မြန်မာနိုင်ငံတစ်ဝန်းရှိ Telenor ကိုယ်စားလှယ်များ ရိုးမဘဏ်မှ ချေးငွေထောက်ပံ့မှု ရယူနိုင်ပြီဖြစ်

New & Activities > သတင်းများ

မြန်မာနိုင်ငံတစ်ဝန်းရှိ Telenor ကိုယ်စားလှယ်များ ရိုးမဘဏ်မှ ချေးငွေထောက်ပံ့မှု ရယူနိုင်ပြီဖြစ်

New & Activities > သတင်းများ

မြန်မာနိုင်ငံတစ်ဝန်းရှိ Telenor ကိုယ်စားလှယ်များ ရိုးမဘဏ်မှ ချေးငွေထောက်ပံ့မှု ရယူနိုင်ပြီဖြစ်

22 February 2020သတင်းများ

1 Min Read

ရိုးမဘဏ်သည်  တယ်လီနောမြန်မာနှင့် ပူးပေါင်းပြီး ရိုးမဘဏ်၏ ဒီဂျစ်တယ် SMART Credit Business Product မှတစ်ဆင့် အသေးစားလုပ်ငန်းသုံးချေးငွေများ ပေးအပ်သွားမည်ဖြစ်သည်။ 

ရန်ကုန်၊ မြန်မာ –  ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၀ ခုနှစ် –  ရိုးမဘဏ် ၏ ဒီဂျစ်တယ် SMART Credit Business Product ဝန်ဆောင်မှုမှတစ်ဆင့် တယ်လီနောကိုယ်စားလှယ်များအား အပေါင်ပစ္စည်းမဲ့ အသေးစား လုပ်ငန်းသုံးချေးငွေများ ပေးအပ်သွားရန် ရိုးမဘဏ် နှင့် တယ်လီနောမြန်မာတို့ ပူးပေါင်းဆောင်ရွက်မှုအသစ်တစ်ခုကို စတင်ခဲ့ပါသည်။  လုပ်ငန်းတိုးချဲ့ရန် အရင်းအနှီးလိုအပ်နေပြီး အာမခံလုံလုံလောက်လောက်မရှိသော အသေးစားစီးပွားရေးလုပ်ငန်းပေါင်း တစ်သိန်းကျော်ကို အဆိုပါပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ရိုးမဘဏ်က ချေးငွေထောက်ပံ့ပေးသွားရန် ရည်မှန်ထားပါသည်။  

ယခုသဘောတူညီချက်အသစ်နှင့်အတူ တယ်လီနောကိုယ်စားလှယ်များအနေဖြင့် အပေါင်ပစ္စည်းပေးရခြင်း သို့မဟုတ် ရှည်လျားသောစာရွက်စာတမ်းကိစ္စများဆောင်ရွက်ရန် မလိုအပ်ဘဲ လုပ်ငန်းတိုးချဲ့ရန်ချေးငွေကို smartcredit.yomabank.com မှတစ်ဆင့် အွန်လိုင်းပေါ်တွင် အချိန်မရွေး၊ နေရာမရွေး လျှောက်ထား နိုင်မည်ဖြစ်သည်။ ချေးငွေပမာဏမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ကျပ်မှ ၅,၀၀၀,၀၀၀ ကျပ်အထိ ‌လျှောက်ထားနိုင်ပြီး ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ တယ်လီနော ငွေဖြည့်ကတ်၊ အီလက်ထရော နစ်ဖုန်းဘေလ်စသည့် တယ်လီနောဝန်ဆောင်မှုများ ရောင်းနှုန်းပေါ်မူတည်၍ ရယူနိုင်မည့် ချေးငွေပမာဏကို တွက်ချက်ဆုံးဖြတ်ပေးသွားမည်ဖြစ်ပါသည်။

ရိုးမဘဏ်၏ Head of Digital Credit ဖြစ်သူ Jason Loughnane က “တယ်လီနောမြန်မာနဲ့ အခုလိုပူးပေါင်း ဆောင်ရွက်နိုင်ခြင်းဟာ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ မိသားစုပိုင်စီးပွားရေးလုပ်ငန်းပေါင်း တစ်သိန်းနီးပါးကို ကုန်ကျစရိတ်နည်းပါးတဲ့ ဒစ်ဂျစ်တယ်ချေးငွေတွေကို ရိုးမဘဏ်ရဲ့ SMART Credit Business Product ကတစ်ဆင့် ပေးအပ်သွားမှာပါ။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းသုံး ပစ္စည်း ဝယ်တာပဲဖြစ်ဖြစ်၊ ဆိုင်ချဲ့ထွင်တာပဲဖြစ်ဖြစ်၊ ပိုများတဲ့ အသုံးစရိတ်တွေ ပေးချေဖို့ပဲဖြစ်ဖြစ် ရိုးမဘဏ် ချေးငွေကို အသုံးပြုနိုင်ပါတယ်။ ချေးငွေကို အချိန်မီပြန်ပေးဆပ်မယ်ဆိုရင်  နောက်ပိုင်းမှာပိုများတဲ့  ချေးငွေပမာဏကို ရယူနိုင်မှာဖြစ်ပါတယ်” ဟု  ပြောကြားခဲ့သည်။ 

 “ရိုးမဘဏ်နဲ့ အခုလိုပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် တယ်လီနောကိုယ်စားလှယ်တွေအနေနဲ့ ရိုးရှင်းစိတ်ချရတဲ့လုပ်ငန်းစဉ်နဲ့ ချေးငွေကို လွယ်လွယ်ကူကူလျှောက်ထားနိုင်တော့မှာဖြစ်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ တယ်လီနောအသုံးပြုသူတွေကို  နေ့စဉ်ဝန်ဆောင်မှု  ပေးနေတဲ့  ကျွန်တော်တို့ ကိုယ်စားလှယ်တွေရဲ့ အောင်မြင်မှုက တယ်လီနောအတွက်အရမ်းကို အရေးကြီး ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ဒစ်ဂျစ်တယ်နဲ့ ငွေရေးကြေးရေးဆိုင်ရာ အလုံးစုံပါဝင်ရေးကို ရိုးမဘဏ်နဲ့အတူ လက်တွဲရင်း လူအဖွဲ့အစည်းအတွက် အားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာမှ Head of Yangon Region and National Channel Head ဖြစ်သူ Rituraj Kalita မှ ပြောကြားခဲ့ပါသည်။ 

ရိုးမဘဏ်နှင့် တယ်လီနောမြန်မာတို့သည် ပထမဆုံးအကြိမ် အကျိုးတူပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွင် ဦးဆောင်နေသည့် Wave Money ကို ၂၀၁၅ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့ပါသည်။ ရိုးမဘဏ်သည်  ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ Wave Money ကိုယ်စားလှယ်များအား အပေါင်ပစ္စည်းမဲ့ချေးငွေများကို စတင်ပေးအပ်ခဲ့ပြီး ယခုအချိန်ထိ ကိုယ်စား လှယ်ပေါင်း ၁၅,၀၀၀ ကျော်ကို မြန်မာကျပ်ငွေ ဘီလျံ ၆၀ ကျော် ချေးငွေထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

ရိုးမဘဏ်၏ ဒီဂျစ်တယ်ချေးငွေများသည် လွယ်ကူ၊ မြန်ဆန်၊ လုံခြုံစိတ်ချရပြီး အတည်ပြုပြီးသော  ချေးငွေများကို ချေးငွေလျှောက်ထားသူ၏ SMART အကောင့်ထဲသို့ ရုံးချိန်နောက်တစ်ရက်အတွင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ တယ်လီနော ကိုယ်စားလှယ်များအနေဖြင့်  ချေးငွေအစီအစဉ် အကြောင်း ပိုမိုသိရှိလိုပါက ရိုးမဘဏ် Call Center ဖုန်းနံပါတ်  ၀၉၇-၉၆၆၂-၉၆၆၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတစ်ဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများကို တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်း အော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကြာတယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက် ကြည့်ရှု နိုင်သည်။

Share this news on