အခက်အခဲဆုံးသော နေရာဒေသများတွင် အိုင်အက်ဖ်စီ၏ အရင်းအနှီးများ ၊ အတက်ပညာများနှင့် တွန်းအားပေးလုပ်ဆောင်မှုများဖြင့် ဈေးကွက်နှင့် အခွင့်အလန်းများ ဖန်တီးရာတွင်  ကူညီဆောင်ရွက်လျက်ရှိပါသည်။  ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အိုင်အက်ဖ်စီ၏ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာလရှည်ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံသို့ မြင့်တက်ခဲ့ပြီး အလွန်အမင်းဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး ဖွံ့ဖြိုးတိုးတက်မှု အသီးပွင့်များ တိုးမြှင့် ခွဲဝေ ခံစားတက်ရေးတွင် ပုဂ္ဂလိက ကဏ္ဍမြင့်မားလာစေရန်  အထောက်အကူပြုပါသည်။ ပိုမိုသိရှိလိုပါက www.ifc.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Share this news on