Loan Deferral Program 

Loan Deferral Program 

ချေးငွေပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ခြင်းအစီအစဉ်နှင့် ပတ်သက်၍ မေးလေ့မေးထရှိသော မေးခွန်းနှင့်အဖြေများ

ဒါကတော့ ဘဏ်ကို ပြန်လည်ပေးဆပ်ရမည့် ချေးငွေအရင်း နှင့်/သို့ အတိုးပေးဆပ်မှုအတွက် ငွေပေးချေမှုတို့ကို သတ်မှတ်အချိန်ကာလတစ်ခုအတွင်း ယာယီ ဆိုင်းငံ့ပေးခြင်း ဖြစ်ပါတယ်။ ရိုးမဘဏ်ရဲ့ ချေးငွေရယူထားတဲ့ တစ်ဦးချင်းနဲ့ စီးပွားရေးလုပ်ငန်း Customer တွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိမယ်ဆိုရင် အချိန်ကာလတစ်ခုအတွင်း ချေးငွေအရင်း/အတိုး၊ နောက်ကျကြေးနဲ့ တခြားဝန်ဆောင်ခတွေကို ပေးဆောင်စရာ မလိုတော့ပါဘူး။
အတိုးကိုပါ ဆိုင်းငံ့ထားတယ်ဆိုရင် အဲဒီအတိုးဟာ ဆိုင်းငံ့ကာလအတွင်းမှာ အရင်းထဲကို ထပ်မံပေါင်းထည့်ထားသွားမှာ ဖြစ်ပါတယ်။ ဆိုင်းငံ့ကာလပြီးရင် ဖြစ်လာမည့် အတိုးအသစ်ဟာ ဆိုင်းငံ့ထားချိန် အရင်းနှင့်တကွ အတိုးပေါ်ကိုပါ ထည့်တွက်သွားတာမျိုးပါ။ ဒီလိုမျိုး ငွေကြေးထောက်ပံ့မှုပုံစံမျိုးက customers များအတွက် ပိုမိုကုန်ကျစေမှာမျိုးဖြစ်တဲ့အတွက် ဆိုင်းငံ့ရမယ်ဆိုရင်တောင် အတိုးပေါ်အတိုး မတက်သွားတဲ့ အရင်းကိုပဲ ဆိုင်းငံ့ဖို့ အကြံပေးလိုပါတယ်။ ဒါပေမဲ့လည်း မတတ်သာတဲ့အခြေအနေမျိုးမှာဆိုရင်တော့ အတိုးကော အရင်းပါ ဆိုင်းငံ့ထားပေးဖို့ လျှောက်ထားနိုင်ပါတယ်။ ချေးငွေဆိုင်းငံ့ကာလအပြီးမှာတော့ ပုံမှန်အတိုင်း ဆက်လက်ပြီး ချေးငွေပြန်လည်ပေးဆပ်ရပါမယ်။

COVID-19 ကပ်ရောဂါကြောင့် လူတိုင်း အခက်အခဲတွေ ကြုံတွေ့နေရတာကို ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ ယခုလို ခက်ခဲတဲ့ အချိန်မှာ ကျွန်တော်တို့ ရိုးမဘဏ်က လူကြီးမင်းတို့ကို ကူညီဖို့ အသင့်ရှိနေပါတယ်။ ဒီလို အခက်အခဲကာလကို ကျော်ဖြတ်ဖို့ ရိုးမဘဏ်က ချေးငွေအရင်းပြန်ဆပ်ဖို့ ဆိုင်းငံ့ကာလကို ၆ လအထိ ပေးအပ်သွားမှာဖြစ်ပါတယ်။ လူကြီးမင်းတို့အနေနဲ့ ချေးငွေပြန်လည်ပေးဆပ်မှုကို အချိန်မှန်ဆောင်ရွက်ခဲ့တယ်ဆိုရင် ချေးငွေအရင်းပြန်ဆပ်ရန်ဆိုင်းငံ့ကာလအတွက် အွန်လိုင်းကတစ်ဆင့် www.deferral.yomabank.com လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ရိုးမဘဏ်မှ လက်ရှိချေးငွေရယူထားသူ (လက်ရှိချေးငွေယူထားပြီး ချေးငွေပြန်ဆပ်ရန် ပျက်ကွက်ထားခြင်းမရှိသူ) တွေ လျှာက်ထားနိုင်ပါတယ်။

လူကြီးမင်းချေးငွေရယူထားတဲ့ ရိုးမဘဏ်ခွဲကို ဆက်သွယ်ပြီး ချေးငွေပြန်ဆပ်မှု ဆိုင်းငံ့ပေးဖို့ လျှောက်ထားနိုင်ပါတယ်။ ရိုးမဘဏ်ဝန်ထမ်းတွေ လူကြီးမင်းကို ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အများဆုံး ၆ လအထိ ချေးငွေပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားနိုင်မှာဖြစ်ပြီး ဆိုင်းငံ့ကာလကို ရိုးမဘဏ်မှ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

အများဆုံး ၆ လအထိ ဆိုင်းငံ့ပေးထားနိုင်ပါတယ်။

  • အိမ်ရာချေးငွေ
  • အသေးစားနှင့်အလတ်စားလုပ်ငန်းသုံးချေးငွေ
  • ကော်ပိုရိတ်ချေးငွေ
  • အငှားဝယ်ယူစနစ်ချေးငွေ
  • SMART Credit/ SMART Credit Business ချေးငွေ
  • စိုက်ပျိုးမွေးမြူရေးချေးငွေ

ချေးငွေအရင်းသီးသန့် ဆိုင်းငံ့နိုင်တဲ့ ‌ချေးငွေအမျိုးအစားတွေကတော့

  • အသေးစား/အလတ်စားလုပ်ငန်းသုံးချေးငွေ၊
  • ကော်ပိုရိတ်ချေးငွေ၊
  • SMART Credit/ SMART Credit Business ချေးငွေ၊
  • စိုက်ပျိုးမွေးမြူရေးချေးငွေ
  • အငှားဝယ်ယူစနစ်ချေးငွေ (Upfront) တို့ဖြစ်ပါတယ်။

ချေးငွေအရင်းနဲ့ အတိုး နှစ်ခုစလုံးဆိုင်းငံ့နိုင်တဲ့ ချေးငွေအမျိုးအစားတွေကတော့

  • အသေးစားနှင့်အလတ်စားလုပ်ငန်းသုံးချေးငွေ
  • ကော်ပိုရိတ်ချေးငွေ
  • အငှားဝယ်ယူစနစ်ချေးငွေ (EMI)
  • စိုက်ပျိုးမွေးမြူရေးချေးငွေ
  • အိမ်ရာချေးငွေ

ချေးငွေတစ်ခုချင်းစီအတွက် ဆိုင်းငံ့လျှောက်လွှာတစ်ခုစီ တင်ပေးရမှာ ဖြစ်ပါတယ်

လျှောက်ထားမှုအတွက် ဝန်ဆောင်ခပေးစရာမလိုပါ။

၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အထိ ပြန်လည်ပေးဆပ်ဖို့ ကျန်ရှိနေတဲ့ အထက်ဖော်ပြပါ ချေးငွေအားလုံး အကျုံးဝင်ပါတယ်။

ဧပြီလ ၁ ရက်နေ့နောက်ပိုင်း SMART Credit နဲ့ SMART Credit business အသစ်လျှောက်ထားသူတွေဟာ ယခုဆိုင်းငံ့အစီအစဉ်တွင် အကျုံးမဝင်ပါဘူး။ ဒါပေမဲ့ customers တွေ ပိုမိုအဆင်ပြေစေဖို့အတွက် ဧပြီလ ၁ ရက်နေ့နောက်ပိုင်းမှစတင်ပြီး ချေးငွေအတိုးနှုန်း ၁၄.၅ p.a. နှင့်အတူ ဝန်ဆောင်ခလည်းပေးသွင်းစရာမလိုဘဲ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

ဆိုင်းငံ့အစီအစဉ်ဟာ အခုလိုအချိန်အခါမှာ ငွေပြန်လည်ပေးဆပ်ရန် အခက်အခဲရှိသူတွေကိုသာ ပေးသွားမှာဖြစ်တာကြောင့် ဆိုင်းငံ့လျှောက်လွှာတိုင်းကို ဘဏ်ဘက်မှ အတည်ပြုလက်ခံပေးမည်မဟုတ်ပါ။

ပြီးပြည့်စုံသည့် ဆိုင်းငံ့လျှောက်လွှာတစ်ခု ရရှိပြီးပါက ရုံးဖွင့်ရက် ၅ ရက်အတွင်း ဆိုင်းငံ့ အတည်ပြု/မပြု ကို အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

လျှောက်ထားမှု အောင်မြင်ကြောင်းကို ချေးငွေဆိုင်းငံ့လျှောက်ထားစဉ်ထည့်သွင်းထားသည့် ဖုန်းနံပါတ်သို့ SMS ပေးပို့ပြီး အကြောင်းကြားသွားမှာဖြစ်ပါတယ်။

ဘဏ်အနေဖြင့် ချေးငွေဆိုင်းငံ့အစီအစဉ်အတည်ပြုနိုင်ဖို့ ရုံးဖွင့်ရက် ၅ ရက်လိုအပ်ပါတယ်။ ဒီလိုအခြေအနေမှာဆိုရင်တော့ လူကြီးမင်းအနေနဲ့ ဒီလ အတွက်ပေးဆပ်ရမည့်ငွေကို ပေးသွင်းပေးဖို့ တောင်းဆိုလိုပါတယ်။

အတည်ပြုပြီးတဲ့အခါ ချေးငွေဆိုင်းငံ့ဖို့ လျှောက်ထားချိန်က ထည့်သွင်းထားတဲ့ ဖုန်းနံပါတ်သို့ SMS ပေးပို့ပြီး အကြောင်းကြားပေးပါတယ်။ လျှောက်လွှာတင်သွင်းစဉ် လိုအပ်ချက်ရှိတာကြောင့် ဆိုင်းငံ့လျှောက်ထားမှု မအောင်မြင်တာမျိုးဆိုရင် ဘဏ်ဘက်မှာ ဖုန်းဆက် အကြောင်းကြားပေးသွားမှာပါ။ ၅ ရက်ကျော်ကြာ မည့်သည့် SMS မှ လက်ခံမရရှိခြင်း၊ ဘဏ်ဘက်မှ ဖုန်းဆက်လာခြင်းမရှိမှသာ ရိုးမဘဏ် Call center 9662 (or) 097 9662 9662 ကိုဆက်သွယ်ပြီးမေးမြန်းပေးပါ။

အွန်လိုင်းမှဖြစ်ဖြစ်၊ ဘဏ်ခွဲမှ ဖြစ်ဖြစ် လျှောက်လွှာတင်သွင်းတဲ့အခါ ဆိုင်းငံ့လျှောက်ထားမှု အတည်ပြုနိုင်ဖို့ လိုအပ်တာတွေကို ထည့်သွင်း မေးမြန်းထားပါတယ်။ Customer ဘက်မှာ မပျက်မကွက် ဖြည့်သွင်းပေးဖို့သာ အကူအညီတောင်းလိုပါတယ်။

အများဆုံး ၆ လအထိ ရယူနိုင်တဲ့ ဆိုင်းငံ့ကာလ ဟာ မူလ ချေးငွေရယူတဲ့သက်တမ်းမှာ ထပ်ပေါင်းမှာဖြစ်ပြီး ဆိုင်းငံ့ကာလပြီးတဲ့အခါ ချေးငွေအရင်းနဲ့ အတိုးကို ပုံမှန်အတိုင်း ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။
အတိုးကိုပါ ဆိုင်းငံ့ထားတဲ့ ပုံစံမျိုးအတွက်ဆိုရင်တော့ ယင်းအတိုးဟာ ဆိုင်းငံ့ကာလအတွင်းမှာ အရင်းထဲကို ထပ်မံပေါင်းထည့်ထားခြင်းမျိုးဖြစ်ပါတယ်။ ဆိုင်းငံ့ကာလပြီးရင် ဖြစ်လာမယ့် အတိုးအသစ်ဟာ ဆိုင်းငံ့ထားချိန် အရင်း နှင့်တကွ အတိုးပေါ်ကိုပါ ထည့်တွက်သွားတာမျိုးပါ။ ဒီလိုမျိုး ငွေကြေးထောက်ပံ့မှုပုံစံမျိုးက customers တွေအတွက် ပိုမိုကုန်ကျစေမှာမျိုးဖြစ်တဲ့အတွက် ဆိုင်းငံ့ရမယ်ဆိုရင်တောင် အတိုးပေါ်အတိုး မတက်သွားတဲ့ အရင်းကိုပဲ ဆိုင်းငံ့ဖို့ အကြံပေးလိုပါတယ်။ ဒါပေမဲ့လည်း မတတ်သာတဲ့အခြေအနေမျိုးမှာဆိုရင်တော့ အတိုးကော အရင်းပါ ဆိုင်းငံ့ထားပေးဖို့ လျှောက်ထားနိုင်ပါတယ်။ ချေးငွေဆိုင်းငံ့ကာလအပြီးမှာတော့ ပုံမှန်အတိုင်း ဆက်လက်ပြီး ချေးငွေပြန်လည်ပေးဆပ်ရပါမယ်။