ဒေါ်နန်းခင်ခင်ကြီး

Chief People Officer

Team info icon

Position

Chief People Officer

ကိုယ်ရေးအချက်အလက်


ဒေါ်နန်းခင်ခင်ကြီးသည် ရိုးမဘဏ်သို့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ဝင်‌ရောက်ခဲ့ပြီး၊ လက်ရှိတွင် Chief People Officer အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ မြန်မာပြည်သို့ ပြန်၍ ရိုးမဘဏ်သို့ မဝင်ရောက်မီ သူမသည် Internal Auditor အဖြစ် United States တွင် (၁၀)နှစ်ကျော် လုပ်ကိုင်ခဲ့ပါသည်။ သူမသည် Massachusetts အခြေစိုက် Alere Inc အတွက် Global Corporate Internal Audit Manager အဖြစ် လုပ်ကိုင်ခဲ့သည်။ Alere မတိုင်မီက သူမသည် Massachusetts ပြည်နယ် Waltham တွင် အခြေစိုက်သည့် Fortune 500 ကုမ္ပဏီ Thermo Fisher Scientific တွင်လည်း အလုပ်လုပ်ခဲ့ပါသည်။ သူမသည် COSO Framework ၏ ဌာနတွင်း ထိန်းချုပ်မှုများ၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး စာရင်းစစ်ခြင်း၊ လိုက်နာကျင့်သုံးမှု စစ်ဆေးခြင်း၊ သတင်းအချက်အလက် နည်းပညာ စစ်ဆေးခြင်း၊ လုပ်ငန်းစဉ်မြှင့်တင်ရေးနှင့် စီးပွားရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း စသည့် အတွေ့အကြုံပေါင်းများစွာကို ရိုးမဘဏ်သို့ ယူဆောင်လာခဲ့သူဖြစ်ပါသည်။ Massachusetts ပြည်နယ်၊ Brandeis တက္ကသိုလ်မှ International Economics and Finance မဟာဘွဲ့၊ Massachusetts တက္ကသိုလ်မှ B.S. in Management/Finance နှင့် Massachusetts ပြည်နယ်ရှိ Bard College at Simon’s Rock မှ A.A. in Liberal Arts တို့ကို ရရှိထားသူ ဖြစ်ပါသည်။ သူမသည် Certified Internal Auditor ၊ Certified Fraud Examiner တစ်ဦးလည်း ဖြစ်ပါသည်။