Early Dawn Microfinance Company (DAWN) နှင့် ရိုးမဘဏ်တို့ မြန်မာကျပ် ၃.၅ ဘီလျံတန်ဖိုးရှိ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုအတွက် သဘောတူ လက်မှတ်ရေးထိုး

New & Activities > သတင်းများ

Early Dawn Microfinance Company (DAWN) နှင့် ရိုးမဘဏ်တို့ မြန်မာကျပ် ၃.၅ ဘီလျံတန်ဖိုးရှိ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုအတွက် သဘောတူ လက်မှတ်ရေးထိုး

New & Activities > သတင်းများ

Early Dawn Microfinance Company (DAWN) နှင့် ရိုးမဘဏ်တို့ မြန်မာကျပ် ၃.၅ ဘီလျံတန်ဖိုးရှိ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုအတွက် သဘောတူ လက်မှတ်ရေးထိုး

22 November 2019သတင်းများ

1 Min Read

ယခု သဘောတူညီချက်အရ DAWN သည် မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းပေါင်း ၁၀,၀၀၀ ခန့်သို့ ချေးငွေ ထုတ်ချေးနိုင်မည် ဖြစ်သည်။

ရန်ကုန်၊ မြန်မာ။ ။ ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၉ – ရိုးမဘဏ်နှင့် Early Dawn Microfinance Company Limited (DAWN) တို့သည် မြန်မာနိုင်ငံတွင် မြို့ပြ၊ မြို့သစ်နှင့် ကျေးလက်ဒေသများရှိ အသေးစားလုပ်ငန်းများကို ချေးငွေများ ပိုမိုပေးအပ်နိုင်ရန် မြန်မာကျပ်ငွေ ၃.၄၈၅ ဘီလျံတန်ဖိုးရှိ ဘဏ္ဍာရေးထောက်ပံ့မှု သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသဘောတူညီချက်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ခုနှစ်ခုရှိ နောက်ထပ် စီးပွားရေးလုပ်ငန်းပေါင်း ၁၀,၀၀၀ သို့ DAWN ၏ အလုံးစုံပါဝင်သော ဘဏ္ဍာရေးဝန်ဆောင်မှု များကို ပေးအပ်နိုင်မည်ဖြစ်ပါသည်။

ဤသဘောတူညီချက်အသစ်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မေလအတွင်း ရိုးမဘဏ်နှင့် DAWN တို့ ချုပ်ဆိုခဲ့သော မြန်မာကျပ် ၁၃.၅ ဘီလျံတန်ဖိုးရှိ ငွေကြေးထောက်ပံ့မှု သဘောတူညီချက်ပြီးနောက် နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ယခင်ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၃၀,၀၀၀ ကျော်ကို ချေးငွေများ ပေးအပ်နိုင်ခဲ့ပါသည်။ DAWN သည် ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်များသို့ ပမာဏများသော ချေးငွေထုတ်ပေးခြင်း၊ အတိုးရရှိနိုင်သော ငွေစုအပ်ငွေ စာရင်းများစသည့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်တွင် Accion , The Dutch Development Bank FMO နှင့် Triodos Investment Management တို့ပူးပေါင်း၍ လုပ်ငန်းစုကိုဖွဲ့စည်းခဲ့ချိန်မှစပြီး DAWN သည် မြန်မာနိုင်ငံရှိ ချေးငွေအထောက်အပံ့ လိုအပ်လျက်ရှိသူများအား တီထွင်ဖန်တီးထားသော ပုံစံများနှင့် ဝန်ဆောင်မှုရယူနိုင်မည့်နည်းလမ်းများဖြင့် ဝန်ဆောင်မှုအသစ်များကို အထောက်အပံ့ပေးနိုင်ရန် ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ DAWN သည် ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ မကွေး၊ မန္တလေး နှင့် စစ်ကိုင်းဒေသများရှိ ရုံးခွဲ ၆၃ ခုမှတစ်ဆင့် ဝန်ဆောင်မှုရယူသူပေါင်း ၂၄၀,၀၀၀ ကျော်ကို စုစုပေါင်း ချေးငွေပမာဏ မြန်မာကျပ် ၇၃ ဘီလျံထိ ချေးငွေထုတ်ပေးနိုင်ခဲ့ပါသည်။

DAWN ၏ Chief Executive Officer ဖြစ်သူ Mr. Gonzalo Gonzalez က “ယခုတိုးချဲ့လိုက်တဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျွန်တော်တို့ DAWN ရဲ့ မြန်မာနိုင်ငံအတွင်း ခြေလှမ်းချဲ့ထွင်တဲ့ နည်းဗျူဟာအတွက် နောက်ထပ် ညွှန်းကိန်းတစ်ခု ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လေးနှစ်အတွင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လျင်လျင်မြန်မြန် လုပ်ငန်းချဲ့ထွင်ခဲ့ချိန်မှာ မြန်မာနိုင်ငံအတွင်းက ဘဏ္ဍာရေးအကူအညီလိုအပ်နေသူများအတွက် အရည်အသွေးမြင့်ပြီး နှုန်းထားသက်သာ သင့်လျော်သော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်စေရန် အသေအချာဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ အကောင်းဆုံး အသေးစားငွေရေးကြေးရေးလုပ်ငန်းဖြစ်လာစေရေး ဦးတည်ချက်နဲ့အညီ နိုင်ငံအတွင်းက အသေးစားစီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့် ဝင်ငွေနည်းပါးသော ပြည်သူများကို ချေးငွေထောက်ပံ့ ပေးခြင်းဖြင့် မိသားစုများ၏ လူနေမှုဘဝကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Dean Cleland ကလည်း “ရိုးမဘဏ်ရဲ့ အခရာကျတဲ့ လုပ်ငန်းတာဝန်က မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို သူတို့ရဲ့ လုပ်ငန်းတွေအတွက် ငွေကြေးထောက်ပံ့ပေးခြင်းအားဖြင့် ပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ အသေးစားငွေရေးကြေးရေးကဏ္ဍဟာ စီးပွားရေးစွမ်းဆောင်ရှင်များပေါ်ထွန်းလာရေးနှင့် အလုံးစုံပါဝင်သော ငွေရေးကြေးရေးကဏ္ဍကို မြှင့်တင်ရန် အရေးပါသော တံခါးပေါက်တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ သဘောပေါက်ထားပါတယ်။ ဒါကြောင့် ရိုးမဘဏ်အနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ပေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ငွေကြေးထောက်ပံ့မှုလိုအပ်နေတဲ့ အသိုက်အဝန်းတွေအတွက် လုပ်ငန်းဆောင်ရွက်မှုတိုးချဲ့ရာမှာ ကြီးကြီးမားမားပြောင်းလဲသွားစေနိုင်မှာ ဖြစ်ပြီး ချေးငွေရရှိနိုင်မှု ကွာဟချက်တွေကို လျော့နည်းသွားစေနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

DAWN အကြောင်း

အသေးစား စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် အသေးစား စီးပွားရေးလုပ်ငန်းများကို အဓိကထားသော DAWN သည် မြန်မာနိုင်ငံတွင် အစောဆုံး မြန်မာ့အသေးစားငွေချေးလုပ်ငန်းအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ Save the Children International ၏ အစီအစဉ်တစ်ခုနှင့်အတူ ၂၀၀၂ ခုနှစ်တွင် လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လွတ်လပ်သောအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပြီး အသေးစားစီးပွားရေးလုပ်ငန်းရှင်များကို ထောက်ပံ့ပေး နေသည့် မြန်မာနိုင်ငံ၏အကြီးဆုံး ထိပ်တန်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုအဖြစ် အလျင်အမြန်တိုးတက်လာခဲ့သည်။

DAWN သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ခဲ့ပြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနတွင် အပ်ငွေလက်ခံသည့် လုပ်ငန်းလိုင်စင်ကို ရရှိထားသည်။ ၂၀၁၅ ခုနှစ်တွင် Accion , The Dutch Development Bank FMO နှင့် Triodos Investment Management တို့ပူးပေါင်း၍ လုပ်ငန်းစုကိုဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေတည်စ အသေးစားငွေချေးလုပ်ငန်းကဏ္ဍ နှင့် ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်နိုင်သည့် စံပြု အဆင့်မြင့် လုပ်ငန်းအဖွဲ့အစည်း အဖြစ် တည်ထောင်ရန်အတွက် DAWN တွင် ရင်းနှီးမြုပ်နှံခဲ့သည်။ DAWN သည် မြန်မာနိုင်ငံတွင် ချေးငွေရယူသူအရေအတွက်ပေါ်မူတည် နှိုင်းယှဉ်ပါက တတိယအကြီးဆုံး အသေးစား ငွေချေးလုပ်ငန်း ဖြစ်ပြီး တီထွင်ဆန်းသစ်ထားသော ဝန်ဆောင်မှုအသစ်များဖြင့် နယ်မြေသစ်များနှင့် ဈေးကွက်အသစ်များသို့ ချဲ့ထွင်ရန် ရည်ရွယ်ထားသည့်အပြင် လက်ရှိ လုပ်ငန်းလည်ပတ်သည့် နယ်မြေများတွင် ဝန်ဆောင်မှုပေးခြင်းကိုပါ တိုးမြှင့် ဆောင်ရွက်လျက်ရှိပါသည်။

Share this news on